သာလွန်သည့် လေကြောင်းစွမ်းအားဖြစ်လာစေရေးအတွက် မိမိတို့တပ်မတော်၏ လေတပ်ကို ခေတ်မီ လေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဖြစ်

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၅

ယေန႔ မ်က္ေမွာက္ေခတ္ကာလ ကမၻာႏွင့္အ၀ွမ္းျဖစ္ပြားလ်က္ရွိသည့္စစ္ပြဲမ်ားကုိ ေလ့လာၾကည့္ပါက ဘက္မညီစစ္ပြဲမ်ားအျဖစ္ ေတြ႕ျမင္ရမည္ျဖစ္ၿပီး ေလေၾကာင္းစြမ္းအားသည္ မ်ားစြာအေရးပါလ်က္ရွိေၾကာင္း၊ ေလေၾကာင္းစြမ္းအားသာလြန္မႈကုိ အသုံးျပဳၿပီး စစ္ပြဲေအာင္ႏုိင္ေရးအတြက္ ၿပိဳင္ဘက္အေပၚ လႊမ္းမုိးခ်ဳပ္ကုိင္ႏုိင္သည့္ မိမိတို႔၏ တပ္မ်ားတုိက္စြမ္းရည္ပုိမုိတုိးတက္ေစရန္အတြက္ ေလေၾကာင္းစစ္ဆင္ေရး ကုိ အဓိကထား အသုံးျပဳလာသည္ကုိ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္သာလြန္သည့္ေလေၾကာင္း စြမ္းအားျဖစ္လာေစေရးအတြက္ မိမိတုိ႔တပ္မေတာ္၏ေလတပ္ကုိ ေခတ္မီေလတပ္မေတာ္ အျဖစ္ တည္ေဆာက္ရမည္ ျဖစ္ေၾကာင္းျဖင့္ ယေန႔နံနက္ပုိင္းတြင္ မိထၳီလာတပ္နယ္ရွိ ေလေၾကာင္းအတတ္သင္ ေလတပ္စခန္းဌာနခ်ဳပ္၌ က်င္းပျပဳလုပ္သည့္ ႏွစ္(၇၀)ျပည့္ တပ္မေတာ္(ေလ)ႏွစ္ပတ္လည္ေန႔ႏွင့္ ေလယာဥ္မ်ား တပ္ေတာ္၀င္အခမ္းအနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တပ္မေတာ္(ေလ) ၀တ္စုံအား ဂုဏ္ျပဳ၀တ္ဆင္၍ တက္ေရာက္အမွာစကားေျပာၾကားရာတြင္ ထည့္သြင္း ေျပာၾကားသည္။

အဆုိပါ အခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစား ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ေလတပ္စခန္းဌာနခ်ဳပ္မွဴးမ်ား၊ မိထၳီလာတပ္နယ္ မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ တပ္မေတာ္(ေလ)မွ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား ႏွင့္ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္က ေလယာဥ္မ်ား တပ္ေတာ္၀င္အခမ္းအနားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ယခုကဲ့သုိ႔ ေလယာဥ္မ်ား တပ္ေတာ္၀င္ႏုိင္ျခင္းသည္ တပ္မေတာ္(ေလ)အတြက္သာမက တပ္မေတာ္တစ္ရပ္လုံးအတြက္ ဂုဏ္ယူဖြယ္ရာေန႔ထူးေန႔ျမတ္ျဖစ္သကဲ့သုိ႔ တပ္မေတာ္ကုိ Standard Army အျဖစ္ တည္ေဆာက္လ်က္ရွိရာတြင္ အဓိကက်သည့္ေျခလွမ္းတစ္ရပ္ ျဖစ္ေၾကာင္း၊ ေခတ္မီ တပ္မေတာ္တည္ေဆာက္ေရးအတြက္ ႐ုပ္ပုိင္းဆုိင္ရာယာဥ္ယႏၲရားမ်ား၊ စစ္လက္နက္ပစၥည္းမ်ား ျဖည့္ဆည္းေဆာင္ရြက္ေန႐ုံျဖင့္မလုံေလာက္ဘဲ အဆုိပါ ေခတ္မီစစ္လက္နက္ပစၥည္းမ်ားအား အသုံးခ်ႏုိင္ရန္အတြက္ စဥ္ဆက္မျပတ္ ေလ့လာၿပီး ကြၽမ္းက်င္မႈရွိေစရန္အၿမဲေလ့က်င့္ေနရမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ ေလ့လာေလ့က်င့္ခဲ့မႈမ်ားကုိ လက္ေတြ႕နယ္ပယ္တြင္ မိမိတုိ႔၏ဆင္ျခင္သုံးသပ္မႈႏွင့္ စစ္ပညာ၊ စစ္ဥပေဒမ်ား၊ သိပၸံပညာရပ္မ်ားႏွင့္အတူ လုိက္နာက်င့္သုံးအေကာင္ အထည္ေဖာ္သြားရမည္ ျဖစ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ ေလ့က်င့္ေရးလုပ္ေဆာင္ျခင္းသည္ႀကံ့ခုိင္မႈႏွင့္ကြၽမ္းက်င္မႈရွိရန္ ျဖစ္ေၾကာင္း၊ ႀကံ့ခုိင္မႈဟူသည္ တပ္ဖြဲ႕၀င္တစ္ဦးခ်င္း၏ ႐ုပ္ပုိင္းဆုိင္ရာ က်န္းမာႀကံ့ခုိင္ရန္ ေလ့က်င့္ျခင္းျဖစ္ၿပီး ကြၽမ္းက်င္မႈဆုိသည္မွာ စစ္လက္နက္ပစၥည္းကိရိယာမ်ား၊ စစ္နည္းဗ်ဴဟာမ်ားႏွင့္ စစ္ဘက္ဆုိင္ရာပညာရပ္မ်ားကြၽမ္းက်င္ေစရန္ ေလ့က်င့္ျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္၏ ရည္ရြယ္ခ်က္ျဖစ္ေသာ ႏုိင္ငံတကာ တပ္မေတာ္မ်ားႏွင့္ ရင္ေပါင္တန္းႏုိင္သည့္ ေခတ္မီတပ္မေတာ္ျဖစ္ရန္အတြက္ တုိက္စြမ္းရည္ႏွင့္တုိက္စြမ္းအားမ်ားထက္ျမက္ ေနရန္လုိ ေၾကာင္း၊ ေလယာဥ္မ်ားကုိကုိင္တြယ္ထိန္းသိမ္းေမာင္းႏွင္ႏုိင္ေသာကြၽမ္းက်င္ သည့္ေလသူရဲမ်ား၊ ကြၽမ္းက်င္သည့္စက္မႈလက္မႈပညာရွင္မ်ားႏွင့္တပ္ဆင္ထားသည့္ စစ္လက္နက္ပစၥည္းမ်ားကုိ ထိေရာက္ကြၽမ္းက်င္ပုိင္ႏုိင္စြာ ပစ္ခတ္ႏုိင္ေသာစစ္သည္မ်ား ေမြးထုတ္ေပးႏုိင္ရန္လုိအပ္ေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မေတာ္(ေလ)၏ ေလေၾကာင္းစြမ္းပကားျမႇင့္တင္ေရးအတြက္ ေခတ္မီနည္းပညာသုံး ေလယာဥ္/ရဟတ္ယာဥ္မ်ား၊ စက္ပစၥည္း/ လက္နက္ကိရိယာမ်ား ျဖည့္ဆည္းတပ္ဆင္ေရးႏွင့္အတူ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္လည္း တစ္ဆင့္ၿပီးတစ္ဆင့္ ႀကိဳးပမ္းလုပ္ေဆာင္သြားရမည္ ျဖစ္ေၾကာင္း၊ ေခတ္မီအင္အားေတာင့္တင္းေစရန္အတြက္ ေခတ္မီစစ္လက္နက္ပစၥည္း မ်ားတပ္ဆင္ရမည္ ျဖစ္သကဲ့သုိ႔ အဆုိပါပစၥည္းမ်ားကုိကုိင္တြယ္အသုံးျပဳႏုိင္မည့္ အရည္ အခ်င္းရွိသည့္ စစ္သည္ေတာ္မ်ား ေမြးထုတ္ေရးသည္လည္းအေရးပါလာေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္(ေလ)၏သမုိင္းေၾကာင္းကုိျပန္ၾကည့္လွ်င္ လြတ္လပ္ေရးရရွိၿပီးေနာက္ပုိင္း ေပၚေပါက္လာသည့္ေရာင္စုံသူပုန္ေသာင္းက်န္းသူမ်ားကုိ ရွိသည့္ ေလယာဥ္အနည္းငယ္ျဖင့္ ေခ်မႈန္းတုိက္ခုိက္ႏုိင္ခဲ့ေၾကာင္း၊ ထုိ႔အျပင္ျပည္ပက်ဴးေက်ာ္မႈမ်ား၊ ျပည္တြင္းေသာင္းက်န္းမႈႏွိမ္နင္းေရးမ်ားတြင္ လည္း တပ္မေတာ္ ၾကည္း၊ ေရ၊ ေလႏွင့္ ျပည္သူမ်ားလက္တြဲၿပီး ရြပ္ရြပ္ခြၽံခြၽံတာ၀န္ထမ္းေဆာင္ခဲ့သည္ကုိ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္(ေလ)အေနျဖင့္ ပတ္၀န္းက်င္ႏုိင္ငံမ်ားႏွင့္ႏႈိင္းယွဥ္လ်င္ နည္းပညာမ်ိဳးဆက္ ကြာဟမႈမ်ားရွိေနရာမွ ၁၉၉၀ ျပည့္ႏွစ္ပတ္၀န္းက်င္တြင္ ဒုတိယမ်ိဳးဆက္ဂ်က္တုိက္ေလ ယာဥ္မ်ား၊ အလတ္စားသယ္ယူပုိ႔ေဆာင္ေရးေလယာဥ္မ်ား၊ ဘက္စုံသုံးစြမ္းရည္ျမင့္မားသည့္ ရဟတ္ယာဥ္မ်ား အသုံးျပဳလာႏုိင္ခဲ့ေၾကာင္း၊ ၂၀၀၁ ခုႏွစ္တြင္ စတုတၳမ်ိဳးဆက္ MIG – 29 တုိက္ေလယာဥ္မ်ား စတင္အသုံးျပဳလာႏုိင္သည့္အတြက္ အိမ္နီးခ်င္းႏုိင္ငံမ်ား၊ ေဒသတြင္းႏုိင္ငံမ်ားကုိ အမီလုိက္ႏုိင္ခဲ့ေၾကာင္း၊ ယခုကဲ့သုိ႔ အမီလုိက္ႏုိင္ရန္အတြက္ ပန္ကာတပ္ေလယာဥ္အဆင့္မွ ဒုတိယမ်ိဳးဆက္ ဂ်က္တုိက္ေလယာဥ္၊ ၎မွတစ္ဆင့္ စတုတၳမ်ိဳးဆက္ဂ်က္တုိက္ေလယာဥ္စသည္ျဖင့္ မ်ိဳးဆက္မ်ား ခုန္ေက်ာ္တက္လွမ္းခဲ့ရ ျခင္းျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔မ်ိဳးဆက္မ်ား ခုန္ေက်ာ္တက္လွမ္းလာျခင္းႏွင့္အတူ ႏုိင္ငံ ေတာ္ကာကြယ္ေရးအတြက္ အဓိကက်သည့္ ေရွ႕တန္းတုိက္ခိုက္ေရးေလသူရဲမ်ားေမြး ထုတ္ရာတြင္ အေျခခံ အေမာင္းသင္ေလယာဥ္အဆင့္မွ စတုထၳမ်ိဳးဆက္ တုိက္ေလယာဥ္ အထိ တုိက္႐ုိက္ကူးေျပာင္းရန္ မျဖစ္ႏုိင္သည့္အတြက္ ၾကားခံေလ့က်င့္ေရး တုိက္ေလယာဥ္မ်ားႏွင့္ ေလသူရဲငယ္မ်ား အေတြ႔အႀကဳံရင့္က်က္လာေစရန္ ေလ့က်င့္ေပးရမည္ျဖစ္ ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္သည္ ျပည္ပက်ဴးေက်ာ္မႈႏွင့္ျပည္တြင္းလက္နက္ကုိင္ ပဋိ ပကၡမ်ား ခ်ဳပ္ၿငိမ္းေရးကုိ သာမက အမ်ိဳးသားႏုိင္ငံေရးတာ၀န္မ်ားကုိပါ ထမ္းေဆာင္ခဲ့ရေၾကာင္း၊ ေခတ္အဆက္ဆက္တြင္ တပ္မေတာ္အေနျဖင့္ ႏုိင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာ ထိပါးမခံရေစရန္အတြက္ အသက္ခႏၶာ၊ ေသြး၊ ေခြၽး ေပးဆပ္မႈမ်ားစြာျဖင့္ ေဆာင္ရြက္ခဲ့ရေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးတည္ေဆာက္ရာတြင္ ခ်မွတ္ထားေသာတပ္မေတာ္၏ မူ၀ါဒ ၆ ရပ္ႏွင့္ ႏုိင္ငံေတာ္အစုိးရ၏ ဦးေဆာင္မႈတြင္ ပါ၀င္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔အမ်ိဳးသားႏုိင္ငံေရး အေၾကာင္းအရာ မ်ားကို လုပ္ေဆာင္ျခင္းသည္လည္း ႏုိင္ငံ့အေရးတာ၀န္ထမ္းေဆာင္ျခင္းပင္ျဖစ္ေၾကာင္း၊ ထုိသုိ႔ တာ၀န္ထမ္းေဆာင္ရာတြင္ တပ္မေတာ္သည္ အင္အားေတာင့္တင္းခုိင္မာၿပီး စြမ္းရည္ရွိရန္လုိအပ္ေၾကာင္း၊ စြမ္းရည္ရွိမွသာ ႏုိင္ငံေတာ္ႏွင့္ျပည္သူတုိ႔၏ အက်ိဳး စီးပြားကုိ ကာကြယ္ေစာင့္ေရွာက္ေပးႏုိင္မည္ ျဖစ္ေၾကာင္းရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒအခန္း(၇)ပါအတုိင္း ျပည္တြင္းျပည္ပအႏၲရာယ္မ်ားမွ ကာကြယ္ေရး၊ သဘာ၀ေဘးအႏၲရာယ္မ်ားက်ေရာက္ခဲ့ပါက ကူညီေပးေရးတုိ႔အား စြမ္းစြမ္းတမံေဆာင္ရြက္ခဲ့သည္ကုိ အားလုံးသိရွိၿပီးျဖစ္ေၾကာင္း၊ ယခုျဖည့္တင္းေပးလုိက္သည့္ ေလယာဥ္မ်ားႏွင့္ပတ္သက္ၿပီး စစ္သည္ေတာ္က်င့္၀တ္ပါ “မိမိလက္နက္ကုိခင္မင္ျမတ္ႏုိးပါ” ဆုိသည့္အတုိင္း တပ္မေတာ္(ေလ)၏ လက္နက္ သဖြယ္ျဖစ္ေသာေလယာဥ္မ်ားကုိ စည္းကမ္းစနစ္က်နစြာျဖင့္ ကုိင္တြယ္ပ်ံသန္းေဆာင္ ရြက္ၿပီး တပ္မေတာ္၏ဂုဏ္ကုိျမႇင့္တင္ေဆာင္ရြက္ၾကရန္တုိက္တြန္းေျပာၾကားသည္။

ယင္းေနာက္ စစ္ဦးစီးအရာရွိခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ေမာင္ေမာင္ေက်ာ္က ေလယာဥ္ မ်ားအား တပ္ေတာ္၀င္အျဖစ္ေၾကညာသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ထံ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္ က ေလယာဥ္မ်ား တပ္ေတာ္၀င္ အထိမ္းအမွတ္ အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္သည္။

ထုိ႔ေနာက္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ား သ႐ုပ္ျပအုပ္ဖြဲ႕ပ်ံသန္းအေလးျပဳျခင္းႏွင့္ ကြၽမ္းထုိးသ႐ုပ္ျပပ်ံသန္းျခင္းမ်ား ျပသၾကသည္။ ပထမဦးစြာ အခ်ိန္ကိုက္ပ်ံသန္းအေလးျပဳ ျခင္းအစီအစဥ္အရ သယ္ယူပုိ႔ေဆာင္ေရးရဟတ္ယာဥ္တစ္စင္းမွ ႏုိင္ငံေတာ္အလံအား ခ်ိတ္ဆြဲၿပီး အေမာင္းသင္ရဟတ္ယာဥ္ ၂ စင္းတုိ႔က အေစာင့္လုိက္ပါ၍ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ သယ္ယူပုိ႔ေဆာင္ေရးရဟတ္ယာဥ္ ၃ စင္းက တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အလံ မ်ားခ်ိတ္ဆြဲလ်က္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အေမာင္းသင္ရဟတ္ယာဥ္တစ္စင္းႏွင့္ အေမာင္းသင္ေလယာဥ္ႏွစ္စင္းတုိ႔က VIC Formation ဟုေခၚသည့္ အဂၤလိပ္အကၡရာ V ပုံသ႑ာန္ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အလတ္စားသယ္ယူပုိ႔ေဆာင္ေရး ရဟတ္ယာဥ္တစ္စင္းႏွင့္ အေမာင္း သင္ေလယာဥ္ႏွစ္စင္းတုိ႔က VIC Formation ဟုေခၚသည့္ အဂၤလိပ္အကၡရာ V ပုံ သ႑ာန္ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ ေလယာဥ္ေမာင္းသင္တန္းတြင္ အေမာင္သင္ေလယာဥ္ အျဖစ္ အသုံးျပဳခဲ့သည့္ အမ်ိဳးအစားမတူညီေသာ အေမာင္းသင္ေလယာဥ္ ၃ စင္းတုိ႔က VIC Formation ဟုေခၚသည့္ အဂၤလိပ္အကၡရာ V ပုံသ႑ာန္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အလတ္စားသယ္ယူပုိ႔ေဆာင္ေရးေလယာဥ္တစ္စင္းႏွင့္ ရဟတ္ယာဥ္ႏွစ္စင္းတုိ႔က VIC Formation ဟုေခၚသည့္ အဂၤလိပ္အကၡရာ V ပုံသ႑ာန္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အလတ္စား သယ္ယူပုိ႔ေဆာင္ေရးေလယာဥ္တစ္စင္းႏွင့္ အေမာင္းသင္ေလယာဥ္ ၄ စင္းတုိ႔က Arrow Head Formation ဟုေခၚသည့္ ျမားဦးပုံသ႑ာန္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အမ်ိဳးအစားမတူညီေသာ အလတ္စားသယ္ယူပုိ႔ေဆာင္ေရးေလယာဥ္ ၃ စင္းတုိ႔က VIC Formation ဟုေခၚသည့္ အဂၤလိပ္အကၡရာ V ပုံသ႑ာန္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ စြမ္းပကားကြာျခားမႈ မ်ားျပားေသာ အေမာင္းသင္ေလယာဥ္တစ္စင္းႏွင့္ ဘက္စုံသုံးဂ်က္တုိက္ေလယာဥ္ တစ္စင္းတုိ႔က Composite Formation ဟုေခၚသည့္ အမ်ိဳးအစားမတူ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အႀကီးစား သယ္ယူပုိ႔ေဆာင္ ေလယာဥ္တစ္စင္းႏွင့္ ဂ်က္တုိက္ေလယာဥ္ ၄ စင္းတုိ႔က Arrow Head Formation ဟုေခၚသည့္ ျမႇားဦးသ႑ာန္ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ ၾကားျဖတ္တုိက္ခုိက္ေရးဂ်က္ေလယာဥ္ ၅ စင္းတုိ႔က Arrow Head Formation ဟုေခၚသည့္ ျမႇားဦးသ႑ာန္အုပ္ဖြဲ႕ပ်ံသန္းျခင္းတုိ႔ျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အား ပ်ံသန္းအေလးျပဳၾကသည္။

ယင္းေနာက္ ေလယာဥ္ကြၽမ္းထုိးသ႐ုပ္ျပအစီအစဥ္အား ဆက္လက္ျပသရာ ဘက္စုံသုံးဂ်က္တုိက္ေလယာဥ္ ၃ စင္း အုပ္ဖြဲ႕လ်က္ Level 8 ေခၚေရျပင္ညီ အဂၤလိပ္ အကၡရာ 8 ပုံသ႑ာန္ေကြ႕ပတ္ပ်ံသန္းသ႐ုပ္ျပျခင္း၊ Maximum Banking Turn ေခၚ ေဘးသုိ႔ တိမ္းေစာင္းဒီဂရီအမ်ားဆုံးျဖင့္ေကြ႕ပတ္ပ်ံသန္းသ႐ုပ္ျပျခင္း၊ Combat Turn ေခၚ လႈပ္ရွားစစ္ကစား ေကြ႔ပတ္ပ်ံသန္းသ႐ုပ္ျပျခင္း၊ Aileron Roll ေခၚ ေဘးလွိမ့္ ကြၽမ္းထုိးသ႐ုပ္ျပျခင္း၊ Fan Break ေခၚယပ္ေတာင္ပုံသ႑ာန္ ျဖန္႔ထြက္ပ်ံသန္းသ႐ုပ္ျပ ျခင္းတုိ႔ကုိ ပ်ံသန္းသ႐ုပ္ျပၾကသည္။

ထုိ႔ေနာက္ ဇီ၀ီတဒါနငွက္လႊတ္ျခင္းေဆာင္ရြက္ၾကရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားက ငွက္အေကာင္ေရ ၇၀ ေကာင္တုိ႔အား ေဘးမဲ့လႊတ္ေပး ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္ေတာ္၀င္ေလယာဥ္မ်ားအား အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းေပးၾကၿပီး လွည့္လည္ၾကည့္႐ႈၾကသည္။ ၎ေနာက္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ အခမ္းအနားသုိ႔တက္ေရာက္လာၾကေသာ အၿငိမ္းစား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)မ်ားႏွင့္ တပ္မေတာ္(ေလ) တြင္ တာ၀န္ထမ္းေဆာင္ခဲ့သည့္ အၿငိမ္းစားစစ္မႈထမ္းေဟာင္းမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သ႐ုပ္ျပအုပ္ဖြဲ႕ပ်ံသန္းမႈတြင္ ပါ၀င္ေသာ ေလသူရဲမ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ၿပီး ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ကာ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။ ယေန႔တြင္ က်ေရာက္ေသာ ႏွစ္(၇၀)ျပည့္ တပ္မေတာ္(ေလ)ႏွစ္ပတ္လည္ေန႔အခမ္းအနား၌ အာ႐ုံဆြမ္းဆက္ကပ္ျခင္းႏွင့္ စစ္ေရးျပအခမ္းအနားတုိ႔အား နံနက္ပုိင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ ဦးေဆာင္၍ က်င္းပျပဳလုပ္ခဲ့သည္။

ယေန႔ က်င္းပျပဳလုပ္သည့္ တပ္ေတာ္၀င္အခမ္းအနားတြင္ Yak -130 အမ်ိဳးအစား ေလယာဥ္ ၆ စီး၊ Fokker- 70 အမ်ိဳးအစားေလယာဥ္ ၂ စီးႏွင့္၊ ATR 42-320 အမ်ိဳးအစား ေလယာဥ္ ၂ စီး စုစုေပါင္း ၁၀ စီးကုိ တပ္ေတာ္၀င္ခဲ့ျခင္း ျဖစ္ပါသည္။

(Unicode Version)

သာလွန်သည့် လေကြောင်းစွမ်းအားဖြစ်လာစေရေးအတွက် မိမိတို့တပ်မတော်၏ လေတပ်ကို ခေတ်မီ လေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဖြစ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

ယနေ့ မျက်မှောက်ခေတ်ကာလ ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားလျက်ရှိသည့်စစ်ပွဲများကို လေ့လာကြည့်ပါက ဘက်မညီစစ်ပွဲများအဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး လေကြောင်းစွမ်းအားသည် များစွာအရေးပါလျက်ရှိကြောင်း၊ လေကြောင်းစွမ်းအားသာလွန်မှုကို အသုံးပြုပြီး စစ်ပွဲအောင်နိုင်ရေးအတွက် ပြိုင်ဘက်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် မိမိတို့၏ တပ်များတိုက်စွမ်းရည်ပိုမိုတိုးတက်စေရန်အတွက် လေကြောင်းစစ်ဆင်ရေး ကို အဓိကထား အသုံးပြုလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်သာလွန်သည့်လေကြောင်း စွမ်းအားဖြစ်လာစေရေးအတွက် မိမိတို့တပ်မတော်၏လေတပ်ကို ခေတ်မီလေတပ်မတော် အဖြစ် တည်ဆောက်ရမည် ဖြစ်ကြောင်းဖြင့် ယနေ့နံနက်ပိုင်းတွင် မိထ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်သည့် နှစ်(၇၀)ပြည့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့နှင့် လေယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(လေ) ၀တ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ မိထ္ထီလာတပ်နယ် မှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်(လေ)မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က လေယာဉ်များ တပ်တော်ဝင်အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ လေယာဉ်များ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)အတွက်သာမက တပ်မတော်တစ်ရပ်လုံးအတွက် ဂုဏ်ယူဖွယ်ရာနေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ တပ်မတော်ကို Standard Army အဖြစ် တည်ဆောက်လျက်ရှိရာတွင် အဓိကကျသည့်ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း၊ ခေတ်မီ တပ်မတော်တည်ဆောက်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာယာဉ်ယန္တရားများ၊ စစ်လက်နက်ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်နေရုံဖြင့်မလုံလောက်ဘဲ အဆိုပါ ခေတ်မီစစ်လက်နက်ပစ္စည်းများအား အသုံးချနိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာပြီး ကျွမ်းကျင်မှုရှိစေရန်အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လေ့လာလေ့ကျင့်ခဲ့မှုများကို လက်တွေ့နယ်ပယ်တွင် မိမိတို့၏ဆင်ခြင်သုံးသပ်မှုနှင့် စစ်ပညာ၊ စစ်ဥပဒေများ၊ သိပ္ပံပညာရပ်များနှင့်အတူ လိုက်နာကျင့်သုံးအကောင် အထည်ဖော်သွားရမည် ဖြစ်ကြောင်းမှာကြားသည်။

ယင်းနောက် လေ့ကျင့်ရေးလုပ်ဆောင်ခြင်းသည်ကြံ့ခိုင်မှုနှင့်ကျွမ်းကျင်မှုရှိရန် ဖြစ်ကြောင်း၊ ကြံ့ခိုင်မှုဟူသည် တပ်ဖွဲ့ဝင်တစ်ဦးချင်း၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရန် လေ့ကျင့်ခြင်းဖြစ်ပြီး ကျွမ်းကျင်မှုဆိုသည်မှာ စစ်လက်နက်ပစ္စည်းကိရိယာများ၊ စစ်နည်းဗျူဟာများနှင့် စစ်ဘက်ဆိုင်ရာပညာရပ်များကျွမ်းကျင်စေရန် လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ ရည်ရွယ်ချက်ဖြစ်သော နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီတပ်မတော်ဖြစ်ရန်အတွက် တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားများထက်မြက် နေရန်လို ကြောင်း၊ လေယာဉ်များကိုကိုင်တွယ်ထိန်းသိမ်းမောင်းနှင်နိုင်သောကျွမ်းကျင် သည့်လေသူရဲများ၊ ကျွမ်းကျင်သည့်စက်မှုလက်မှုပညာရှင်များနှင့်တပ်ဆင်ထားသည့် စစ်လက်နက်ပစ္စည်းများကို ထိရောက်ကျွမ်းကျင်ပိုင်နိုင်စွာ ပစ်ခတ်နိုင်သောစစ်သည်များ မွေးထုတ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တပ်မတော်(လေ)၏ လေကြောင်းစွမ်းပကားမြှင့်တင်ရေးအတွက် ခေတ်မီနည်းပညာသုံး လေယာဉ်/ရဟတ်ယာဉ်များ၊ စက်ပစ္စည်း/ လက်နက်ကိရိယာများ ဖြည့်ဆည်းတပ်ဆင်ရေးနှင့်အတူ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ခေတ်မီအင်အားတောင့်တင်းစေရန်အတွက် ခေတ်မီစစ်လက်နက်ပစ္စည်း များတပ်ဆင်ရမည် ဖြစ်သကဲ့သို့ အဆိုပါပစ္စည်းများကိုကိုင်တွယ်အသုံးပြုနိုင်မည့် အရည် အချင်းရှိသည့် စစ်သည်တော်များ မွေးထုတ်ရေးသည်လည်းအရေးပါလာကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်(လေ)၏သမိုင်းကြောင်းကိုပြန်ကြည့်လျှင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့်ရောင်စုံသူပုန်သောင်းကျန်းသူများကို ရှိသည့် လေယာဉ်အနည်းငယ်ဖြင့် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထို့အပြင်ပြည်ပကျူးကျော်မှုများ၊ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးများတွင် လည်း တပ်မတော် ကြည်း၊ ရေ၊ လေနှင့် ပြည်သူများလက်တွဲပြီး ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)အနေဖြင့် ပတ်ဝန်းကျင်နိုင်ငံများနှင့်နှိုင်းယှဉ်လျင် နည်းပညာမျိုးဆက် ကွာဟမှုများရှိနေရာမှ ၁၉၉၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင် ဒုတိယမျိုးဆက်ဂျက်တိုက်လေ ယာဉ်များ၊ အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ ဘက်စုံသုံးစွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ အသုံးပြုလာနိုင်ခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင် စတုတ္ထမျိုးဆက် MIG – 29 တိုက်လေယာဉ်များ စတင်အသုံးပြုလာနိုင်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများကို အမီလိုက်နိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ အမီလိုက်နိုင်ရန်အတွက် ပန်ကာတပ်လေယာဉ်အဆင့်မှ ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်၊ ၎င်းမှတစ်ဆင့် စတုတ္ထမျိုးဆက်ဂျက်တိုက်လေယာဉ်စသည်ဖြင့် မျိုးဆက်များ ခုန်ကျော်တက်လှမ်းခဲ့ရ ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့မျိုးဆက်များ ခုန်ကျော်တက်လှမ်းလာခြင်းနှင့်အတူ နိုင်ငံ တော်ကာကွယ်ရေးအတွက် အဓိကကျသည့် ရှေ့တန်းတိုက်ခိုက်ရေးလေသူရဲများမွေး ထုတ်ရာတွင် အခြေခံ အမောင်းသင်လေယာဉ်အဆင့်မှ စတုထ္ထမျိုးဆက် တိုက်လေယာဉ် အထိ တိုက်ရိုက်ကူးပြောင်းရန် မဖြစ်နိုင်သည့်အတွက် ကြားခံလေ့ကျင့်ရေး တိုက်လေယာဉ်များနှင့် လေသူရဲငယ်များ အတွေ့အကြုံရင့်ကျက်လာစေရန် လေ့ကျင့်ပေးရမည်ဖြစ် ကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်သည် ပြည်ပကျူးကျော်မှုနှင့်ပြည်တွင်းလက်နက်ကိုင် ပဋိ ပက္ခများ ချုပ်ငြိမ်းရေးကို သာမက အမျိုးသားနိုင်ငံရေးတာဝန်များကိုပါ ထမ်းဆောင်ခဲ့ရကြောင်း၊ ခေတ်အဆက်ဆက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးမခံရစေရန်အတွက် အသက်ခန္ဓာ၊ သွေး၊ ချွေး ပေးဆပ်မှုများစွာဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ချမှတ်ထားသောတပ်မတော်၏ မူဝါဒ ၆ ရပ်နှင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုတွင် ပါ၀င်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့အမျိုးသားနိုင်ငံရေး အကြောင်းအရာ များကို လုပ်ဆောင်ခြင်းသည်လည်း နိုင်ငံ့အရေးတာဝန်ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်ရာတွင် တပ်မတော်သည် အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ရှိရန်လိုအပ်ကြောင်း၊ စွမ်းရည်ရှိမှသာ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည် ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၇)ပါအတိုင်း ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပါက ကူညီပေးရေးတို့အား စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ယခုဖြည့်တင်းပေးလိုက်သည့် လေယာဉ်များနှင့်ပတ်သက်ပြီး စစ်သည်တော်ကျင့်ဝတ်ပါ “မိမိလက်နက်ကိုခင်မင်မြတ်နိုးပါ” ဆိုသည့်အတိုင်း တပ်မတော်(လေ)၏ လက်နက် သဖွယ်ဖြစ်သောလေယာဉ်များကို စည်းကမ်းစနစ်ကျနစွာဖြင့် ကိုင်တွယ်ပျံသန်းဆောင် ရွက်ပြီး တပ်မတော်၏ဂုဏ်ကိုမြှင့်တင်ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားသည်။

ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်မောင်မောင်ကျော်က လေယာဉ် များအား တပ်တော်ဝင်အဖြစ်ကြေညာသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့် က လေယာဉ်များ တပ်တော်ဝင် အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်သည်။

ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုးသရုပ်ပြပျံသန်းခြင်းများ ပြသကြသည်။ ပထမဦးစွာ အချိန်ကိုက်ပျံသန်းအလေးပြု ခြင်းအစီအစဉ်အရ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စင်းမှ နိုင်ငံတော်အလံအား ချိတ်ဆွဲပြီး အမောင်းသင်ရဟတ်ယာဉ် ၂ စင်းတို့က အစောင့်လိုက်ပါ၍ အုပ်ဖွဲ့ပျံသန်းခြင်း၊ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၃ စင်းက တပ်မတော်(ကြည်း၊ရေ၊လေ)အလံ များချိတ်ဆွဲလျက်အုပ်ဖွဲ့ပျံသန်းခြင်း၊ အမောင်းသင်ရဟတ်ယာဉ်တစ်စင်းနှင့် အမောင်းသင်လေယာဉ်နှစ်စင်းတို့က VIC Formation ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန် အုပ်ဖွဲ့ပျံသန်းခြင်း၊ အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်းနှင့် အမောင်း သင်လေယာဉ်နှစ်စင်းတို့က VIC Formation ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ V ပုံ သဏ္ဍာန် အုပ်ဖွဲ့ပျံသန်းခြင်း၊ လေယာဉ်မောင်းသင်တန်းတွင် အမောင်သင်လေယာဉ် အဖြစ် အသုံးပြုခဲ့သည့် အမျိုးအစားမတူညီသော အမောင်းသင်လေယာဉ် ၃ စင်းတို့က VIC Formation ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းနှင့် ရဟတ်ယာဉ်နှစ်စင်းတို့က VIC Formation ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းနှင့် အမောင်းသင်လေယာဉ် ၄ စင်းတို့က Arrow Head Formation ဟုခေါ်သည့် မြားဦးပုံသဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ အမျိုးအစားမတူညီသော အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် ၃ စင်းတို့က VIC Formation ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ စွမ်းပကားကွာခြားမှု များပြားသော အမောင်းသင်လေယာဉ်တစ်စင်းနှင့် ဘက်စုံသုံးဂျက်တိုက်လေယာဉ် တစ်စင်းတို့က Composite Formation ဟုခေါ်သည့် အမျိုးအစားမတူ အုပ်ဖွဲ့ပျံသန်းခြင်း၊ အကြီးစား သယ်ယူပို့ဆောင် လေယာဉ်တစ်စင်းနှင့် ဂျက်တိုက်လေယာဉ် ၄ စင်းတို့က Arrow Head Formation ဟုခေါ်သည့် မြှားဦးသဏ္ဍာန် အုပ်ဖွဲ့ပျံသန်းခြင်း၊ ကြားဖြတ်တိုက်ခိုက်ရေးဂျက်လေယာဉ် ၅ စင်းတို့က Arrow Head Formation ဟုခေါ်သည့် မြှားဦးသဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်းတို့ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ပျံသန်းအလေးပြုကြသည်။

ယင်းနောက် လေယာဉ်ကျွမ်းထိုးသရုပ်ပြအစီအစဉ်အား ဆက်လက်ပြသရာ ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၃ စင်း အုပ်ဖွဲ့လျက် Level 8 ခေါ်ရေပြင်ညီ အင်္ဂလိပ် အက္ခရာ 8 ပုံသဏ္ဍာန်ကွေ့ပတ်ပျံသန်းသရုပ်ပြခြင်း၊ Maximum Banking Turn ခေါ် ဘေးသို့ တိမ်းစောင်းဒီဂရီအများဆုံးဖြင့်ကွေ့ပတ်ပျံသန်းသရုပ်ပြခြင်း၊ Combat Turn ခေါ် လှုပ်ရှားစစ်ကစား ကွေ့ပတ်ပျံသန်းသရုပ်ပြခြင်း၊ Aileron Roll ခေါ် ဘေးလှိမ့် ကျွမ်းထိုးသရုပ်ပြခြင်း၊ Fan Break ခေါ်ယပ်တောင်ပုံသဏ္ဍာန် ဖြန့်ထွက်ပျံသန်းသရုပ်ပြ ခြင်းတို့ကို ပျံသန်းသရုပ်ပြကြသည်။

ထို့နောက် ဇီဝီတဒါနငှက်လွှတ်ခြင်းဆောင်ရွက်ကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ငှက်အကောင်ရေ ရ၀ ကောင်တို့အား ဘေးမဲ့လွှတ်ပေး ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး လှည့်လည်ကြည့်ရှုကြသည်။ ၎င်းနောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့တက်ရောက်လာကြသော အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် တပ်မတော်(လေ) တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားစစ်မှုထမ်းဟောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါ၀င်သော လေသူရဲများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယနေ့တွင် ကျရောက်သော နှစ်(၇၀)ပြည့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အခမ်းအနား၌ အာရုံဆွမ်းဆက်ကပ်ခြင်းနှင့် စစ်ရေးပြအခမ်းအနားတို့အား နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ ကျင်းပပြုလုပ်သည့် တပ်တော်ဝင်အခမ်းအနားတွင် Yak -130 အမျိုးအစား လေယာဉ် ၆ စီး၊ Fokker- 70 အမျိုးအစားလေယာဉ် ၂ စီးနှင့်၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီးကို တပ်တော်ဝင်ခဲ့ခြင်း ဖြစ်ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။