တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ-ဘီလာရုစ် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဘီလာရုစ်ဘက် ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၂၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာ-ဘီလာ႐ုစ္ စစ္ဘက္နည္းပညာ ပူးေပါင္းေဆာင္ရြက္ေရး ပူးတြဲေကာ္မရွင္ ဘီလာ႐ုစ္ဘက္ ဥကၠ႒ႏွင့္ State Military Industrial Committee of The Republic of Belarus ၏ First Deputy Chairman ျဖစ္သူ Maj. Gen. Igor Demidenko ဦးေဆာင္သည့္ ကုိယ္စားလွယ္ အဖြဲ႕အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဗုိလ္ခ်ဳပ္ျမင့္ႏြယ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာ-ဘီလာ႐ုစ္ စစ္ဘက္နည္းပညာ ပူးေပါင္းေဆာင္ရြက္ေရး ပူးတြဲေကာ္မရွင္ ဘီလာ႐ုစ္ဘက္ ဥကၠ႒ႏွင့္အတူ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ျမန္မာ-ဘီလာ႐ုစ္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား စစ္ဘက္နည္းပညာ ပူးေပါင္းေဆာင္ရြက္မႈမ်ား တုိးျမႇင့္လုပ္ေဆာင္ေရး၊ စစ္ဘက္ႏွင့္မသက္ဆုိင္သည့္ နည္းပညာပူးေပါင္းေဆာင္ရြက္မႈမ်ားအား သက္ဆုိင္ရာဌာနမ်ားႏွင့္ ဆက္သြယ္ ေဆာင္ရြက္ေရး၊ တပ္မေတာ္ႏွစ္ရပ္ၾကား ဆက္ဆံေရးမွတစ္ဆင့္ ႏွစ္ႏိုင္ငံဆက္ဆံမႈ ပုိမုိတုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ေရးတုိ႔အား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာ-ဘီလာ႐ုစ္ စစ္ဘက္နည္းပညာ ပူးေပါင္းေဆာင္ရြက္ေရး ပူးတြဲေကာ္မရွင္ ဘီလာ႐ုစ္ဘက္ ဥကၠ႒တုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ-ဘီလာရုစ် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဘီလာရုစ်ဘက် ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နို၀င်ဘာ ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ-ဘီလာရုစ် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဘီလာရုစ်ဘက် ဥက္ကဋ္ဌနှင့် State Military Industrial Committee of The Republic of Belarus ၏ First Deputy Chairman ဖြစ်သူ Maj. Gen. Igor Demidenko ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာ-ဘီလာရုစ် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဘီလာရုစ်ဘက် ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘီလာရုစ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေး၊ စစ်ဘက်နှင့်မသက်ဆိုင်သည့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများအား သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ် ဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံမှု ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးတို့အား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ-ဘီလာရုစ် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဘီလာရုစ်ဘက် ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။