NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်ကို လှိုက်လှဲစွာကြိုဆို၊ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီး

ေနျပည္ေတာ္၊ ဇန္န၀ါရီ- ၂၃

ျပည္သူမ်ားက ေရြးခ်ယ္ခဲ့သည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနျခင္းျဖစ္၍ ႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးသည္ အေရးႀကီးေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ ထာ၀ရၿငိမ္ခ်မ္းေရးရရွိရန္အတြက္ ႀကိဳးစားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ယခုကဲ့သုိ႔ ေဆာင္ရြက္ေနခ်ိန္တြင္ NMSP(မြန္) အဖြဲ႕အေနျဖင့္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)တြင္ ပါ၀င္လက္မွတ္ေရးထုိးရန္ဆုံးျဖတ္ေဆာင္ရြက္သည့္အတြက္ လႈိက္လွဲ၀မ္းေျမာက္စြာ ႀကိဳဆုိပါေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က NMSP (မြန္)အဖြဲ႕ဥကၠ႒ ႏုိင္ေထာမြန္ ဦးေဆာင္သည့္အဖြဲ႕အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မင္းေနာင္၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအာင္ေက်ာ္ေဇာ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး NMSP(မြန္)အဖြဲ႕ဥကၠ႒ႏွင့္အတူ အေထြေထြအတြင္းေရးမွဴး ႏုိင္ေအာင္မင္းႏွင့္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တုိင္းရင္းသား လက္နက္ကုိင္ပဋိပကၡမ်ားသည္ လြတ္လပ္ေရးရရွိခ်ိန္မွစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အစုိးရအဆက္ဆက္ ၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚတြင္ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕မ်ားႏွင့္ လက္တြဲ လုပ္ေဆာင္ရန္အသင့္ရွိၿပီး တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ားအေနျဖင့္လည္း သံသယမရွိဘဲ ယုံယုံၾကည္ၾကည္ေဆာင္ရြက္ေစလုိေၾကာင္း၊ ေခါင္းေဆာင္မ်ားသာမက ေအာက္ေျခအဆင့္ အဖြဲ႕၀င္မ်ားအားလုံး နားလည္သေဘာေပါက္ရန္လုိအပ္ပါေၾကာင္း၊ မိမိတုိ႔သည္ ယခုအခ်ိန္တြင္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ အတူတကြလက္တြဲ ေဆာင္ရြက္ရန္အေရးႀကီးေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ NMSP(မြန္)အဖြဲ႕ဥကၠ႒ ႏုိင္ေထာမြန္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွလက္ခံေတြ႕ဆုံၿပီး တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)တြင္ မိမိတုိ႔အဖြဲ႕က ပါ၀င္လက္မွတ္ေရးထုိးမည့္အေပၚ လႈိက္လဲွစြာႀကိဳဆုိမႈအတြက္ မ်ားစြာ၀မ္းေျမာက္၀မ္းသာျဖစ္ရပါေၾကာင္း၊ မိမိတုိ႔အေနျဖင့္ UNFC ညီၫြတ္ေသာ တုိင္းရင္းသားလူမ်ိဳးမ်ားဖက္ဒရယ္ေကာင္စီ၏ ႏုိင္ငံေရးဆုိင္ရာ ေဆြးေႏြးၫႇိႏႈိင္းေရး ကုိယ္စားလွယ္အဖြဲ႕ DPN ႏွင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ PC တုိ႔ႏွင့္ (၈)ႀကိမ္ေျမာက္ေတြ႕ဆုံေဆြးေႏြးသေဘာတူညီခဲ့မႈမ်ားအေပၚ လက္ခံသင့္သည္ဟု ယူဆၿပီး တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)တြင္ လက္မွတ္ေရးထုိးရန္ဆုံးျဖတ္ခဲ့ေၾကာင္း၊ (NCA)လက္မွတ္ေရးထုိးရာတြင္ အဆင္ေျပ ေခ်ာေမြ႕ေစရန္ႏွင့္ ေရွ႕ဆက္ေဆာင္ရြက္ရမည့္လုပ္ငန္းစဥ္မ်ားအတြက္ အစုိးရႏွင့္ တပ္မေတာ္မွ အကူအညီမ်ားေပးေစလုိေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ႏုိင္ငံၿငိမ္းခ်မ္းေရး၊ ျပည္သူလူထု၏အသက္အုိးအိမ္စည္းစိမ္ႏွင့္ ျပည္သူ႕အက်ိဳးမ်ားအား ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မြန္ျပည္နယ္သည္ ေဒသဖြံ႕ၿဖိဳး တုိးတက္ေရးအတြက္ အေျခခံေကာင္းမ်ားရွိၿပီးျဖစ္ေၾကာင္း၊ NMSP(မြန္)အဖြဲ႕အေနျဖင့္ အစုိးရ၊ တပ္မေတာ္ႏွင့္ပူးေပါင္း၍ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းမႈေၾကာင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ အခြင့္အလမ္းမ်ား ပုိမုိရရွိႏုိင္မည္ျဖစ္ေၾကာင္း၊ တစ္ဖက္ႏွင့္တစ္ဖက္သံသယမ်ားကင္းရွင္းၿပီး ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းျခင္းျဖင့္ တုိင္းျပည္ပုိမုိတုိးတက္ဖြံ႕ၿဖိဳးမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားကလည္း ၀မ္းသာအားရ ႀကိဳဆုိၾကမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္၏အျပင္းျပဆုံးဆႏၵမွာ တုိင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးပင္ျဖစ္ၿပီး တပ္မေတာ္မွ ပူးေပါင္းေဆာင္ရြက္ရန္ အဆင္သင့္ရွိေၾကာင္း ေျပာၾကားသည္။

၎ေနာက္ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) တြင္ ပါ၀င္လက္မွတ္ေရးထုိးမည့္ ကိစၥရပ္မ်ားႏွင့္ ဆက္လက္လုပ္ေဆာင္ရမည့္ ကိစၥရပ္မ်ား အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ တပ္မေတာ္မွ ကူညီေဆာင္ရြက္ေပးမည့္အေျခအေနမ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က NMSP(မြန္)အဖြဲ႕ ဥကၠ႒ ႏုိင္ေထာမြန္ႏွင့္ အဖြဲ႕၀င္မ်ားအား စားေသာက္ဖြယ္ရာမ်ား လက္ေဆာင္ေပးအပ္ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

NCA တွင် ပါ၀င်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်ကို လှိုက်လှဲစွာကြိုဆို၊ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီး

နေပြည်တော်၊ ဇန်နဝါရီ- ၂၃

ပြည်သူများက ရွေးချယ်ခဲ့သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ထာဝရငြိမ်ချမ်းရေးရရှိရန်အတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နေချိန်တွင် NMSP(မွန်) အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ပါ၀င်လက်မှတ်ရေးထိုးရန်ဆုံးဖြတ်ဆောင်ရွက်သည့်အတွက် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NMSP (မွန်)အဖွဲ့ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး NMSP(မွန်)အဖွဲ့ဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးရရှိချိန်မှစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် လက်တွဲ လုပ်ဆောင်ရန်အသင့်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း သံသယမရှိဘဲ ယုံယုံကြည်ကြည်ဆောင်ရွက်စေလိုကြောင်း၊ ခေါင်းဆောင်များသာမက အောက်ခြေအဆင့် အဖွဲ့ဝင်များအားလုံး နားလည်သဘောပေါက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့သည် ယခုအချိန်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အတူတကွလက်တွဲ ဆောင်ရွက်ရန်အရေးကြီးကြောင်း ပြောကြားသည်။

ထို့နောက် NMSP(မွန်)အဖွဲ့ဥက္ကဋ္ဌ နိုင်ထောမွန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှလက်ခံတွေ့ဆုံပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မိမိတို့အဖွဲ့က ပါ၀င်လက်မှတ်ရေးထိုးမည့်အပေါ် လှိုက်လှဲစွာကြိုဆိုမှုအတွက် များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ မိမိတို့အနေဖြင့် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် PC တို့နှင့် (၈)ကြိမ်မြောက်တွေ့ဆုံဆွေးနွေးသဘောတူညီခဲ့မှုများအပေါ် လက်ခံသင့်သည်ဟု ယူဆပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးရန်ဆုံးဖြတ်ခဲ့ကြောင်း၊ (NCA)လက်မှတ်ရေးထိုးရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် အစိုးရနှင့် တပ်မတော်မှ အကူအညီများပေးစေလိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံငြိမ်းချမ်းရေး၊ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူ့အကျိုးများအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မွန်ပြည်နယ်သည် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ NMSP(မွန်)အဖွဲ့အနေဖြင့် အစိုးရ၊ တပ်မတော်နှင့်ပူးပေါင်း၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းမှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက်သံသယများကင်းရှင်းပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းဖြင့် တိုင်းပြည်ပိုမိုတိုးတက်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ ပြည်သူများကလည်း ၀မ်းသာအားရ ကြိုဆိုကြမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်၏အပြင်းပြဆုံးဆန္ဒမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ပြီး တပ်မတော်မှ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ပြောကြားသည်။

၎င်းနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် ပါ၀င်လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များနှင့် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးမည့်အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NMSP(မွန်)အဖွဲ့ ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။