တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၂၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU)ဥကၠ႒ ေစာမူတူးေစးဖုိးႏွင့္ ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ တုိ႔တက္ေရာက္ၾကၿပီး ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ဥကၠ႒ႏွင့္အတူ ဒုတိယဥကၠ႒ ပဒုိကြယ္ထူး၀င္း တက္ေရာက္သည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္ အေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး တဒဂၤၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနျခင္းမဟုတ္ေၾကာင္း၊ ၿငိမ္ခ်မ္းေရးရရွိရန္အတြက္ ေဆာင္ရြက္စဥ္ ေတြ႕ႀကဳံ ရသည့္ အခက္အခဲမ်ားကုိလည္း အျပန္အလွန္ယုံၾကည္မႈ၊ နားလည္မႈ၊ ကတိသစၥာ တည္ၾကည္မႈမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး၍ ေက်ာ္လႊားၾကရမည္ျဖစ္ေၾကာင္း ေျပာၾကား သည္။

ထုိ႔ေနာက္ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ပုိမုိတုိးတက္ေအာင္ေဆာင္ရြက္ေနမႈ အေျခ အေနမ်ား၊ လက္နက္ကုိင္ပဋိပကၡ ခ်ဳပ္ၿငိမ္းေရးအတြက္ ေဆာင္ရြက္ရန္ အေျခအေနမ်ားႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ဆက္လက္ေဆာင္ရြက္ႏုိင္ မည့္ အလားအလာအေျခအေနမ်ားႏွင့္ ပတ္သက္၍ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU)ဥကၠ႒ ေစာမူတူးေစးဖုိးတုိ႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU)ဥကၠ႒ႏွင့္ အဖြဲ႕၀င္မ်ားအား အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နို၀င်ဘာ ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တဒင်္ဂငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်းမဟုတ်ကြောင်း၊ ငြိမ်ချမ်းရေးရရှိရန်အတွက် ဆောင်ရွက်စဉ် တွေ့ကြုံ ရသည့် အခက်အခဲများကိုလည်း အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု၊ ကတိသစ္စာ တည်ကြည်မှုများနှင့် တွေ့ဆုံဆွေးနွေး၍ ကျော်လွှားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက်ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုတိုးတက်အောင်ဆောင်ရွက်နေမှု အခြေ အနေများ၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ဆောင်ရွက်ရန် အခြေအနေများနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင် မည့် အလားအလာအခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့သည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။