အမိနိုင်ငံတော်၏ပိုင်နက်နယ်မြေ၊ အမိနိုင်ငံသူနိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် အမိနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရမည့် တာဝန်ဝတ္တရားသည် နိုင်ငံသားတိုင်း၏ မွေးရာပါ အမျိုးသားနိုင်ငံရေးတာဝန်တစ်ရပ်ဖြစ်
နေပြည်တော်၊ ဇန်န၀ါရီ – ၎
ထို့နောက် မိမိတို့၏အသက်ခန္ဓာကို နိုင်ငံနှင့်ပြည်သူအတွက် ကြည်ကြည်ဖြူဖြူ နှင်းဆက်စွန့်လှူပြီး မိမိနိုင်ငံတော်၊ အမျိုးဘာသာ သာသနာနှင့် ပြည်သူလူထုအတွက်ဆိုသည့် အာဇာနည်စိတ်ထားဖြင့် ကာကွယ်စောင့်ရှောက်ကြခြင်းသည် လူသားတိုင်း၊ နိုင်ငံသားတိုင်းက အထင်ကြီးလေးစားဂုဏ်ယူကြရသည့် အမွန်မြတ်ဆုံးစွမ်းဆောင်ရည်ပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့အသက်နှင့်ခန္ဓာကိုမငဲ့ကွက်ဘဲ အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို ပြီးမြောက်အောင်မြင်သည်အထိ သက်စွန့်ဆံဖျား အသက်စွန့်လွှတ်ကြိုးပမ်းထမ်းရွက်မှု၊ ကြံ့ခိုင်သောစိတ်ဓာတ်၊ ပြောင်မြောက်သည့်သူရသတ္တိများနှင့် တာဝန်ထမ်းဆောင်မှု၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ ခိုင်မာမြဲမြံသောသန္နိဋ္ဌာန်စိတ်ဓာတ်များနှင့် တာဝန်ထမ်းဆောင်ခဲ့မှုများအတွက် အထူးပင်ဂုဏ်ယူမိသကဲ့သို့ စွမ်းဆောင်သူအားလုံးကိုလည်း ဂုဏ်ပြုပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတွင် သီဟသူရဘွဲ့ရရှိသူ ၁ ဦး၊ သူရဘွဲ့ရရှိသူ ၁၄ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၇၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂၂၂ ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၄၈၉ ဦးတို့အားချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ထို့အတူ ယနေ့နံနက် နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့်အခမ်းအနားတွင် သူရဘွဲ့ရရှိသူ ၅ ဦးအား နိုင်ငံတော်သမ္မတကိုယ်တိုင်ချီးမြှင့်ပေးခဲ့ပြီး ယခုအခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂ ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၃ ဦးတို့အားချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၆၁ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၆၆ ဦးတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းမှူးများက တစ်ချိန်တည်း တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်းပြောကြားသည်။
(Unicode Version)
အမိနိုင်ငံတော်၏ပိုင်နက်နယ်မြေ၊ အမိနိုင်ငံသူနိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် အမိနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရမည့် တာဝန်ဝတ္တရားသည် နိုင်ငံသားတိုင်း၏ မွေးရာပါ အမျိုးသားနိုင်ငံရေးတာဝန်တစ်ရပ်ဖြစ်
နေပြည်တော်၊ ဇန်နဝါရီ – ၄
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး တပ်မတော်သည် ရယူလိုမှု အနည်းဆုံးနှင့် ပေးဆပ်နိုင်မှုအမြင့်မားဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်သဖြင့် အစဉ်အလာတစ်ဆယ့်နှစ်ရပ်ကဲ့သို့ ထင်ရှားမြင်သာသော ဝိသေသလက္ခဏာများနှင့် ခိုင်ခိုင်မာမာရပ်တည်လာခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ကြရာတွင် မိမိတို့ကျရာတာဝန်ဝတ္တရားများကို မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသူများ မိမိတို့တပ်မတော်တွင်စဉ်ဆက်မပြတ် ပေါ်ထွန်းခဲ့ခြင်းကြောင့်လည်း ယနေ့အချိန်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟု ကမ္ဘာ့အလယ်တွင် ထင်ထင်ရှားရှားထည်ထည်ဝါ၀ါရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း၊ အမိနိုင်ငံတော်၏ ပိုင်နက်နယ်မြေ၊ အမိနိုင်ငံသူနိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် အမိနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရမည့် တာဝန်ဝတ္တရားသည် နိုင်ငံသားတိုင်း၏မွေးရာပါ အမျိုးသားနိုင်ငံရေးတာဝန်တစ်ရပ်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သော တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီစိုးဝင်းနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ် လက်ခံရ ယူကြမည့် အရာရှိ၊ စစ်သည်များ နှင့်အမွေခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတော်နှင့်ပြည်သူအတွက် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြရာတွင် မိမိတို့၏ခန္ဓာကိုယ်နှင့် အသက်ကို မငဲ့ကွက်ကြဘဲ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသူများကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းသည့်အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်၏လွတ်လပ်ရေးကို ရယူပေးရာတွင် မိမိတို့တပ်မတော်သည် အဓိကအကျဆုံးအမျိုးသားနိုင်ငံရေးအင်အားစုကြီးတစ်ရပ်ဖြစ်ခဲ့သလို နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်လည်း ခေတ်အဆက်ဆက်တွင် ခြိမ်းခြောက်စိန်ခေါ်မှုအရပ်ရပ်ကို ရှေ့ဆုံးမှမားမားမတ်မတ်ရပ်တည်ရင်ဆိုင်ပြီး ကာကွယ်စောင့်ရှောက် ပေးနေသည်မှာလည်း မိမိတို့တပ်မတော်ပင်ဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်ဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းလွတ်လပ်ရေးနေ့အခါသမယမှာ ကျင်းပပြုလုပ်ပေးနေခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် တပ်မတော်သည် စတင်ဖွဲ့စည်းပေါ်ပေါက်လာစဉ်ကတည်းက မိမိတို့ နိုင်ငံ၏ ဘိုးဘွားပိုင် အမြုတေရတနာဖြစ်သည့် အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်ရေးကြီးကို တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီး ခန္ဓာအသက်နှင်းဆက်ရယူပေးလိုသည့် လေးနက်မွန်မြတ်သည့်မျိုးချစ်စိတ်ဓာတ်ကို သန္ဓေတည်ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ သမိုင်းကြောင်းတစ်လျှောက် လွတ်လပ်ရေးနှင့်ပြည်သူထုအတွက် အသက်ကိုစွန့်လွှတ်ထမ်းဆောင်သွားကြသည့် အာဇာနည်သူရဲကောင်းများကို နိုင်ငံတော်နှင့်တပ်မတော်က အလေးအနက်ထားဂုဏ်ပြုသည့်အနေဖြင့် သူရဲကောင်းဗိမာန်(နေပြည်တော်) အား ၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး နောင်လာနောက်သားနိုင်ငံသူ နိုင်ငံသားတိုင်းက လေးစားဂုဏ်ပြုနိုင်ကြဖို့ ကမ္ပည်းမှတ်တမ်း ထိုးထားခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မိမိတို့၏အသက်ခန္ဓာကို နိုင်ငံနှင့်ပြည်သူအတွက် ကြည်ကြည်ဖြူဖြူ နှင်းဆက်စွန့်လှူပြီး မိမိနိုင်ငံတော်၊ အမျိုးဘာသာ သာသနာနှင့် ပြည်သူလူထုအတွက်ဆိုသည့် အာဇာနည်စိတ်ထားဖြင့် ကာကွယ်စောင့်ရှောက်ကြခြင်းသည် လူသားတိုင်း၊ နိုင်ငံသားတိုင်းက အထင်ကြီးလေးစားဂုဏ်ယူကြရသည့် အမွန်မြတ်ဆုံးစွမ်းဆောင်ရည်ပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့အသက်နှင့်ခန္ဓာကိုမငဲ့ကွက်ဘဲ အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို ပြီးမြောက်အောင်မြင်သည်အထိ သက်စွန့်ဆံဖျား အသက်စွန့်လွှတ်ကြိုးပမ်းထမ်းရွက်မှု၊ ကြ့ံခိုင်သောစိတ်ဓာတ်၊ ပြောင်မြောက်သည့်သူရသတ္တိများနှင့် တာဝန်ထမ်းဆောင်မှု၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ ခိုင်မာမြဲမြံသောသန္နိဋ္ဌာန်စိတ်ဓာတ်များနှင့် တာဝန်ထမ်းဆောင်ခဲ့မှုများအတွက် အထူးပင်ဂုဏ်ယူမိသကဲ့သို့ စွမ်းဆောင်သူအားလုံးကိုလည်း ဂုဏ်ပြုပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတွင် သီဟသူရဘွဲ့ရရှိသူ ၁ ဦး၊ သူရဘွဲ့ရရှိသူ ၁၄ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ရ၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂၂၂ ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၄၈၉ ဦးတို့အားချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ထို့အတူ ယနေ့နံနက် နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့်အခမ်းအနားတွင် သူရဘွဲ့ရရှိသူ ၅ ဦးအား နိုင်ငံတော်သမ္မတကိုယ်တိုင်ချီးမြှင့်ပေးခဲ့ပြီး ယခုအခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂ ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၃ ဦးတို့အားချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၆၁ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၆၆ ဦးတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းမှူးများက တစ်ချိန်တည်း တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်ကြရာတွင် လူသာအသေခံမည်၊ အမျိုးဂုဏ်သိက္ခာနှင့် တပ်မတော်၏အစဉ်အလာ ဂုဏ်သိက္ခာအပျက်မခံဘူးဆိုသည့် လေးနက်မွန်မြတ်သည့် ဘဝမှတ်တမ်းကောင်းရေးထိုးနိုင်သူများသည် နိုင်ငံသူနိုင်ငံသားတိုင်းအတွက် အမျိုးသားရေးဂုဏ်သိက္ခာ အရာတွင် စံနမူနာကောင်းပြနိုင်သူများ၊ အမိနိုင်ငံတော်၏ အနာဂတ်ကာကွယ်ရေး ဂုဏ်သိက္ခာသွေးဆက် အမွေပေးဝေနိုင်သူများအဖြစ် နောင်လာနောက်သားမျိုးဆက်သစ်များက လေးစားအားကျအတုယူကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်ယနေ့တွင် တပ်မတော်ဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းခံကြရသူများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် လေးနက်မွန်မြတ်သည့် ခံယူချက်စိတ်ထားနှင့် မိမိတို့ကျရာတာဝန်ဝတ္တရားများကို ထက်သန်ပြောင်မြောက်သည့် ဇွဲ၊ လုံ့လ၊ ၀ီရိယ စိုက်ထုတ်တာဝန်ထမ်းဆောင်ပြီး ပြည့်စုံမွန် မြတ်သည့်မှတ်တမ်းကောင်း ရေးထိုးခဲ့ကြသူများဖြစ်သကဲ့သို့ နိုင်ငံတော်နှင့်တပ်မတော်က ပြည်သူ့သားကောင်းအာဇာနည်များအဖြစ် အမြဲတမ်းအမှတ်ရဂုဏ်ယူနေမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးကြီး ၁ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတိယတပ်ကြပ် ၁ ဦး၊ တပ်သား ၁ ဦးနှင့် အမွေခံ ၁၁ ဦးတို့အားလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူများဖြစ်ကြသည့် ဗိုလ်ကြီး ၁ ဦးနှင့် အမွေခံ ၁ ဦးတို့အားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ ဒုတိယအရာခံဗိုလ် ၂ ဦး၊ တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၁ ဦး၊ ဒုတိယတပ်ကြပ် ၁ ဦးနှင့် အမွေခံ ၃ ဦးတို့အားလည်းကောင်း သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည််သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်ခြင်း ခံရသူများနှင့် အခမ်းအနားတက်ရောက်လာကြသူများအား ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံသည်။
ဂုဏ်ပြုလက်ဖက်ရည်ဖြင့်တည်ခင်းဧည့်ခံစဉ် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် လက်မှတ်ရ သူများအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ ၆ ဦး၊ သီဟသူရဘွဲ့ ၄၇ ဦး၊ သူရဘွဲ့ ၅၄၇ ဦး၊ သီဟဗလတံဆိပ် ၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင် ၁၈၆၂ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၁၈၈၇ ဦး၊ စစ်သေနာပတိချုပ်၏သူရဲကောင်း လက်မှတ် ၃၃၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၂၆၀၅ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ၂ ဦး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ၁၀၈၇ ဦး ရှိခဲ့ပြီးဖြစ်သည်။
ဖတ်သင့်သော သတင်းများ
ပြန်စာထားခဲ့ပါ။
သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။