တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံမှပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၃

နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ Gen. Ranjendra Chhetri ၏ ဖိတ္ၾကားခ်က္အရ နီေပါဖက္ဒရယ္ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔မြန္းလြဲပုိင္းတြင္ ခတၱမႏၵဴၿမိဳ႕ရွိ Tribhuvan အျပည္ျပည္ဆုိင္ရာေလဆိပ္မွျပန္လည္ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕အား နီေပါတပ္မေတာ္မွ Chief of Staff ျဖစ္သူ Lt. Gen. Hemanta Raj Kunwar ႏွင့္ဇနီး၊ နီေပါႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးထြန္းေနလင္းႏွင့္ဇနီး၊ အိႏၵိယႏုိင္ငံဆုိင္ရာျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးခ်ဳပ္ သိန္းေဇာ္ႏွင့္ဇနီး၊ တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ေလဆိပ္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား Lt. Gen. Hemanta Raj Kunwar ကခရီးစဥ္မွတ္တမ္းဓာတ္ပုံအယ္ဘမ္ႏွင့္ ဗီဒီယုိမွတ္တမ္းအားအမွတ္တရေပးအပ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က အမွတ္တရလက္ေဆာင္ပစၥည္းမ်ားျပန္လည္ေပးအပ္ခဲ့သည္။

ယင္းေနာက္ညေနပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ေနျပည္ေတာ္တပ္မေတာ္ ေလဆိပ္သုိ႔ ျပန္လည္ေရာက္ရွိရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျမန္မာႏုိင္ငံဆုိင္ရာနီေပါႏိုင္ငံသံအမတ္ႀကီး H.E. Mr. Bhin K Udas ႏွင့္ဇနီး၊ တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံမှပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri ၏ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်မှပြန်လည်ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နီပေါတပ်မတော်မှ Chief of Staff ဖြစ်သူ Lt. Gen. Hemanta Raj Kunwar နှင့်ဇနီး၊ နီပေါနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးထွန်းနေလင်းနှင့်ဇနီး၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် သိန်းဇော်နှင့်ဇနီး၊ တာဝန်ရှိ သူများကလေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

လေဆိပ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား Lt. Gen. Hemanta Raj Kunwar ကခရီးစဉ်မှတ်တမ်းဓာတ်ပုံအယ်ဘမ်နှင့် ဗီဒီယိုမှတ်တမ်းအားအမှတ်တရ ပေးအပ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က အမှတ်တရလက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက်ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှတပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Bhin K Udas နှင့်ဇနီး၊ တာဝန်ရှိသူများကလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။