မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း တည် ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်

နေပြည်တော်၊ သြဂုတ် – ၃၀

ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 5th Thailand-Myanmar High Level Committee Meeting သို့တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Khon Khan လေဆိပ်မှ ဗန်ကောက်မြို့သို့ထွက်ခွာကြရာ လေဆိပ်တွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူသည်။ လေဆိပ်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား အမှတ်(၃)စစ်တိုင်းမှူး Lt. Gen. Vijak Siribunsop နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက် ဗန်ကောက်မြို့၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ထိုင်းဘုရင့် လေတပ် Wing 6 သို့ရောက်ရှိကြရာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက်မွန်းလွဲပိုင်းတွင် အစိုးရအိမ်တော်ခန်းမ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် Gen. Prayut Chan-o-Cha နှင့်တွေ့ဆုံဆွေးနွေးသည်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ တပ်မတော်အရာရှိကြီးများနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်တို့တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Surapong Suwana-adth နှင့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး 5th Thailand-Myanmar High Level Committee Meeting ကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ၀မ်းသာဂုဏ်ယူပါကြောင်း၊ မိမိတို့နိုင်ငံ၌ ရေကြီးမှုများဖြစ်ပေါ်စဉ် ကူညီပေး ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ယခုထက် ပိုမိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အခြားစီးပွားရေးကဏ္ဍများ တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက်တွင် ကောင်းမွန်သည့်အခြေအနေ ဖြစ်ပါကြောင်း၊ လူကုန်ကူးမှု၊ တရားမဝင် လက်နက်ရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ဒေသတွင်ဖြစ်ပေါ်နေသော ဆုံးရှုံးမှုများအတွက် များစွာဝမ်းနည်းပါကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးမှတစ်ဆင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကိုလည်းကြိုဆိုပါကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် အကြမ်းဖက် သမားများက အုပ်ချုပ်ရေးအဖွဲ့များနှင့် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့တိုက်ခိုက်သတ်ဖြတ်ခဲ့မှုကြောင့် ယနေ့အထိအဆိုပါဒေသတွင် တိုက်ခိုက်မှုဖြစ်စဉ် ၈၁ ခုဖြစ်ပွားခဲ့ပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်း ၁၅ ဦး နှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်များသည် မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိခိုက်လာသဖြင့် ထိရောက်စွာဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော မိမိတို့နိုင်ငံသားများကို တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက် ပေးစေလိုကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့် အတူစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖြစ်သူ Gen. Prawit Wongsuwon အားနံနက်ပိုင်း၌ ကာကွယ်ရေး ၀န်ကြီးဌာနဧည့်ခန်းမတွင် တွေ့ဆုံပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား HLC ? RBC နှင့် TBC အစည်းအဝေးများ စဉ်ဆက်မပြတ်ကျင်းပခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက်ရှိ နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ ငြိမ်းချမ်းရေးကို ထိခိုက်စေသော တရားမဝင်လက်နက်ကိုင်ဆောင်မှုများကို တားဆီးကာကွယ်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဖြစ်ပေါ်နေသည့်အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ဘင်္ဂါလီများသည် မြန်မာနိုင်ငံမှ တိုင်းရင်းသားများမဟုတ်ဘဲ အင်္ဂလိပ်ကိုလိုနီ လက်အောက်ကျရောက်ချိန်တွင် ၀င်ရောက်လာခဲ့ကြသူများဖြစ်ကြောင်း၊ ၁၉၄၂ ခုနှစ်တွင် အလယ်သံကျော်ဖြစ်စဉ်တွင် ဘင်္ဂါလီများက ဒေသခံ ရခိုင်တိုင်းရင်းသားများကို အကြမ်းဖက်သတ်ဖြတ်၍ မောင်းထုတ်ပြီး အဆိုပါနေရာများတွင် ၀င်ရောက်နေရာ ယူခဲ့ကြကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အဆိုပါပုံစံအတိုင်း လုပ်ဆောင်လာနေကြောင်း တွေ့ရှိရသဖြင့် တပ်မတော်အနေဖြင့် လက်မခံနိုင်ဘဲ ကာကွယ်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကို တားဆီးနှိမ်နင်းခဲ့မှုအခြေအနေများနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးပိုမို တိုးတက်ခိုင်မာစေရန်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညနေပိုင်းတွင် ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌနှင့် ၀ါရင့်နိုင်ငံရေးပုဂ္ဂိုလ် Gen. Prem Tinsulanonda(Rtd) အား ၎င်း၏နေအိမ်၌ သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးတိုးတက် ကောင်းမွန်နေသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနှင့် အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေးကြိုးပမ်း ဆောင်ရွက်နေမှု၊ မိမိတို့နိုင်ငံ နှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်အကောင်အထည် ဖေါ်ဆောင်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ထိုင်းဘုရင့်လေတပ် Wing 6 မှ ပြန်လည်ထွက်ခွာကြရာ ထိုင်းဘုရင့် တပ်မတော်ထောက်လှမ်းရေးမှူးချုပ် Lt. Gen. Thiwa Penket Gorn နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်မှအရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံအၾကား စဥ္ဆက္မျပတ္ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးမ်ားကို ပိုမိုလုပ္ေဆာင္ႏိုင္မည္ျဖစ္

ေနျပည္ေတာ္၊ ၾသဂုတ္ – ၃၀

ပဥၥမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေ၀း 5th Thailand-Myanmar High Level Committee Meeting သုိ႔တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ Khon Khan ေလဆိပ္မွ ဗန္ေကာက္ၿမိဳ႕သုိ႔ ထြက္ခြာၾကရာ ေလဆိပ္တြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ထုိင္းဘုရင့္တပ္မေတာ္ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကုိခံယူသည္။ ေလဆိပ္၌ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားအား အမွတ္(၃)စစ္တုိင္းမွဴး Lt. Gen. Vijak Siribunsop ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ အရာရွိႀကီးမ်ားက ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ ဗန္ေကာက္ၿမိဳ႕၊ ဒြန္ေမာင္းအျပည္ျပည္ဆုိင္ရာေလဆိပ္ရွိ ထုိင္းဘုရင့္ ေလတပ္ Wing 6 သုိ႔ေရာက္ရွိၾကရာ ထုိင္းႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ အရာရွိႀကီးမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္မြန္းလြဲပုိင္းတြင္ အစုိးရအိမ္ေတာ္ခန္းမ၌ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္ Gen. Prayut Chan-o-Cha ႏွင့္ေတြ႕ဆုံေဆြးေႏြးသည္။ အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္တုိ႔တက္ေရာက္ၾကၿပီး ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္ႏွင့္အတူ ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Surapong Suwana-adth ႏွင့္ ထုိင္းႏုိင္ငံ အစုိးရအဖြဲ႕မွတာ၀န္ရွိသူမ်ားႏွင့္ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္က ပဥၥမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္ အရာရွိႀကီးမ်ားအစည္းအေ၀း 5th Thailand-Myanmar High Level Committee Meeting ကုိေအာင္ျမင္စြာက်င္းပႏုိင္ခဲ့ၿပီး ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈ တုိးျမႇင့္ လုပ္ေဆာင္ႏုိင္ခဲ့သည့္အတြက္ ၀မ္းသာဂုဏ္ယူပါေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၌ ေရႀကီးမႈမ်ားျဖစ္ေပၚစဥ္ ကူညီေပး ခဲ့သည့္အတြက္လည္း ေက်းဇူးတင္ရွိပါေၾကာင္း၊ ႏွစ္ႏုိင္ငံကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကုိ ယခုထက္ ပုိမုိေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း၊ ပညာေရး၊ က်န္းမာေရး၊ စုိက္ပ်ိဳးေရးႏွင့္ အျခားစီးပြားေရးက႑မ်ား တြင္လည္း ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ လုံၿခဳံေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈအေနျဖင့္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတစ္ေလွ်ာက္တြင္ ေကာင္းမြန္သည့္အေျခအေန ျဖစ္ပါေၾကာင္း၊ လူကုန္ကူးမႈ၊ တရားမ၀င္ လက္နက္ေရာင္း၀ယ္မႈႏွင့္ မူးယစ္ေဆး၀ါးေရာင္း၀ယ္မႈမ်ားကုိ ပူးေပါင္းေျဖရွင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံ ရခုိင္ေဒသတြင္ျဖစ္ေပၚေနေသာ ဆုံး႐ႈံးမႈမ်ားအတြက္ မ်ားစြာ၀မ္းနည္းပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုက်င္းပျပဳလုပ္ခဲ့သည့္ အစည္းအေ၀းမွတစ္ဆင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈမ်ား ပုိမုိတုိးျမႇင့္လုပ္ေဆာင္ႏုိင္မည္ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းမႈ ရရွိေစေရးအတြက္ တရားဥပေဒစုိးမုိးေရးႏွင့္ နယ္စပ္ေဒသ လုံၿခဳံေရးမ်ားကုိ ပူးေပါင္းေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိင္းႏုိင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကုိလည္းႀကိဳဆုိပါေၾကာင္း၊ ၿငိမ္းခ်မ္းေရး ရရွိရန္ႀကိဳးပမ္းေဆာင္ရြက္ေနခ်ိန္တြင္ ရခုိင္ျပည္နယ္အတြင္း လက္နက္ကိုင္ အၾကမ္းဖက္ သမားမ်ားက အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားႏွင့္ အျပစ္မဲ့ျပည္သူမ်ားကုိ အေၾကာင္းမဲ့တုိက္ခုိက္သတ္ျဖတ္ခဲ့မႈေၾကာင့္ ယေန႔အထိအဆုိပါေဒသတြင္ တုိက္ခုိက္မႈျဖစ္စဥ္ ၈၁ ခုျဖစ္ပြားခဲ့ၿပီး တပ္မေတာ္၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္မ်ားႏွင့္ ႏုိင္ငံ့၀န္ထမ္း ၁၅ ဦး ႏွင့္ အျပစ္မဲ့ျပည္သူမ်ား ေသဆုံးခဲ့ေၾကာင္း၊ ၎ျဖစ္စဥ္မ်ားသည္ မိမိတုိ႔ႏုိင္ငံ၏ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ တရားဥပေဒစုိးမုိးေရးလုပ္ငန္းမ်ားကုိ ထိခုိက္လာသျဖင့္ ထိေရာက္စြာေျဖရွင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ထုိင္းႏုိင္ငံတြင္ လာေရာက္လုပ္ကုိင္ေနေသာ မိမိတုိ႔ႏုိင္ငံသားမ်ားကုိ တရားဥပေဒႏွင့္အညီ ကူညီေစာင့္ေရွာက္ ေပးေစလုိေၾကာင္းႏွင့္ ႏွစ္ႏုိင္ငံပူးေပါင္း ေဆာင္ရြက္မႈမ်ားကုိ အရွိန္အဟုန္ျမႇင့္ ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္ တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္ အတူစုေပါင္း ဓာတ္ပုံ႐ုိက္ၾကသည္။

ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ထုိင္းႏုိင္ငံဒုတိယ၀န္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရး၀န္ႀကီး ျဖစ္သူ Gen. Prawit Wongsuwon အားနံနက္ပုိင္း၌ ကာကြယ္ေရး ၀န္ႀကီးဌာနဧည့္ခန္းမတြင္ ေတြ႕ဆုံၿပီး ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား HLC၊ RBC ႏွင့္ TBC အစည္းအေ၀းမ်ား စဥ္ဆက္မျပတ္က်င္းပျခင္းျဖင့္ ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပုိမုိခုိင္မာလာခဲ့ၿပီး နယ္စပ္ေဒသတစ္ေလွ်ာက္ရွိ နယ္နိမိတ္ဆုိင္ရာကိစၥရပ္မ်ား၊ ကူးသန္းေရာင္း၀ယ္ေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ မူးယစ္ေဆး၀ါးတားဆီး ကာကြယ္ေရးဆုိင္ရာ ကိစၥရပ္မ်ားကုိပူးေပါင္းေျဖရွင္း ေဆာင္ရြက္ႏုိင္ခဲ့မႈအေျခအေနမ်ား၊ ၿငိမ္းခ်မ္းေရးကုိ ထိခိုက္ေစေသာ တရားမ၀င္လက္နက္ကုိင္ေဆာင္မႈမ်ားကုိ တားဆီးကာကြယ္ေရးကိစၥရပ္မ်ား၊ ရခုိင္ျပည္နယ္ႏွင့္ ဘဂၤလားေဒ့ရွ္နယ္စပ္တြင္ ျဖစ္ေပၚေနသည့္အၾကမ္းဖက္မႈမ်ားကုိ ေျဖရွင္းေဆာင္ရြက္သြားမည့္ အေျခအေနမ်ား၊ ဘဂၤါလီမ်ားသည္ ျမန္မာႏုိင္ငံမွ တုိင္းရင္းသားမ်ားမဟုတ္ဘဲ အဂၤလိပ္ကုိလုိနီ လက္ေအာက္က်ေရာက္ခ်ိန္တြင္ ၀င္ေရာက္လာခဲ့ၾကသူမ်ားျဖစ္ေၾကာင္း၊ ၁၉၄၂ ခုႏွစ္တြင္ အလယ္သံေက်ာ္ျဖစ္စဥ္တြင္ ဘဂၤါလီမ်ားက ေဒသခံ ရခုိင္တုိင္းရင္းသားမ်ားကုိ အၾကမ္းဖက္သတ္ျဖတ္၍ ေမာင္းထုတ္ၿပီး အဆုိပါေနရာမ်ားတြင္ ၀င္ေရာက္ေနရာ ယူခဲ့ၾကေၾကာင္း၊ ယခုျဖစ္စဥ္တြင္လည္း အဆုိပါပုံစံအတုိင္း လုပ္ေဆာင္လာေနေၾကာင္း ေတြ႕ရွိရသျဖင့္ တပ္မေတာ္အေနျဖင့္ လက္မခံႏုိင္ဘဲ ကာကြယ္သြားမည္ျဖစ္ေၾကာင္း၊ ထုိင္းႏုိင္ငံေတာင္ပုိင္းတြင္ျဖစ္ေပၚခဲ့သည့္ အၾကမ္းဖက္မႈမ်ားကုိ တားဆီးႏွိမ္နင္းခဲ့မႈအေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးပုိမုိ တုိးတက္ခုိင္မာေစရန္ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ညေနပုိင္းတြင္ ထုိင္းဘုရင့္အတုိင္ပင္ခံ ေကာင္စီဥကၠ႒ႏွင့္ ၀ါရင့္ႏုိင္ငံေရးပုဂၢိဳလ္ Gen. Prem Tinsulanonda(Rtd) အား ၎၏ေနအိမ္၌ သြားေရာက္ေတြ႔ဆုံ၍ ႏွစ္ႏုိင္ငံဆက္ဆံေရးတုိးတက္ ေကာင္းမြန္ေနသည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ လက္နက္ကုိင္ပဋိပကၡခ်ဳပ္ၿငိမ္းေရးႏွင့္ အၾကမ္းဖက္မႈတားဆီးႏွိမ္နင္းေရးႀကိဳးပမ္း ေဆာင္ရြက္ေနမႈ၊ မိမိတုိ႔ႏုိင္ငံ ႏွင့္ကုိက္ညီသည့္ ဒီမုိကေရစီစနစ္အေကာင္အထည္ ေဖၚေဆာင္ေနမႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးခဲ့သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ညေနပုိင္းတြင္ ဒြန္ေမာင္း အျပည္ျပည္ဆုိင္ရာေလဆိပ္ရွိ ထုိင္းဘုရင့္ေလတပ္ Wing 6 မွ ျပန္လည္ထြက္ခြာၾကရာ ထိုင္းဘုရင့္ တပ္မေတာ္ေထာက္လွမ္းေရးမွဴးခ်ဳပ္ Lt. Gen. Thiwa Penket Gorn ႏွင့္ဇနီး၊ ထုိင္းဘုရင့္ တပ္မေတာ္မွအရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေနျပည္ေတာ္အျပည္ျပည္ဆုိင္ရာ ေလဆိပ္သုိ႔ျပန္လည္ေရာက္ရွိရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးတုိ႔က ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။