တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော် ရေတပ်ဦးစီးချုပ် Admiral Naris Phatoomsuwan အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၏ ဖိတ္ၾကားခ်က္အရ ျမန္မာႏိုင္ငံ တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ ထုိင္းဘုရင့္တပ္မေတာ္ေရတပ္ဦးစီးခ်ဳပ္ Admiral Naris Phatoomsuwan အား ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ ၾကၿပီး ထုိင္းဘုရင့္တပ္မေတာ္ေရတပ္ဦးစီးခ်ဳပ္ႏွင့္အတူ ထုိင္းဘုရင့္တပ္မေတာ္ေရတပ္ မွအရာရွိႀကီးမ်ားႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာထုိင္းဘုရင့္ေရတပ္စစ္သံမွဴး Captain Puchong Praditteera တုိ႔တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-ထုိင္းႏွစ္ႏုိင္ငံ သည္ အိမ္နီးခ်င္းေကာင္းႏုိင္ငံမ်ားျဖစ္ၿပီး ပင္လယ္ျပင္ေရပုိင္နက္မ်ားထိစပ္မႈရွိ သည့္အတြက္ ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္မႈအခန္းက႑သည္ လြန္စြာအေရးပါေၾကာင္း ေျပာၾကားၿပီး ေရတပ္အခ်င္းခ်င္းပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရးအတြက္ႏွစ္ႏုိင္ငံ အဆင့္လုိက္ခ်စ္ၾကည္ေရးခရီးစဥ္မ်ားႏွင့္ သေဘၤာမ်ားအျပန္အလွန္လည္ပတ္ေရး၊ ႏွစ္ႏုိင္ငံေရပုိင္နက္အတြင္း လုံၿခဳံေရးဆုိင္ရာမ်ားပူးေပါင္းေဆာင္ရြက္ေရး၊ အားကစား အဖြဲ႕မ်ားႏွင့္ ယဥ္ေက်းမႈအဖြဲ႕မ်ားအျပန္အလွန္ေစလႊတ္၍ ႏွစ္ႏုိင္ငံတပ္မေတာ္ ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈျမႇင့္တင္ေရး၊ သင္တန္းသားမ်ားအျပန္အလွန္ေစလႊတ္ေရး ကိစၥရပ္မ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ေရတပ္ဦးစီးခ်ဳပ္တုိ႔သည္အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ခဲ့ၾကၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော် ရေတပ်ဦးစီးချုပ် Admiral Naris Phatoomsuwan အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသော ထိုင်းဘုရင့်တပ်မတော်ရေတပ်ဦးစီးချုပ် Admiral Naris Phatoomsuwan အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများတက်ရောက် ကြပြီး ထိုင်းဘုရင့်တပ်မတော်ရေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်ရေတပ် မှအရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်ရေတပ်စစ်သံမှူး Captain Puchong Praditteera တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်းနှစ်နိုင်ငံ သည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး ပင်လယ်ပြင်ရေပိုင်နက်များထိစပ်မှုရှိ သည့်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း ပြောကြားပြီး ရေတပ်အချင်းချင်းပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက်နှစ်နိုင်ငံ အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များနှင့် သင်္ဘောများအပြန်အလှန်လည်ပတ်ရေး၊ နှစ်နိုင်ငံရေပိုင်နက်အတွင်း လုံခြုံရေးဆိုင်ရာများပူးပေါင်းဆောင်ရွက်ရေး၊ အားကစား အဖွဲ့များနှင့် ယဉ်ကျေးမှုအဖွဲ့များအပြန်အလှန်စေလွှတ်၍ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ သင်တန်းသားများအပြန်အလှန်စေလွှတ်ရေး ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ်တို့သည်အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။