တိုင်းပြည်ချစ်စိတ်မရှိပါက ညီညွတ်မှုကင်းမဲ့စေနိုင်၊ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်၊ မြန်မာစိတ်မွေးကြရမည်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ- ၁၀

မိမိကိုယ်မိမိ သစ္စာရှိမှု၊ အလုပ်အပေါ်တွင်သစ္စာရှိမှု၊ မိမိလူမျိုး၊ မိမိတိုင်းရင်းသား များအပေါ်သစ္စာရှိမှုတို့ကို မိမိကိုယ်တိုင်တိုင်းတာလုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို အထောက်အကူပြုမည် ဟုယုံကြည်ကြောင်း၊ ၎င်းအပြင်လုပ်ဖေါ်ကိုင်ဖက် အချင်းချင်းညီညွတ်မှု၊ တိုင်းသူပြည်သားအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်မှု ရှိရန်လည်းလိုကြောင်း၊ ထို့အတူတိုင်းပြည်ချစ်စိတ်မရှိပါက ညီညွတ်မှု ကင်းမဲ့စေနိုင် ကြောင်း၊သို့ဖြစ်၍ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်၊ မြန်မာစိတ်မွေးကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာန ချုပ်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ် အတွင်းနိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများနှင့် နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် ဒုတိယအကြိမ် အလှူငွေများ ပေးအပ်ပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စေတနာရှင်အလှူရှင် များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ဒေသရှိဘင်္ဂါလီပြဿနာမှာ လွတ်လပ်ရေးမရမီ အင်္ဂလိပ်ကိုလိုနီ ခေတ်မှာကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်အစိုးရများဖြေရှင်းခဲ့သော်လည်း မပြီးပြတ် ကြောင်း၊ ယနေ့ခေတ်တွင် ကုလသမဂ္ဂ၏အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာပြီး လူ့အခွင့်အရေးအကြောင်းပြ ပြောဆိုမှုများလည်း ပိုမိုကျယ်လောင်လာကြောင်း၊ အမှားကအမှန်၊ အမှန်ကအမှားများ ဖြစ်လာသည့်အတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်နေရကြောင်း၊ တပ်မတော်အနေဖြင့် ဥပဒေအရခွင့်ပြုထားသည့် ဘောင်အတွင်းမှ အပြည့်အဝကာကွယ်လုပ်ဆောင် သွားမှာဖြစ်ကြောင်း၊ ယခုဖြစ်နေသည့်ပြဿနာမှာ ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေအရ စိစစ်မှုကိုမခံယူလိုသည့်အတွက် ဖြစ်နေရခြင်းဖြစ်ကြောင်း၊ “ရိုဟင်ဂျာ”သည် ခေတ်အဆက်ဆက် မြန်မာနိုင်ငံတွင်မရှိခဲ့ကြောင်း၊ “ဘင်္ဂါလီ” အသုံးအနှုန်းကိုသာ အင်္ဂလိပ်ကိုလိုနီခေတ်မှစ၍ ခေတ်အဆက်ဆက်သုံးစွဲလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအရှိတရားကိုဖုံးကွယ်ပြီး ရိုဟင်ဂျာ အသုံးအနှုန်း ကိုလက်ခံ၍မရ၊ အသိအမှတ်ပြု၍မရကြောင်း၊ ယင်းဒေသတွင် ဘိုးဘွားဘီဘင်လက်ထက်ကတည်းက နေထိုင် ခဲ့ကြသည့် ဒေသခံရခိုင်တိုင်းရင်းသားများသာ တိုင်းရင်းသားလူမျိုးစစ်စစ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသားများ အနေဖြင့် စည်းလုံးညီညွတ်ပြီး မျိုးချစ်စိတ်ဓာတ်အပြည့်အဝဖြင့် မှန်မှန်ကန်ကန်လုပ်ရန်လိုကြောင်း၊ မီဒီယာများ ကလည်း မှန်မှန်ကန်ကန်နှင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်စေလိုကြောင်း ပြောကြား၍ ယနေ့အခမ်းအနားတွင် လာရောက်လှူဒါန်းကြသည့် အလှူရှင်စေတနာရှင်များ၏ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်၊ မိမိတို့ တိုင်းရင်းသားများအပေါ် ချစ်သည့်စိတ်၊ စာနာစိတ်များဖြင့် ကူညီလှူဒါန်းမှုများအတွက် လေးစားတန်ဖိုးထားကြောင်း ထည့်သွင်းပြောကြားသည်။

ယင်းနောက် နယ်စပ်ခြံစည်းရိုးကာရံခြင်းအတွက် အလှူရှင်များဖြစ်ကြသည့် အနာဂါတ်အလင်းတန်း ဖောင်ဒေးရှင်းမှ လှူဒါန်းငွေကျပ်သိန်း ၃၁၆၉၀၊ Gate Ways Group of Co.ltd မှလှူဒါန်းငွေကျပ် ၆၃၃၈ သိန်းအားလည်းကောင်း၊ ရန်ကုန်မြို့တိပိဋက ရမ်းဗြဲဆရာတော်နှင့်အဖွဲ့မှ ငွေကျပ်သိန်း ၃၀၀၊ မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်(ရုံးချုပ်)မှငွေကျပ်သိန်း ၂၀၀၊ မြန်မာစီးပွာရေးကော်ပိုရေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီများ ကငွေကျပ် ၁၈၂ သိန်းနှင့်တစ်ဦးချင်းအလှူရှင်နှစ်ဦးတို့ကအလှူငွေများ အသီးသီးပေးအပ် လှူဒါန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။

ထို့နောက် Kythar Co.ltd မှငွေကျပ်သိန်း ၁၀၀၀၊ ဖားကန့်ဒေသရခိုင်လူမှုရေးအဖွဲ့မှ ငွေကျပ်သိန်း ၁၅၀၀၊ မန္တလေးရခိုင်လူမှုရေးအဖွဲ့မှ ငွေကျပ်သိန်း ၇၀၀၊ မီယာဝင်းကုမ္ပဏီ လီမိတက်မှငွေကျပ်သိန်း ၅၀၀၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီ(ရန်ကုန်)မှငွေကျပ် ၁၅၀ သိန်း၊ အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ငွေကျပ် ၁၀၀ သိန်းတို့အား အသီးသီးပေးအပ်လှူဒါန်းရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းကလက်ခံရယူသည်။

ယင်းနောက် Mytel စတုထ္ထမြောက် ဆက်သွယ်ရေးလုပ်ငန်း Co.ltd မှငွေကျပ်သိန်း ၁၀၀၊ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်၏ မိတ်ဖက်ကုမ္ပဏီ ၁၈ ခုမှငွေကျပ် ၆၃ သိန်း၊ စစ်တက္ကသိုလ်အမှတ်စဉ်(၂၀) ကျောင်းဆင်းအရာရှိများနှင့်မိသားစုများမှ ငွေကျပ်သိန်း ၅၀၊ နှလုံးလှမေတ္တာရှင်များဖောင်ဒေးရှင်းမှငွေကျပ်သိန်း ၅၀၊ မြဝတီဘဏ်လီမိတက်မှ ငွေကျပ်သိန်း ၅၀၊ ကြေးနီသတ္တုတွင်းလုပ်ငန်း(မုံရွာ)မှငွေကျပ်သိန်း ၅၀ တို့အား အသီးသီးပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကလက်ခံရယူသည်။

ဆက်လက်ပြီး အလှူရှင် ၆ ဦးမှလှူဒါန်းသည့်အလှူငွေကျပ်သိန်း ၂၆၀ အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းမှလည်းကောင်း၊ အလှူရှင် ၁၁ ဦးမှလှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၃၂၀ အား ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

၎င်းနောက် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားရာတွင် ရခိုင် တိုင်းရင်းသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မှုအတွက် တပ်မတော်ကို ဦးစွာကျေးဇူးတင်ရှိပါကြောင်း၊ ၁၉၄၂ ခုနှစ် ဘင်္ဂါလီများက ဒေသခံရခိုင်တိုင်းရင်းသားများအား နယ်ချဲ့ အင်္ဂလိပ်တို့ကပေးအပ်ခဲ့သည့် လက်နက်များဖြင့် တိုက်ခိုက်သတ်ဖြတ်စဉ်ကလည်း BIA တပ်များရောက်ရှိ လာမှသာ ရခိုင်တိုင်းရင်းသားများ အသက်ရှင်ခွင့်ရခဲ့ကြောင်း၊ ယခုအကြမ်းဖက်မှုဖြစ်စဉ်တွင်လည်း ဒေသခံရခိုင်တိုင်းရင်းသားများအား တပ်မတော်အနေဖြင့်အချိန်မီကာကွယ်စောင့်ရှောက်နိုင်ခဲ့ကြောင်း၊ ထို့အတူ ရခိုင်ဒေသတွင် မြေငလျင်ဘေး၊ လေပြင်းမုန်တိုင်းနှင့် ရေကြီး ရေလျှံမှု သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ ချိန်တိုင်းတွင်လည်း တပ်မတော်သားများကပင် အမြဲကူညီကာကွယ်စောင့်ရှောက်ခဲ့ကြောင်း၊ ဒုတိယအနေဖြင့် ရခိုင်ဒေသတွင် ရိုဟင်ဂျာမရှိကြောင်းခိုင်မာစွာရပ်တည်ပြောဆိုခဲ့သည့်အပြင် ရခိုင်ဒေသနှင့်ပတ်သက်၍ အမှားကိုအမှန်၊ အမှန်ကိုအမှားပြောဆိုနေမှုများအပေါ် မှန်ကန်စွာရပ်တည်ပြောဆိုမှုအတွက် ကျေးဇူးတင် ရှိပါကြောင်း၊ ယခုကဲ့သို့ မျိုးချစ်စိတ်ဖြင့် လာရောက်လှူဒါန်းကြသည့် စေတနာရှင်အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုသည်ဒေသခံတိုင်းရင်းသားများအတွက် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေသကဲ့သို့စိတ်ဓာတ်ခွန်အားကိုပါ ရရှိစေပါကြောင်းပြောကြားခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားသို့ ကိုယ်တိုင်ကြွရောက်ချီးမြှင့် လှူဒါန်းပေးသည့် ရန်ကုန်မြို့တိပိဋက ရမ်းဗြဲဆရာတော် ဘန္ဒန္တဣန္ဒပါလ အားဖူးမြော်ကြည်ညို၍ ရခိုင်ပြည် နယ်ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရေးမိန့်ကြားမှုအပေါ် တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလျှောက်ထားသည်။ ထို့အတူဖားကန့်ဒေသမှလာရောက်လှူဒါန်းကြသည့် ရခိုင်တိုင်းရင်းသားအလှူရှင်များအားလည်း ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ရခိုင်ပြည်နယ်၏ရေရှည်ကာလအတွက် “အား” လိုအပ် ကြောင်း၊ ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိနိုင်ငံ၊ မိမိဒေသကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရခိုင်တိုင်းရင်းသားများ အနေဖြင့် လည်း ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ့်ဒေသကိုပြန်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ဆောင်ပြီး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရန်လိုအပ်ကြောင်းဖြင့်တိုက်တွန်းပြောကြားပြီး တက်ရောက်လာကြသည့် အလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်းနိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို သက်စွန့် ကြိုးပမ်းထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် နေရသည့် ဒေသခံပြည်သူများနှင့် နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် ဒုတိယအကြိမ် အလှူငွေများ ပေးအပ်ပွဲ အခမ်းအနားတွင် စေတနာရှင်ပြည်သူများ၏လှူဒါန်းမှုစုစုပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၄၃၆၀၃ ဖြစ်ပါသည်။

(Zawgyi Version)

တိုင္းျပည္ခ်စ္စိတ္မရွိပါက ညီၫြတ္မႈကင္းမဲ့ေစႏိုင္၊ တိုင္းျပည္ခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္၊ ျမန္မာစိတ္ေမြးၾကရမည္ျဖစ္

ေနျပည္ေတာ္၊ စက္တင္ဘာ- ၁၀

မိမိကိုယ္မိမိ သစၥာရွိမႈ၊ အလုပ္အေပၚတြင္သစၥာရွိမႈ၊ မိမိလူမ်ိဳး၊ မိမိတိုင္းရင္းသား မ်ားအေပၚသစၥာရွိမႈတို႔ကို မိမိကိုယ္တိုင္တိုင္းတာလုပ္ေဆာင္ျခင္းျဖင့္ တိုင္းျပည္တိုးတက္ရာ တိုးတက္ေၾကာင္းကို အေထာက္အကူျပဳမည္ ဟုယုံၾကည္ေၾကာင္း၊ ၎အျပင္လုပ္ေဖၚကိုင္ဖက္ အခ်င္းခ်င္းညီၫြတ္မႈ၊ တိုင္းသူျပည္သားအခ်င္းခ်င္း၊ တိုင္းရင္းသားအခ်င္းခ်င္း ညီၫြတ္မႈ ရွိရန္လည္းလိုေၾကာင္း၊ ထို႔အတူတိုင္းျပည္ခ်စ္စိတ္မရွိပါက ညီၫြတ္မႈ ကင္းမဲ့ေစႏိုင္ ေၾကာင္း၊သို႔ျဖစ္၍ တိုင္းျပည္ခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္၊ ျမန္မာစိတ္ေမြးၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ညေနပိုင္းတြင္ ရန္ကုန္တိုင္းစစ္ဌာန ခ်ဳပ္ရွိ ေဇယ်ာသီရိဗိမာန္၌ က်င္းပျပဳလုပ္သည့္ ရခိုင္ျပည္နယ္ အတြင္းႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ကာကြယ္ေရး တာဝန္မ်ားကို သက္စြန႔္ႀကိဳးပမ္း ထမ္းေဆာင္ ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရသည့္ ေဒသခံျပည္သူမ်ားႏွင့္ နယ္စပ္ၿခံစည္း႐ိုးကာရံရန္အတြက္ ဒုတိယအႀကိမ္ အလႉေငြမ်ား ေပးအပ္ပြဲအခမ္းအနား၌ အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရးဦးစီး ခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ ေစတနာရွင္အလႉရွင္ မ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရခိုင္ေဒသရွိဘဂၤါလီျပႆနာမွာ လြတ္လပ္ေရးမရမီ အဂၤလိပ္ကိုလိုနီ ေခတ္မွာကတည္းက စတင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေခတ္အဆက္ဆက္အစိုးရမ်ားေျဖရွင္းခဲ့ေသာ္လည္း မၿပီးျပတ္ ေၾကာင္း၊ ယေန႔ေခတ္တြင္ ကုလသမဂၢ၏အခန္းက႑ ပိုမိုက်ယ္ျပန႔္လာၿပီး လူ႔အခြင့္အေရးအေၾကာင္းျပ ေျပာဆိုမႈမ်ားလည္း ပိုမိုက်ယ္ေလာင္လာေၾကာင္း၊ အမွားကအမွန္၊ အမွန္ကအမွားမ်ား ျဖစ္လာသည့္အတြက္ ထိန္းထိန္းသိမ္းသိမ္းလုပ္ေဆာင္ေနရေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ဥပေဒအရခြင့္ျပဳထားသည့္ ေဘာင္အတြင္းမွ အျပည့္အဝကာကြယ္လုပ္ေဆာင္ သြားမွာျဖစ္ေၾကာင္း၊ ယခုျဖစ္ေနသည့္ျပႆနာမွာ ၁၉၈၂ ခုႏွစ္ႏိုင္ငံသားျဖစ္မႈဥပေဒအရ စိစစ္မႈကိုမခံယူလိုသည့္အတြက္ ျဖစ္ေနရျခင္းျဖစ္ေၾကာင္း၊ “႐ိုဟင္ဂ်ာ”သည္ ေခတ္အဆက္ဆက္ ျမန္မာႏိုင္ငံတြင္မရွိခဲ့ေၾကာင္း၊ “ဘဂၤါလီ” အသုံးအႏႈန္းကိုသာ အဂၤလိပ္ကိုလိုနီေခတ္မွစ၍ ေခတ္အဆက္ဆက္သုံးစြဲလာခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းအရွိတရားကိုဖုံးကြယ္ၿပီး ႐ိုဟင္ဂ်ာ အသုံးအႏႈန္း ကိုလက္ခံ၍မရ၊ အသိအမွတ္ျပဳ၍မရေၾကာင္း၊ ယင္းေဒသတြင္ ဘိုးဘြားဘီဘင္လက္ထက္ကတည္းက ေနထိုင္ ခဲ့ၾကသည့္ ေဒသခံရခိုင္တိုင္းရင္းသားမ်ားသာ တိုင္းရင္းသားလူမ်ိဳးစစ္စစ္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံသားမ်ား အေနျဖင့္ စည္းလုံးညီၫြတ္ၿပီး မ်ိဳးခ်စ္စိတ္ဓာတ္အျပည့္အဝျဖင့္ မွန္မွန္ကန္ကန္လုပ္ရန္လိုေၾကာင္း၊ မီဒီယာမ်ား ကလည္း မွန္မွန္ကန္ကန္ႏွင့္ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ေအာင္ ဝိုင္းဝန္းလုပ္ေဆာင္ေစလိုေၾကာင္း ေျပာၾကား၍ ယေန႔အခမ္းအနားတြင္ လာေရာက္လႉဒါန္းၾကသည့္ အလႉရွင္ေစတနာရွင္မ်ား၏ တိုင္းျပည္ခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္၊ မိမိတို႔ တိုင္းရင္းသားမ်ားအေပၚ ခ်စ္သည့္စိတ္၊ စာနာစိတ္မ်ားျဖင့္ ကူညီလႉဒါန္းမႈမ်ားအတြက္ ေလးစားတန္ဖိုးထားေၾကာင္း ထည့္သြင္းေျပာၾကားသည္။

ယင္းေနာက္ နယ္စပ္ၿခံစည္း႐ိုးကာရံျခင္းအတြက္ အလႉရွင္မ်ားျဖစ္ၾကသည့္ အနာဂါတ္အလင္းတန္း ေဖာင္ေဒးရွင္းမွ လႉဒါန္းေငြက်ပ္သိန္း ၃၁၆၉၀၊ Gate Ways Group of Co.ltd မွလႉဒါန္းေငြက်ပ္ ၆၃၃၈ သိန္းအားလည္းေကာင္း၊ ရန္ကုန္ၿမိဳ႕တိပိဋက ရမ္းၿဗဲဆရာေတာ္ႏွင့္အဖြဲ႕မွ ေငြက်ပ္သိန္း ၃၀၀၊ ျမန္မာ့စီးပြား ေရးဦးပိုင္လီမိတက္(႐ုံးခ်ဳပ္)မွေငြက်ပ္သိန္း ၂၀၀၊ ျမန္မာစီးပြာေရးေကာ္ပိုေရးရွင္းႏွင့္ မိတ္ဖက္ကုမၸဏီမ်ား ကေငြက်ပ္ ၁၈၂ သိန္းႏွင့္တစ္ဦးခ်င္းအလႉရွင္ႏွစ္ဦးတို႔ကအလႉေငြမ်ား အသီးသီးေပးအပ္ လႉဒါန္းရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံရယူသည္။

ထို႔ေနာက္ Kythar Co.ltd မွေငြက်ပ္သိန္း ၁၀၀၀၊ ဖားကန႔္ေဒသရခိုင္လူမႈေရးအဖြဲ႕မွ ေငြက်ပ္သိန္း ၁၅၀၀၊ မႏၲေလးရခိုင္လူမႈေရးအဖြဲ႕မွ ေငြက်ပ္သိန္း ၇၀၀၊ မီယာဝင္းကုမၸဏီ လီမိတက္မွေငြက်ပ္သိန္း ၅၀၀၊ ရန္ကုန္တိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္ေဘးဒုကၡ ကယ္ဆယ္ေရးေကာ္မတီ(ရန္ကုန္)မွေငြက်ပ္ ၁၅၀ သိန္း၊ ေအးရွားေဝါလ္ေဖာင္ေဒးရွင္းမွ ေငြက်ပ္ ၁၀၀ သိန္းတို႔အား အသီးသီးေပးအပ္လႉဒါန္းရာ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းကလက္ခံရယူသည္။

ယင္းေနာက္ Mytel စတုထၳေျမာက္ ဆက္သြယ္ေရးလုပ္ငန္း Co.ltd မွေငြက်ပ္သိန္း ၁၀၀၊ ျမန္မာ့ စီးပြားေရးဦးပိုင္လီမိတက္၏ မိတ္ဖက္ကုမၸဏီ ၁၈ ခုမွေငြက်ပ္ ၆၃ သိန္း၊ စစ္တကၠသိုလ္အမွတ္စဥ္(၂၀) ေက်ာင္းဆင္းအရာရွိမ်ားႏွင့္မိသားစုမ်ားမွ ေငြက်ပ္သိန္း ၅၀၊ ႏွလုံးလွေမတၱာရွင္မ်ားေဖာင္ေဒးရွင္းမွေငြက်ပ္သိန္း ၅၀၊ ျမဝတီဘဏ္လီမိတက္မွ ေငြက်ပ္သိန္း ၅၀၊ ေၾကးနီသတၱဳတြင္းလုပ္ငန္း(မုံ႐ြာ)မွေငြက်ပ္သိန္း ၅၀ တို႔အား အသီးသီးေပးအပ္လႉဒါန္းရာ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္ကလက္ခံရယူသည္။

ဆက္လက္ၿပီး အလႉရွင္ ၆ ဦးမွလႉဒါန္းသည့္အလႉေငြက်ပ္သိန္း ၂၆၀ အား ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းမွလည္းေကာင္း၊ အလႉရွင္ ၁၁ ဦးမွလႉဒါန္းသည့္ အလႉေငြ က်ပ္သိန္း ၃၂၀ အား ရခိုင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္ကလည္းေကာင္း အသီးသီး လက္ခံရယူၾကသည္။

၎ေနာက္ ရခိုင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးက ေက်းဇူးတင္စကား ျပန္လည္ေျပာ ၾကားရာတြင္ ရခိုင္ တိုင္းရင္းသားမ်ား၏ အသက္၊ အိုးအိမ္၊ စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္မႈအတြက္ တပ္မေတာ္ကို ဦးစြာေက်းဇူးတင္ရွိပါေၾကာင္း၊ ၁၉၄၂ ခုႏွစ္ ဘဂၤါလီမ်ားက ေဒသခံရခိုင္တိုင္းရင္းသားမ်ားအား နယ္ခ်ဲ႕ အဂၤလိပ္တို႔ကေပးအပ္ခဲ့သည့္ လက္နက္မ်ားျဖင့္ တိုက္ခိုက္သတ္ျဖတ္စဥ္ကလည္း BIA တပ္မ်ားေရာက္ရွိ လာမွသာ ရခိုင္တိုင္းရင္းသားမ်ား အသက္ရွင္ခြင့္ရခဲ့ေၾကာင္း၊ ယခုအၾကမ္းဖက္မႈျဖစ္စဥ္တြင္လည္း ေဒသခံရခိုင္တိုင္းရင္းသားမ်ားအား တပ္မေတာ္အေနျဖင့္အခ်ိန္မီကာကြယ္ေစာင့္ေရွာက္ႏိုင္ခဲ့ေၾကာင္း၊ ထို႔အတူ ရခိုင္ေဒသတြင္ ေျမငလ်င္ေဘး၊ ေလျပင္းမုန္တိုင္းႏွင့္ ေရႀကီး ေရလွ်ံမႈ သဘာဝေဘးအႏၲရာယ္မ်ား ႀကဳံေတြ႕ ခ်ိန္တိုင္းတြင္လည္း တပ္မေတာ္သားမ်ားကပင္ အၿမဲကူညီကာကြယ္ေစာင့္ေရွာက္ခဲ့ေၾကာင္း၊ ဒုတိယအေနျဖင့္ ရခိုင္ေဒသတြင္ ႐ိုဟင္ဂ်ာမရွိေၾကာင္းခိုင္မာစြာရပ္တည္ေျပာဆိုခဲ့သည့္အျပင္ ရခိုင္ေဒသႏွင့္ပတ္သက္၍ အမွားကိုအမွန္၊ အမွန္ကိုအမွားေျပာဆိုေနမႈမ်ားအေပၚ မွန္ကန္စြာရပ္တည္ေျပာဆိုမႈအတြက္ ေက်းဇူးတင္ ရွိပါေၾကာင္း၊ ယခုကဲ့သို႔ မ်ိဳးခ်စ္စိတ္ျဖင့္ လာေရာက္လႉဒါန္းၾကသည့္ ေစတနာရွင္အလႉရွင္မ်ားကိုလည္း အထူးေက်းဇူးတင္ရွိပါေၾကာင္း၊ ေစတနာရွင္ အလႉရွင္မ်ား၏ လႉဒါန္းမႈသည္ေဒသခံတိုင္းရင္းသားမ်ားအတြက္ ႐ုပ္ပိုင္းဆိုင္ရာ အေထာက္အပံ့ျဖစ္ေစသကဲ့သို႔စိတ္ဓာတ္ခြန္အားကိုပါ ရရွိေစပါေၾကာင္းေျပာၾကားခဲ့သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အခမ္းအနားသို႔ ကိုယ္တိုင္ႂကြေရာက္ခ်ီးျမႇင့္ လႉဒါန္းေပးသည့္ ရန္ကုန္ၿမိဳ႕တိပိဋက ရမ္းၿဗဲဆရာေတာ္ ဘႏၵႏၲဣႏၵပါလ အားဖူးေျမာ္ၾကည္ညိဳ၍ ရခိုင္ျပည္ နယ္ျပန္လည္ထူေထာင္ေရးႏွင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ ကူညီေဆာင္႐ြက္ေပးေရးမိန႔္ၾကားမႈအေပၚ တပ္မေတာ္အေနျဖင့္ အတတ္ႏိုင္ဆုံး ဝိုင္းဝန္းကူညီလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းေလွ်ာက္ထားသည္။ ထို႔အတူဖားကန႔္ေဒသမွလာေရာက္လႉဒါန္းၾကသည့္ ရခိုင္တိုင္းရင္းသားအလႉရွင္မ်ားအားလည္း ရင္းရင္းႏွီးႏွီး ေတြ႕ဆုံ၍ ရခိုင္ျပည္နယ္၏ေရရွည္ကာလအတြက္ “အား” လိုအပ္ ေၾကာင္း၊ ေဒသခံတိုင္းရင္းသားမ်ားအေနျဖင့္ မိမိႏိုင္ငံ၊ မိမိေဒသကို ကာကြယ္ေစာင့္ေရွာက္ရမည္ျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ ရခိုင္တိုင္းရင္းသားမ်ား အေနျဖင့္ လည္း ကိုယ့္ၿမိဳ႕ကိုယ့္႐ြာ၊ ကိုယ့္ေဒသကိုျပန္၍ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကိုလုပ္ေဆာင္ၿပီး ဝိုင္းဝန္းကာကြယ္ ေစာင့္ေရွာက္ရန္လိုအပ္ေၾကာင္းျဖင့္တိုက္တြန္းေျပာၾကားၿပီး တက္ေရာက္လာၾကသည့္ အလႉရွင္မ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ခဲ့သည္။

ယေန႔က်င္းပျပဳလုပ္သည့္ ရခိုင္ျပည္နယ္အတြင္းႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ကာကြယ္ေရး တာဝန္မ်ားကို သက္စြန႔္ ႀကိဳးပမ္းထမ္းေဆာင္ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္ တိုက္ခိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ ေနရသည့္ ေဒသခံျပည္သူမ်ားႏွင့္ နယ္စပ္ၿခံစည္း႐ိုးကာရံရန္အတြက္ ဒုတိယအႀကိမ္ အလႉေငြမ်ား ေပးအပ္ပြဲ အခမ္းအနားတြင္ ေစတနာရွင္ျပည္သူမ်ား၏လႉဒါန္းမႈစုစုေပါင္းမွာ ေငြက်ပ္သိန္းေပါင္း ၄၃၆၀၃ ျဖစ္ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။