တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ  ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာအထူးကုိယ္စားလွယ္ Mr. Sun Guoxiang အားယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္း မေဆာင္၌လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွ ေရးရာအထူးကုိယ္စားလွယ္ Mr. Sun Guoxiang ႏွင့္အတူျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Hong Liang ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ၾကားခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ေရး ဆုိင္ရာကိစၥရပ္မ်ား၊ ျမန္မာ ႏုိင္ငံထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္မွ ေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ တ႐ုတ္ႏုိင္ငံ မွ ျမန္မာႏုိင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆာင္ရြက္ေနမႈမ်ားတြင္ ကူညီေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ားအား ရင္းႏွီး ပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang အားယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်း မဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ ရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang နှင့်အတူမြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ နိုင်ငံထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများနှင့် တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေမှုများတွင် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။