တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan ကဂုဏ်ပြု ညစာဖြင့်တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ  ၁၇

ထုိင္းႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီးဦးေဆာင္သည့္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္ အဖြဲ႕အား ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ႏွင့္ဇနီးတုိ႔က ေဖေဖာ္၀ါရီ ၁၆ ရက္ညပုိင္းတြင္ ဗန္ေကာက္ၿမိဳ႕ရွိ Anantara Siam ဟုိတယ္၌ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားတုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူဇနီး ေဒၚၾကဴၾကဴလွႏွင့္ မိသားစု၀င္မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းႏွင့္ဇနီး၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ခင္ေဇာ္ႏွင့္ဇနီး တုိ႔တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူဇနီး Mrs. Jiraporn Srisuwan ၊ ထုိင္းဘုရင့္ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားတက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားအား ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔ကႀကိဳဆုိႏႈတ္ၾကၿပီး အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ခ်စ္ၾကည္ေရးခရီးစဥ္အတြင္းအဖြဲ႕၀င္အျဖစ္လုိက္ပါလာေသာ စစ္တကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၅၉)၊ တပ္မေတာ္နည္းပညာတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္ (၁၉)၊ ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၁၉)ႏွင့္ အမ်ိဳးသမီးဘြဲ႕ရဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၃)တုိ႔မွ အေကာင္းဆုံးဗုိလ္ေလာင္းဆုရရွိခဲ့သည့္ အရာရွိ ၄ ဦးအား ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ မိတ္ဆက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔သည္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားႏွင့္အတူ ညစာအားအတူတကြ သုံးေဆာင္ၾကသည္။ ညစာမသုံးေဆာင္မီႏွင့္သုံးေဆာင္ေနစဥ္အတြင္း ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး စစ္တီး၀ုိင္း အဖြဲ႕ႏွင့္ အန္ေထာင္းခ႐ုိင္ ယဥ္ေက်းမႈတကၠသုိလ္မွ ေဖ်ာ္ေျဖေရးအဖြဲ႕မ်ားက ႏွစ္ႏုိင္ငံေတးသံသာမ်ား သီဆုိ တီးမႈတ္ၿပီး ထုိင္း႐ုိးရာအကပေဒသာမ်ားျဖင့္ ကျပေဖ်ာ္ေျဖၾကသည္။

ဂုဏ္ျပဳညစာစားပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ၾက သည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က သီဆုိကျပေဖ်ာ္ေျဖခဲ့ၾကသည့္ ထုိင္းဘုရင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး စစ္တီး၀ုိင္းအဖြဲ႕ႏွင့္ အန္ေထာင္းခ႐ုိင္ ယဥ္ေက်းမႈတကၠသုိလ္မွ ေဖ်ာ္ေျဖေရးအဖြဲ႕မ်ား အားခ်ီးျမႇင့္ေငြမ်ားေပးအပ္ခဲ့သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan ကဂုဏ်ပြု ညစာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၇

ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဦးဆောင်သည့်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီးတို့က ဖေဖော်ဝါရီ ၁၆ ရက်ညပိုင်းတွင် ဗန်ကောက်မြို့ရှိ Anantara Siam ဟိုတယ်၌ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားတို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူဇနီး ဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့်ဇနီး တို့တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူဇနီး Mrs. Jiraporn Srisuwan ၊ ထိုင်းဘုရင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများတက်ရောက် ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များအား ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့ကကြိုဆိုနှုတ်ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ချစ်ကြည်ရေးခရီးစဉ်အတွင်းအဖွဲ့ဝင်အဖြစ်လိုက်ပါလာသော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၉)၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉)၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁၉)နှင့် အမျိုးသမီးဘွဲ့ရဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃)တို့မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိခဲ့သည့် အရာရှိ ၄ ဦးအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မိတ်ဆက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ညစာအားအတူတကွ သုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်တီးဝိုင်း အဖွဲ့နှင့် အန်ထောင်းခရိုင် ယဉ်ကျေးမှုတက္ကသိုလ်မှ ဖျော်ဖြေရေးအဖွဲ့များက နှစ်နိုင်ငံတေးသံသာများ သီဆို တီးမှုတ်ပြီး ထိုင်းရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေကြသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ကြ သည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်တီးဝိုင်းအဖွဲ့နှင့် အန်ထောင်းခရိုင် ယဉ်ကျေးမှုတက္ကသိုလ်မှ ဖျော်ဖြေရေးအဖွဲ့များ အားချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။