ကာကွယ်ရေးတာဝန်တွင်စစ်ရေးတစ်ခုတည်းသာမဟုတ် မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာ၊ ဘာသာသာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအားလုံးကိုပါ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်

ေနျပည္ေတာ္၊ မတ္ – ၂

မိမိတုိ႔တပ္မေတာ္၏အဓိကတာ၀န္ျဖစ္ေသာ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ဆုိသည္မွာ စစ္ေရးတစ္ခုတည္းသာမဟုတ္ဘဲ မိမိတုိ႔ႏုိင္ငံ၏အခ်ဳပ္အျခာအာဏာ၊ ဘာသာသာသနာ၊ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းအစဥ္အလာမ်ားႏွင့္ ျပည္သူမ်ား၏ အသက္အုိးအိမ္စည္းစိမ္စသျဖင့္ အားလုံးကုိကာကြယ္ေစာင့္ေရွာက္ရမည္ျဖစ္ေၾကာင္း၊ စစ္ေရးအရကာကြယ္ႏုိင္ရန္အဓိကလုိအပ္ခ်က္ျဖစ္သည့္ တပ္မေတာ္ကုိတုိက္စြမ္းရည္၊ တုိက္စြမ္းအားမ်ားရွိေအာင္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္၊ ၿမိတ္တပ္နယ္ရွိ အရာရွိ၊ စစ္သည္မိသားစုမ်ားအား ယေန႔နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ရွိ တုိင္းရန္ေအာင္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ ၿမိတ္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သားတုိင္းသည္ မိမိတုိ႔အဆင့္ႏွင့္ေလ်ာ္ညီသည့္ လုပ္ရည္ကုိင္ရည္၊ စြမ္းရည္မ်ားရွိရန္လုိအပ္ေသာေၾကာင့္ စစ္အေျခခံပညာသင္တန္းမ်ားမွစ၍ အေျခခံေကာင္းမ်ားရရွိရန္ႏွင့္ ခႏၶာကုိယ္ႀကံ႕ခုိင္ သန္စြမ္းမႈရွိေစရန္ အတြက္ေလ့က်င့္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ သင္တန္းေက်ာင္းမ်ားမွသင္ၾကားေပးလုိက္သည့္စစ္ပညာရပ္မ်ားကုိ သက္ဆုိင္ရာက႑အလိုက္ မိမိတုိ႔ေဆာင္ရြက္ေနရသည့္လက္ေတြ႕နယ္ပယ္မ်ားတြင္ထိေရာက္စြာ ျပန္လည္အသုံးခ်ရန္လုိေၾကာင္း၊ ေလ့လာ၊ ေလ့က်င့္၊ လုိက္နာဆုိသည့္အတုိင္း မိမိတုိ႔တပ္မေတာ္၏ စြမ္းရည္၊ စြမ္းအားရွိေစရန္အတြက္ ေလ့က်င့္သားျပည့္၀ေနရန္လိုေၾကာင္း၊ ခႏၶာကုိယ္ ႀကံ့ခုိင္သန္စြမ္း၍ မိမိတုိ႔ကုိင္ေဆာင္သည့္ လက္နက္မ်ားကုိထိေရာက္စြာအသုံးျပဳႏုိင္မွသာ စြမ္းရည္ရွိမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံတကာတြင္ တပ္မေတာ္တုိင္းသည္စစ္ေရးအတြက္ အၿမဲေလ့က်င့္လ်က္ရွိေၾကာင္း၊ ေလ့က်င့္သားျပည့္၀ေစရန္အတြက္ သင္တန္းေက်ာင္းမ်ား တြင္သာမကမိမိတုိ႔တပ္ဌာနခ်ဳပ္မ်ားတြင္လည္း အၿမဲတမ္းေလ့က်င့္ ေဆာင္ရြက္ေနရမည္ ျဖစ္ေၾကာင္း၊ သတ္မွတ္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေန႔စဥ္ေနထုိင္၊ လႈပ္ရွား၊ လုပ္ကုိင္ေဆာင္ရြက္ႏုိင္ျခင္းသည္ စြမ္းရည္တုိးတက္ေကာင္းမြန္လာေစမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ထုိ႔ေနာက္ မိမိတုိ႔ႏုိင္ငံသည္ျပည္တြင္းလက္နက္ကုိင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းမႈ မရွိေသးသျဖင့္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) တြင္ လက္မွတ္ေရးထုိးၿပီး လက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေအာင္ေဆာင္ရြက္လ်က္ရွိရာ ယေန႔အထိ ၁၀ ဖြဲ႕လက္မွတ္ေရးထုိးၿပီးျဖစ္ေၾကာင္း၊ သုိ႔ေသာ္တခ်ိဳ႕ေသာကိစၥရပ္မ်ားေၾကာင့္ ၾကန္႔ၾကာမႈမ်ားရွိေနေသးေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ အခ်ိန္ဆြဲေန၍မရဘဲ (NCA) စာခ်ဳပ္ပါသတ္မွတ္ခ်က္အဆင့္ဆင့္အတုိင္း Time Frame ေရးဆြဲေဆာင္ရြက္ရန္လုိအပ္ေၾကာင္း၊ တပ္မေတာ္သည္ ဒုိ႔တာ၀န္အေရးသုံးပါးကုိ မထိခုိက္ေအာင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ယခုအခ်ိန္တြင္မိမိတုိ႔ႏိုင္ငံသည္ ပါတီစုံ ဒီမုိကေရစီလမ္းေၾကာင္းေပၚ၌ ေလွ်ာက္လွမ္းလ်က္ရွိေၾကာင္း၊ ႏုိင္ငံေရးအရမတည္ၿငိမ္မႈ၊ လုံၿခဳံေရးအရမတည္ၿငိမ္မႈမ်ားရွိလွ်င္တုိင္းျပည္သည္ ဒီမုိကေရစီစနစ္ျဖင့္ ေလွ်ာက္လွမ္းရာတြင္တည္ၿငိမ္မႈရွိရန္ခက္ခဲမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔တပ္မေတာ္အေနျဖင့္ တတ္ႏုိင္သည့္ဘက္မွ၀ုိင္း၀န္းထိန္းသိမ္း ေဆာင္ရြက္လ်က္ရွိေၾကာင္းရွင္းလင္း ေျပာၾကားသည္။

ယင္းေနာက္ မိမိတုိ႔တပ္၊ ဌာနခ်ဳပ္မ်ားႏွင့္ အိမ္ေထာင္စုမ်ားအလိုက္တပ္ပုိင္စုိက္ပ်ိဳး ေမြးျမဴေရးႏွင့္ တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းသည္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ား၏ စားေသာက္ေရးကုိအေထာက္အကူျဖစ္ေစရန္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း၊ ထုိမွတစ္ဆင့္ပုိလွ်ံသည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္မ်ားကုိဌာနဆုိင္ရာ ၀န္ထမ္းမ်ား၊ ေဒသခံျပည္သူမ်ားအား သက္သာေသာေစ်းႏႈန္းျဖင့္ေရာင္းခ်ေပးရန္လုိေၾကာင္း၊ ထုိသုိ႔ ေဆာင္ရြက္ျခင္းျဖင့္ လမ္းပန္းဆက္သြယ္ေရးသြားလာမႈ ခက္ခဲေသာတနသၤာရီတုိင္းေဒသ စားေရးအတြက္တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳႏုိင္မည္ျဖစ္ေၾကာင္း၊ ထုိ႔အတူယခုေႏြရာသီေက်ာင္းပိတ္ရက္မ်ားတြင္ မိမိတုိ႔တပ္မေတာ္သားမိသားစု၀င္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကုိလည္း ယဥ္ေက်းလိမၼာသင္တန္း၊ ကြန္ျပဴတာသင္တန္းႏွင့္ အဂၤလိပ္စာသင္တန္းစသည့္သင္တန္းမ်ားကုိ ေႏြရာသီအနားေပးမႈမထိခုိက္ေအာင္ ဖြင့္လွစ္သင္ၾကားေပးရန္လုိေၾကာင္း၊ မိမိတုိ႔၏သားသမီးမ်ားကုိ ပညာအေမြေပးရမည္ျဖစ္ ေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္တပ္မေတာ္သားမိသားစု၀င္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာရည္ျမင့္မားေရးအတြက္ တပ္မေတာ္မွေဆာင္ရြက္ေပးလ်က္ရွိ ေၾကာင္း၊ မိမိတုိ႔၏ သားသမီးမ်ားအသိပညာမ်ားရရွိေစရန္အတြက္ သုတ၊ ရသ စာအုပ္စာေစာင္မ်ားအား ဖတ္႐ႈေစရန္လုိအပ္ၿပီး မိမိတုိ႔အေနျဖင့္လည္းေလ့လာေဆာင္ရြက္ေနရန္လုိေၾကာင္း မွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားကိုလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ဇနီးက တပ္နယ္မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကုိလည္းေကာင္း အသီးသီးေပးအပ္ရာ တုိင္းမွဴးႏွင့္ဇနီးတိုိ႔က လက္ခံရယူၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္တုိ႔က တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ/ရသ စာအုပ္စာေစာင္မ်ားႏွင့္ အားကစားပစၥည္းမ်ားအား ေပးအပ္ရာတာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တက္ေရာက္လာၾကသည့္ တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မြန္းလြဲပုိင္းတြင္ကြၽန္းစုၿမိဳ႕ရွိ ေရတပ္စခန္းဌာနခ်ဳပ္သုိ႔ေရာက္ရွိၾကၿပီး ဌာနခ်ဳပ္အတြင္း ရာသီသီးႏွံမ်ားအား Green House ျဖင့္စုိက္ပ်ိဳးထားရွိမႈအေျခအေနမ်ားႏွင့္ ၀က္ေမြးျမဴေရးၿခံအတြင္း DYL ၀က္မ်ားေမြးၿမဴထားရွိမႈအေျခအေနမ်ားအား ၾကည့္႐ႈစစ္ေဆးရာ ဌာနခ်ဳပ္မွဴးက ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရတပ္စခန္းဌာနခ်ဳပ္ရွိ အရာရွိစစ္သည္မ်ားအားေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ယခုကဲ့သုိ႔ေ၀းလံသည့္ ေနရာ၌တာ၀န္ထမ္းေဆာင္ေနရသည့္အတြက္ ေနထုိင္ေရးအဆင္ေျပေစရန္ႏွင့္ စားေသာက္ေရးအဆင္ေျပေစရန္အတြက္ တပ္မေတာ္မွေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ မိမိတုိ႔တစ္ဦးခ်င္းအေနျဖင့္လည္း တစ္ပုိင္တစ္ႏုိင္ေမြးျမဴေရးလုပ္ငန္းမ်ားကုိေဆာင္ရြက္ရန္လိုေၾကာင္း၊ မိမိတုိ႔တာ၀န္ထမ္းေဆာင္လ်က္ရွိသည့္ နယ္ေျမမ်ားမွေဒသခံျပည္သူမ်ားႏွင့္လည္း တစ္စိတ္တည္းတစ္၀မ္းတည္းျဖစ္ေအာင္ေဆာင္ရြက္ရန္လိုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္(ေရ)ေဆာင္ပုဒ္ျဖစ္သည့္” ျမန္မာ့ပင္လယ္ ဒုိ႔ကာကြယ္”ဆုိသည့္အတုိင္း မိမိတုိ႔ႏုိင္ငံ၏ေရသယံဇာတမ်ားကုိ အၿမဲကာကြယ္ေစာင့္ေရွာက္ေနရမည္ျဖစ္ေၾကာင္း၊ ယခုအခ်ိန္တြင္တပ္မေတာ္(ေရ)သည္ အေရွ႕ေတာင္အာရွေဒသအတြင္း အင္အားေတာင့္တင္းသည့္ေရတပ္အျဖစ္ရပ္တည္ႏုိင္ၿပီျဖစ္ၿပီး တပ္မေတာ္(ေရ) အား Blue Water Navy အဆင့္ေရာက္ရွိေအာင္ အဆင့္ျမႇင့္တင္ေဆာင္ရြက္ရမည္ ေၾကာင္း၊ ထုိသုိ႔အဆင့္ျမႇင့္တင္ေဆာင္ရြက္ရာတြင္ အရာရွိ၊ စစ္သည္တစ္ဦးခ်င္း၏ ကြၽမ္းက်င္မႈသည္လည္းအေရးႀကီးေၾကာင္း၊ ထုိ႔ေၾကာင့္ေလ့က်င့္ေရးလုပ္ငန္းမ်ားကုိ စဥ္ဆက္မျပတ္ေဆာင္ရြက္ေနရန္လုိေၾကာင္း မွာၾကားသည္။

ယင္းေနာက္ မိမိတုိ႔စစ္ေရယာဥ္မ်ားအၿမဲတုိက္ပြဲ၀င္အသင့္ျဖစ္ေနရန္ႏွင့္ ႀကံ့ခုိင္မႈရွိေနရန္အတြက္ ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ၿပီး အၿမဲတမ္း အသုံးျပဳေနရန္လည္းလုိအပ္ေၾကာင္း၊ ယခုေခတ္သည္နည္းပညာေခတ္ျဖစ္ေသာေၾကာင့္ ေခတ္ႏွင့္အညီလုိက္ႏုိင္ရန္အတြက္ မ်က္ျခည္မျပတ္ေလ့လာသင္ၾကားေနရန္လုိအပ္ေၾကာင္း၊ သေဘၤာတည္ေဆာက္မႈနည္းပညာမ်ားအေပၚမူတည္၍ စစ္နည္းဗ်ဴဟာ က်င့္သုံးမႈမ်ားလည္းေျပာင္းလဲသြားႏုိင္ေၾကာင္း၊ ထုိ႔ေၾကာင့္အတန္းပညာ၊ အတတ္ပညာမ်ား ရွိရန္လုိအပ္ၿပီး ထုိသုိ႔ပညာရည္ျမင့္မားေရးအတြက္ တပ္မေတာ္မွစီစဥ္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္းရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရတပ္စခန္းဌာနခ်ဳပ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားကိုလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးက တပ္နယ္မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကုိလည္းေကာင္းအသီးသီးေပးအပ္ရာ ေရတပ္စခန္းဌာနခ်ဳပ္မွဴးႏွင့္ဇနီးတိုိ႔က လက္ခံရယူၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္တုိ႔က တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ/ရသ စာအုပ္စာေစာင္မ်ားႏွင့္ အားကစားပစၥည္းမ်ားအား ေပးအပ္ရာတာ၀န္ရွိသူမ်ားကလက္ခံရယူခဲ့ၾကသည္။

(Unicode Version)

ကာကွယ်ရေးတာဝန်တွင်စစ်ရေးတစ်ခုတည်းသာမဟုတ် မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာ၊ ဘာသာသာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအားလုံးကိုပါ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်

နေပြည်တော်၊ မတ် – ၂

မိမိတို့တပ်မတော်၏အဓိကတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာ စစ်ရေးတစ်ခုတည်းသာမဟုတ်ဘဲ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဘာသာသာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်စသဖြင့် အားလုံးကိုကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ စစ်ရေးအရကာကွယ်နိုင်ရန်အဓိကလိုအပ်ချက်ဖြစ်သည့် တပ်မတော်ကိုတိုက်စွမ်းရည်၊ တိုက်စွမ်းအားများရှိအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ မြိတ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများအား ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားတိုင်းသည် မိမိတို့အဆင့်နှင့်လျော်ညီသည့် လုပ်ရည်ကိုင်ရည်၊ စွမ်းရည်များရှိရန်လိုအပ်သောကြောင့် စစ်အခြေခံပညာသင်တန်းများမှစ၍ အခြေခံကောင်းများရရှိရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင် သန်စွမ်းမှုရှိစေရန် အတွက်လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းကျောင်းများမှသင်ကြား ပေးလိုက်သည့်စစ်ပညာရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် မိမိတို့ဆောင်ရွက်နေရသည့်လက်တွေ့နယ်ပယ်များတွင်ထိရောက်စွာ ပြန်လည်အသုံးချ ရန်လိုကြောင်း၊ လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့်အတိုင်း မိမိတို့တပ်မတော်၏ စွမ်းရည်၊ စွမ်းအားရှိစေရန်အတွက် လေ့ကျင့်သားပြည့်ဝနေရန်လိုကြောင်း၊ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်း၍ မိမိတို့ကိုင်ဆောင်သည့် လက်နက်များကိုထိရောက်စွာအသုံးပြုနိုင်မှသာ စွမ်းရည်ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် တပ်မတော်တိုင်းသည်စစ်ရေးအတွက် အမြဲလေ့ကျင့်လျက်ရှိကြောင်း၊ လေ့ကျင့်သားပြည့်ဝစေရန်အတွက် သင်တန်းကျောင်းများ တွင်သာမကမိမိတို့တပ်ဌာနချုပ်များတွင်လည်း အမြဲတမ်းလေ့ကျင့် ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေ့စဉ်နေထိုင်၊ လှုပ်ရှား၊ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းသည် စွမ်းရည်တိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် မိမိတို့နိုင်ငံသည်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှု မရှိသေးသဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးပြီး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းအောင်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၁၀ ဖွဲ့လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ သို့သော်တချို့သောကိစ္စရပ်များ ကြောင့် ကြန့်ကြာမှုများရှိနေသေးကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်ဆွဲနေ၍မရဘဲ (NCA) စာချုပ်ပါသတ်မှတ်ချက်အဆင့်ဆင့်အတိုင်း Time Frame ရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင်မိမိတို့နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းလျက်ရှိကြောင်း၊ နိုင်ငံရေးအရမတည်ငြိမ်မှု၊ လုံခြုံရေးအရမတည်ငြိမ်မှုများရှိလျှင်တိုင်းပြည်သည် ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းရာတွင်တည်ငြိမ်မှုရှိရန်ခက်ခဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့တပ်မတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်းရှင်းလင်း ပြောကြားသည်။

ယင်းနောက် မိမိတို့တပ်၊ ဌာနချုပ်များနှင့် အိမ်ထောင်စုများအလိုက်တပ်ပိုင်စိုက်ပျိုး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ကြရန်လို ကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားသောက်ရေးကိုအထောက်အကူဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်ပိုလျှံသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကိုဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးသွားလာမှု ခက်ခဲသောတနင်္သာရီတိုင်းဒေသ စားရေးအတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူယခုနွေရာသီကျောင်းပိတ်ရက်များတွင် မိမိတို့တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကိုလည်း ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပြူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းစသည့်သင်တန်းများကို နွေရာသီအနားပေးမှုမထိခိုက်အောင် ဖွင့်လှစ်သင်ကြားပေးရန်လိုကြောင်း၊ မိမိတို့၏သားသမီးများကို ပညာအမွေပေးရမည်ဖြစ် ကြောင်း၊ တပ်မတော်သားများနှင့်တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မိမိတို့၏ သားသမီးများအသိပညာများရရှိစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များအား ဖတ်ရှုစေရန်လိုအပ်ပြီး မိမိတို့အနေဖြင့်လည်းလေ့လာ ဆောင်ရွက်နေရန်လိုကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်းအသီးသီးပေးအပ်ရာ တိုင်းမှူးနှင့်ဇနီးတို့ကလက်ခံရယူကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ/ရသ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများအား ပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူကြသည်။တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်မွန်းလွဲပိုင်း တွင်ကျွန်းစုမြို့ရှိ ရေတပ်စခန်းဌာနချုပ်သို့ရောက်ရှိကြပြီး ဌာနချုပ်အတွင်း ရာသီသီးနှံများအား Green House ဖြင့်စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ဝက်မွေးမြူရေးခြံအတွင်း DYL ဝက်များမွေးမြူထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဌာနချုပ်မှူးကရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေတပ်စခန်းဌာနချုပ်ရှိ အရာရှိစစ်သည်များအားတွေ့ဆုံအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ဝေးလံသည့် နေရာ၌တာဝန်ထမ်းဆောင်နေရသည့်အတွက် နေထိုင်ရေးအဆင်ပြေစေရန်နှင့် စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော်မှဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တစ်ဦးချင်းအနေဖြင့်လည်း တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် နယ်မြေများမှဒေသခံပြည်သူများ နှင့်လည်း တစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်(ရေ)ဆောင်ပုဒ်ဖြစ်သည့်” မြန်မာ့ပင်လယ် ဒို့ကာကွယ်”ဆိုသည့်အတိုင်း မိမိတို့နိုင်ငံ၏ရေသယံဇာတများကို အမြဲကာကွယ်စောင့်ရှောက် နေရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင်တပ်မတော်(ရေ)သည် အရှေ့တောင်အာရှဒေသ အတွင်း အင်အားတောင့်တင်းသည့်ရေတပ်အဖြစ်ရပ်တည်နိုင်ပြီဖြစ်ပြီး တပ်မတော်(ရေ) အား Blue Water Navy အဆင့်ရောက်ရှိအောင် အဆင့်မြှင့်တင်ဆောင်ရွက်ရမည် ကြောင်း၊ ထိုသို့အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် အရာရှိ၊ စစ်သည်တစ်ဦးချင်း၏ ကျွမ်းကျင်မှုသည်လည်းအရေးကြီးကြောင်း၊ ထို့ကြောင့်လေ့ကျင့်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် မိမိတို့စစ်ရေယာဉ်များအမြဲတိုက်ပွဲဝင်အသင့်ဖြစ်နေရန်နှင့် ကြံ့ခိုင်မှုရှိနေရန်အတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီး အမြဲတမ်း အသုံးပြုနေရန်လည်းလိုအပ်ကြောင်း၊ ယခုခေတ်သည်နည်းပညာခေတ်ဖြစ်သောကြောင့် ခေတ်နှင့်အညီလိုက်နိုင်ရန်အတွက် မျက်ခြည်မပြတ်လေ့လာသင်ကြားနေရန်လိုအပ်ကြောင်း၊ သင်္ဘောတည်ဆောက်မှုနည်းပညာများအပေါ်မူတည်၍ စစ်နည်းဗျူဟာ ကျင့်သုံးမှုများလည်းပြောင်းလဲသွားနိုင်ကြောင်း၊ ထို့ကြောင့်အတန်းပညာ၊ အတတ်ပညာများ ရှိရန်လိုအပ်ပြီး ထိုသို့ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှစီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေတပ်စခန်းဌာနချုပ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်းအသီးသီးပေးအပ်ရာ ရေတပ်စခန်းဌာနချုပ်မှူး နှင့်ဇနီးတို့ကလက်ခံရယူကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ/ရသ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများအား ပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။