(၇၃)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ပုံတူပန်းပုရုပ်တုအား ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၂၆




 


၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မိမိ၏ပုံတူရုပ်တုအား ပေးအပ်လှူဒါန်းခြင်းသည် တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းမှုအပေါ်ပြည်သူများက လှိုက်လှဲစွာလက်ခံအသိအမှတ်ပြုခြင်းကိုထင်ဟပ်ပေါ်လွင်စေကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားများဒုက္ခရောက်ရပြီး ဖွံ့ဖြိုးတိုးတက်မှုမှာ အခြားနိုင်ငံများထက် များစွာနောက်ကျခဲ့ရသဖြင့် ငြိမ်းချမ်းရေးရရှိအောင် မဖြစ်မနေလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိစစ်ဆင်ရေးနယ်မြေများ၌ တာဝန်များထမ်းဆောင်ချိန်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် တတ်နိုင်သမျှလုပ်ဆောင်ပေးခဲ့ပြီး ဒုက္ခရောက်ရှိနေသူများအားလည်း ကယ်ထုတ်ပေးနိုင်ခဲ့သည်များရှိကြောင်း၊ မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်စတင်ထမ်းဆောင်ချိန်တွင်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာ၌ ယခင်အစိုးရသက်တမ်း သမ္မတကြီး ဦးသိန်းစိန်နှင့် ငြိမ်းချမ်ရေးရရှိအောင်ဆောင်ရွက်မည်ဟု ဆွေးနွေးခဲ့ပြီး ထိုသို့ဆွေးနွေးရာတွင် မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိပြီး ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်နှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မထိခိုက်လျှင် နိုင်ငံရေးဆွေးနွေးမှုများကို တပ်မတော်မှသဘောတူ ဆောင်ရွက်မည် ဖြစ်ကြောင်းပြောကြား၍ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့တိုင်းရင်းသားလူမျိုးများမှာ ရိုးသားမှုရှိသော်လည်းတချို့ပယောဂများကြောင့် ပြဿနာများဖြေရှင်းရာတွင် အခက်အခဲတချို့ရှိကြောင်း၊ ယခုကဲ့သို့ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိခြင်းမှာ မိမိတို့တပ်မတော်နှင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ယုံကြည်စွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ မည်သည့်အစိုးရ၊ မည်သည့်ပါတီမှတိုင်းပြည်ကို ဦးဆောင်သည်ဖြစ်စေ တိုင်းပြည်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်မှဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူလူထုငြိမ်းချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်ဖြစ်ကြောင်း၊ တပ်မတော်မှငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအပေါ်အသိအမှတ်ပြုသည့်အနေဖြင့် မိမိ၏ ပုံတူပန်းပုရုပ်တုအားထုဆစ်ပြီးပေးအပ်လှူဒါန်းကြသော ပြည်သူပြည်သားများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အလှူရှင်များအားကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။




(Unicode Version)

(၇၃)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ပုံတူပန်းပုရုပ်တုအား ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၂၆

(၇၃)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ပုံတူပန်းပုရုပ်တုအား ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်လက်ခံရယူသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလှူရှင်များဖြစ်ကြသည့် ဦးစောလှအေး၊ ဦးကျော်ကျော် နှင့် ပန်းပုပညာရှင် ဦးရဲရင့်နောင်လတ်တို့တက်ရောက်ကြသည်။

ဦးစွာ အလှူရှင်များကိုယ်စား ဦးကျော်ကျော်က ပိတောက်ကျီးပေါင်းသားဖြင့်ထုလုပ်ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ပုံတူပန်းပုရုပ်တုအားပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယခင်အစိုးရအဆက်ဆက်ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ခဲ့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ထမ်းဆောင်ချိန်တွင် မိမိတို့ကရင်ပြည်နယ်ဒေသအတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ NCA လက်မှတ်ရေးထိုးပွဲများပြုလုပ်နိုင်ခဲ့မှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများတွင် တိုးတက်ကောင်းမွန်လာကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လက်တွဲခေါ်ယူမှုဖြင့်ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ရောက်ရှိလာခဲ့ပြီး ကရင်ပြည်နယ်အတွင်းရှိပြည်သူလူထုများအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုအေးချမ်းသာယာစွာဖြင့်ဆောင်ရွက်လာနိုင်ခဲ့ကြောင်း၊ ထို့ကြောင့်မိမိတို့၏ ကျေးဇူးတင်မှုကိုဖော်ပြရန်အတွက် ပိတောက်ကျီးပေါင်းသားဖြင့်ထုလုပ်ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပုံတူရုပ်တုအား လာရောက်ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အလှူရှင်များက ပုံတူပန်းပုရုပ်တုအားပေးအပ်လှူဒါန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူရှင် ဦးစောလှအေးနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မိမိ၏ပုံတူရုပ်တုအား ပေးအပ်လှူဒါန်းခြင်းသည် တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းမှုအပေါ်ပြည်သူများက လှိုက်လှဲစွာလက်ခံအသိအမှတ်ပြုခြင်းကိုထင်ဟပ်ပေါ်လွင်စေကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားများဒုက္ခရောက်ရပြီး ဖွံ့ဖြိုးတိုးတက်မှုမှာ အခြားနိုင်ငံများထက် များစွာနောက်ကျခဲ့ရသဖြင့် ငြိမ်းချမ်းရေးရရှိအောင် မဖြစ်မနေလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိစစ်ဆင်ရေးနယ်မြေများ၌ တာဝန်များထမ်းဆောင်ချိန်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် တတ်နိုင်သမျှလုပ်ဆောင်ပေးခဲ့ပြီး ဒုက္ခရောက်ရှိနေသူများအားလည်း ကယ်ထုတ်ပေးနိုင်ခဲ့သည်များရှိကြောင်း၊ မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်စတင်ထမ်းဆောင်ချိန်တွင်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာ၌ ယခင်အစိုးရသက်တမ်း သမ္မတကြီး ဦးသိန်းစိန်နှင့် ငြိမ်းချမ်ရေးရရှိအောင်ဆောင်ရွက်မည်ဟု ဆွေးနွေးခဲ့ပြီး ထိုသို့ဆွေးနွေးရာတွင် မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိပြီး ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်နှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မထိခိုက်လျှင် နိုင်ငံရေးဆွေးနွေးမှုများကို တပ်မတော်မှသဘောတူ ဆောင်ရွက်မည် ဖြစ်ကြောင်းပြောကြား၍ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့တိုင်းရင်းသားလူမျိုးများမှာ ရိုးသားမှုရှိသော်လည်းတချို့ပယောဂများကြောင့် ပြဿနာများဖြေရှင်းရာတွင် အခက်အခဲတချို့ရှိကြောင်း၊ ယခုကဲ့သို့ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိခြင်းမှာ မိမိတို့တပ်မတော်နှင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင််အဖွဲ့များ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ယုံကြည်စွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ မည်သည့်အစိုးရ၊ မည်သည့်ပါတီမှတိုင်းပြည်ကို ဦးဆောင်သည်ဖြစ်စေ တိုင်းပြည်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်မှဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူလူထုငြိမ်းချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်ဖြစ်ကြောင်း၊ တပ်မတော်မှငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအပေါ်အသိအမှတ်ပြုသည့်အနေဖြင့် မိမိ၏ ပုံတူပန်းပုရုပ်တုအားထုဆစ်ပြီးပေးအပ်လှူဒါန်းကြသော ပြည်သူပြည်သားများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အလှူရှင်များအားကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရုပ်တုအား ကြည့်ရှုပြီး သိရှိလိုသည်များအားမေးမြန်းရာ အလှူရှင်ဦးစောလှအေးနှင့် အဖွဲ့ဝင်များက ရှင်းလင်းပြောကြားကြသည်။

ပုံတူကျီးပေါင်းပန်းပုရုပ်တုအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ NCA လက်မှတ်ရေးထိုးပွဲများ ပြုလုပ်နိုင်ခဲ့ခြင်းများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီး ပြည်သူလူထုများအနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများတွင် တိုးတက်ကောင်းမွန်စွာဆောင်ရွက်လာနိုင်သောကြောင့်ဂုဏ်ပြုသည့်အနေဖြင့် ထုလုပ်ထားခြင်းဖြစ်သည်။

အဆိုပါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ရုပ်တုအား မြိုင်ကြီးငူဒေသ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်အနီး ပေါက်ရောက်လျက်ရှိသည့် နှစ် ၁၀၀ ကျော်သက်တမ်းရှိ ပိတောက်ပင်၏ ကျီးပေါင်းသားဖြင့် ထွင်းထုထားခြင်းဖြစ်သည်။ သစ်အလှူရှင် ဦစောလှအေးလှူဒါန်းသည့် ပိတောက်ပင်၏ ကျီးပေါင်းသားပေါ်တွင် ဦးကျော်ကျော်၏စီစဉ်မှုဖြင့် ပန်းပုဆရာ ဦးရဲရင့်နောင်လတ်က ၂ လခန့်အချိန်ယူ ထုဆစ်ခဲ့ရပြီး ရုပ်တုထုလုပ်ပြီးစီးချိန်တွင် ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လာရောက်ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကျီးပေါင်းပန်းပုရုပ်တုမှာ အလေးချိန်အားဖြင့် တစ်တန်ခန့်ရှိပြီး ကာလတန်ဖိုးငွေကျပ် သိန်း ၁၀၀၀ ခန့်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။