တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှု လေ့လာ

ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီ – ၉

စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ၏ ဖိတ္ၾကားခ်က္အရ စင္ကာပူႏုိင္ငံသုိ႔ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ စင္ကာပူႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံ သံအမတ္ႀကီး ဦးေဌးေအာင္၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးႀကီး ဆန္းၫြန္႔ဦးႏွင့္ တာ၀န္ရွိသူမ်ား လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ စင္ကာပူဆိပ္ကမ္းသုိ႔သြားေရာက္ ၾကည့္႐ႈေလ့လာၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ PSA International ကုမၸဏီသုိ႔ေရာက္ရွိၾကရာ စင္ကာပူဆိပ္ကမ္းအာဏာပုိင္ အေရွ႕ေတာင္အာရွဆုိင္ရာ ဘ႑ာေရးအရာရွိခ်ဳပ္ Ms. Kwong Wai Yan ႏွင့္တာ၀န္ရွိသူမ်ားကဆိပ္ကမ္း၏ သမုိင္းေၾကာင္းႏွင့္ စြမ္းေဆာင္ႏုိင္မႈအေျခအေနမ်ားအား ဗီဒီယုိဖုိင္ျဖင့္ ရွင္းလင္းျပသရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအားေမးျမန္္းေဆြးေႏြးသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဆိပ္ကမ္း အား PSA Building ေပၚမွေန၍ၾကည့္႐ႈေလ့လာၾကသည္။ ၎ေနာက္ဆိပ္ကမ္း ထိန္းခ်ဳပ္ေရးစင္တာသုိ႔ေရာက္ရွိၾကၿပီး ဆိပ္ကမ္းတြင္ ကြန္တိန္နာမ်ားအား အလုိ အေလ်ာက္အေ၀းထိန္းစနစ္ျဖင့္ တင္ခ်ေဆာင္ရြက္ေနမႈမ်ားအား ၾကည့္႐ႈေလ့လာ ၾကရာ တာ၀န္ရွိသူမ်ားကရွင္းလင္းတင္ျပၾကသည္။

ထုိ႔ေနာက္ ဆိပ္ကမ္းအတြင္းေမာ္ေတာ္ယာဥ္ျဖင့္လွည့္လည္ၾကည့္႐ႈ ေလ့လာၾကသည္။ ယင္းေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အား Ms. Kwong Wai Yanကဆိပ္ကမ္းပုံစံငယ္ ပန္းခ်ီကားခ်ပ္အား လက္ေဆာင္ေပး အပ္ၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က လက္ေဆာင္ပစၥည္းျပန္လည္ေပးအပ္သည္။

အဆုိပါစင္ကာပူဆိပ္ကမ္းအား ၁၉၆၄ ခုႏွစ္တြင္စတင္တည္ေဆာက္ခဲ့ၿပီးႏုိင္ငံတကာမွ ကြန္တိန္နာသေဘၤာမ်ား လာေရာက္ဆုိက္ကပ္၍ ကုန္သြယ္မႈလုပ္ငန္းမ်ားကမၻာေပၚတြင္ပမာဏအမ်ားဆုံး ေဆာင္ရြက္လ်က္ရွိသည့္ ေရနက္ဆိပ္ကမ္းႀကီးတစ္ခုျဖစ္သည္။ PSA International ကုမၸဏီသည္ ၂၀၁၇ ခုႏွစ္၌ ကြန္တိန္နာ အလုံးေရေပါင္း ၃၃ ဒသမ ၂၅ သန္း TEU လက္ခံေဆာင္ရြက္ခဲ့ၿပီး ဆိပ္ကမ္း၌ ကုန္တင္ကုန္ခ် ကရိန္း ၂၀၀ ေက်ာ္အနက္ေန႔စဥ္ ကရိန္း ၁၄၀ ခန္႔ျဖင့္ လုပ္ငန္းေဆာင္ရြက္ေနၿပီး တစ္ကမၻာလုံး၏ ကြန္တိန္နာျဖင့္ကုန္သြယ္ မႈလုပ္ငန္း၏ ၆ ရာခုိင္ႏႈန္းနီးပါးခန္႔လက္ခံေဆာင္ရြက္ေပးေနသည့္ ဆိပ္ကမ္းႀကီးတစ္ခု ျဖစ္ေၾကာင္းသိရွိရသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ စင္ကာပူႏုိင္ငံဆုိင္ရာျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ)႐ုံးသုိ႔ေရာက္ရွိၾကရာ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားအရာရွိမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္သံ႐ုံးမိသားစုမ်ားႏွင့္ သင္တန္း သား အရာရွိမ်ားအား ေတြ႕ဆုံၿပီး စစ္သံ႐ုံး၀န္ထမ္းမ်ားအေနျဖင့္ ႏွစ္ႏုိင္ငံကုန္သြယ္မႈ တုိးတက္ေစေရး အတြက္ ျမန္မာသံ႐ုံးအပါအ၀င္သက္ဆုိင္ရာဌာနမ်ားႏွင့္ပူးေပါင္းေဆာင္ရြက္သြားၾကရန္၊ စင္ကာပူႏုိင္ငံသည္ အုိင္တီ နည္းပညာႏွင့္ပတ္သက္၍ လက္ေတြ႔ေနထုိင္မႈဘ၀မ်ားတြင္ အသုံးခ်ႏုိင္သည့္ အေနအထားတစ္ခုသုိ႔ ေရာက္ရွိေနေၾကာင္းေတြ႕ရွိရသျဖင့္ မိမိတုိ႔အေနျဖင့္လည္းကြန္ျပဴတာနည္းပညာ တုိးတက္ေအာင္ ေလ့လာ သင္ယူအသုံးခ်သြားၾကရန္ႏွင့္ မိမိတုိ႔စစ္သံ႐ုံးမိသားစုတစ္ဦးခ်င္းစီ၏ က်န္းမာေရးေကာင္းမြန္ေစရန္အတြက္ စနစ္တက်ေနထုိင္စားေသာက္ၾကရန္မွာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္သံ႐ုံးမိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ရာ စစ္သံမွဴး ဗုိလ္မွဴးႀကီး ဆန္းၫြန္႔ဦးႏွင့္ဇနီး၊ စစ္သံ႐ုံးမိသားစုမ်ားက လက္ခံရယူၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား စစ္သံ႐ုံးမိသားစုမ်ားက ညစာျဖင့္တည္ခင္း ဧည့္ခံခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှု လေ့လာ

နေပြည်တော်၊ ဖေဖေါ်ဝါရီ – ၉

စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim ၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် စင်ကာပူဆိပ်ကမ်းသို့သွားရောက် ကြည့်ရှုလေ့လာကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် PSA International ကုမ္ပဏီသို့ရောက်ရှိကြရာ စင်ကာပူဆိပ်ကမ်းအာဏာပိုင် အရှေ့တောင်အာရှဆိုင်ရာ ဘဏ္ဍာရေးအရာရှိချုပ် Ms. Kwong Wai Yan နှင့်တာဝန်ရှိသူများကဆိပ်ကမ်း၏ သမိုင်းကြောင်းနှင့် စွမ်းဆောင်နိုင်မှုအခြေအနေများအား ဗီဒီယိုဖိုင်ဖြင့် ရှင်းလင်းပြသရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအားမေးမြန်းဆွေးနွေးသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆိပ်ကမ်း အား PSA Building ပေါ်မှနေ၍ကြည့်ရှုလေ့လာကြသည်။ ၎င်းနောက်ဆိပ်ကမ်း ထိန်းချုပ်ရေးစင်တာသို့ရောက်ရှိကြပြီး ဆိပ်ကမ်းတွင် ကွန်တိန်နာများအား အလို အလျောက်အဝေးထိန်းစနစ်ဖြင့် တင်ချဆောင်ရွက်နေမှုများအား ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဆိပ်ကမ်းအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား Ms. Kwong Wai Yanကဆိပ်ကမ်းပုံစံငယ် ပန်းချီကားချပ်အား လက်ဆောင်ပေးအပ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်သည်။

အဆိုပါစင်ကာပူဆိပ်ကမ်းအား ၁၉၆၄ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီးနိုင်ငံတကာမှ ကွန်တိန်နာသင်္ဘောများ လာရောက်ဆိုက်ကပ်၍ ကုန်သွယ်မှုလုပ်ငန်းများကမ္ဘာပေါ်တွင်ပမာဏအများဆုံး ဆောင်ရွက်လျက်ရှိသည့် ရေနက်ဆိပ်ကမ်းကြီးတစ်ခုဖြစ်သည်။ PSA International ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်၌ ကွန်တိန်နာ အလုံးရေပေါင်း ၃၃ ဒသမ ၂၅ သန်း TEU လက်ခံဆောင်ရွက်ခဲ့ပြီး ဆိပ်ကမ်း၌ ကုန်တင်ကုန်ချ ကရိန်း ၂၀၀ ကျော်အနက်နေ့စဉ် ကရိန်း ၁၄၀ ခန့်ဖြင့် လုပ်ငန်းဆောင်ရွက်နေပြီး တစ်ကမ္ဘာလုံး၏ ကွန်တိန်နာဖြင့်ကုန်သွယ် မှုလုပ်ငန်း၏ ၆ ရာခိုင်နှုန်းနီးပါးခန့်လက်ခံဆောင်ရွက်ပေးနေသည့် ဆိပ်ကမ်းကြီးတစ်ခု ဖြစ်ကြောင်းသိရှိရသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံဆိုင်ရာမြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံးသို့ရောက်ရှိကြရာ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်သံရုံးမိသားစုများနှင့် သင်တန်း သား အရာရှိများအား တွေ့ဆုံပြီး စစ်သံရုံးဝန်ထမ်းများအနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်စေရေး အတွက် မြန်မာသံရုံးအပါအဝင်သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်သွားကြရန်၊ စင်ကာပူနိုင်ငံသည် အိုင်တီ နည်းပညာနှင့်ပတ်သက်၍ လက်တွေ့နေထိုင်မှုဘဝများတွင် အသုံးချနိုင်သည့် အနေအထားတစ်ခုသို့ ရောက်ရှိနေကြောင်းတွေ့ရှိရသဖြင့် မိမိတို့အနေဖြင့်လည်းကွန်ပြူတာနည်းပညာ တိုးတက်အောင် လေ့လာ သင်ယူအသုံးချသွားကြရန်နှင့် မိမိတို့စစ်သံရုံးမိသားစုတစ်ဦးချင်းစီ၏ ကျန်းမာရေးကောင်းမွန်စေရန်အတွက် စနစ်တကျနေထိုင်စားသောက်ကြရန်မှာကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်သံရုံးမိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ စစ်သံမှူး ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့်ဇနီး၊ စစ်သံရုံးမိသားစုများက လက်ခံရ ယူကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား စစ်သံရုံးမိသားစုများက ညစာဖြင့်တည်ခင်း ဧည့်ခံခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။