တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan အား ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan အား ယေန႔ ညပုိင္းတြင္ေနျပည္ေတာ္ရွိ Kempinski Hotel ၌ ဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံသည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူဇနီးေဒၚၾကဴၾကဴလွ၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ၫႇိႏႈိင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ႏွင့္ အတူဇနီး Mrs. Jiraporn Srisuwan ႏွင့္ ထုိင္းဘုရင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔ကထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႕ အား ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ ဂုဏ္ျပဳညစာကိုအတူတကြ သုံးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႔ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈ ေအာက္ ျမ၀တီေတးဂီတအဖြဲ႕က ေတးသီခ်င္းမ်ား၊ အကပေဒသာ မ်ားျဖင့္သီဆိုကျပေဖ်ာ္ေျဖၾကသည္။ ထုိသုိ႔ေဖ်ာ္ေျဖတင္ဆက္ေနစဥ္အတြင္း ထုိင္းဘုရင့္ တပ္မေတာ္မွအမ်ိဳးသမီးဧည့္အဆုိရွင္ႏွစ္ဦးက ျမ၀တီ ေတးဂီတအဖြဲ႔ႏွင့္အတူပါ၀င္ သီဆုိေဖ်ာ္ေျဖခဲ့သည္။

ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကသည္။ ထို႔ေနာက္ သီဆိုကျပေဖ်ာ္ေျဖၾကေသာ ေဖ်ာ္ေျဖေရးအဖြဲ႕မွ စစ္သည္၊ စစ္သမီးမ်ားအား ဂုဏ္ျပဳပန္းျခင္းမ်ားအသီးသီး ေပးအပ္ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan အား ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwanအား ယနေ့ ညပိုင်းတွင်နေပြည်တော်ရှိ Kempinski Hotel ၌ ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူဇနီးဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့် အတူဇနီး Mrs. Jiraporn Srisuwan နှင့် ထိုင်းဘုရင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့ကထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ အား ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်တက်ရောက် လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများ၊ အကပဒေသာ များဖြင့်သီဆိုကပြဖျော်ဖြေကြသည်။ ထိုသို့ဖျော်ဖြေတင်ဆက်နေစဉ်အတွင်း ထိုင်းဘုရင့် တပ်မတော်မှအမျိုးသမီးဧည့်အဆိုရှင်နှစ်ဦးက မြဝတီ တေးဂီတအဖွဲ့နှင့်အတူပါ၀င် သီဆိုဖျော်ဖြေခဲ့သည်။

ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြဖျော်ဖြေကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများအသီးသီး ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။