တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဧၿပီ – ၂၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ကြန္ျမဴနစ္ပါတီ၊ ႏုိင္ငံတကာဆက္ဆံေရး၀န္ႀကီး H.E. Mr. Song Tao အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိေဇယ်ာသီရိဗိမာန္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕ သမၼတႏုိင္ငံ၊ ကြန္ျမဴနစ္ပါတီ၊ ႏုိင္ငံတကာဆက္ဆံေရး၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Hong Liang ၊ စစ္သံမွဴးႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာ-တ႐ုတ္ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ေရးႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈတုိးျမႇင့္ေရးဆုိင္ရာကိစၥရပ္မ်ား၊ ျမန္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ တပ္မေတာ္မွေဆာင္ရြက္ေနမႈ အေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ပူးေပါင္း ေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ား၊ ရခုိင္ျပည္နယ္ေျမာက္ပုိင္း ဘူးသီးေတာင္၊ ေမာင္ေတာ ေဒသတြင္ျဖစ္ပြားခဲ့သည့္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားက အၾကမ္းဖက္တုိက္ခိုက္ ခဲ့မႈမ်ားအား အစုိးရႏွင့္တပ္မေတာ္မွ ဥပေဒႏွင့္အညီေဆာင္ရြက္ခဲ့မႈမ်ားအေပၚ ႏုိင္ငံတကာမွ အမွန္အတိုင္းမသိရွိဘဲ ျမန္မာႏုိင္ငံအေပၚစြပ္စြဲေျပာဆုိေနမႈကိစၥရပ္မ်ားႏွင့္ တ႐ုတ္ႏုိင္ငံက ျမန္မာႏုိင္ငံဘက္မွ ရပ္တည္ေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္ဖြံ႕ၿဖိဳး တုိးတက္ေရးအတြက္ တ႐ုတ္ႏုိင္ငံမွ ကူညီေဆာင္ရြက္ေပးမည့္ အေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္အလုိက္ ခ်စ္ၾကည္ေရးခရီးမ်ား အျပန္အလွန္လည္ပတ္ ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ျပည္သူ႕သမၼတ ႏုိင္ငံ၊ ကြန္ျမဴနစ္ပါတီ၊ ႏုိင္ငံတကာဆက္ဆံေရး၀န္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

နေပြည်တော်၊ ဧပြီ – ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang ၊ စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်မှဆောင်ရွက်နေမှု အခြေအနေများနှင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသတွင်ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက် ခဲ့မှုများအား အစိုးရနှင့်တပ်မတော်မှ ဥပဒေနှင့်အညီဆောင်ရွက်ခဲ့မှုများအပေါ် နိုင်ငံတကာမှ အမှန်အတိုင်းမသိရှိဘဲ မြန်မာနိုင်ငံအပေါ်စွပ်စွဲပြောဆိုနေမှုကိစ္စရပ်များနှင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက် ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ် ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။