(၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပ

ေနျပည္ေတာ္ ၊ မတ္ ၂၇

၂၀၁၈ ခုႏွစ္၊ (၇၃)ႏွစ္ေျမာက္တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားအား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္စစ္ေရးျပကြင္းႀကီး၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္မိန္႔ခြန္းေျပာၾကားသည္။

ဦးစြာ နံနက္ ၅ နာရီတြင္ ၂၀၁၈ ခုႏွစ္ (၇၃)ႏွစ္ေျမာက္တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနား၌ ပါ၀င္ခ်ီတက္ၾကမည့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)စစ္သည္မ်ား၊ တပ္မေတာ္(ၾကည္း) အမ်ဳိးသမီးစစ္ေရးျပ တပ္ခြဲ၊ တပ္မေတာ္(ေရ)အထူးစစ္ဆင္ေရးတပ္ဖြဲ႕(Navy SEALs)၊ အမ်ဳိးသမီးအထူးတပ္ဖြဲ႕၀င္မ်ား၊ ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႕၀င္မ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အမ်ဳိးသမီးစစ္ေရးျပတပ္ခြဲတို႔သည္ စစ္ေၾကာင္းႀကီးမ်ားအလိုက္ သစ္တပ္စစ္ေရးျပကြင္း၌ စတင္စု႐ံုးေရာက္ရွိေနရာယူၾကၿပီး စစ္ေရးျပအစီအစဥ္အတိုင္း ေဆာင္ရြက္ၾကသည္။

ထုိ႔ေနာက္ ေလအိတ္ပုေလြ(Bag Pipe)တပ္စုႏွင့္ ဗဟိုစစ္တီး၀ိုင္းအဖဲြ႕သည္ စစ္ေရးျပကြင္းႀကီးအတြင္းရွိ သတ္မွတ္ေနရာ၌ ေနရာယူသည္။ ထို႔ေနာက္ စစ္ေရးျပမွဴးႀကီး ဗုိလ္မွဴးခ်ဳပ္ ေအာင္ေအာင္ ဦးေဆာင္၍ အလံေတာ္အဖြဲ႕၊ ၎ေနာက္မွ စစ္ေၾကာင္းမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ေက်ာ္သန္း ဦးေဆာင္သည့္ စစ္အင္ဂ်င္နီယာ ၫႊန္ၾကားေရးမွဴး႐ံုး ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ ေထာက္ပံ့ႏွင့္ပို႔ေဆာင္ေရးၫႊန္ၾကားေရးမွဴး႐ံုး ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ ကာကြယ္ေရးပစၥည္းထုတ္လုပ္ေရးအရာရွိခ်ဳပ္႐ံုး ကုိယ္စားျပဳစစ္ေရးျပတပ္ခဲြ၊ ကမ္း႐ိုးတန္း ေဒသတိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ သံခ်ပ္ကာယႏၲရားတပ္ဖြဲ႕ ၫႊန္ၾကားေရးမွဴး႐ံုး ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲတို႔ပါ၀င္သည့္ အေနာ္ရထာစစ္ေၾကာင္း၊ စစ္ေၾကာင္းမွဴး ဗိုလ္မွဴးႀကီး မ်ဳိးမင္း ဦးေဆာင္သည့္ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ ဆက္သြယ္ေရးၫႊန္ၾကားေရးမွဴး႐ံုး ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ တို႔ပါ၀င္သည့္ က်န္စစ္သား စစ္ေၾကာင္း၊ စစ္ေၾကာင္းမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ေက်ာ္ထူးဦးေဆာင္သည့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ေရ) ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ လွ်ပ္စစ္ႏွင့္စက္မႈအင္ဂ်င္နီယာ ၫႊန္ၾကားေရးမွဴး႐ံုး ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ေရ) ကိုယ္စားျပဳစစ္ေရးျပတပ္ခဲြ(၁) တို႔ပါ၀င္သည့္ ဘုရင့္ေနာင္ စစ္ေၾကာင္း၊ စစ္ေၾကာင္းမွဴး ဗိုလ္မွဴးႀကီး မ်ဳိးေဇာ္၀င္း ဦးေဆာင္သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ကိုယ္စားျပဳ(အမ်ဳိးသမီး) စစ္ေရးျပတပ္ခြဲ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း) ကိုယ္စားျပဳ (အမ်ဳိးသမီး) စစ္ေရးျပ တပ္ခြဲ(၁)၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲတို႔ပါ၀င္သည့္ ေအာင္ေဇယ်စစ္ေၾကာင္း၊ စစ္ေၾကာင္းမွဴး ဗုိလ္မွဴးႀကီး စိုးတင္လတ္ ဦးေဆာင္သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ေလ) ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ ေဆး၀န္ထမ္းၫႊန္ၾကားေရးမွဴး႐ံုး ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ ေလေၾကာင္းရန္ကာကြယ္ေရး တပ္ဖြဲ႕အရာရွိခ်ဳပ္႐ံုး ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ေလ) ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ(၁)တို႔ပါ၀င္သည့္ ဆင္ျဖဴရွင္စစ္ေၾကာင္း၊ စစ္ေၾကာင္းမွဴး ဗိုလ္မွဴးႀကီး ျမင့္စိုး ဦးေဆာင္သည့္ ေလေၾကာင္းခ်ီစစ္ေရးျပတပ္ခြဲ၊ စစ္လက္နက္ပစၥည္း ၫႊန္ၾကားေရးမွဴး႐ံုး ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ အေျမႇာက္တပ္ဖြဲ႕ၫႊန္ၾကားေရးမွဴး႐ုံး ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲတို႔ ပါ၀င္သည့္ဗႏၶဳလစစ္ေၾကာင္း၊ စစ္ေၾကာင္းမွဴးရဲမွဴးႀကီး ဗညားဦး ဦးေဆာင္သည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ကိုယ္စားျပဳ (အမ်ိဳးသမီး)စစ္ေရးျပတပ္ခြဲ၊ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႕ကိုယ္စားျပဳ (အမ်ိဳးသမီး) စစ္ေရးျပတပ္ခြဲ(၁)၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ကုိယ္စားျပဳ (အမ်ိဳးသား)စစ္ေရးျပတပ္ခြဲ(၁)၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ကုိယ္စားျပဳ (အမ်ိဳးသား)စစ္ေရးျပတပ္ခြဲ(၂)၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ကုိယ္စားျပဳ (အမ်ိဳးသား) စစ္ေရးျပတပ္ခြဲ(၃) တို႔ပါ၀င္သည့္ျမ၀တီစစ္ေၾကာင္း၊ ၎ေနာက္မွ အထူးတာ၀န္တပ္ဖဲြ႕ ကိုယ္စားျပဳ(အမ်ဳိးသမီး) စစ္ေရးျပတပ္ခြဲ၊ တပ္မေတာ္(ေရ)အထူး စစ္ဆင္ေရးတပ္ဖြဲ႕(Navy SEALs) တို႔သည္ စစ္တီး၀ိုင္းအဖြဲ႕မ်ားႏွင့္အတူ စုရပ္မွ စစ္ေရးျပကြင္းႀကီးသုိ႔ အစီအစဥ္ အတုိင္းခ်ီတက္ၾကသည္။

ထိုသို႔ခ်ီတက္ခ်ိန္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၏ဇနီး ေဒၚသန္းသန္းႏြယ္၊ ညိႇႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)၏ ဇနီး ေဒၚသက္သက္ေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၏ဇနီး ေဒၚသန္းသန္းေအး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)၏ဇနီး ေဒၚေအာင္မာျမင့္ ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ား၏ ဇနီးမ်ားက ဂုဏ္ျပဳပန္းကံုးမ်ားစြပ္၍ ႀကိဳဆိုၾကသည္။

အလားတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ အရာရွိ၊ စစ္သည္ မိသားစုမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ႏွင့္ တပ္နယ္အသီးသီးတို႔မွ အရာရွိ၊ စစ္သည္ မိသားစုမ်ား၊ ေဒသခံမိဘျပည္သူမ်ားကလည္း စစ္ေၾကာင္းႀကီးမ်ားခ်ီတက္ရာ လမ္းတစ္ေလွ်ာက္ ေသာင္းေသာင္းျဖျဖႀကိဳဆိုကာ ဂုဏ္ျပဳပန္းကံုးမ်ား စြပ္ၾကသည္။

ထိုကဲ႔သို႔စစ္ေၾကာင္းႀကီးမ်ားမွ တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၀င္မ်ား စုစုေပါင္းအင္အား ၁၂၄၃၄ ဦးတို႔သည္ ဇာတိေသြး၊ ဇာတိမာန္အျပည့္ျဖင့္ စစ္ခ်ီေတးမ်ားကို သံၿပိဳင္ဟစ္ေၾကြးသီဆိုခ်ီတက္လာၾကၿပီး စစ္ေရးျပကြင္းႀကီးအတြင္းသို႔ ေရာက္ရွိေနရာယူၾကသည္။

အဆိုပါ (၇၃)ႏွစ္ေျမာက္တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားသို႔ ျပည္သူ႕လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္၊ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္း၊ အမ်ိဳးသားလႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေအးသာေအာင္၊ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ လြတ္လပ္ေရးေမာ္ကြန္း၀င္ ပထမအဆင့္၊ ဒုတိယအဆင့္ႏွင့္ တတိယအဆင့္ ေမာ္ကြန္း၀င္ပုဂၢိဳလ္မ်ား၊ တပ္မေတာ္အၿငိမ္းစားအရာရွိႀကီးမ်ား၊ လႊတ္ေတာ္ေကာ္မတီမ်ားမွ ဥကၠ႒မ်ား၊ တပ္မေတာ္သား လႊတ္ေတာ္ ကုိယ္စားလွယ္မ်ား၊ ၂၀၁၇ ခုႏွစ္တြင္သူရဘြဲ႔ႏွင့္ တပ္မေတာ္စြမ္းရည္သတၱိဆုိင္ရာ ဂုဏ္ထူးေဆာင္ ဘြဲ႕/တံဆိပ္ ရရွိခဲ့ၾကေသာအရာရွိ၊ စစ္သည္မ်ားႏွင့္အေမြခံမ်ား၊ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထုိးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားမွကိုယ္စားလွယ္မ်ား၊ ျပည္သူ႕စစ္ႏွင့္ နယ္ျခားေစာင့္ ဗဟိုအႀကံေပးကြပ္ကဲေရးအဖြဲ႕မ်ား၊ ႏိုင္ငံျခားစစ္သံ႐ံုးမ်ားမွ စစ္သံမွဴးမ်ားႏွင့္တာ၀န္ရွိသူမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္ ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္းတုိ႕မွ တာ၀န္ရွိသူမ်ား၊ ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား၊ တိုင္းရင္းသားဖြံ႕ၿဖဳိးေရးတကၠသိုလ္မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ တကၠသိုလ္ေလ့က်င့္ေရးတပ္မ်ားမွ တပ္ဖြဲ႕၀င္မ်ား၊ ျမန္မာႏိုင္ငံသတင္း မီဒီယာေကာင္စီအဖြဲ႕၀င္မ်ား၊ အႏုပညာရွင္မ်ား၊ စစ္ခ်ီသီခ်င္း၊ စစ္သည္ေတးသီခ်င္း၊ ကဗ်ာ၊ ၀တၳဳတုိ၊ ၀တၳဳရွည္ ၿပိဳင္ပြဲမ်ားတြင္ဆုရရွိၾကသူမ်ား၊ ေရေၾကာင္းလူငယ္၊ ေလေၾကာင္း လူငယ္သင္တန္းမ်ားမွ အုပ္ခ်ဳပ္သူနည္းျပမ်ားႏွင့္ သင္တန္းသား၊ သင္တန္းသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားက်င္းပသည့္ စစ္ေရးျပကြင္းႀကီးသို႔ ျမင္းစီးတပ္ဖြဲ႕၀င္မ်ား ၿခံရံလ်က္ေရာက္ရွိၿပီး အေလးျပဳခံစင္ျမင့္၌ ေနရာယူရာ စစ္ေၾကာင္းႀကီးမ်ားမွ တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၀င္မ်ားက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အေလးျပဳၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ စစ္ေရးျပစစ္ေၾကာင္းႀကီးမ်ားအား လိုက္လံစစ္ေဆးသည္။

ဆက္လက္၍ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အလံအား အေလးျပဳၾကရာ ဗဟိုစစ္တီး၀ိုင္းအဖြဲ႕က ႏိုင္ငံေတာ္သီခ်င္းကို တီးမႈတ္သည္။ ယင္းေနာက္ က်ဆုံးေလၿပီးေသာ တပ္မေတာ္သားမ်ားအား အေလးျပဳၾကၿပီး စစ္ေၾကာင္းႀကီးမ်ားမွ (ၾကည္း၊ေရ၊ေလ) တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၀င္မ်ားက သစၥာေလးခ်က္ကို သံၿပိဳင္ညီညာရြတ္ဆိုၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က မိန္႔ခြန္းေျပာၾကားသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္အား စစ္ေရးျပမွဴးႀကီး ဗိုလ္မွဴးခ်ဳပ္ ေအာင္ေအာင္ ဦးေဆာင္ေသာ စစ္ေၾကာင္းႀကီးမ်ားမွ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၀င္မ်ားက အစီအစဥ္အတိုင္း စစ္ေၾကာင္းပုံျဖင့္ ခ်ီတက္အေလးျပဳၾကၿပီး စစ္ေရးျပကြင္းႀကီးအတြင္းမွ ျပန္လည္ထြက္ခြာၾကသည္။

ထိုသို႔ခ်ီတက္အေလးျပဳခ်ိန္တြင္ တပ္မေတာ္(ေလ)မွ သယ္ယူပုိ႔ေဆာင္ေရး ရဟတ္ယာဥ္ ၄ စီးက ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အလံႏွင့္ တပ္မေတာ္ (ၾကည္း၊ ေရ၊ေလ)အလံမ်ားကို အသီးသီးခ်ိတ္ဆြဲ၍ အစဥ္လိုက္ပ်ံသန္းၾကသည္။ အထူးတာ၀န္တပ္ဖြဲ႕ ကိုယ္စားျပဳ(အမ်ဳိးသမီး) စစ္ေရးျပတပ္ခြဲမွ အရာရွိ၊ စစ္သည္မ်ား၊ တပ္မေတာ္(ေရ)မွ ေရတပ္စစ္ဆင္ေရးအထူးတပ္ဖြဲ႕ (Navy SEALs)မွ အရာရွိ၊ စစ္သည္မ်ားက ရဟတ္ယာဥ္မ်ားေပၚမွ အျမန္ဆင္းႀကိဳးမ်ားျဖင့္ ေျမျပင္ေပၚသို႔ အသီးသီးဆင္းသက္ၾကၿပီး စစ္ေရးျပ စစ္ေၾကာင္းမ်ားႏွင့္အတူ လိုက္ပါခ်ီတက္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္(ေလ)မွ တိုက္ခိုက္ေရးရဟတ္ယာဥ္ ၁ စီးႏွင့္ အေပါ့စား သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္ ၃ စီးတုိ႔က အမ်ဳိးအစားမတူညီေသာ ရဟတ္ယာဥ္မ်ား အုပ္ဖြဲ႔လ်က္ ပံုစံျဖင့္ လည္းေကာင္း၊ အေပါ့စားသယ္ယူပို႔ေဆာင္ေရး ေလယာဥ္ ၃ စီးက Vic Formation ပံုစံျဖင့္လည္းေကာင္း၊ အလတ္စား သယ္ယူပို႔ေဆာင္ေရးေလယာဥ္ ၁ စီး၊ အေမာင္းသင္ေလယာဥ္ ၄ စီးတို႕က အမ်ဳိးအစားမတူညီေသာ အုပ္ဖြဲ႔လ်က္ Arrow Head Composite Formation ပံုစံျဖင့္လည္းေကာင္း၊ အလတ္စား သယ္ယူပို႔ေဆာင္ေရး ေလယာဥ္ ၁ စီး၊ တိုက္ခိုက္ေရးဂ်က္ေလယာဥ္ ၂ စီးတုိ႔က အမ်ဳိးအစားမတူအုပ္ဖြဲ႕ပ်ံသန္း၍ Composite Formation ပုံစံျဖင့္လည္းေကာင္း၊ အလတ္စားသယ္ယူပို႔ေဆာင္ေရးေလယာဥ္ ၁ စီးႏွင့္ အေပါ့စား အေမာင္းသင္ဂ်က္တိုက္ေလယာဥ္ ၄ စီးတို႕က Smoke Trail မ်ားအသံုးျပဳ ပ်ံသန္း၍လည္းေကာင္း၊ အဆင့္ျမင့္ ေလ့က်င့္ေရး ဂ်က္တိုက္ေလယာဥ္ ၄ စီးက ပ်ံသန္း၍လည္းေကာင္း၊ ၾကားျဖတ္တုိက္ခုိက္ေရးေလယာဥ္ ၅ စီးက Arrow Head Formation ပံုစံျဖင့္ လည္းေကာင္း၊ ဘက္စုံသုံးဂ်က္တုိက္ေလယာဥ္ ၅ စီးက Arrow Head Formation ပံုစံျဖင့္ပ်ံသန္းၿပီး ယပ္ေတာင္သဏၭာန္ခြဲထြက္ကာ မီးက်ည္မ်ားပစ္လႊတ္၍ လည္းေကာင္း အသီးသီး သ႐ုပ္ျပပ်ံသန္းၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အေလးျပဳၾကသည္။
ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ စစ္ေရးျပကြင္းႀကီးမွ ျပန္လည္ထြက္ခြာသြားၿပီး ၂၀၁၈ ခုႏွစ္ (၇၃)ႏွစ္ေျမာက္ တပ္မေတာ္ေန႔စစ္ေရးျပ အခမ္းအနားကို ႐ုပ္သိမ္းလိုက္သည္။

၂၀၁၈ခုႏွစ္၊ (၇၃)ႏွစ္ေျမာက္တပ္မေတာ္ေန႔ စစ္ေရးျပက်င္းပေသာ ေနျပည္ေတာ္ စစ္ေရးျပကြင္းႀကီးတြင္ ခံ့ညားစြာစိုက္ထူထားသည့္ ပထမ၊ ဒုတိယႏွင့္ တတိယ ျမန္မာႏိုင္ငံေတာ္တို႔ကို တည္ေထာင္ခဲ႔ၾကေသာ မင္းသုံးပါးတို႔၏ ေၾကး႐ုပ္တုႀကီးမ်ားကိုလည္းေကာင္း၊ တပ္မေတာ္ေန႔ မီး႐ွဴးတိုင္ႏွင့္ (၇၃)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ အထိမ္းအမွတ္ တံဆိပ္ႀကီးကိုလည္းေကာင္း၊ ၀င့္ထည္စြာေတြ႕ျမင္ႏိုင္သည့္အျပင္ ဗမာ့လြတ္လပ္ေရး တပ္မေတာ္အလံ၊ ဗမာ့ကာကြယ္ေရးတပ္မေတာ္အလံ၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အလံမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ၫႊန္ၾကားေရးမွဴး႐ုံးအလံမ်ား၊ တိုင္းစစ္ဌာနခ်ဳပ္၊ တပ္မဌာနခ်ဳပ္ အသီးသီးႏွင့္ တပ္ရင္းတပ္ဖြဲ႕မ်ား၏ အမွတ္တံဆိပ္ပါေရာင္စုံအလံမ်ား တလြင့္လြင့္ လႊင့္ထူထားၾကသည္ တို႔ကိုလည္း ေတြ႕ျမင္ႏိုင္သည္။

ထို႔အျပင္ (၇၃)ႏွစ္ေျမာက္တပ္မေတာ္ေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ စုရပ္သစ္တပ္ စစ္ေရးျပကြင္းအနီးရွိ ရန္ကုန္-မႏၲေလးကားလမ္းမႏွင့္ ပင္ေလာင္းလမ္းဆုံတြင္ မ်ဳိးခ်စ္စိတ္ဓာတ္ရွင္သန္ထက္ျမက္ၿပီး ဇာတိေသြး၊ ဇာတိမာန္ တက္ၾကြေစမည့္ တပ္မေတာ္(ၾကည္း၊ ေရ၊ေလ)စစ္သည္မ်ား၏ လႈပ္ရွားမႈပုံရိပ္မ်ားကို ေဖာ္ၾကဴးထားေသာ ပိုစတာႀကီးမ်ားကို စိုက္ထူထားရွိ၍ စစ္ေၾကာင္းႀကီးမ်ား ခ်ီတက္ရာ လမ္းတစ္ေလွ်ာက္ တြင္လည္း တပ္မေတာ္၏ ေဆာင္ပုဒ္မ်ားအား ျမန္မာ၊ အဂၤလိပ္ႏွစ္ဘာသာျဖင့္ ဆိုင္းဘုတ္မ်ားစိုက္ထူထားၿပီး စာတန္းမ်ားကိုလည္း ခ်ိတ္ဆြဲထားရွိသည္။ (၇၃)ႏွစ္ေျမာက္တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားတြင္ ျပည္တြင္း၊ ျပည္ပ သတင္းမီဒီယာမ်ားကလည္း စိတ္ပါ၀င္စားစြာျဖင့္လာေရာက္ သတင္းရယူခဲ့ၾကသည္။

 

(Unicode Version)

(၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပ

နေပြည်တော် ၊ မတ် ၂၇

၂၀၁၈ ခုနှစ်၊ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်းကြီး၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဦးစွာ နံနက် ၅ နာရီတွင် ၂၀၁၈ ခုနှစ် (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါ၀င်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြ တပ်ခွဲ၊ တပ်မတော်(ရေ)အထူးစစ်ဆင်ရေးတပ်ဖွဲ့(Navy SEALs)၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိနေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ထို့နောက် လေအိတ်ပုလွေ(Bag Pipe)တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်းကြီးအတွင်းရှိ သတ်မှတ်နေရာ၌ နေရာယူသည်။ ထို့နောက် စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်၍ အလံတော်အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်သန်း ဦးဆောင်သည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ပါ၀င်သည့် အနော်ရထာစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မျိုးမင်း ဦးဆောင်သည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ တို့ပါ၀င်သည့် ကျန်စစ်သား စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထူးဦးဆောင်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁) တို့ပါ၀င်သည့် ဘုရင့်နောင် စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မျိုးဇော်ဝင်း ဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ(၁)၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ပါ၀င်သည့် အောင်ဇေယျစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး စိုးတင်လတ် ဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)တို့ပါ၀င်သည့် ဆင်ဖြူရှင်စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မြင့်စိုး ဦးဆောင်သည့် လေကြောင်းချီစစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အမြှောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ ပါ၀င်သည့်ဗန္ဓုလစစ်ကြောင်း၊ စစ်ကြောင်းမှူးရဲမှူးကြီး ဗညားဦး ဦးဆောင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃) တို့ပါ၀င်သည့်မြဝတီစစ်ကြောင်း၊ ၎င်းနောက်မှ အထူးတာဝန်တပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ တပ်မတော်(ရေ)အထူး စစ်ဆင်ရေးတပ်ဖွဲ့(Navy SEALs) တို့သည် စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စုရပ်မှ စစ်ရေးပြကွင်းကြီးသို့ အစီအစဉ် အတိုင်းချီတက်ကြသည်။

ထိုသို့ချီတက်ချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၏ ဇနီး ဒေါ်သက်သက်အောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ဇနီး ဒေါ်သန်းသန်းအေး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၏ဇနီး ဒေါ်အောင်မာမြင့် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများက ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒေသခံမိဘပြည်သူများကလည်း စစ်ကြောင်းကြီးများချီတက်ရာ လမ်းတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများ စွပ်ကြသည်။

ထိုကဲ့သို့စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၂၄၃၄ ဦးတို့သည် ဇာတိသွေး၊ ဇာတိမာန်အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေးသီဆိုချီတက်လာကြပြီး စစ်ရေးပြကွင်းကြီးအတွင်းသို့ ရောက်ရှိနေရာယူကြသည်။

အဆိုပါ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၊ ၂၀၁၇ ခုနှစ်တွင်သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ် ရရှိခဲ့ကြသောအရာရှိ၊ စစ်သည်များနှင့်အမွေခံများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှကိုယ်စားလှယ်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့် ဗဟိုအကြံပေးကွပ်ကဲရေးအဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ၀တ္ထုတို၊ ၀တ္ထုရှည် ပြိုင်ပွဲများတွင်ဆုရရှိကြသူများ၊ ရေကြောင်းလူငယ်၊ လေကြောင်း လူငယ်သင်တန်းများမှ အုပ်ချုပ်သူနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပသည့် စစ်ရေးပြကွင်းကြီးသို့ မြင်းစီးတပ်ဖွဲ့ဝင်များ ခြံရံလျက်ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဗဟိုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။ ယင်းနောက် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး စစ်ကြောင်းကြီးများမှ (ကြည်း၊ရေ၊လေ) တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သစ္စာလေးချက်ကို သံပြိုင်ညီညာရွတ်ဆိုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က မိန့်ခွန်းပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ထိုသို့ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၄ စီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊လေ)အလံများကို အသီးသီးချိတ်ဆွဲ၍ အစဉ်လိုက်ပျံသန်းကြသည်။ အထူးတာဝန်တပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲမှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ရေ)မှ ရေတပ်စစ်ဆင်ရေးအထူးတပ်ဖွဲ့ (Navy SEALs)မှ အရာရှိ၊ စစ်သည်များက ရဟတ်ယာဉ်များပေါ်မှ အမြန်ဆင်းကြိုးများဖြင့် မြေပြင်ပေါ်သို့ အသီးသီးဆင်းသက်ကြပြီး စစ်ရေးပြ စစ်ကြောင်းများနှင့်အတူ လိုက်ပါချီတက်ကြသည်။

ထို့နောက် တပ်မတော်(လေ)မှ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးနှင့် အပေါ့စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၃ စီးတို့က အမျိုးအစားမတူညီသော ရဟတ်ယာဉ်များ အုပ်ဖွဲ့လျက် ပုံစံဖြင့် လည်းကောင်း၊ အပေါ့စားသယ်ယူပို့ဆောင်ရေး လေယာဉ် ၃ စီးက Vic Formation ပုံစံဖြင့်လည်းကောင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီး၊ အမောင်းသင်လေယာဉ် ၄ စီးတို့က အမျိုးအစားမတူညီသော အုပ်ဖွဲ့လျက် Arrow Head Composite Formation ပုံစံဖြင့်လည်းကောင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ် ၁ စီး၊ တိုက်ခိုက်ရေးဂျက်လေယာဉ် ၂ စီးတို့က အမျိုးအစားမတူအုပ်ဖွဲ့ပျံသန်း၍ Composite Formation ပုံစံဖြင့်လည်းကောင်း၊ အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် အပေါ့စား အမောင်းသင်ဂျက်တိုက်လေယာဉ် ၄ စီးတို့က Smoke Trail များအသုံးပြု ပျံသန်း၍လည်းကောင်း၊ အဆင့်မြင့် လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ် ၄ စီးက ပျံသန်း၍လည်းကောင်း၊ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်ပျံသန်းပြီး ယပ်တောင်သဏ္ဌာန်ခွဲထွက်ကာ မီးကျည်များပစ်လွှတ်၍ လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာသွားပြီး ၂၀၁၈ ခုနှစ် (၇၃)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

၂၀၁၈ခုနှစ်၊ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော် စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကိုလည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၃)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တံဆိပ်ကြီးကိုလည်းကောင်း၊ ၀င့်ထည်စွာတွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ရေ၊လေ) အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည် တို့ကိုလည်း တွေ့မြင်နိုင်သည်။

ထို့အပြင် (၇၃)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုရပ်သစ်တပ် စစ်ရေးပြကွင်းအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော်(ကြည်း၊ ရေ၊လေ)စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကြူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိ၍ စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းတစ်လျှောက် တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များအား မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များစိုက်ထူထားပြီး စာတန်းများကိုလည်း ချိတ်ဆွဲထားရှိသည်။ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကလည်း စိတ်ပါ၀င်စားစွာဖြင့်လာရောက် သတင်းရယူခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။