တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY အားဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဧၿပီ ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ လာအုိ ျပည္သူ႕တပ္မေတာ္၊ စစ္ဦးစီးဌာနအႀကီးအကဲ Lt. Gen. Souvone LEUANGBOUNMY အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိေဇယ်ာသီရိဗိမာန္ေရွ႕၌ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိျပည္သူ႕တပ္မေတာ္၊ စစ္ဦးစီး ဌာနအႀကီးအကဲတုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကိုလုိက္လံ ၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္အခမ္းအနား တက္ေရာက္လာၾကေသာ ႏွစ္ႏိုင္ငံ တပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္ မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး လာအုိျပည္သူ႕တပ္မေတာ္၊ စစ္ဦးစီးဌာနအႀကီးအကဲႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ လာအုိႏုိင္ငံသံအမတ္ႀကီး H.E. Mr. Lyying SAYAXANG လာအုိျပည္သူ႕တပ္မေတာ္မွ အရာရွိႀကီးမ်ားႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာလာအုိႏုိင္ငံစစ္သံမွဴးတုိ႔ တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ လာအုိျပည္သူ႕တပ္မေတာ္၊ စစ္ဦးစီးဌာနအႀကီးအကဲသည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။

ထုိသို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ- လာအို ႏွစ္ႏုိင္ငံသည္ အိမ္နီးခ်င္းေကာင္းႏုိင္ငံမ်ားျဖစ္ၿပီး မိတ္ေဆြေဟာင္း၊ မိတ္ေဆြေကာင္း ႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံယဥ္ေက်းမႈ၊ ကုိးကြယ္သည့္ဘာသာႏွင့္ ထုံးတမ္း စဥ္လာမ်ားတူညီမႈရွိၿပီး နယ္စပ္ေဒသတြင္ေနထုိင္သည့္တုိင္းရင္းသားမ်ားမွာတူညီသည့္ တုိင္းရင္းသားမ်ားျဖစ္သျဖင့္ ညီရင္းအစ္ကုိႏုိင္ငံမ်ားသဖြယ္ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံေခါင္း ေဆာင္မ်ားအေနျဖင့္လည္း ေရွးယခင္ကတည္းက ခ်စ္ၾကည္ရင္းႏွီးစြာျဖင့္ဆက္ဆံမႈမ်ား ရွိခဲ့ၿပီး အျပန္အလွန္ခ်စ္ၾကည္ေရးခရီးစဥ္မ်ားလည္ပတ္ခဲ့ေၾကာင္း၊ ယခုအခ်ိန္တြင္လည္း ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ေရးအတြက္ အားကစားအဖြဲ႕မ်ားႏွင့္ ယဥ္ေက်းမႈအဖြဲ႕မ်ားအျပန္အလွန္ေစလႊတ္လ်က္ရွိေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ဧည့္သည္ေတာ္ လာအုိျပည္သူ႕တပ္မေတာ္၊ စစ္ဦးစီးဌာနအႀကီး အကဲက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ဖိတ္ၾကား ခ်က္အရ ယခုကဲ့သုိ႔ျမန္မာႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးလာေရာက္ရသည့္အတြက္ ၀မ္းေျမာက္ ဂုဏ္ယူပါေၾကာင္း၊ ျမန္မာႏုိင္ငံ၏တုိးတက္ေျပာင္းလဲမႈမ်ားကုိလည္းေတြ႕ျမင္ရပါေၾကာင္း၊ မိမိတုိ႔ႏွစ္ႏုိင္ငံသည္ အစဥ္အလာေကာင္းမ်ားရွိသည့္အိမ္နီးခ်င္းေကာင္းႏုိင္ငံမ်ားျဖစ္ၿပီး နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းမႈရွိသည့္ ႏွစ္ႏုိင္ငံျဖစ္ပါေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ေကာင္းမြန္လ်က္ရွိၿပီးပုိမုိတုိးျမႇင့္ေဆာင္ရြက္ႏုိင္ေရးအတြက္လာေရာက္ျခင္းျဖစ္ေၾကာင္း၊ ျမန္မာ့တပ္မေတာ္မွႏုိင္ငံေတာ္ႏွင့္ျပည္သူမ်ား အတြက္ ၿငိမ္းခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ေနသည္ကုိ လာအုိႏုိင္ငံအေနျဖင့္ ေထာက္ခံပါေၾကာင္း၊ လာအုိႏုိင္ငံအေပၚျမန္မာႏုိင္ငံမွ ကူညီေထာက္ပံ့မႈမ်ားကုိလည္း ေက်းဇူးတင္ရွိပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ေလ့က်င့္ေရးဆုိင္ရာကိစၥရပ္မ်ား ႏွင့္ ေဆးဘက္နည္းပညာမ်ားအျပန္အလွန္ဖလွယ္၍ပူးေပါင္းေဆာင္ရြက္ေရး၊ အနာဂါတ္ တြင္ ပူးေပါင္းေဆာင္ရြက္မႈမ်ားပုိမုိတုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ေရးႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္အလုိက္ခ်စ္ၾကည္ေရးခရီးစဥ္မ်ားအျပန္အလွန္ လည္ပတ္ေရး၊ အားကစားအဖြဲ႕မ်ားႏွင့္ယဥ္ေက်းမႈအဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္ေရး၊ သဘာ၀ေဘးအႏၲရာယ္ကာကြယ္ေရးအတြက္ အေတြ႕အႀကဳံမ်ားဖလွယ္ေရး၊ ႏွစ္ႏုိင္ငံ နယ္စပ္ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္ေရး ဆုိင္ရာကိစၥရပ္မ်ားကုိ ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိျပည္သူ႕ တပ္မေတာ္စစ္ဦးစီးဌာနအႀကီးအကဲတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူစုေပါင္းဓာတ္ပုံ ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY အားဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအို ပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်ရှေ့၌ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီး ဌာနအကြီးအကဲတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုလိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက်အခမ်းအနား တက်ရောက်လာကြသော နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများကို အပြန်အလှန် မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Lyying SAYAXANG လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံစစ်သံမှူးတို့ တက်ရောက်ကြ သည်။

ထို့နောက် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီးအကဲသည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ- လာအို နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာနှင့် ထုံးတမ်း စဉ်လာများတူညီမှုရှိပြီး နယ်စပ်ဒေသတွင်နေထိုင်သည့်တိုင်းရင်းသားများမှာတူညီသည့် တိုင်းရင်းသားများဖြစ်သဖြင့် ညီရင်းအစ်ကိုနိုင်ငံများသဖွယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်း ဆောင်များအနေဖြင့်လည်း ရှေးယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာဖြင့်ဆက်ဆံမှုများ ရှိခဲ့ပြီး အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များလည်ပတ်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးအတွက် အားကစား အဖွဲ့များနှင့် ယဉ်ကျေးမှုအဖွဲ့များအပြန်အလှန်စေလွှတ်လျက်ရှိကြောင်းပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီး အကဲက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဖိတ်ကြား ချက်အရ ယခုကဲ့သို့မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရသည့်အတွက် ၀မ်းမြောက် ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံ၏တိုးတက်ပြောင်းလဲမှုများကိုလည်းတွေ့မြင်ရပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အစဉ်အလာကောင်းများရှိသည့်အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့် နှစ်နိုင်ငံဖြစ်ပါကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ ကောင်းမွန်လျက်ရှိပြီးပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက်လာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်မှနိုင်ငံတော်နှင့်ပြည်သူများ အတွက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေသည်ကို လာအိုနိုင်ငံအနေဖြင့် ထောက်ခံပါကြောင်း၊ လာအိုနိုင်ငံအပေါ်မြန်မာနိုင်ငံမှ ကူညီထောက်ပံ့မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဆေးဘက်နည်းပညာများအပြန်အလှန်ဖလှယ်၍ပူးပေါင်းဆောင်ရွက်ရေး၊ အနာဂါတ် တွင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန် လည်ပတ်ရေး၊ အားကစားအဖွဲ့များနှင့်ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အတွေ့အကြုံများဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုပြည်သူ့ တပ်မတော်စစ်ဦးစီးဌာနအကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။