တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” ဂုဏ်ပြုဘွဲ့တံဆိပ် အားလက်ခံရယူ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမဟာသေရစည္သူ မင္းေအာင္လႈိင္ သည္ ယေန႔နံနက္ပုိင္းတြင္ ထုိင္းဘုရင္မင္းျမတ္က ေပးအပ္ခ်ီးျမႇင့္သည့္ ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” ဘြဲ႕တံဆိပ္အပ္ႏွင္းျခင္းအခမ္းအနားသုိ႔ တက္ေရာက္လက္ခံရယူသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူဇနီး ေဒၚၾကဴၾကဴလွႏွင့္ မိသားစု၀င္မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မင္းေနာင္ႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ဇနီး တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းႏွင့္ဇနီး၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ခင္ေဇာ္ႏွင့္ဇနီးတုိ႔ တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူဇနီး Mrs. Jiraporn Srisuwan ႏွင့္ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားက်င္းပျပဳလုပ္မည့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးသုိ႔ေရာက္ရွိရာ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ႀကိဳဆုိႏႈတ္ဆက္ၿပီး ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္မိတ္ဆက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကုိခံယူၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ အားစစ္ေဆးသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ျမန္မာ့တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ မိတ္ဆက္ေပးသည္။ ၎င္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး ရွိ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးသည္။

ထုိ႔ေနာက္ ဘြဲ႕တံဆိပ္ဂုဏ္ျပဳအပ္ႏွင္းျခင္းအခမ္းအနားအား ဆက္လက္က်င္းပျပဳလုပ္ရာ ထုိင္းႏုိင္ငံ ဒုတိယ၀န္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရး၀န္ႀကီးျဖစ္သူ Gen. Prawit Wongsuwon မွေပးပုိ႔သည့္ ဂုဏ္ျပဳဘြဲ႕တံဆိပ္အပ္ႏွင္းျခင္းသ၀ဏ္လႊာအား အခမ္းအနားမွဴးကဖတ္ၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ အား ထုိင္းဘုရင္မင္းျမတ္၏ကိုယ္စား ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan က ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” ဘြဲ႕တံဆိပ္အား ဂုဏ္ျပဳအပ္ႏွင္းသည္။ ထုိ႔ေနာက္ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳစကားေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။

ယင္းေနာက္အခမ္းအနားတက္ေရာက္လာၾကသည့္ ထုိင္းဘုရင့္တပ္မေတာ္မွ အရာရွိႀကီးမ်ားက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔အား တစ္ဦးခ်င္းဂုဏ္ျပဳ ႏႈတ္ဆက္ၾကၿပီး ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ၾကသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔အား ထုိင္းဘုရင့္တပ္မေတာ္ ဂုဏ္ျပဳတပ္ဖြဲ႕က ႏႈတ္ဆက္အေလးျပဳၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ သည္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္၏ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ ႏုိင္ငံတာ၀န္မ်ားကုိ ေျပာင္ေျမာက္စြာျဖင့္ စြမ္းစြမ္းတမံထမ္းရြက္သယ္ပုိးလ်က္ရွိၿပီး ႏုိင္ငံအတြက္ထူးကဲစြာ ႀကိဳးပမ္းအမႈထမ္းေဆာင္မႈမ်ားႏွင့္ ႏွစ္ႏုိင္ငံအက်ိဳးအတြက္စြမ္းေဆာင္မႈမ်ား၊ ျမန္မာ့တပ္မေတာ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ႏွစ္ရပ္အၾကား ေကာင္းမြန္ေသာခ်စ္ၾကည္ရင္းႏွီးသည့္ ဆက္ဆံေရးမ်ားကုိ တည္ေဆာက္ရာတြင္ အေကာင္းဆုံးပူးေပါင္းပါ၀င္စြမ္းေဆာင္ႏုိင္မႈမ်ားအား ခ်ီးက်ဴးဂုဏ္ျပဳေသာ အားျဖင့္ ရာမ(၁၀) ထုိင္းဘုရင္မင္းျမတ္ Maha Vajiralongkorn က “ျမင့္ျမတ္ေသာ ဆင္ျဖဴ ေတာ္၀င္သူရဲေကာင္း” Most Exalted Order of the White Elephant ပထမအဆင့္ ဂုဏ္ျပဳဘြဲ႕တံဆိပ္အား Knight Grand Cross ရာထူးအေဆာင္အေယာင္ႏွင့္တကြ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၁ ရက္ေန႔ကဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ျခင္းျဖစ္သည္။

”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” ဘြဲ႕တံဆိပ္ကုိ ျမန္မာ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအနက္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ပထမဦးဆုံး ရရွိခဲ့ျခင္းျဖစ္သည္။ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးတုိးတက္ ခုိင္မာေအာင္ ေဆာင္ရြက္ခဲ့မႈအေပၚ အသိအမွတ္ျပဳသည့္အေနျဖင့္ ရာမ (၉)ထုိင္းဘုရင္မင္းျမတ္ Bhumibol Adulyadej က ခ်ီးျမႇင့္သည့္ “The Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand” ဘြဲ႕တံဆိပ္ကုိ ၂၀၁၃ ခုႏွစ္က ရရွိခဲ့ၿပီးေနာက္ ျပည္ပႏုိင္ငံသားမ်ားအားခ်ီးျမႇင့္ရန္ခက္ခဲလွေသာ အဆင့္အတန္းပုိမုိ ထူးကဲျမင့္မားသည့္ ယခုဘြဲ႕တံဆိပ္အားထပ္မံခ်ီးျမႇင့္ခံရျခင္းျဖစ္သည္။ ႏုိင္ငံတကာမွ အဆုိပါဘြဲ႕တံဆိပ္ရရွိခဲ့သူ အနည္းငယ္မွ်သာရွိသည့္အနက္ ကေမၻာဒီးယားဘုရင္ ႏုိ႐ုိဒြန္၊ ဗုိလ္ခ်ဳပ္ႀကီး ေမာင့္ဘက္တန္၊ ၀ိတုိရိယဘုရင္မႀကီး၊ အေမရိကန္ၾကည္းတပ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး ၀ီလ်ံ၀က္စ္မိုးလင္း စသည့္ပုဂၢိဳလ္မ်ားပါ၀င္ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” ဂုဏ်ပြုဘွဲ့တံဆိပ် အားလက်ခံရယူ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” ဘွဲ့တံဆိပ်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်လက်ခံရယူသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူဇနီး ဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ဇနီး တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန််မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့်ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူဇနီး Mrs. Jiraporn Srisuwan နှင့်ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ရောက်ရှိရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကြိုဆိုနှုတ်ဆက်ပြီး ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများနှင့်မိတ်ဆက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ အားစစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မြန်မာ့တပ်မတော်အရာရှိကြီးများနှင့် မိတ်ဆက်ပေးသည်။ ၎င်းင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ထို့နောက် ဘွဲ့တံဆိပ်ဂုဏ်ပြုအပ်နှင်းခြင်းအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Gen. Prawit Wongsuwon မှပေးပို့သည့် ဂုဏ်ပြုဘွဲ့တံဆိပ်အပ်နှင်းခြင်းသဝဏ်လွှာအား အခမ်းအနားမှူးကဖတ်ကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် အား ထိုင်းဘုရင်မင်းမြတ်၏ကိုယ်စား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan က ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” ဘွဲ့တံဆိပ်အား ဂုဏ်ပြုအပ်နှင်းသည်။ ထို့နောက်ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုစကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက်အခမ်းအနားတက်ရောက်လာကြသည့် ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား တစ်ဦးချင်းဂုဏ်ပြု နှုတ်ဆက်ကြပြီး နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အား ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က နှုတ်ဆက်အလေးပြုကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် နိုင်ငံတာဝန်များကို ပြောင်မြောက်စွာဖြင့် စွမ်းစွမ်းတမံထမ်းရွက်သယ်ပိုးလျက်ရှိပြီး နိုင်ငံအတွက်ထူးကဲစွာ ကြိုးပမ်းအမှုထမ်းဆောင်မှုများနှင့် နှစ်နိုင်ငံအကျိုးအတွက်စွမ်းဆောင်မှုများ၊ မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်နှစ်ရပ်အကြား ကောင်းမွန်သောချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများကို တည်ဆောက်ရာတွင် အကောင်းဆုံးပူးပေါင်းပါ၀င်စွမ်းဆောင်နိုင်မှုများအား ချီးကျူးဂုဏ်ပြုသော အားဖြင့် ရာမ(၁၀) ထိုင်းဘုရင်မင်းမြတ် Maha Vajiralongkorn က “မြင့်မြတ်သော ဆင်ဖြူ တော်ဝင်သူရဲကောင်း” Most Exalted Order of the White Elephant ပထမအဆင့် ဂုဏ်ပြုဘွဲ့တံဆိပ်အား Knight Grand Cross ရာထူးအဆောင်အယောင်နှင့်တကွ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ကဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” ဘွဲ့တံဆိပ်ကို မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဦးဆုံး ရရှိခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက် ခိုင်မာအောင် ဆောင်ရွက်ခဲ့မှုအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် ရာမ (၉)ထိုင်းဘုရင်မင်းမြတ် Bhumibol Adulyadej က ချီးမြှင့်သည့် “The Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand” ဘွဲ့တံဆိပ်ကို ၂၀၁၃ ခုနှစ်က ရရှိခဲ့ပြီးနောက် ပြည်ပနိုင်ငံသားများအားချီးမြှင့်ရန်ခက်ခဲလှသော အဆင့်အတန်းပိုမို ထူးကဲမြင့်မားသည့် ယခုဘွဲ့တံဆိပ်အားထပ်မံချီးမြှင့်ခံရခြင်းဖြစ်သည်။ နိုင်ငံတကာမှ အဆိုပါဘွဲ့တံဆိပ်ရရှိခဲ့သူ အနည်းငယ်မျှသာရှိသည့်အနက် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်၊ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်၊ ၀ိတိုရိယဘုရင်မကြီး၊ အမေရိကန်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ၀ီလျံဝက်စ်မိုးလင်း စသည့်ပုဂ္ဂိုလ်များပါ၀င်ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။