ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဧၿပီ ၁၀

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစု ဆ႒မအႀကိမ္ စုေပါင္းရဟန္းခံရွင္ျပဳအလွဴေတာ္၊ သာမေဏရပဗၺဇၨ မဂၤလာအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေရဆင္း၊ ကန္ဦးေက်ာင္းတုိက္၌က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ညိႇႏိႈင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ မႏၲေလးၿမိဳ႕၊ မဟာ၀ိဇိတာ႐ုံေက်ာင္းတုိက္ ပဓာနနာယကဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ အဂၢမဟာ သဒၵမၼေဇာတိကဓဇ ဘႏၵႏၲ ၀ိစာရိႏၵာဘိ၀ံသႏွင့္ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ဥကၠ႒ “ေရႊက်င္”၊ ကန္ဦးေက်ာင္းတုိက္ ဆရာေတာ္ မဟာဂႏၴ၀ါစကပ႑ိတ သာသနဓဇ ဓမၼာစရိယဘဒၵႏၲ၀ိလာသအား ဖူးေျမာ္ ၾကည္ညိဳၾကသည္။

ထုိ႔ေနာက္ ဒုလႅဘရဟန္းေလာင္းမ်ားႏွင့္ ရွင္သာမေဏေလာင္းမ်ားအား ေကသေစၦဒနဆံခ်ျခင္း၊ ကာသာယစၦာဒန သကၤန္း၀တ္ျခင္းႏွင့္ သာရဏဒါန သရဏဂုံေပးျခင္းမဂၤလာမ်ားအား သာသနာေတာ္လာ ထုံးတမ္းအစဥ္အလာမ်ားႏွင့္အညီ အစီအစဥ္အတုိင္း က်င္းပျပဳလုပ္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။

ထုိ႔အတူ ပ်ဥ္းမနားၿမိဳ႕ မဂၤလာေဇယ်ဳံပါဠိတကၠသုိလ္ေက်ာင္းတုိက္ႏွင့္ ရတနာစံပရိယတၱိစာသင္တုိက္ တုိ႔တြင္လည္း ဒုလႅဘရဟန္းေလာင္းမ်ားႏွင့္ ရွင္သာမေဏေလာင္းမ်ားအား ေကသေစၦဒနဆံခ်ျခင္း၊ ကာသာယစၦာဒန သကၤန္း၀တ္ျခင္းႏွင့္ သာရဏဒါနသရဏဂုံေပးျခင္း မဂၤလာမ်ားအား သာသနာေတာ္လာ ထုံးတမ္းအစဥ္အလာမ်ားႏွင့္အညီ အစီအစဥ္အတုိင္း က်င္းပျပဳလုပ္ၾကရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ခဲ့ၾကသည္။

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစု ဆ႒မအႀကိမ္ စုေပါင္း ရဟန္းခံရွင္ျပဳအလွဴေတာ္ မဂၤလာအခမ္းအနားတြင္ ဒုလႅဘရဟန္းေလာင္းႏွင့္ ရွင္သာမေဏေလာင္း ၃၀၈ ဦးတုိ႔အား ယေန႔နံနက္ပုိင္းတြင္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၀န္းရွိ န၀ေဒးခန္းမမွ အိမ္ေထာင္သည္လုိင္းမ်ား အတြင္း စည္ကားသုိက္ၿမိဳက္စြာလွည့္လည္ၿပီး ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီးသုိ႔ ပုိ႔ေဆာင္ကာ ေစတီေတာ္ျမတ္ႀကီးအား ေဒ၀ါ၀င္း၊ ရာဇာ၀င္မ်ား၊ ကြမ္းေတာင္ကုိင္၊ ပန္းေတာင္ကုိင္မ်ားျဖင့္ လက္ယာရစ္လွည့္လည္၍ ဖူးေျမာ္ၾကည္ညိဳခဲ့ၾကသည္။

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၁၀

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံရှင်ပြုအလှူတော်၊ သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း၊ ကန်ဦးကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်သြဝါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘန္ဒန္တ ၀ိစာရိန္ဒာဘိ၀ံသနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ “ရွှေကျင်”၊ ကန်ဦးကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယဘဒ္ဒန္တဝိလာသအား ဖူးမြော် ကြည်ညိုကြသည်။

ထို့နောက် ဒုလ္လဘရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ကေသစ္ဆေဒနဆံချခြင်း၊ ကာသာယစ္ဆာဒန သင်္ကန်းဝတ်ခြင်းနှင့် သာရဏဒါန သရဏဂုံပေးခြင်းမင်္ဂလာများအား သာသနာတော်လာ ထုံးတမ်းအစဉ်အလာများနှင့်အညီ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့အတူ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ရတနာစံပရိယတ္တိစာသင်တိုက် တို့တွင်လည်း ဒုလ္လဘရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ကေသစ္ဆေဒနဆံချခြင်း၊ ကာသာယစ္ဆာဒန သင်္ကန်းဝတ်ခြင်းနှင့် သာရဏဒါနသရဏဂုံပေးခြင်း မင်္ဂလာများအား သာသနာတော်လာ ထုံးတမ်းအစဉ်အလာများနှင့်အညီ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်း ရဟန်းခံရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနားတွင် ဒုလ္လဘရဟန်းလောင်းနှင့် ရှင်သာမဏေလောင်း ၃၀၈ ဦးတို့အား ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၀န်းရှိ နဝဒေးခန်းမမှ အိမ်ထောင်သည်လိုင်းများ အတွင်း စည်ကားသိုက်မြိုက်စွာလှည့်လည်ပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ပို့ဆောင်ကာ စေတီတော်မြတ်ကြီးအား ဒေဝါ၀င်း၊ ရာဇာဝင်များ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များဖြင့် လက်ယာရစ်လှည့်လည်၍ ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။