တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပူတာအိုမြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်း သားများ၊ ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ

ေနျပည္ေတာ္၊ မတ္  ၁၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ ညေနပုိင္းတြင္ပူတာအုိၿမိဳ႕ရွိ ရပ္မိရပ္ဖမ်ား၊ တုိင္းရင္းသားမ်ား၊ ဌာနဆုိင္ရာမ်ား၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားႏွင့္ ျပည္သူ႕စစ္ဌာေန အဖြဲ႕၀င္မ်ားအားေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္အတူ နယ္စပ္ေရးရာ ၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ညီညီေဆြ၊ ျပည္ထဲေရး ၀န္ႀကီးဌာနဒုတိယ၀န္ႀကီး ဗုိလ္ခ်ဳပ္ေအာင္စုိး ပူတာ အုိၿမိဳရွိ ရပ္မိရပ္ဖမ်ား၊ ေဒသခံတုိင္းရင္းသားမ်ား၊ ဌာနဆုိင္ရာမ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕၀င္မ်ားႏွင့္ ျပည္သူ႕စစ္ဌာေနအဖြဲ႕၀င္မ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ပူတာအုိနယ္ေျမေဒသ တည္ၿငိမ္ေအးခ်မ္းခ်ိန္တြင္ သြားလာေရးခက္ခဲမႈမရွိေသာ္လည္း တည္ၿငိမ္ေအးခ်မ္းမႈ မရွိခ်ိန္တြင္ သြားလာမႈခက္ခဲေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတို႔ေဒသစား၀တ္ေနေရးဖူလုံေအာင္ နည္းလမ္းရွာ၍ေဆာင္ရြက္ရန္လုိေၾကာင္း ပူတာအုိေဒသအတြက္ အေရးေပၚအေျခအေန တြင္လမ္းပမ္းဆက္သြယ္မႈျပတ္ေတာက္ပါက တပ္မေတာ္မွဦးစားေပးအေနျဖင့္ ကူညီ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ စီးပြားေရးပညာေရး၊ က်န္းမာေရးေကာင္းမြန္ ေအာင္ေဆာင္ရြက္ရန္ႏွင့္ ေဒသ၀မ္းစာဖူလုံေရးအတြက္အေလးထားေဆာင္ရြက္ရာတြင္ အထြက္ႏႈန္းတုိးရန္ႏွင့္စုိက္ဧကတုိးခ်ဲ႕ႏုိင္ရန္၊ မူးယစ္ေဆး၀ါးကင္းစင္ေရးအတြက္ ေဆာင္ရြက္ရန္လုိေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသလုိအပ္ခ်က္မ်ားကုိ ရင္းရင္းႏွီးႏွီးေမးျမန္းၿပီး သက္ဆုိင္ရာ တာ၀န္ရွိသူမ်ားႏွင့္ေဒသခံမ်ား၏ ေဒသၿငိမ္းခ်မ္းေရး ႏွင့္ဖြံ႕ၿဖိဳး တုိးတက္ေရးအတြက္တင္ျပခ်က္မ်ား အေပၚ ၫႇိႏႈိင္းအႀကံျပဳေဆာင္ရြက္ေပးသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္စက္႐ုံထုတ္အ၀တ္ အထည္မ်ားႏွင့္ စားေသာက္ ဖြယ္ရာမ်ားအားလည္းေကာင္း၊ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား ကစားေသာက္ဖြယ္ရာမ်ားအား လည္းေကာင္း အသီးသီးေပးအပ္ၾကရာ ရပ္မိရပ္ဖမ်ား၊ ေဒသခံတုိင္းရင္းသား မ်ား၊ ဌာနဆုိင္ရာမ်ားကလက္ခံရယူၾကသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တက္ေရာက္ လာၾကသည့္ရပ္မိရပ္ဖမ်ား၊ ေဒသခံတုိင္းရင္းသားမ်ား၊ ဌာနဆုိင္ရာမ်ားအားရင္းရင္းႏွီး ႏွီးလုိက္လံႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပူတာအိုမြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်း သားများ၊ ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ မတ်  ၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင်ပူတာအိုမြို့ရှိ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအားတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ ပြည်ထဲရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ပူတာ အိုမြိုရှိ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပူတာအိုနယ်မြေဒေသ တည်ငြိမ်အေးချမ်းချိန်တွင် သွားလာရေးခက်ခဲမှုမရှိသော်လည်း တည်ငြိမ်အေးချမ်းမှု မရှိချိန်တွင် သွားလာမှုခက်ခဲကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသစားဝတ်နေရေးဖူလုံအောင် နည်းလမ်းရှာ၍ဆောင်ရွက်ရန်လိုကြောင်း ပူတာအိုဒေသအတွက် အရေးပေါ်အခြေအနေ တွင်လမ်းပမ်းဆက်သွယ်မှုပြတ်တောက်ပါက တပ်မတော်မှဦးစားပေးအနေဖြင့် ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီးပွားရေးပညာရေး၊ ကျန်းမာရေးကောင်းမွန် အောင်ဆောင်ရွက်ရန်နှင့် ဒေသဝမ်းစာဖူလုံရေးအတွက်အလေးထားဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးရန်နှင့်စိုက်ဧကတိုးချဲ့နိုင်ရန်၊ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆောင်ရွက်ရန်လိုကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသလိုအပ်ချက်များကို ရင်းရင်းနှီးနှီးမေးမြန်းပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ဒေသခံများ၏ ဒေသငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက်တင်ပြချက်များ အပေါ် ညှိနှိုင်းအကြံပြုဆောင်ရွက်ပေးသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်စက်ရုံထုတ်အဝတ် အထည်များနှင့် စားသောက် ဖွယ်ရာများအားလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ ကစားသောက်ဖွယ်ရာများအား လည်းကောင်း အသီးသီးပေးအပ်ကြရာ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား များ၊ ဌာနဆိုင်ရာများကလက်ခံရယူကြသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့်ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာများအားရင်းရင်းနှီး နှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။