ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာ၌ NCA လမ်းကြောင်းပေါ်တွင်သာ လျှောက်လှမ်းရန်လို

နေပြည်တော်၊ စက်တင်ဘာ ၅
ပါတီစုံဒီမိုကရေစီခေတ်ကာလ ငြိမ်းချမ်းရေးစတင်ဖော်ဆောင်စဉ်ကပင် နိုင်ငံတော်၏ ပကတိလိုအပ်ချက် ဖြစ်သည့် တို့တာဝန်အရေးသုံးပါးနှင့် ပါတီစုံဒီမိုကရေစီစနစ်တွင် လိုက်ပါလုပ်ဆောင်ရန် အချက်နှစ်ချက်ကို ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းကမ်းလှမ်းချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သဘောတူလက်ခံပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အကြိမ်ကြိမ်ဆွေးနွေးပြီးမှ NCA ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာ၌ NCA လမ်းကြောင်းပေါ်တွင်သာ လျှောက်လှမ်းရန်လိုအပ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှအထူးကိုယ်စားလှယ် H.E. Mr.Sun Guoxiang အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁ နာရီမှ ညနေ ၅ နာရီအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်များနှင့် ဖြစ်စဉ်ဖြစ်ပွားမှု ၃၉ ကြိမ်ဖြစ်ပွားခဲ့ ကြောင်း၊ တောင်ဘဇာကျေးရွာ တွင်ရှိသည့် တပ်ဌာနချုပ်တစ်ခုအား အင်အား ၅၀၀ ခန့်ဖြင့်လည်းကောင်း၊ အင်အားအနည်းငယ်သာရှိသည့် ရဲကင်းစခန်း ၃၀ အား အင်အား ၁၀၀/၂၀၀ စသည်ဖြင့်လည်းကောင်း တစ်ပြိုင်တည်း အင်အားသုံး၍ စုစည်းတိုက်ခိုက်ခဲ့ခြင်းမှာ ကြိုတင်စီစဉ်ထားမှုကို ပေါ်လွင်ကြောင်း၊ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များ၊ ၀န်ထမ်းများ၊ တပ်မတော်သားများနှင့် ဒေသခံတိုင်းရင်းသားများအား ဓား၊ လှံ၊ လက်ပစ်ဗုံးနှင့် လက်နက်များဖြင့် ရက်စက်စွာထိုးခုတ်သတ်ဖြတ်ခြင်း၊ တံတား ၈ စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်စီးခြင်းနှင့် ကျေးရွာများကို မီးရှို့ခြင်းတို့မှာလည်း အကြမ်းဖက်လုပ်ရပ်များဖြစ်သည်ကို သက်သေပြနေကြောင်း၊ တပ်ဌာနချုပ်နှင့် ရဲစခန်းများကို တုတ်၊ ဓား၊ လှံ၊ ဂျင်ကလိ၊ လက်လုပ်သေနတ်၊ လက်ပစ်ဗုံးများဖြင့် လူငယ်၊ လူရွယ်၊ ယောက်ျားကလေးများ လာရောက်တိုက်ခိုက်ခြင်းဖြစ်သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းရာတွင် အချို့နေရာများ၌ အမျိုးသမီးများနှင့် ကလေးငယ်များကို လူသားဒိုင်းအဖြစ် အသုံးပြုသည်များကိုလည်းတွေ့ရှိရကြောင်း၊ သေနတ်ကိုင် တပ်ဖွဲ့ဝင်များအား ဓား၊ လှံ၊ ဂျင်ကလိများဖြင့် လူအင်အားသုံး၍ ဝိုင်းဝန်းတိုက်ခိုက်ခြင်း မှာလည်း မူးယစ်ဆေးဝါးသုံးစွဲထားသည်ဟု ယူဆနိုင်ကြောင်း၊ ယင်းအကြမ်းဖက်ဖြစ်စဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အနည်းဆုံးသော လူအင်အား၊ ပစ်အားဖြင့်သာ ထိန်းသိမ်းစေလျက်ရှိကြောင်းဖြင့် ဖြစ်စဉ်အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် H.E. Mr.Sun Guoxiang က တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများအား ရှုံ့ချကြောင်း၊ ကျဆုံးသွားသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ၀န်ထမ်းများအတွက်လည်း စိတ်မကောင်းဖြစ်ရ ပါကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေး ထိန်းသိမ်းလုပ်ဆောင်မှုများကို ပြတ်ပြတ်သားသား ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စကိုလည်း ပြေလည်စွာဖြေရှင်းနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းအနေဖြင့် မြန်မာနိုင်ငံ အကျိုးစီးပွားနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်မှရပ်တည်၍ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး H.E. Mr.Sun Guoxiang က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါ၀င်လာစေရေးအတွက် ၀ုိင်းဝန်းကြိုးပမ်း လုပ်ဆောင်နေမှုအခြေအနေများ၊ နှစ်ဦးနှစ်ဖက် အချိန်ယူညှိနှိုင်းရေးဆွဲ ထားသည့် NCA သည် ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း လက်ရှိအခြေအနေတွင် အကောင်းဆုံးဖြစ်ကြောင်းနှင့် NCA လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင်လည်း တည်ငြိမ်အေးချမ်းမှုအတွက် အာမခံချက်ရရှိနိုင်မည့်အခြေအနေများအား ထည့်သွင်းဆွေးနွေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးရာတွင် ပြည်သူကတောင်းဆိုသည့် ပါတီစုံဒီမိုကရေစီစနစ် တည်ငြိမ်မှုရှိရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလို၍ NCA နှင့်ပတ်သက်ပြီး အတတ်နိုင်ဆုံးလိုက်လျော၍ ညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်း၊ တပ်မတော်က ချမှတ်ခဲ့သည့် ငြိမ်းချမ်းရေးမူ ၆ ရပ်မှာလည်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းလုပ်ဆောင်ရာတွင် မိမိတို့ကြုံတွေ့ရသည်အရှိတရားနှင့် ပကတိလိုအပ်ချက်များကြောင့်ပင်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ ကတိတည်ခြင်းပင်ဖြစ်ကြောင်း ပြန်လည်ပြောကြား၍ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင် ရေးကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး H.E. Mr.Sun Guoxiang နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Hong Liang ၊ စစ်သံမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် H.E. Mr.Sun Guoxiang တို့သည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။
(Zawgyi Version)
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားေဖာ္ေဆာင္ရာ၌ NCA လမ္းေၾကာင္းေပၚတြင္သာ ေလွ်ာက္လွမ္းရန္လို
ေနျပည္ေတာ္၊ စက္တင္ဘာ ၅
ပါတီစုံဒီမုိကေရစီေခတ္ကာလ ၿငိမ္းခ်မ္းေရးစတင္ေဖာ္ေဆာင္စဥ္ကပင္ ႏုိင္ငံေတာ္၏ ပကတိလုိအပ္ခ်က္ ျဖစ္သည့္ တုိ႔တာ၀န္အေရးသုံးပါးႏွင့္ ပါတီစုံဒီမုိကေရစီစနစ္တြင္ လုိက္ပါလုပ္ေဆာင္ရန္ အခ်က္ႏွစ္ခ်က္ကုိ ကမ္းလွမ္းခဲ့ေၾကာင္း၊ ယင္းကမ္းလွမ္းခ်က္ကုိ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ားမွ သေဘာတူလက္ခံၿပီး ႏုိင္ငံေတာ္အစုိးရ၊ တပ္မေတာ္ႏွင့္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ားက အႀကိမ္ႀကိမ္ေဆြးေႏြးၿပီးမွ NCA ကုိ လက္မွတ္ေရးထုိးခဲ့ျခင္းျဖစ္ေၾကာင္း၊ သုိ႔ျဖစ္၍ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေဖာ္ေဆာင္ရာ၌ NCA လမ္းေၾကာင္းေပၚတြင္သာ ေလွ်ာက္လွမ္းရန္လုိအပ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန အေရွ႕အာရွအထူးကုိယ္စားလွယ္ H.E. Mr.Sun Guoxiang အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ လက္ခံေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။
ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္မႈမ်ားႏွင့္ ပတ္သက္၍ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္ေန႔ နံနက္ ၁ နာရီမွ ညေန ၅ နာရီအတြင္း ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္မ်ားႏွင့္ ျဖစ္စဥ္ျဖစ္ပြားမႈ ၃၉ ႀကိမ္ျဖစ္ပြားခဲ့ ေၾကာင္း၊ ေတာင္ဘဇာေက်းရြာ တြင္ရွိသည့္ တပ္ဌာနခ်ဳပ္တစ္ခုအား အင္အား ၅၀၀ ခန္႔ျဖင့္လည္းေကာင္း၊ အင္အားအနည္းငယ္သာရွိသည့္ ရဲကင္းစခန္း ၃၀ အား အင္အား ၁၀၀/၂၀၀ စသည္ျဖင့္လည္းေကာင္း တစ္ၿပိဳင္တည္း အင္အားသုံး၍ စုစည္းတုိက္ခုိက္ခဲ့ျခင္းမွာ ႀကိဳတင္စီစဥ္ထားမႈကုိ ေပၚလြင္ေၾကာင္း၊ ျဖစ္စဥ္အတြင္း ရဲတပ္ဖြဲ႕၀င္မ်ား၊ ၀န္ထမ္းမ်ား၊ တပ္မေတာ္သားမ်ားႏွင့္ ေဒသခံတုိင္းရင္းသားမ်ားအား ဓား၊ လွံ၊ လက္ပစ္ဗုံးႏွင့္ လက္နက္မ်ားျဖင့္ ရက္စက္စြာထုိးခုတ္သတ္ျဖတ္ျခင္း၊ တံတား ၈ စင္းအား မုိင္းေထာင္ေဖာက္ခြဲဖ်က္စီးျခင္းႏွင့္ ေက်းရြာမ်ားကုိ မီး႐ႈိ႕ျခင္းတုိ႔မွာလည္း အၾကမ္းဖက္လုပ္ရပ္မ်ားျဖစ္သည္ကုိ သက္ေသျပေနေၾကာင္း၊ တပ္ဌာနခ်ဳပ္ႏွင့္ ရဲစခန္းမ်ားကုိ တုတ္၊ ဓား၊ လွံ၊ ဂ်င္ကလိ၊ လက္လုပ္ေသနတ္၊ လက္ပစ္ဗုံးမ်ားျဖင့္ လူငယ္၊ လူရြယ္၊ ေယာက္်ားကေလးမ်ား လာေရာက္တုိက္ခုိက္ျခင္းျဖစ္ေသာ္လည္း လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက လုိက္လံရွင္းလင္းရာတြင္ အခ်ိဳ႕ေနရာမ်ား၌ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားကုိ လူသားဒုိင္းအျဖစ္ အသုံးျပဳသည္မ်ားကုိလည္းေတြ႕ရွိရေၾကာင္း၊ ေသနတ္ကုိင္ တပ္ဖြဲ႕၀င္မ်ားအား ဓား၊ လွံ၊ ဂ်င္ကလိမ်ားျဖင့္ လူအင္အားသုံး၍ ၀ုိင္း၀န္းတုိက္ခိုက္ျခင္း မွာလည္း မူးယစ္ေဆး၀ါးသုံးစြဲထားသည္ဟု ယူဆႏုိင္ေၾကာင္း၊ ယင္းအၾကမ္းဖက္ျဖစ္စဥ္မ်ားကုိ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား အေနျဖင့္ အနည္းဆုံးေသာ လူအင္အား၊ ပစ္အားျဖင့္သာ ထိန္းသိမ္းေစလ်က္ရွိေၾကာင္းျဖင့္ ျဖစ္စဥ္အေျခအေနမ်ားအား ရွင္းလင္းေျပာၾကားသည္။
ယင္းေနာက္ H.E. Mr.Sun Guoxiang က တ႐ုတ္ႏုိင္ငံအေနျဖင့္ ရခုိင္ျပည္နယ္တြင္ ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္တုိက္ခိုက္မႈမ်ားအား ႐ႈံ႕ခ်ေၾကာင္း၊ က်ဆုံးသြားေသာ တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕၀င္မ်ားႏွင့္ ၀န္ထမ္းမ်ားအတြက္လည္း စိတ္မေကာင္းျဖစ္ရ ပါေၾကာင္း၊ တ႐ုတ္ႏုိင္ငံအစုိးရအေနျဖင့္ ျမန္မာႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္၏ ျပည္တြင္းၿငိမ္းခ်မ္းေရး ထိန္းသိမ္းလုပ္ေဆာင္မႈမ်ားကုိ ျပတ္ျပတ္သားသား ေထာက္ခံသြားမည္ျဖစ္ေၾကာင္း၊ ရခုိင္ျပည္နယ္အေရးကိစၥကုိလည္း ေျပလည္စြာေျဖရွင္းႏုိင္မည္ဟု အျပည့္အ၀ယုံၾကည္ပါေၾကာင္း၊ မိတ္ေဆြေကာင္း၊ အိမ္နီးခ်င္းေကာင္းအေနျဖင့္ ျမန္မာႏုိင္ငံ အက်ိဳးစီးပြားႏွင့္ပတ္သက္ၿပီး ျမန္မာႏုိင္ငံဘက္မွရပ္တည္၍ နီးကပ္စြာ ဆက္လက္ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ျပန္လည္ေျပာၾကားသည္။
ဆက္လက္ၿပီး H.E. Mr.Sun Guoxiang က ျမန္မာႏုိင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕အစည္းအားလုံးပါ၀င္လာေစေရးအတြက္ ၀ုိင္း၀န္းႀကိဳးပမ္း လုပ္ေဆာင္ေနမႈအေျခအေနမ်ား၊ ႏွစ္ဦးႏွစ္ဖက္ အခ်ိန္ယူၫႇိႏႈိင္းေရးဆြဲ ထားသည့္ NCA သည္ ၿပီးျပည့္စုံသည္ဟု မဆုိႏုိင္ေသာ္လည္း လက္ရွိအေျခအေနတြင္ အေကာင္းဆုံးျဖစ္ေၾကာင္းႏွင့္ NCA လက္မွတ္ေရးထုိးျခင္းျဖင့္ ျမန္မာႏုိင္ငံေျမာက္ပုိင္းတြင္လည္း တည္ၿငိမ္ေအးခ်မ္းမႈအတြက္ အာမခံခ်က္ရရွိႏုိင္မည့္အေျခအေနမ်ားအား ထည့္သြင္းေဆြးေႏြးသည္။
ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈႏွင့္ ပတ္သက္၍ ျပန္လည္ေဆြးေႏြးရာတြင္ ျပည္သူကေတာင္းဆုိသည့္ ပါတီစုံဒီမုိကေရစီစနစ္ တည္ၿငိမ္မႈရွိရန္လုိေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ၿငိမ္းခ်မ္းေရးကုိ အမွန္တကယ္ရယူလုိ၍ NCA ႏွင့္ပတ္သက္ၿပီး အတတ္ႏုိင္ဆုံးလုိက္ေလ်ာ၍ ၫႇိႏႈိင္းေဆာင္ရြက္ခဲ့ ေၾကာင္း၊ တပ္မေတာ္က ခ်မွတ္ခဲ့သည့္ ၿငိမ္းခ်မ္းေရးမူ ၆ ရပ္မွာလည္း ၿငိမ္းခ်မ္းေရး အတြက္ ႀကိဳးပမ္းလုပ္ေဆာင္ရာတြင္ မိမိတုိ႔ႀကဳံေတြ႕ရသည္အရွိတရားႏွင့္ ပကတိလုိအပ္ခ်က္မ်ားေၾကာင့္ပင္ျဖစ္ေၾကာင္း၊ အေရးႀကီးသည္မွာ ကတိတည္ျခင္းပင္ျဖစ္ေၾကာင္း ျပန္လည္ေျပာၾကား၍ ၿငိမ္းခ်မ္းေရးေဖၚေဆာင္မႈလုပ္ငန္းစဥ္မ်ား ဆက္လက္လုပ္ေဆာင္ ေရးကိစၥရပ္မ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။
အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး H.E. Mr.Sun Guoxiang ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Hong Liang ၊ စစ္သံမွဴးႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ H.E. Mr.Sun Guoxiang တုိ႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။