ကျွမ်းကျင်ကူညီ၊ ဆေးစစ်သည် ဆိုသည့်ဆောင်ပုဒ်အတိုင်း သူနာပြုနှင့်ဆေးဘက်ပညာသည် စစ်သည်များကို နှစ်စဉ်လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၂၈

ေဆး၀န္ထမ္းတပ္ဖြဲ႕မ်ား၏ ရည္မွန္းခ်က္တာ၀န္မွာ တပ္မေတာ္သားမိသားစု၀င္မ်ားကုိ ျပည့္စုံလုံေလာက္သည့္ ေဆးအကာအကြယ္ေပးမႈႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေပးႏုိင္ရန္ျဖစ္ေၾကာင္း၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္သည္ “ကြၽမ္းက်င္ကူညီ၊ ေဆးစစ္သည္” ဆုိသည့္ေဆာင္ပုဒ္အတုိင္း သူနာျပဳႏွင့္ ေဆးဘက္ပညာသည္ စစ္သည္မ်ားကုိႏွစ္စဥ္ ေလ့က်င့္ေမြးထုတ္ေပးလ်က္ရွိေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ တပ္မေတာ္ေဆးတကၠသုိလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္သည့္ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာ သိပၸံဘြဲ႕သင္တန္း အမွတ္စဥ္(၁၅)ႏွင့္ အမ်ိဳးသမီး သူနာျပဳသိပၸံဘြဲ႕သင္တန္း အမွတ္စဥ္(၂) သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားသုိ႔ တက္ေရာက္မိန္႔ခြန္းေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ခင္ေအာင္ျမင့္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ဇနီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္ ေခတၱေက်ာင္းအုပ္ႀကီးႏွင့္ ရန္ကုန္တပ္နယ္မွ အရာရိွႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ သင္တန္းသားသူနာျပဳမ်ား၏ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က သင္တန္းဆင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး သင္တန္းတပ္ခြဲမ်ားကုိစစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္အား သင္တန္းတပ္ခြဲမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္း အမွတ္စဥ္(၁၅)မွ အေကာင္းဆုံးသင္တန္းသား ဆုရရွိသူ သင္တန္းသားအမွတ္ ၃၈၁၅၊ သင္တန္းသား ေ၀ၿဖိဳးဟိန္း၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ သင္တန္းသားအမွတ္ ၃၈၂၂၊ သင္တန္းသား သန္႔စင္၊ စာေပထူးခြၽန္ဆုရရွိသူ သင္တန္းသားအမွတ္ ၃၇၈၀၊ သင္တန္းသား စုိးခန္႔ေအာင္ တုိ႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္ တပ္မေတာ္အမ်ိဳးသမီးသူနာျပဳသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၂)မွ အေကာင္းဆုံးသင္တန္းသူဆုရရွိသူ သင္တန္းသူအမွတ္ ၁၃၅ ၊ သင္တန္းသူ နန္းရေ၀ပုိင္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ သင္တန္းသူအမွတ္ ၁၁၉၊ သင္တန္းသူ စုမြန္ႏုိင္၊ စာေပထူးခြၽန္္ဆုရရွိသူ သင္တန္းသူအမွတ္ ၁၆၄၊ သင္တန္းသူ ေအးေသာ္တာမင္းတုိ႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္းသားမ်ားအား မိန္႔ခြန္းေျပာၾကားရာတြင္ သင္တန္းကာလ ၄ ႏွစ္တာအတြင္း သူနာျပဳေကာင္း တစ္ေယာက္၏ အရည္အခ်င္းေကာင္းမ်ား ႏွင့္ျပည့္စုံရန္၊ သူနာျပဳစိတ္ဓာတ္၏ အေျခခံျဖစ္သည့္ “၀ါသနာ၊ ေစတနာ၊ အၾကင္နာ၊ အနစ္နာ၊ နမူနာ” ဆုိသည့္ နာ ငါးနာကုိ ေလ့က်င့္သင္ၾကားေပးခဲ့ေၾကာင္း၊ ထုိ႔အျပင္ သူနာျပဳေကာင္းတစ္ဦးတြင္ရွိရမည့္ အရည္အခ်င္းမ်ားျပည့္၀ေစရန္လည္း စာေတြ႕၊ လက္ေတြ႕ သင္ၾကားေပးခဲ့ၿပီးျဖစ္သျဖင့္ မိမိတုိ႔အေနျဖင့္ တာ၀န္္က်ရာတပ္အသီးသီးတြင္ တပ္မေတာ္သားမ်ား၊ မိသားစု၀င္မ်ားႏွင့္ ျပည္သူမ်ားကုိ က်န္းမာေရးေစာင့္ေရွာက္မႈေပးရာတြင္ ျပဳစုေရးသာမက ေရာဂါရွာေဖြေရး၊ ေရာဂါတားဆီးကာကြယ္ေရး၊ ေရာဂါႏွိမ္နင္းေရး၊ က်န္းမာေရးျမႇင့္တင္ေရး၊ ျပန္လည္သန္စြမ္းေရးႏွင့္ ေဆး၀ါး ထုတ္လုပ္မႈလုပ္ငန္းမ်ားအထိ က်ယ္ျပန္႔နက္႐ႈိင္းစြာ တာ၀န္ထမ္းေဆာင္ၾကရန္ မွာၾကားသည္။

ယင္းေနာက္ မိမိတို႔တပ္မေတာ္သည္ အေရအတြက္ထက္အရည္အခ်င္းကုိ ဦးစားေပးၿပီး တပ္ဖြဲ႕၀င္တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္းစီ၏ ကာယဥာဏစြမ္းေဆာင္ရည္မ်ားကုိ ျမႇင့္တင္ေပးလ်က္ရွိေၾကာင္း၊ ေခတ္မီက်စ္လ်စ္သည့္ တပ္မေတာ္တစ္ရပ္အျဖစ္ အသြင္ကူးေျပာင္းတည္ေဆာက္သည့္ေနရာတြင္ တပ္မေတာ္သားတစ္ဦးခ်င္းစီ၏ ကုိယ္ရည္ကုိယ္ေသြးသည္ အဓိကက်ေသာေၾကာင့္ မိမိတုိ႔တပ္မေတာ္သားတုိင္း၏ ကုိယ္ရည္ ကိုယ္ေသြး ျဖစ္သည့္ လက္႐ုံးရည္၊ ႏွလုံးရည္ထက္ျမက္ရန္အတြက္ စဥ္ဆက္မျပတ္ေလ့က်င့္ တည္ေဆာက္ေပးေနျခင္း ျဖစ္ေၾကာင္း၊ ထုိသုိ႔တည္ေဆာက္ရာတြင္ မရွိမျဖစ္လုိအပ္သည့္ အရာမွာ “စိတ္ဓာတ္၊ စည္းကမ္း၊ သစၥာ၊ စည္းလုံးမႈ၊ စြမ္းရည္သုံးရပ္ျပည့္စုံမႈ” ဟုဆုိသည့္ တပ္တုိင္းရဲေဘာ္တုိင္းထားရွိရမည့္ အေျခခံအရည္အခ်င္း ငါးပါးပင္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကုိ ေခတ္မီတပ္မေတာ္ Standard Army တစ္ရပ္အျဖစ္ တည္ေဆာက္ရာတြင္ အင္အားေတာင့္တင္းခုိင္မာေရးသည္ မျဖစ္မေန လုိအပ္ခ်က္တစ္ရပ္ျဖစ္ေၾကာင္း၊ အင္အားကုိ တည္ေဆာက္ ရာတြင္ အေရအတြက္သာမက အရည္အခ်င္းရွိဖုိ႔ အတြက္လည္း တည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္း၊ အေရအတြက္ရွိရန္အတြက္ က်န္းမာေရးခ်ိဳ႕တဲ့မႈေၾကာင့္ျဖစ္ရသည့္ အင္အားျပဳန္းတီးမႈမ်ားကုိ ထိန္းသိမ္းရန္ လုိအပ္ၿပီး အရည္အေသြး ျမင့္မားေစရန္အတြက္လည္း တပ္မေတာ္သားတုိင္း က်န္းမာႀကံ့ခုိင္ေနရန္အေရးႀကီး ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔တတ္ကြၽမ္းထားသည့္ ေဆးဘက္ဆုိင္ရာပညာရပ္မ်ားကုိ အသုံးခ်ၿပီး တပ္မေတာ္သားတပ္ဖြဲ႕၀င္မ်ား က်န္းမာႀကံ့ခုိင္ေစေရးအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကုိ စြမ္းစြမ္းတမံ ျပဳစုေစာင့္ေရွာက္သြားၾကရန္လုိေၾကာင္း မွာၾကားသည္။

ဆက္လက္ၿပီး ေခတ္မီျပဳစုကုသမႈမ်ားႏွင့္ ေဆးပညာရပ္မ်ားကုိ စဥ္ဆက္မျပတ္ ေလ့လာဆည္းပူးၿပီး မိမိတုိ႔တစ္ဦးခ်င္းစီ၏ အရည္အေသြးျမင့္မားလာေအာင္ ျမႇင့္တင္ေနၾကရန္လုိအပ္ေၾကာင္း၊ ယခုကဲ့သုိ႔ ျမႇင့္တင္ရန္အတြက္ လုိအပ္သည့္ သင္ေထာက္ကူပစၥည္းမ်ားႏွင့္ အေျခခံအေဆာက္အဦမ်ားကုိလည္း ျဖည့္တင္းေပးလ်က္ရွိေၾကာင္း၊ ေခတ္မီတုံ႔ျပန္ လူနာတုမ်ား၊ သူနာျပဳကြၽမ္းက်င္မႈ လက္ေတြ႕ခန္းမ်ားႏွင့္ အျခားလုိအပ္သည့္ အရည္အေသြးေကာင္းမြန္ၿပီး ေခတ္ႏွင့္ေလ်ာ္ညီသည့္ သင္ၾကားမႈအေထာက္အကူျပဳပစၥည္း (Quality Assurance Facilities) မ်ားကုိ ျဖည့္ဆည္းေပးခဲ့ၿပီးျဖစ္သည့္အျပင္ ဘက္စုံသုံးဓာတ္ခြဲခန္း (Common Laboratory) ကုိလည္း အေကာင္အထည္ေဖာ္ တည္ေဆာက္ႏုိင္ေရး ေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း၊ က်န္းမာေရးဆုိင္ရာပညာရပ္မ်ားကုိ ေလ့လာႏုိင္ရန္အတြက္လည္း စာၾကည့္တုိက္မ်ားကုိပါ အဆင့္ျမႇင့္တင္ ေဆာင္ရြက္ေပးေနျခင္းျဖစ္သည့္အတြက္ မိမိတုိ႔အေနျဖင့္ အဆုိပါ အခြင့္အလမ္းေကာင္းမ်ားကုိ ေကာင္းမြန္စြာအသုံးခ်ရင္း လက္ေတြ႕လုပ္ငန္းခြင္မွာ ရရွိလာသည့္ အေတြ႕အႀကဳံေကာင္းမ်ားႏွင့္ေပါင္းစပ္ၿပီး ပုိမုိျမင့္မားသည့္ ေခတ္မီသူနာျပဳ၊ ေဆး၀ါးကြၽမ္းက်င္ႏွင့္ ေဆးဘက္ဆုိင္ရာပညာရပ္မ်ားကုိ ဆက္လက္ ဆည္းပူေလ့လာသြားရန္လုိေၾကာင္း မွာၾကားသည္။

ထုိ႔ေနာက္ ေခတ္မီဆန္းသစ္လာသည့္ ေဆးပညာရပ္မ်ားကုိ ဆည္းပူးေလ့လာရင္း တစ္ဖက္မွလည္း ျမန္မာ့႐ိုးရာ တုိင္းရင္းေဆးပညာ၏ အစြမ္းသတၱိမ်ားကုိ ထိထိေရာက္ေရာက္အသုံး ျပဳႏုိင္ခဲ့ၾကသည့္ အစဥ္အလာေကာင္း မ်ားကုိ ေမ့ေပ်ာက္မသြားၾကရန္လုိေၾကာင္း၊ မိမိတို႔ ေရွးေခတ္ျမန္မာမ်ိဳးႏြယ္ ဘုိးေဘးမ်ားသည္ ျမန္မာ့ေရေျမ မ်ားေပၚရွိ အဖုိးတန္ပရေဆးပင္မ်ားကုိ အက်ိဳးရွိေအာင္ အသုံးခ်ႏုိင္ခဲ့ၾကေၾကာင္း၊ မိမိတုိ႔အားသင္ၾကား ေပးလုိက္သည့္ ပရေဆးေဗဒဘာသာရပ္သည္ သဘာ၀မွရရွိသည့္ ပစၥည္းမ်ားအေပၚအေျခခံၿပီး ေဖာ္စပ္ ထုတ္လုပ္ရသည့္အပင္မ်ားမွ ေဆးအေနျဖင့္ အသုံးျပဳႏုိင္ပုံမ်ားကုိ ေလ့လာရသည့္ ဘာသာရပ္ ျဖစ္သည့္အတြက္ ပရေဆးေဗဒကုိအေျခခံၿပီး ေဆးဘက္၀င္အပင္မ်ားကုိ စနစ္တက် အခ်ိန္ယူေလ့လာျခင္းျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈ အပုိင္းမ်ားတြင္ မ်ားစြာအက်ိဳးျဖစ္ ထြန္းေစမည္ျဖစ္ေၾကာင္း၊ ေရွးေခတ္ ျမန္မာ့တပ္မေတာ္တြင္ ျမန္မာ့တုိင္းရင္းေဆးပညာကုိ ထိေရာက္စြာအသုံးျပဳၿပီး ေဆးအကာအကြယ္ေပးမႈမ်ား ေဆာင္ရြက္ခဲ့ၾကသည္ကုိလည္း သမုိင္းမွတ္တမ္းမ်ားတြင္ ေတြ႕ရွိရမည္ျဖစ္သည့္အတြက္ မိမိတုိ႔အေနျဖင့္ အရည္အေသြး ထက္ျမက္ျပည့္၀သည့္ ေဆးဘက္ဆုိင္ရာပညာရွင္မ်ားျဖစ္ရန္ အေနာက္တုိင္းေဆး ပညာရပ္တြင္သာမက ျမန္မာ့တုိင္းရင္းေဆးပညာ နယ္ပယ္တြင္ပါ ကြၽမ္း၀င္ႏွံ႕စပ္သည့္ ပညာရွင္မ်ားျဖစ္ေအာင္ ႀကိဳးပမ္းသြားၾကရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရာတြင္ သတ္မွတ္စံခ်ိန္စံၫႊန္းကုိက္ညီမႈသည္ အေရးႀကီးသည့္အတြက္ အေလးထားေဆာင္ရြက္သြားရန္လုိေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ေဆး၀န္ထမ္းတပ္ဖြဲ႕မ်ားသည္ သမုိင္းေၾကာင္းအစဥ္အလာအရ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္မ်ားကုိသာမက တပ္မေတာ္သားမိသားစု၀င္မ်ားႏွင့္ ျပည္သူလူထုအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကုိ တာ၀န္ေက်ပြန္ေအာင္ ထမ္းေဆာင္ႏုိင္ခဲ့ၾကသည္ကုိ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ထုိ႔သုိ႔ လုပ္ေဆာင္ေပးလ်က္ရွိရာတြင္ ေဆး၀န္ထမ္းတပ္ဖြဲ႕၀င္မ်ားသည္ လူမ်ိဳးဘာသာမခြဲျခားဘဲ ေတာင္ေပၚေျမျပန္႔၊ ပင္လယ္၊ ကမ္း႐ုိးတန္းႏွင့္ နယ္စပ္ေဒသမ်ားပါမက်န္ တပ္မေတာ္နယ္လွည့္ေဆးကုသေရးအဖြဲ႕ မ်ားေစလႊတ္ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကုိ တာ၀န္သိသိ ေစတနာရွိရွိ လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ေဒသအတြင္းမွာရွိသည့္ ျပည္သူလူထုအားလုံး အလုပ္လုပ္ႏုိင္ရန္ လူတုိင္းက်န္းမာႀကံံ့ခုိင္ေနဖုိ႔ အေရးႀကီးေၾကာင္း၊ တပ္မေတာ္က ေဆာင္ရြက္လ်က္ရွိသည့္ နယ္လွည့္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားသည္ ထုိရည္မွန္းခ်က္မ်ားကုိ လက္ေတြ႕အေကာင္အထည္ေဖာ္ ေပးေနျခင္းျဖစ္ေၾကာင္း၊ ျပည္သူအမ်ား က်န္းမာႀကံ့ခုိင္လာသည္ႏွင့္အမွ် စီးပြားေရး၊ လူမႈေရး၊ ပညာေရး ပါမက်န္ ဘက္စုံအေထာက္အကူျပဳႏုိင္သျဖင့္ ႏုိင္ငံေတာ္အတြက္လည္း အလြန္တန္ဖုိးႀကီးမားေၾကာင္း၊ ျပည္သူမ်ားက်န္းမာၿပီး အလုပ္လုပ္ႏုိင္သူတုိးပြားလာသည္ႏွင့္အမွ် ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားလည္း တုိးတက္ လာမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ နယ္လွည့္က်န္းမာေရးေစာင့္ေရွာက္မႈ ေပးျခင္းလုပ္ငန္းသည္ ျပည္သူလူထု အက်ိဳးစီးပြားတုိးတက္ေရးကုိ တုိက္႐ုိက္အက်ိဳးရွိေနသကဲ့သုိ႔ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္လည္း တစ္ဖက္တစ္လမ္းမွ မ်ားစြာအက်ိဳးသက္ေရာက္မႈရွိ ေနမည္ျဖစ္ေၾကာင္း၊ တစ္နည္းအားျဖင့္ တပ္မေတာ္က ႏုိင္ငံအႏွံ႕အျပား နယ္လွည့္က်န္းမာေရး ေစာင့္ေရွာက္မႈေပးျခင္းလုပ္ငန္းသည္ ျပည္သူလူထုအက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ေပးရန္ဆုိသည့္ ကာကြယ္ေရးတာ၀န္တစ္ရပ္ကုိ ေအာင္ျမင္စြာလုပ္ေဆာင္ေနျဖင္းျဖစ္ၿပီး အထိေရာက္ဆုံးေသာ လက္ေတြ႕ပါသည့္ စည္း႐ုံးေရးလုပ္ငန္းျဖစ္သည့္အတြက္ မိမိတုိ႔အေနျဖင့္ တာ၀န္က်ရာ ေဒသအသီးသီးတြင္ တတ္ကြၽမ္းထားသည့္ ေဆးဘက္ဆုိင္ရာ ပညာရပ္မ်ားကုိ အသုံးခ်ကာျပည္သူလူထု က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားတြင္ ထိေရာက္ေအာင္ျမင္ေအာင္ လုပ္ေဆာင္သြားၾကရန္ တုိက္တြန္းေျပာၾကားသည္။

ယင္းေနာက္ လြတ္လပ္ေရးႀကိဳးပမ္းမႈႏွင့္အတူ ေပါက္ဖြားလာသည့္ မိမိတုိ႔ တပ္မေတာ္အေနျဖင့္ ျဖတ္သန္း လာခဲ့ရသည့္ အေတြ႕အႀကဳံ၊ အသိတရားမ်ားအရ ဒုို႔တာ၀န္အေရးသုံးပါးကုိ လုံး၀အထိအပြန္းမခံႏုိင္သည့္ အတြက္ ဒုိ႔တာ၀န္အေရးသုံးပါးကုိ အမ်ိဳးသားေရးတာ၀န္တစ္ရပ္အျဖစ္ ဦးထိပ္ထားၿပီး ႏုိင္ငံေတာ္ကုိ ကာကြယ္ေစာင့္ေရွာက္လ်က္ရွိေၾကာင္း၊ “တပ္မေတာ္သည္ အမ်ိဳးသားေရးကုိ ဘယ္ေတာ့မွသစၥာမေဖာက္” ဆုိသည့္ ေဆာင္ပုဒ္သည္ ႏုိင္ငံေတာ္ႏွင့္ ႏုိင္ငံသားမ်ားအေပၚထားရွိသည့္ ရွင္းလင္းျပတ္သားသည့္ သစၥာတရား ပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္က ဘယ္ေတာ့မွသစၥာမေဖာက္သည့္ အမ်ိဳးသားေရးဆုိသည္မွာ မည္သည့္ေခတ္၊ မည္သည့္စနစ္တြင္ျဖစ္ေစ ႏုိင္ငံေတာ္ႏွင့္ တုိင္းရင္းသားျပည္သူမ်ားအတြက္ ထာ၀ရလုိအပ္ေနသည့္ ဒုိ႔တာ၀န္ အေရးသုံးပါးပင္ျဖစ္ေၾကာင္း၊ ဒုို႔တာ၀န္အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္ရာတြင္ သမုိင္းေၾကာင္းအရ ႏုိင္ငံေတာ္၏ ပကတိလုိအပ္ခ်က္ျဖစ္သည့္ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ ေရးတုိ႔အတြက္ မျဖစ္မေနလုိအပ္ေနသည့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္လည္း တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးမူ၀ါဒ ၆ ရပ္ခ်မွတ္ၿပီး စိတ္ရင္းေစတနာမွန္ကန္စြာျဖင့္ ႏိုိင္ငံေတာ္အစုိးရႏွင့္အတူ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကုိ လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

၄င္းေနာက္ မိမိတို႔ႏုိင္ငံ၏ ပကတိအရွိတရားမ်ားအရ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးကို အမည္နာမ အမ်ိဳးမ်ိဳးျဖင့္ နယ္ေျမပုိင္းျခား သတ္မွတ္ထားေသာ္လည္း နယ္ေျမေဒသတုိင္းတြင္ တုိင္းရင္းသားလူမ်ိဳးမ်ား စုစည္းေနထုိင္ၾကသည့္အတြက္ ျပည္ေထာင္စု၏အသြင္သ႑ာန္သည္ ခြဲထြက္ျခင္း၊ ပဲ့ထြက္ျခင္း၊ ကြဲျပားျခင္း မျဖစ္ေစေရး အလြန္အေရးႀကီးေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတို႔အေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ႏွင့္ ဒုိ႔တာ၀န္ အေရးသုံးပါး ကာကြယ္ေစာင့္ေရွာက္ႏုိင္ေရးအတြက္ မည္သည့္နယ္ေျမ၊ မည္သည့္ေဒသေရာက္ေရာက္ တုိင္းရင္းသားေသြးခ်င္း ညီအစ္ကုိေမာင္ႏွမမ်ားကုိ ျပည္ေထာင္စုစိတ္ဓာတ္ ရွင္သန္ရင့္က်က္လာေအာင္ ျပည္သူ႕အက်ိဳးျပဳလုပ္ငန္းမ်ား ေဆာင္ရြက္ရင္း စည္း႐ုံးေဆာင္ရြက္သြားၾကရန္လုိေၾကာင္း မွာၾကားသည္။

ထုိ႔ေနာက္ ျပည္သူ႕အက်ိဳးကုိ ထာ၀ရစဥ္သယ္ပုိးၿပီး သမုိင္းေပးတာ၀န္ေက်ခဲ့ျခင္းသည္ မိမိတုိ႔တပ္မေတာ္၏ ေကာင္းျမတ္သည့္ အစဥ္အလာျဖစ္သကဲ့သုိ႔ ထူးျခားေလးနက္သည့္ ၀ိေသသလည္းျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ တပ္မေတာ္ႏွင့္ျပည္သူအေပၚ တာ၀န္ေက်ပြန္ခဲ့သည့္ ေနာင္ေတာ္စစ္သည္မ်ား၏ ေကာင္းျမတ္သည့္ အစဥ္အလာမ်ားကုိ အားက်အတုယူၿပီး မိမိတုိ႔တပ္ေတာ္၏ ေကာင္းေမြဆက္ခံသူ တပ္မေတာ္သားမ်ား၊ ျပည္သူက အားကုိးအားထားျပဳရသည့္ ျပည္သူခ်စ္သည့္ စစ္သည္ေတာ္ေကာင္းမ်ား ျဖစ္လာ ေအာင္ျပဳက်င့္ေနထုိင္သြားၾကရန္ အေလးအနက္ထားမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ သင္တန္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကုိခံယူၿပီး စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသြားသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တပ္မေတာ္ေဆးတကၠသုိလ္၊ ပင္မေဆာင္ရွိ ဧည့္ခန္းမေဆာင္၌ သူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၁၅)မွ ထူးခြၽန္ဆု ရရွိခဲ့ၾကသည့္ သင္တန္းသားမ်ားႏွင့္ ၎တုိ႔၏မိဘမ်ား၊ အမ်ိဳးသမီးသူနာျပဳသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၂)မွ ထူးခြၽန္ဆုရရွိခဲ့ၾကသည့္ သင္တန္းသူမ်ားႏွင့္ ၎တို႔၏မိဘမ်ားအား ေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကား ေျပာၾကားသည္။

ထုိသို႔ေျပာၾကားရာတြင္ ငယ္စဥ္မွစ၍ တကၠသုိလ္၀င္တန္းတက္ေရာက္ ေအာင္ျမင္သည္အထိ မိဘမ်ားက ျပဳစုပ်ိဳးေထာင္ေပးခဲ့ေၾကာင္း၊ ယခုကဲ့သုိ႔ထူးခြၽန္ဆုရရွိေအာင္ ေဆာင္ရြက္ႏုိင္ျခင္းႏွင့္ မိမိဘ၀အား ကိုယ္တုိင္ ရပ္တည္ႏုိင္ျခင္းသည္ မိဘမ်ား၏ ေက်းဇူးအားဆပ္ျခင္း တစ္မ်ိဳးပင္ျဖစ္ေၾကာင္း၊ သုိ႔ေသာ္မိဘမ်ား၏ေက်းဇူးမွာ မ်ားျပားေသာေၾကာင့္ တစ္သက္လုံးဆပ္၍ မကုန္ႏုိင္သျဖင့္ မိဘေက်းဇူးမေမ့ရန္လုိေၾကာင္း၊ သူနာျပဳႏွင့္ ေဆးဘက္ပညာ ဆုိသည္မွာ လူအမ်ား၏က်န္းမာေရးကုိ ေစာင့္ေရွာက္မႈေပးျခင္းျဖစ္သျဖင့္ နာ ငါးနာႏွင့္အညီ ေကာင္းမြန္သည့္ ဆက္ဆံေရးရွိေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ သာမန္လူနာတစ္ဦးသည္ ၾကင္နာစြာ ဆက္ဆံခံရပါက ေရာဂါတစ္၀က္ သက္သာသည္ဟုေျပာၾကေၾကာင္း၊ ထုိ႔ေၾကာင့္ ေဆးတပ္ဖြဲ႕၀င္မ်ားအေနျဖင့္ အၾကင္နာတရားကုိအၿမဲတမ္း ထိန္းသိမ္းေဆာင္ရြက္သြားၾကေစလုိေၾကာင္း၊ ရာထူးအဆင့္ေပးအပ္မႈႏွင့္ ပတ္သက္၍လည္း မိမိတုိ႔၏ႀကိဳးစားအားထုတ္မႈႈ အေပၚတြင္မူတည္ၿပီး ရရွိသြားမည္ျဖစ္ေၾကာင္း၊ သင္တန္းစလယ္ဆုံး ႀကိဳးစားခဲ့မႈမ်ားေၾကာင့္ ယခုကဲ့သို႔ထူးခြၽန္ဆု ရရွိခဲ့ျခင္းျဖစ္ၿပီး မေလွ်ာ့ဘဲ ဆက္လက္ထိန္းသိမ္း ႀကိဳးစားသြားၾကေစလုိေၾကာင္း၊ မိမိတို႔ ကြပ္ကဲရသည့္သူမ်ားကုိလည္း စည္းကမ္းလုိက္နာမႈရွိေအာင္ ေခါင္းေဆာင္မႈအဂၤါရပ္(၁၆)ရပ္ႏွင့္အညီ ကြပ္ကဲအုပ္ခ်ဳပ္ရန္လုိေၾကာင္း၊ တပ္မေတာ္မွ ထုတ္ျပန္ထားသည့္ တုိက္တြန္းခ်က္စည္းကမ္း၊ တားျမစ္ခ်က္စည္းကမ္းမ်ားကို လုိက္နာ ေဆာင္ရြက္သြားၾကရန္လိုေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္ ေဆးတကၠသုိလ္ ပင္မေဆာင္တြင္ ခင္းက်င္းျပသထားသည့္ နည္းဗ်ဴဟာအဆင့္ စစ္ေျမျပင္ေဆး႐ုံႏွင့္ တပ္မအဆင့္ေရြ႕လ်ား စစ္ေျမျပင္ေဆး႐ုံမ်ား၌ စစ္ဆင္ေရးတြင္ ထိခုိက္ဒဏ္ရာ ရရွိမႈကုသျခင္းဆုိင္ရာ ေလ့က်င့္သ႐ုပ္ျပမႈမ်ားအား ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈအေပၚတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည့္ ေလ့က်င့္ေရးအေထာက္အကူျပဳ အသုံးအေဆာင္ပစၥည္းမ်ား ထပ္မံျဖည့္တင္းရန္၊ သင္တန္းသားမ်ား ေလ့က်င့္သားျပည့္၀ ကြၽမ္းက်င္သည္အထိ စနစ္တက်ေလ့က်င့္ေပးၿပီး သက္ဆုိင္ရာဘာသာရပ္အလုိက္ ကြၽမ္းက်င္မႈၿပိဳင္ပြဲမ်ား က်င္းပျပဳလုပ္ေပးရန္ႏွင့္ လုိအပ္သည္မ်ားအား မွာၾကားခဲ့သည္။

(Unicode Version)

ကျွမ်းကျင်ကူညီ၊ ဆေးစစ်သည် ဆိုသည့်ဆောင်ပုဒ်အတိုင်း သူနာပြုနှင့်ဆေးဘက်ပညာသည် စစ်သည်များကို နှစ်စဉ်လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ

နေပြည်တော် ၊ ဒီဇင်ဘာ ၂၈

ဆေးဝန်ထမ်းတပ်ဖွဲ့များ၏ ရည်မှန်းချက်တာဝန်မှာ တပ်မတော်သားမိသားစုဝင်များကို ပြည့်စုံလုံလောက်သည့် ဆေးအကာအကွယ်ပေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်ဖြစ်ကြောင်း၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်သည် “ကျွမ်းကျင်ကူညီ၊ ဆေးစစ်သည်” ဆိုသည့်ဆောင်ပုဒ်အတိုင်း သူနာပြုနှင့် ဆေးဘက်ပညာသည် စစ်သည်များကိုနှစ်စဉ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၅)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသားသူနာပြုများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းတပ်ခွဲများကိုစစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား သင်တန်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၅)မှ အကောင်းဆုံးသင်တန်းသား ဆုရရှိသူ သင်တန်းသားအမှတ် ၃၈၁၅၊ သင်တန်းသား ဝေဖြိုးဟိန်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ် ၃၈၂၂၊ သင်တန်းသား သန့်စင်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ် ၃၇၈၀၊ သင်တန်းသား စိုးခန့်အောင် တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တပ်မတော်အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူအမှတ် ၁၃၅ ၊ သင်တန်းသူ နန်းရဝေပိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၁၁၉၊ သင်တန်းသူ စုမွန်နိုင်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၁၆၄၊ သင်တန်းသူ အေးသော်တာမင်းတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းသားများအား မိန့်ခွန်းပြောကြားရာတွင် သင်တန်းကာလ ၄ နှစ်တာအတွင်း သူနာပြုကောင်း တစ်ယောက်၏ အရည်အချင်းကောင်းများ နှင့်ပြည့်စုံရန်၊ သူနာပြုစိတ်ဓာတ်၏ အခြေခံဖြစ်သည့် “၀ါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ” ဆိုသည့် နာ ငါးနာကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ ထို့အပြင် သူနာပြုကောင်းတစ်ဦးတွင်ရှိရမည့် အရည်အချင်းများပြည့်ဝစေရန်လည်း စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်သဖြင့် မိမိတို့အနေဖြင့် တာဝန်ကျရာတပ်အသီးသီးတွင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပြုစုရေးသာမက ရောဂါရှာဖွေရေး၊ ရောဂါတားဆီးကာကွယ်ရေး၊ ရောဂါနှိမ်နင်းရေး၊ ကျန်းမာရေးမြှင့်တင်ရေး၊ ပြန်လည်သန်စွမ်းရေးနှင့် ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများအထိ ကျယ်ပြန့်နက်ရှိုင်းစွာ တာဝန်ထမ်းဆောင်ကြရန် မှာကြားသည်။

ယင်းနောက် မိမိတို့တပ်မတော်သည် အရေအတွက်ထက်အရည်အချင်းကို ဦးစားပေးပြီး တပ်ဖွဲ့ဝင်တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ၏ ကာယဉာဏစွမ်းဆောင်ရည်များကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ ခေတ်မီကျစ်လျစ်သည့် တပ်မတော်တစ်ရပ်အဖြစ် အသွင်ကူးပြောင်းတည်ဆောက်သည့်နေရာတွင် တပ်မတော်သားတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးသည် အဓိကကျသောကြောင့် မိမိတို့တပ်မတော်သားတိုင်း၏ ကိုယ်ရည် ကိုယ်သွေး ဖြစ်သည့် လက်ရုံးရည်၊ နှလုံးရည်ထက်မြက်ရန်အတွက် စဉ်ဆက်မပြတ်လေ့ကျင့် တည်ဆောက်ပေးနေခြင်း ဖြစ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သည့် အရာမှာ “စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု” ဟုဆိုသည့် တပ်တိုင်းရဲဘော်တိုင်းထားရှိရမည့် အခြေခံအရည်အချင်း ငါးပါးပင်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကို ခေတ်မီတပ်မတော် Standard Army တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် အင်အားတောင့်တင်းခိုင်မာရေးသည် မဖြစ်မနေ လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ အင်အားကို တည်ဆောက် ရာတွင် အရေအတွက်သာမက အရည်အချင်းရှိဖို့ အတွက်လည်း တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ အရေအတွက်ရှိရန်အတွက် ကျန်းမာရေးချို့တဲ့မှုကြောင့်ဖြစ်ရသည့် အင်အားပြုန်းတီးမှုများကို ထိန်းသိမ်းရန် လိုအပ်ပြီး အရည်အသွေး မြင့်မားစေရန်အတွက်လည်း တပ်မတော်သားတိုင်း ကျန်းမာကြံ့ခိုင်နေရန်အရေးကြီး ကြောင်း၊ ထို့ကြောင့် မိမိတို့တတ်ကျွမ်းထားသည့် ဆေးဘက်ဆိုင်ရာပညာရပ်များကို အသုံးချပြီး တပ်မတော်သားတပ်ဖွဲ့ဝင်များ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စွမ်းစွမ်းတမံ ပြုစုစောင့်ရှောက်သွားကြရန်လိုကြောင်း မှာကြားသည်။

ဆက်လက်ပြီး ခေတ်မီပြုစုကုသမှုများနှင့် ဆေးပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး မိမိတို့တစ်ဦးချင်းစီ၏ အရည်အသွေးမြင့်မားလာအောင် မြှင့်တင်နေကြရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ မြှင့်တင်ရန်အတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် အခြေခံအဆောက်အဦများကိုလည်း ဖြည့်တင်းပေးလျက်ရှိကြောင်း၊ ခေတ်မီတုံ့ပြန် လူနာတုများ၊ သူနာပြုကျွမ်းကျင်မှု လက်တွေ့ခန်းများနှင့် အခြားလိုအပ်သည့် အရည်အသွေးကောင်းမွန်ပြီး ခေတ်နှင့်လျော်ညီသည့် သင်ကြားမှုအထောက်အကူပြုပစ္စည်း (Quality Assurance Facilities) များကို ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်သည့်အပြင် ဘက်စုံသုံးဓာတ်ခွဲခန်း (Common Laboratory) ကိုလည်း အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကျန်းမာရေးဆိုင်ရာပညာရပ်များကို လေ့လာနိုင်ရန်အတွက်လည်း စာကြည့်တိုက်များကိုပါ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အဆိုပါ အခွင့်အလမ်းကောင်းများကို ကောင်းမွန်စွာအသုံးချရင်း လက်တွေ့လုပ်ငန်းခွင်မှာ ရရှိလာသည့် အတွေ့အကြုံကောင်းများနှင့်ပေါင်းစပ်ပြီး ပိုမိုမြင့်မားသည့် ခေတ်မီသူနာပြု၊ ဆေးဝါးကျွမ်းကျင်နှင့် ဆေးဘက်ဆိုင်ရာပညာရပ်များကို ဆက်လက် ဆည်းပူလေ့လာသွားရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ခေတ်မီဆန်းသစ်လာသည့် ဆေးပညာရပ်များကို ဆည်းပူးလေ့လာရင်း တစ်ဖက်မှလည်း မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာ၏ အစွမ်းသတ္တိများကို ထိထိရောက်ရောက်အသုံး ပြုနိုင်ခဲ့ကြသည့် အစဉ်အလာကောင်း များကို မေ့ပျောက်မသွားကြရန်လိုကြောင်း၊ မိမိတို့ ရှေးခေတ်မြန်မာမျိုးနွယ် ဘိုးဘေးများသည် မြန်မာ့ရေမြေ များပေါ်ရှိ အဖိုးတန်ပရဆေးပင်များကို အကျိုးရှိအောင် အသုံးချနိုင်ခဲ့ကြကြောင်း၊ မိမိတို့အားသင်ကြား ပေးလိုက်သည့် ပရဆေးဗေဒဘာသာရပ်သည် သဘာဝမှရရှိသည့် ပစ္စည်းများအပေါ်အခြေခံပြီး ဖော်စပ် ထုတ်လုပ်ရသည့်အပင်များမှ ဆေးအနေဖြင့် အသုံးပြုနိုင်ပုံများကို လေ့လာရသည့် ဘာသာရပ် ဖြစ်သည့်အတွက် ပရဆေးဗေဒကိုအခြေခံပြီး ဆေးဘက်ဝင်အပင်များကို စနစ်တကျ အချိန်ယူလေ့လာခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းများတွင် များစွာအကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း၊ ရှေးခေတ် မြန်မာ့တပ်မတော်တွင် မြန်မာ့တိုင်းရင်းဆေးပညာကို ထိရောက်စွာအသုံးပြုပြီး ဆေးအကာအကွယ်ပေးမှုများ ဆောင်ရွက်ခဲ့ကြသည်ကိုလည်း သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရမည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အရည်အသွေး ထက်မြက်ပြည့်ဝသည့် ဆေးဘက်ဆိုင်ရာပညာရှင်များဖြစ်ရန် အနောက်တိုင်းဆေး ပညာရပ်တွင်သာမက မြန်မာ့တိုင်းရင်းဆေးပညာ နယ်ပယ်တွင်ပါ ကျွမ်းဝင်နှံ့စပ်သည့် ပညာရှင်များဖြစ်အောင် ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းကိုက်ညီမှုသည် အရေးကြီးသည့်အတွက် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ဆေးဝန်ထမ်းတပ်ဖွဲ့များသည် သမိုင်းကြောင်းအစဉ်အလာအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကိုသာမက တပ်မတော်သားမိသားစုဝင်များနှင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့သို့ လုပ်ဆောင်ပေးလျက်ရှိရာတွင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လူမျိုးဘာသာမခွဲခြားဘဲ တောင်ပေါ်မြေပြန့်၊ ပင်လယ်၊ ကမ်းရိုးတန်းနှင့် နယ်စပ်ဒေသများပါမကျန် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ များစေလွှတ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တာဝန်သိသိ စေတနာရှိရှိ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအတွင်းမှာရှိသည့် ပြည်သူလူထုအားလုံး အလုပ်လုပ်နိုင်ရန် လူတိုင်းကျန်းမာကြံ့ခိုင်နေဖို့ အရေးကြီးကြောင်း၊ တပ်မတော်က ဆောင်ရွက်လျက်ရှိသည့် နယ်လှည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများသည် ထိုရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော် ပေးနေခြင်းဖြစ်ကြောင်း၊ ပြည်သူအများ ကျန်းမာကြံ့ခိုင်လာသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ပါမကျန် ဘက်စုံအထောက်အကူပြုနိုင်သဖြင့် နိုင်ငံတော်အတွက်လည်း အလွန်တန်ဖိုးကြီးမားကြောင်း၊ ပြည်သူများကျန်းမာပြီး အလုပ်လုပ်နိုင်သူတိုးပွားလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း တိုးတက် လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းသည် ပြည်သူလူထု အကျိုးစီးပွားတိုးတက်ရေးကို တိုက်ရိုက်အကျိုးရှိနေသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ များစွာအကျိုးသက်ရောက်မှုရှိ နေမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တပ်မတော်က နိုင်ငံအနှံ့အပြား နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းသည် ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်ဆိုသည့် ကာကွယ်ရေးတာဝန်တစ်ရပ်ကို အောင်မြင်စွာလုပ်ဆောင်နေဖြင်းဖြစ်ပြီး အထိရောက်ဆုံးသော လက်တွေ့ပါသည့် စည်းရုံးရေးလုပ်ငန်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် တာဝန်ကျရာ ဒေသအသီးသီးတွင် တတ်ကျွမ်းထားသည့် ဆေးဘက်ဆိုင်ရာ ပညာရပ်များကို အသုံးချကာပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ထိရောက်အောင်မြင်အောင် လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာသည့် မိမိတို့ တပ်မတော်အနေဖြင့် ဖြတ်သန်း လာခဲ့ရသည့် အတွေ့အကြုံ၊ အသိတရားများအရ ဒို့တာဝန်အရေးသုံးပါးကို လုံးဝအထိအပွန်းမခံနိုင်သည့် အတွက် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဦးထိပ်ထားပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်” ဆိုသည့် ဆောင်ပုဒ်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်ထားရှိသည့် ရှင်းလင်းပြတ်သားသည့် သစ္စာတရား ပင်ဖြစ်ကြောင်း၊ တပ်မတော်က ဘယ်တော့မှသစ္စာမဖောက်သည့် အမျိုးသားရေးဆိုသည်မှာ မည်သည့်ခေတ်၊ မည်သည့်စနစ်တွင်ဖြစ်စေ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအတွက် ထာဝရလိုအပ်နေသည့် ဒို့တာဝန် အရေးသုံးပါးပင်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သမိုင်းကြောင်းအရ နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် မဖြစ်မနေလိုအပ်နေသည့် ထာဝရငြိမ်းချမ်းရေးရရှိအောင်လည်း တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ချမှတ်ပြီး စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

၄င်းနောက် မိမိတို့နိုင်ငံ၏ ပကတိအရှိတရားများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို အမည်နာမ အမျိုးမျိုးဖြင့် နယ်မြေပိုင်းခြား သတ်မှတ်ထားသော်လည်း နယ်မြေဒေသတိုင်းတွင် တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ကြသည့်အတွက် ပြည်ထောင်စု၏အသွင်သဏ္ဍာန်သည် ခွဲထွက်ခြင်း၊ ပဲ့ထွက်ခြင်း၊ ကွဲပြားခြင်း မဖြစ်စေရေး အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ဒို့တာဝန် အရေးသုံးပါး ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် မည်သည့်နယ်မြေ၊ မည်သည့်ဒေသရောက်ရောက် တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများကို ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရင့်ကျက်လာအောင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရင်း စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်သူ့အကျိုးကို ထာဝရစဉ်သယ်ပိုးပြီး သမိုင်းပေးတာဝန်ကျေခဲ့ခြင်းသည် မိမိတို့တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာဖြစ်သကဲ့သို့ ထူးခြားလေးနက်သည့် ၀ိသေသလည်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်နှင့်ပြည်သူအပေါ် တာဝန်ကျေပွန်ခဲ့သည့် နောင်တော်စစ်သည်များ၏ ကောင်းမြတ်သည့် အစဉ်အလာများကို အားကျအတုယူပြီး မိမိတို့တပ်တော်၏ ကောင်းမွေဆက်ခံသူ တပ်မတော်သားများ၊ ပြည်သူက အားကိုးအားထားပြုရသည့် ပြည်သူချစ်သည့် စစ်သည်တော်ကောင်းများ ဖြစ်လာ အောင်ပြုကျင့်နေထိုင်သွားကြရန် အလေးအနက်ထားမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ဆေးတက္ကသိုလ်၊ ပင်မဆောင်ရှိ ဧည့်ခန်းမဆောင်၌ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၅)မှ ထူးချွန်ဆု ရရှိခဲ့ကြသည့် သင်တန်းသားများနှင့် ၎င်းတို့၏မိဘများ၊ အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသူများနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် ငယ်စဉ်မှစ၍ တက္ကသိုလ်ဝင်တန်းတက်ရောက် အောင်မြင်သည်အထိ မိဘများက ပြုစုပျိုးထောင်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ထူးချွန်ဆုရရှိအောင် ဆောင်ရွက်နိုင်ခြင်းနှင့် မိမိဘဝအား ကိုယ်တိုင် ရပ်တည်နိုင်ခြင်းသည် မိဘများ၏ ကျေးဇူးအားဆပ်ခြင်း တစ်မျိုးပင်ဖြစ်ကြောင်း၊ သို့သော်မိဘများ၏ကျေးဇူးမှာ များပြားသောကြောင့် တစ်သက်လုံးဆပ်၍ မကုန်နိုင်သဖြင့် မိဘကျေးဇူးမမေ့ရန်လိုကြောင်း၊ သူနာပြုနှင့် ဆေးဘက်ပညာ ဆိုသည်မှာ လူအများ၏ကျန်းမာရေးကို စောင့်ရှောက်မှုပေးခြင်းဖြစ်သဖြင့် နာ ငါးနာနှင့်အညီ ကောင်းမွန်သည့် ဆက်ဆံရေးရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သာမန်လူနာတစ်ဦးသည် ကြင်နာစွာ ဆက်ဆံခံရပါက ရောဂါတစ်ဝက် သက်သာသည်ဟုပြောကြကြောင်း၊ ထို့ကြောင့် ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြင်နာတရားကိုအမြဲတမ်း ထိန်းသိမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ရာထူးအဆင့်ပေးအပ်မှုနှင့် ပတ်သက်၍လည်း မိမိတို့၏ကြိုးစားအားထုတ်မှုအပေါ်တွင်မူတည်ပြီး ရရှိသွားမည်ဖြစ်ကြောင်း၊ သင်တန်းစလယ်ဆုံး ကြိုးစားခဲ့မှုများကြောင့် ယခုကဲ့သို့ထူးချွန်ဆု ရရှိခဲ့ခြင်းဖြစ်ပြီး မလျှော့ဘဲ ဆက်လက်ထိန်းသိမ်း ကြိုးစားသွားကြစေလိုကြောင်း၊ မိမိတို့ ကွပ်ကဲရသည့်သူများကိုလည်း စည်းကမ်းလိုက်နာမှုရှိအောင် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နှင့်အညီ ကွပ်ကဲအုပ်ချုပ်ရန်လိုကြောင်း၊ တပ်မတော်မှ ထုတ်ပြန်ထားသည့် တိုက်တွန်းချက်စည်းကမ်း၊ တားမြစ်ချက်စည်းကမ်းများကို လိုက်နာ ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် ဆေးတက္ကသိုလ် ပင်မဆောင်တွင် ခင်းကျင်းပြသထားသည့် နည်းဗျူဟာအဆင့် စစ်မြေပြင်ဆေးရုံနှင့် တပ်မအဆင့်ရွေ့လျား စစ်မြေပြင်ဆေးရုံများ၌ စစ်ဆင်ရေးတွင် ထိခိုက်ဒဏ်ရာ ရရှိမှုကုသခြင်းဆိုင်ရာ လေ့ကျင့်သရုပ်ပြမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည့် လေ့ကျင့်ရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းများ ထပ်မံဖြည့်တင်းရန်၊ သင်တန်းသားများ လေ့ကျင့်သားပြည့်ဝ ကျွမ်းကျင်သည်အထိ စနစ်တကျလေ့ကျင့်ပေးပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်မှုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရန်နှင့် လိုအပ်သည်များအား မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။