တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် မန္တလေးမြို့၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ အရှေ့ဘက်မုခ်ဦးနှင့်တံတိုင်း ၂၁၈ ခန်း ရေစက်ချအလှူမင်္ဂလာအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၁၅

တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားစုေပါင္းလွဴဒါန္းသည့္ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ မဟာ၀ိဇိတာ႐ုံပရိယတၱိစာသင္တုိက္၏ အေရွ႕ဘက္မုခ္ဦးႏွင့္ တံတုိင္း ၂၁၈ ခန္း ေရစက္ခ်အလွဴမဂၤလာအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ အဆုိပါေက်ာင္းတုိက္ရွိ သာသနာ့ဟိတကာရီဓမၼဗိမာန္၌က်င္းပျပဳလုပ္သည္။

အဆုိပါအလွဴမဂၤလာအခမ္းအနားသုိ႔ ႏုိင္ငံေတာ္ ၾသ၀ါဒါစရိယ၊ မႏၲေလးၿမိဳ႕ မဟာ၀ိဇိတာ႐ုံပရိယတၱိစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ၀ိစာရိႏၵာဘိ၀ံသအမွဴးျပဳေသာဆရာေတာ္၊ သံဃာေတာ္မ်ား ၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ အရာရွိ၊ စစ္သည္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ မဟာ၀ိဇိတာ႐ုံပရိယတၱိစာသင္တုိက္ ပဓာနနာယကဆရာေတာ္ႀကီးထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မဟာ၀ိဇိတာ႐ုံပရိယတၱိစာသင္တုိက္ ပဓာနနာယကဆရာေတာ္ႀကီးအား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး ဆရာေတာ္ႀကီး၏ေမြးေန႔ပူဇာအတြက္ န၀ကမၼအလွဴေငြမ်ားအား ေပးအပ္လွဴဒါန္းသည္။

ထုိ႔ေနာက္ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွလွဴဒါန္းသည့္ အလွဴေငြမ်ားအား ေပးအပ္လွဴဒါန္းသည္။ ၎ေနာက္ အခမ္းအနားတက္ေရာက္လာၾကသည့္ တပ္မေတာ္အရာရွိႀကီးမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းၾကသည္။ ယင္းေနာက္ မႏၲေလးၿမိဳ႕မဟာ၀ိဇိတာ႐ုံပရိယတၱိစာသင္တုိက္စာခ်နာယက ဓမၼရတနာဆရာေတာ္ ဘဒၵႏၲစရဏ သာသနဓဇဓမၼာစရိယထံမွ အႏုေမာဒနာတရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႔ဆြမ္းေလာင္းလွဴခဲ့ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မႏၲေလး နန္းၿမိဳ႕႐ုိးေတာင္ဘက္ျခမ္း ေက်ာ္မိုးတံခါး(မဂၤလာတံတား)အနီးတြင္ အမ်ားျပည္သူမ်ား ကုိယ္လက္လႈပ္ရွား အားကစားအပန္းေျဖဥယ်ာဥ္ေနရာတည္ေဆာက္ေနမႈႏွင့္ နန္းၿမိဳ႕႐ိုးအား ထိန္းသိမ္းေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မႏၲေလးနန္းၿမိဳ႕၊ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္၊ အရပ္ ၄ မ်က္ႏွာ ၀င္ေပါက္မ်ားအနီး ၿမိဳ႕႐ိုးႏွင့္ က်ဳံးေရျပင္အၾကား သတ္မွတ္ေျမေနရာမ်ား၌ အမ်ားျပည္သူတုိ႕အႏၲရာယ္ကင္းရွင္းစြာ ကိုယ္လက္လႈပ္ရွားအားကစားမ်ား လုပ္ေဆာင္ႏိုင္ေရးႏွင့္ နန္းၿမိဳ႕႐ိုး ေရွးေဟာင္းလက္ရာမ်ားအား ေရွးေဟာင္းသုေတသနႏွင့္ အမ်ဳိးသားျပတုိက္ဦးစီးဌာန၏ အတည္ျပဳခ်က္ျဖင့္ ေရွးမူမပ်က္ထိန္းသိမ္းေဆာင္ရြက္ေရး၊ ျပဳျပင္ထိန္းသိမ္းထားေသာ နန္းၿမိဳ႕႐ိုးမ်ားကိုလည္း ထိခုိက္ပ်က္စီးမႈမရွိေစေရး ကာကြယ္ေစာင့္ေရွာက္ရန္မွာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် မန္တလေးမြို့၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ အရှေ့ဘက်မုခ်ဦးနှင့်တံတိုင်း ၂၁၈ ခန်း ရေစက်ချအလှူမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ – ၁၅

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များစုပေါင်းလှူဒါန်းသည့် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ အရှေ့ဘက်မုခ်ဦးနှင့် တံတိုင်း ၂၁၈ ခန်း ရေစက်ချအလှူမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိ သာသနာ့ဟိတကာရီဓမ္မဗိမာန်၌ကျင်းပပြုလုပ်သည်။

အဆိုပါအလှူမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယ၊ မန္တလေးမြို့ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာဘိ၀ံသအမှူးပြုသောဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီး၏မွေးနေ့ပူဇာအတွက် နဝကမ္မအလှူငွေများအား ပေးအပ်လှူဒါန်းသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှလှူဒါန်းသည့် အလှူငွေများအား ပေးအပ်လှူဒါန်းသည်။ ၎င်းနောက် အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် မန္တလေးမြို့မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်စာချနာယက ဓမ္မရတနာဆရာတော် ဘဒ္ဒန္တစရဏ သာသနဓဇဓမ္မာစရိယထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းလောင်းလှူခဲ့ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလေး နန်းမြို့ရိုးတောင်ဘက်ခြမ်း ကျော်မိုးတံခါး(မင်္ဂလာတံတား)အနီးတွင် အများပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားအပန်းဖြေဥယျာဉ်နေရာတည်ဆောက်နေမှုနှင့် နန်းမြို့ရိုးအား ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မန္တလေးနန်းမြို့၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရပ် ၄ မျက်နှာ ၀င်ပေါက်များအနီး မြို့ရိုးနှင့် ကျုံးရေပြင်အကြား သတ်မှတ်မြေနေရာများ၌ အများပြည်သူတို့အန္တရာယ်ကင်းရှင်းစွာ ကိုယ်လက်လှုပ်ရှားအားကစားများ လုပ်ဆောင်နိုင်ရေးနှင့် နန်းမြို့ရိုး ရှေးဟောင်းလက်ရာများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ အတည်ပြုချက်ဖြင့် ရှေးမူမပျက်ထိန်းသိမ်းဆောင်ရွက်ရေး၊ ပြုပြင်ထိန်းသိမ်းထားသော နန်းမြို့ရိုးများကိုလည်း ထိခိုက်ပျက်စီးမှုမရှိစေရေး ကာကွယ်စောင့်ရှောက်ရန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။