တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မြန်မာ့ရိုးရာမဟာ သင်္ကြန်နှစ်သစ်ကူးဆုမွန်စကားများပြောကြား

ေနျပည္ေတာ္၊ ဧၿပီ – ၁၇

ျမန္မာသကၠရာဇ္ ၁၃၇၉ ခုႏွစ္ ျမန္မာ့႐ုိးရာမဟာသႀကၤန္ အတတ္ေန႕ျဖစ္ေသာ ဧၿပီ ၁၆ ရက္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတုိ႔သည္ ျပင္ဦးလြင္တပ္နယ္ရွိ သင္တန္းေက်ာင္းမ်ားႏွင့္တပ္ရင္း၊ တပ္ဖြဲ႕မ်ား၏ မိသားစုေရသဘင္မ႑ပ္မ်ား၌ အရာရွိ၊ စစ္သည္၊ မိသားစု၀င္မ်ားႏွင့္ ဗုိလ္ေလာင္းမ်ား၏ ေပ်ာ္ရႊင္စြာေရသဘင္ပြဲေတာ္ဆင္ႏႊဲေနမႈမ်ားကုိ လုိက္လံၾကည့္႐ႈအားေပးခဲ့သည္။

ထုိသုိ႔သႀကၤန္အတက္ေန႔ ေရသဘင္မ႑ပ္မ်ားကုိ လုိက္လံၾကည့္႐ႈအားေပးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ တုိ႔က တပ္မေတာ္နည္းပညာတကၠသုိလ္ ေရသဘင္မ႑ပ္၌ ႏွစ္သစ္ကူး ဆုမြန္စကားေျပာၾကားခဲ့သည္ကုိ ယခုလုိၾကားသိခဲ့ရပါသည္-

“လာမယ့္ႏွစ္သစ္ကာလမွာ ျမန္မာႏုိင္ငံသူႏုိင္ငံသားမ်ားအားလုံး၊ ျမန္မာႏုိင္ငံအတြင္းမွာရွိတဲ့လူေရာ၊ ျမန္မာႏုိင္ငံျပင္ပမွာေရာက္ေနတဲ့လူအားလုံး ကုိယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာပါေစလုိ႔ ဆုမြန္ေကာင္းေတာင္းပါတယ္၊ ၁၃၇၉ ခုႏွစ္အတြင္းမွာေတာ့ေျပာင္းလဲမႈအခ်ိဳ႕နဲ႔အတူ ျပည္သူေတြျဖတ္သန္းခဲ့ရတာ အမ်ားႀကီးရွိၾကတယ္၊ ဒီတစ္ႏွစ္လုံးမွာႀကဳံခဲ့ရတဲ့ ျဖတ္သန္းခဲ့ရတဲ့ပင္ပန္းမႈေတြကုိ ဒီႏွစ္သစ္ကာလမွာအားေတြေမြးၾကရတာေပါ့၊ ကုသုိလ္ေကာင္းမႈေတြလုပ္ၾက ရတာေပါ့၊ အဲ့ဒီကေနတစ္ဆင့္လာမယ့္ ၁၃၈၀ မွာလည္း ယခုထက္ပုိၿပီး တုိးတက္မႈ ေတြရရွိေအာင္ေဆာင္ရြက္ႏုိင္ၾကပါေစလုိ႔ ဆုေတာင္းပါတယ္”

“အန္တီတုိ႔ျမန္မာလူမ်ိဳးေတြရဲ႕အစဥ္အဆက္ကႏႊဲေပ်ာ္ခဲ့တဲ့ ႐ုိးရာယဥ္ေက်းမႈ ပြဲေတာ္တစ္ခုပါ၊ ေနာက္ၿပီးေတာ့ ျမန္မာတုိ႔ရဲ႕ႏွစ္သစ္ႏွစ္ဦးကုိ ကူးေျပာင္းတဲ့သႀကၤန္ကာလလည္းျဖစ္တယ္၊ ဒါေၾကာင့္မုိ႔ႏွစ္သစ္ႏွစ္ဦးျဖစ္တဲ့ ျမန္မာ့သႀကၤန္ကာလမွာ အန္တီတုိ႔ျမန္မာျပည္သူျပည္သားအားလုံးကုိယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာ ၾကပါေစ၊ ျမန္မာ့ တပ္မေတာ္သားအားလုံးလည္းေဘးအႏၲရာယ္ကင္းရွင္းၿပီးေတာ့ ႏွလုံးစိတ္၀မ္းေအးခ်မ္းၾကပါေစလုိ႔ အန္တီကဆုေတာင္းပါတယ္”။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မြန်မာ့ရိုးရာမဟာ သင်္ကြန်နှစ်သစ်ကူးဆုမွန်စကားများပြောကြား

နေပြည်တော်၊ ဧပြီ – ၁၇

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အတတ်နေ့ဖြစ်သော ဧပြီ ၁၆ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ပြင်ဦးလွင် တပ်နယ်ရှိ သင်တန်းကျောင်းများနှင့်တပ်ရင်း၊ တပ်ဖွဲ့များ၏ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ထိုသို့သင်္ကြန်အတက်နေ့ ရေသဘင်မဏ္ဍပ်များကို လိုက်လံကြည့်ရှုအားပေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က တပ်မတော်နည်းပညာတက္ကသိုလ် ရေသဘင်မဏ္ဍပ်၌ နှစ်သစ်ကူးဆုမွန်စကားပြောကြားခဲ့သည်ကို ယခုလိုကြားသိခဲ့ရပါသည်- 
“လာမယ့်နှစ်သစ်ကာလမှာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့လူရော၊ မြန်မာနိုင်ငံပြင်ပမှာရောက်နေတဲ့လူအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်၊ ၁၃၇၉ ခုနှစ်အတွင်းမှာတော့ပြောင်းလဲမှုအချို့နဲ့အတူ ပြည်သူတွေဖြတ်သန်းခဲ့ရတာ အများကြီးရှိကြတယ်၊ ဒီတစ်နှစ်လုံးမှာကြုံခဲ့ရတဲ့ ဖြတ်သန်းခဲ့ရတဲ့ပင်ပန်းမှုတွေကို ဒီနှစ်သစ်ကာလမှာအားတွေမွေးကြရတာပေါ့၊ ကုသိုလ်ကောင်းမှုတွေလုပ်ကြ ရတာပေါ့၊ အဲ့ဒီကနေတစ်ဆင့်လာမယ့် ၁၃၈၀ မှာလည်း ယခုထက်ပိုပြီး တိုးတက်မှု တွေရရှိအောင်ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်”

“အန်တီတို့မြန်မာလူမျိုးတွေရဲ့အစဉ်အဆက်ကနွှဲပျော်ခဲ့တဲ့ ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုပါ၊ နောက်ပြီးတော့ မြန်မာတို့ရဲ့နှစ်သစ်နှစ်ဦးကိုကူးပြောင်းတဲ့သင်္ကြန် ကာလလည်းဖြစ်တယ်၊ ဒါကြောင့်မို့နှစ်သစ်နှစ်ဦးဖြစ်တဲ့ မြန်မာ့ သင်္ကြန်ကာလမှာ အန်တီတို့မြန်မာပြည်သူပြည်သားအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ၊ မြန်မာ့ တပ်မတော်သားအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီးတော့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ အန်တီက ဆုတောင်းပါတယ်”။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။