ရွှေမိုးတောင်ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ မတ္ ၁၉

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခ႐ုိင္၊ ၀ုိင္းေမာ္ၿမိဳ႕နယ္၊ မိုင္းနားေက်းရြာ၊ ေရႊမုိးေတာင္ ေပၚရွိ ရဟႏၲာတစ္ေထာင္ရွင္ပင္ျမတ္စြာ ဆုေတာင္းျပည့္ေစတီေတာ္ျမတ္ႀကီး ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ ေရႊထီးေတာ္တင္လွဴပူေဇာ္ပြဲ အခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ စည္ကားခမ္းနားစြာက်င္းပျပဳလုပ္ရာ ျမစ္ႀကီးနားၿမိဳ႕၊ ဓမၼရကၡိတ ၀န္းသုိေက်ာင္းတုိက္ ဦးစီးပဓာနနာယက၊ ကခ်င္ျပည္နယ္ သာသနာ့အက်ိဳးေတာ္ေဆာင္ အဂၢမဟာပ႑ိတ အဂၢမဟာ ဂႏၳ၀ါစက ပ႑ိတ သာသနာ့ဓဇ ဓမၼာစရိယ ဘဒၵႏၲ ေကတုမာလအမွဴးျပဳေသာ သံဃာေတာ္အရွင္သူျမတ္မ်ားၾကြေရာက္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ကခ်င္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား ႏွင့္ဇနီးမ်ား၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ညီညီေဆြ၊ ျပည္နယ္ အစုိးရအဖြဲ႕မွ၀န္ႀကီးမ်ား၊ ဌာနဆုိင္ရာ၀န္ထမ္းမ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ားစည္ကား သုိက္ၿမိဳက္စြာတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္ လာၾကသူမ်ားက ဓမၼရကၡိတ၀န္းသုိေက်ာင္းတုိက္ ဦးစီး ပဓာနနာယက အဂၢမဟာပ႑ိတ အဂၢမဟာဂႏၳ၀ါစကပ႑ိတ သာသနာ့ဓဇဓမၼာစရိယ ဘဒၵႏၲေကတုမာလထံမွ ကုိးပါးသီလ ခံယူေဆာက္တည္ၾကသည္။

ထုိ႔ေနာက္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ညီညီေဆြက သာသနာေရး ဆုိင္ရာမ်ားအား ေလွ်ာက္ထားတင္ျပသည္။ ယင္းေနာက္အခမ္းအနားတက္ေရာက္ လာၾကသူမ်ားသည္ ဆရာေတာ္သံဃာေတာ္မ်ားထံမွ ေမတၱသုတ္ ပရိတ္တရားေတာ္မ်ား နာယူၾကသည္။

၎ေနာက္ ဥပသကာမ်ားက ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားအား ေစတီေတာ္၀တၱဳကံ ေနရာတြင္ ပက္ဖ်န္းႀကဲ ျဖန္႔ခ်ည္ေႏွာင္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔က ရတနာစိန္ဖူးေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား ဓမၼရကၡိတ ၀န္းသုိေက်ာင္းတုိက္ဆရာေတာ္ထံ ဆက္ကပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ ျပည္နယ္၀န္ႀကီးခ်ဳပ္က စိန္ဖူးရတနာ ၾကဳတ္ေတာ္ႏွင့္လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီးတုိ႔က ရတနာငွက္ျမတ္နားေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ ဇနီးတုိ႔က ဆပ္သြားဖူးႏွင့္လွဴဖြယ္ ပစၥည္းမ်ားအား လည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အခမ္းအနားတက္ေရာက္လာၾကသူမ်ား ႏွင့္တုိင္းမွဴးတုိ႔က ေညာင္ရြက္ေတာ္၊ ေခါင္းေလာင္းေတာ္၊ ေရႊထီးေတာ္ဘုံအဆင့္ဆင့္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း သံဃာေတာ္အရွင္သူျမတ္မ်ားထံ အသီးသီးဆက္ကပ္လွဴဒါန္းၾကသည္။

ထုိ႔ေနာက္ ဓမၼရကၡိတ၀န္းသုိေက်ာင္းတုိက္ဆရာေတာ္ထံမွ အႏုေမာဒနာ တရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္ သြန္းခ်အမွ်ေပးေ၀ၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားကရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ေရႊထီးေတာ္ဘုံအဆင့္ဆင့္တုိ႔အား အသီးသီးပင့္ေဆာင္၍ ေစတီေတာ္ႀကီးအား လက္ယာရစ္လွည့္လည္ ပူေဇာ္ၾကသည္။

ဆက္လက္ၿပီးတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ရတနာစိန္ဖူးေတာ္ႏွင့္ ငွက္ျမတ္နားေတာ္တုိ႔အား မဂၤလာရထားပ်ံျဖင့္ေစတီေတာ္အထြတ္ သုိ႔ပင့္ေဆာင္တင္လွဴပူေဇာ္ၾကၿပီး ေရႊထီးေတာ္တင္လွဴ ပူေဇာ္မႈေအာင္ျမင္ျခင္းအထိမ္း အမွတ္ ရတနာေရႊမုိးေငြမုိးမ်ားရြာသြန္းၿဖိဳးၾကသည္။ ယင္းေနာက္ သံဃာေတာ္မ်ားက ေစတီေတာ္ႀကီးအား ဗုဒၶါဘိေသက အေနကဇာတင္၍ ဗုဒၶဘိသိက္သြန္းေတာ္မူၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေစတီေတာ္ျမတ္ႀကီး၏ ကမၸည္းေက်ာက္စာတုိင္အား အေမႊးန႔ံသာ ရည္မ်ားပက္ဖ်န္းၾကၿပီး ၿငိမ္းခ်မ္းသာယာ ဖြံ႕ၿဖိဳးေရးေခါင္းေလာင္းေတာ္ႀကီးအား ၉ ခ်က္တီး၍ပူေဇာ္ၾကသည္။ ယင္းေနာက္ ဗုဒၶ႐ုပ္ပြားေတာ္မ်ားအားဖူးေျမာ္ၾကည္ညိဳ၍ ဘုရားဖူးလာေဒသခံတုိင္းရင္းသားမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ၾကသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။

အဆုိပါေရႊမုိးေတာင္ေစတီေတာ္ျမတ္ႀကီးသည္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ၀ုိင္းေမာ္ၿမိဳ႕နယ္ မုိင္းနားေက်းရြာတုိ႔အား ဆက္သြယ္ထားသည့္ဧရာ၀တီျမစ္ကူး ဗလမင္းထင္တံတား၏ ေျမာက္ဘက္တစ္မုိင္ခန္႔အကြာတြင္ တည္ေဆာက္ထားျခင္း ျဖစ္ၿပီး ေစတီေတာ္ႀကီးအား ဘ၀နတ္ထံပ်ံလြန္ေတာ္မူသြားသည့္ ဓမၼရကၡိတ၀န္းသုိ ေက်ာင္းတုိက္ ဦးစီးပဓာနနာယက ႏုိင္ငံေတာ္ ၾသ၀ါဒါစရိယ၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ဘဒၵႏၲသီလ၀ံသ ေက်းဇူးေတာ္ရွင္ဆရာေတာ္ႀကီးမွ စတင္တည္ထား ခဲ့ျခင္းျဖစ္ၿပီး တည္ေဆာက္ခ်ိန္ကာလအတြင္း ဆရာေတာ္ႀကီး၏ က်န္းမာေရးယုိယြင္းလာခဲ့သျဖင့္ ဆရာေတာ္ ႀကီးမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ေစေတီေတာ္ႀကီး တည္ေဆာက္ရန္အတြက္ ေငြအားလူအားလုိအပ္ခ်က္ရွိသည့္ အတြက္ပါ၀င္ကုသိုလ္ယူေဆာင္ရြက္ေပးေစလုိေၾကာင္းမိန္႔ၾကားခဲ့သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မွ ဆက္လက္တာ၀န္ယူ၍ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္အမ်ားျပည္သူအလွူရွင္မ်ား၏ လွဴဒါန္းေငြမ်ားျဖင့္ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။ ေစတီေတာ္ႀကီးတြင္ ဓာတ္ေပါင္းစုေစတီႏွစ္ဆူအား ေျမေအာက္တြင္ဌာပနာ၍ လည္းေကာင္း၊ ရဟႏၲာ႐ုပ္ပြားေတာ္တစ္ေထာင္အား ေစတီေအာက္ဌာပနာသြင္း၍ လည္းေကာင္းတည္ေဆာက္ထားရွိၿပီး ေစတီေတာ္ႀကီးသည္ ဉာဏ္ေတာ္အျမင့္ ၇၇ ေပရွိသည္။ အဆုိပါေစတီေတာ္ႀကီးတြင္ ေရႊမုိးေတာင္မွထြက္ရွိသည့္ ဂရင္းႏုိက္ ေက်ာက္မ်ားျဖင့္ ထုလုပ္ပူေဇာ္ထားသည့္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္မ်ားကုိလည္း ပူေဇာ္ထား ရွိပါသည္။

(Unicode Version)

ရွှေမိုးတောင်ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ၀ုိင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ရွှေမိုးတောင် ပေါ်ရှိ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် စည်ကားခမ်းနားစွာကျင်းပပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ၀န်းသိုကျောင်းတိုက် ဦးစီးပဓာနနာယက၊ ကချင်ပြည်နယ် သာသနာ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ ကေတုမာလအမှူးပြုသော သံဃာတော်အရှင်သူမြတ်များကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေ၊ ပြည်နယ် အစိုးရအဖွဲ့မှဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသူများနှင့့် ဒေသခံတိုင်းရင်းသားပြည်သူများစည်ကား သိုက်မြိုက်စွာတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဦးစီး ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တကေတုမာလထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေက သာသနာရေး ဆိုင်ရာများအား လျှောက်ထားတင်ပြသည်။ ယင်းနောက်အခမ်းအနားတက်ရောက် လာကြသူများသည် ဆရာတော်သံဃာတော်များထံမှ မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြသည်။

၎င်းနောက် ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော်ဝတ္တုကံ နေရာတွင် ပက်ဖျန်းကြဲ ဖြန့်ချည်နှောင်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား ဓမ္မရက္ခိတ ၀န်းသိုကျောင်းတိုက်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စိန်ဖူးရတနာ ကြုတ်တော်နှင့်လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီးတို့က ရတနာငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီးတို့က ဆပ်သွားဖူးနှင့်လှူဖွယ် ပစ္စည်းများအား လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အခမ်းအနားတက်ရောက်လာကြသူများ နှင့်တိုင်းမှူးတို့က ညောင်ရွက်တော်၊ ခေါင်းလောင်းတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း သံဃာတော်အရှင်သူမြတ်များထံ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များကရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား အသီးသီးပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြသည်။

ဆက်လက်ပြီးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့်စေတီတော်အထွတ် သို့ပင့်ဆောင်တင်လှူပူဇော်ကြပြီး ရွှေထီးတော်တင်လှူ ပူဇော်မှုအောင်မြင်ခြင်းအထိမ်း အမှတ် ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကြသည်။ ယင်းနောက် သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓဘိသိက်သွန်းတော်မူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်မြတ်ကြီး၏ ကမ္ပည်းကျောက်စာတိုင်အား အမွှေးန့ံသာ ရည်များပက်ဖျန်းကြပြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးရေးခေါင်းလောင်းတော်ကြီးအား ၉ ချက်တီး၍ပူဇော်ကြသည်။ ယင်းနောက် ဗုဒ္ဓရုပ်ပွားတော်များအားဖူးမြော်ကြည်ညို၍ ဘုရားဖူးလာဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါရွှေမိုးတောင်စေတီတော်မြတ်ကြီးသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ၀ုိင်းမော်မြို့နယ် မိုင်းနားကျေးရွာတို့အား ဆက်သွယ်ထားသည့်ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတား၏ မြောက်ဘက်တစ်မိုင်ခန့်အကွာတွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး စေတီတော်ကြီးအား ဘဝနတ်ထံပျံလွန်တော်မူသွားသည့် ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော် သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသီလဝံသ ကျေးဇူးတော်ရှင်ဆရာတော်ကြီးမှ စတင်တည်ထား ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ချိန်ကာလအတွင်း ဆရာတော်ကြီး၏ ကျန်းမာရေးယိုယွင်းလာခဲ့သဖြင့် ဆရာတော် ကြီးမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စေတေီတော်ကြီး တည်ဆောက်ရန်အတွက် ငွေအားလူအားလိုအပ်ချက်ရှိသည့် အတွက်ပါ၀င်ကုသိုလ်ယူဆောင်ရွက်ပေးစေလိုကြောင်းမိန့်ကြားခဲ့သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ဆက်လက်တာဝန်ယူ၍ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်အများပြည်သူအလှူရှင်များ၏ လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စေတီတော်ကြီးတွင် ဓာတ်ပေါင်းစုစေတီနှစ်ဆူအား မြေအောက်တွင်ဌာပနာ၍ လည်းကောင်း၊ ရဟန္တာရုပ်ပွားတော်တစ်ထောင်အား စေတီအောက်ဌာပနာသွင်း၍ လည်းကောင်းတည်ဆောက်ထားရှိပြီး စေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ရ၇ ပေရှိသည်။ အဆိုပါစေတီတော်ကြီးတွင် ရွှေမိုးတောင်မှထွက်ရှိသည့် ဂရင်းနိုက် ကျောက်များဖြင့် ထုလုပ်ပူဇော်ထားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များကိုလည်း ပူဇော်ထား ရှိပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။