တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ

နေပြည်တော်၊ မေ  ၎



ထို့နောက် နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ပီရူးနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Gustavo Meza Cuadra Velasquez က ပြောကြားရာတွင် မိမိတို့ကိုယ်စားလှယ်အဖွဲ့အား ယခုလို လက်ခံ တွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်ရရှိသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယခုတွေ့ဆုံ ဆွေးနွေးမှုသည် လွန်စွာအရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ဖြစ်ပြီး မိမိတို့အနေဖြင့် မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ပေါ်ပေါက် လာရသော ဒုက္ခသည်ဆိုင်ရာ ပြဿနာရပ်များသည် လွန်စွာအရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်သည်ဟု ထင်မြင်ယူဆထားပါကြောင်း၊ မြန်မာနိုင်ငံသို့လာရောက်ခြင်းမပြုမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ရှိ ဒုက္ခသည်များနှင့် သွားရောက်တွေ့ ဆုံခဲ့ရာတွင် ၎င်းဒုက္ခသည်များထံမှ သတင်းအချက်အလက်များစွာ သိရှိခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများရှိသည်ကိုလည်း မျက်မြင်တွေ့ရှိခဲ့ရပါကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံရာတွင် အဆိုပါဒုက္ခသည်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်အခြေချနေထိုင်လိုသည်ဟု မိမိတို့အား ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ မိမိတို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသို့ အဆိုပါဒုက္ခ သည်များ ပြန်လည်အခြေချနေထိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ဆန္ဒ အလျှောက် ပြန်လည် ရောက်ရှိလာရေး၊ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ရောက်ရှိရေးစသည့်အချက်များကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ မြန်မာ့ တပ်မတော်အနေဖြင့် ဒုက္ခသည်များ ပြန်လည်လာရောက်နေ ထိုင်ရေးအတွက် လုံခြုံရေးကဏ္ဍများတွင် မည်ကဲ့သို့လုပ်ဆောင်ထားသည်ကို သိရှိလိုပါကြောင်း ပြောကြား သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် ၎င်းဒုက္ခသည် များ၏ လုံခြုံရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှ တိုက်ရိုက်တာဝန်ယူလုပ် ဆောင်ခြင်း မရှိကြောင်း၊ ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ သဘောဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လည် နေထိုင်နိုင်ရေးသည် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်ကြောင်း၊ ၎င်းတို့၏သဘောဆန္ဒအလျှောက်သာ လာရောက်ခြင်းဖြစ်ရမည်ဖြစ်ပြီး အခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တိုက်တွန်းပြောကြား ချက်အရ လာရောက် ခြင်းမျိုးမဖြစ်စေရန်လိုအပ်ပါကြောင်း၊ ၎င်းတို့အား ခြိမ်းခြောက် ပြောဆိုခံနေရခြင်းများလည်းရှိပါကြောင်း၊ ဥပမာ အားဖြင့် ၎င်းတို့ပြန်လည်နေထိုင်နိုင်ရေး နှင့်ပတ်သက်၍ ARSA အဖွဲ့မှ ခြိမ်းခြောက်ပြောဆိုခြင်းများရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များအား လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ပူးပေါင်းကာကွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမှု ဖြစ်စဉ်မဖြစ်ပွားမီ ရခိုင်ပြည်နယ်အတွင်း၌ ဘင်္ဂါလီအကြမ်းဖက်သမားများက မြန်မာတိုင်းရင်းသားများအား သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက် သတ်ဖြတ် မှုကြောင့် ၂၀၁၈ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ မြန်မာတိုင်းရင်းသား ၇၂ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ ပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက်မှုဖြစ်စဉ်များ ဆက်လက်မဖြစ်ပွားစေရေးအတွက် ၎င်းတို့ဘက်မှ ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့သတ်မှတ်ထားသည့် ဧရိယာအတွင်း စနစ်တကျ နေထိုင်သွားမည်ဆိုပါက ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုရှိမည် မဟုတ်ကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့် ၎င်းဒုက္ခသည်များ၏ လုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး တိုက်ရိုက်တာဝန်ယူ ဆောင်ရွက် ၍ မရပါကြောင်း၊ ၎င်းနယ်မြေဒေသအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့များကိုလည်း ပြန်လည် ရုပ်သိမ်းထားပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်စပ်ဒေသရဲတပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ သို့သော် မိမိတို့တပ်မတော် အနေဖြင့် နိုင်ငံတော်အား ကာကွယ်ရန်တာဝန်ရှိသည့်အပြင် ယင်းနယ်မြေအတွင်းရှိ တိုင်းရင်းသားလူမျိုးများကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ် သောကြောင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရမည်ဆိုပါက ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ ပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းမရှိပါက မိမိတို့ဘက်မှ မည်သည့်လုပ်ဆောင်မှုမျိုးကိုမှ လုပ်ဆောင် မည်မဟုတ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများအနေဖြင့် ၎င်းတို့၏လုံခြုံရေး ဆိုင်ရာ အချက်များအား စိုးရိမ်ပူပန်မှုများရှိသကဲ့သို့ ဒေသအတွင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ ကလည်း ၎င်းတို့အားပြန်လည်အနိုင်ကျင့်ခံရမည်ကို စိုးရိမ်လျက်ရှိပါကြောင်း၊ ယင်းအချက် နှင့်ပတ်သက်၍ ကိုယ်စားလှယ်များက ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ၎င်းတို့နှစ်ဖက်စလုံးမှ သဟဇာတဖြစ်စေရေး ထိန်းသိမ်းကာ နေထိုင်သွားမည် ဆိုပါက လုံခြုံရေးပိုင်းဆိုင်ရာနှင့်ပတ်သက်၍ စိုးရိမ် ပူပန်မှုရှိရန် လိုအပ်မည်မဟုတ်ကြောင်း ပြောကြားသည်။

ကူဝိတ်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Mansour Alotaibi က မိမိတို့အနေဖြင့် Cox’s Bazar ရှိ ဒုက္ခသည်စခန်းများအား လေ့လာရာတွင် အချိန်တို တောင်းသော်လည်း ဒုက္ခသည်မိသားစုများ၊ အမျိုးသားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူ ငယ်များနှင့် တွေ့ဆုံခဲ့ရပါကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့ အနေဖြင့် ယခုကဲ့သို့ ထွက်ပြေးရခြင်းမှာ ၎င်းတို့၏ သွားရောက်နေထိုင်လိုသည့် စိတ်ဆန္ဒအရ ထွက်ပြေးလာခြင်းမဟုတ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော စေ့ဆော်မှုများရှိသည့်အတွက် ၎င်းတို့၏ ဒေသအား စွန့်ခွာထွက်ပြေးလာခြင်းဖြစ်သည်ဟု မိမိတို့အား ပြန်လည်ပြောကြားခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည်သွား ရောက်လိုသော်လည်း လုံခြုံမှုရှိသည့် စိတ်ခံစားချက်မျိုး မရှိသောကြောင့် ပြန်လည်သွား ရောက်ရန် မ၀ံ့မရဲဖြစ်နေသည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းအချက်နှင့်ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်အရ လုံခြုံရေးဆိုင်ရာကဏ္ဍများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အကြံပြုချက်များ ထားရှိခဲ့ ပါကြောင်း၊ အဆိုပါ အကြံပြုချက်တွင် တပ်မတော်၏အခန်းကဏ္ဍကိုလည်း ထည့်သွင်းရေးသားထားပါကြောင်း၊ ယင်းအချက်နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်း ရှိ/မရှိနှင့် ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်မည်မျှကြာမြင့်နိုင်မည်၊ မည်ကဲ့သို့ ခံယူချက်ထားရှိသည် စသည့် အချက်များအား သိရှိလိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုက္ခသည်များအနေဖြင့် ကြောက်လန့်၍ ထွက်ပြေးသွားသည်ဟု ကူဝိတ် ကိုယ်စားလှယ်မှ ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ အနေဖြင့် မည်သည့်အကြောင်းပြချက်ကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ ယင်းနယ်မြေဒေသအတွင်း ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင်တစ်ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင်တစ်ကြိမ် စသည်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ ဖြစ်စဉ်များအနက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့ သည့်ဖြစ်စဉ်မှာ အဆိုးရွားဆုံးဖြစ်ပြီး ရဲကင်းစခန်းများ၊ ရဲဌာနချုပ်စခန်းများ တိုက်ခိုက်ခံရသည့်အပြင် လူပေါင်းများစွာ သတ်ဖြတ်ခြင်းခံခဲ့ရကာ လက်နက်အများအပြား ဆုံးရှုံးခဲ့ရပါကြောင်း၊ ယင်းအတွေ့အကြုံအရ ၂၀၁၇ ခုနှစ်၊ သြဂုတ်လဖြစ်စဉ်တွင် ၂၀၁၆ ခုနှစ် ဖြစ်စဉ်ကဲ့သို့ လုံခြုံရေးရဲကင်းစခန်းများအား စီးနင်း ၀င်ရောက် ခဲ့သော်လည်း ထိရောက်စွာကာကွယ်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အောင်မြင်မှုမရှိခဲ့ပါကြောင်း၊ ၎င်းတို့ အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အပြစ်များကို ကြောက်ရွံ့၍ ထွက်ပြေးရခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဒုက္ခသည်များအနေဖြင့် ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်သည်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် လုံလောက်မှုမရှိဟု ထင်မြင် မိပါ ကြောင်း၊ ၎င်းတို့အား ARSA အကြမ်းဖက်အဖွဲ့က ထွက်ပြေးတိမ်းရှောင်ခြင်းမရှိပါက သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရ၍ ထွက်ပြေးသွားခြင်းများလည်း ရှိနိုင်ပါကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် စခန်းများ အား တိုက်ခိုက်သိမ်းပိုက်ရာတွင် အောင်မြင်မှုမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်ရာတွင် ၎င်းတို့တစ်ဖွဲ့ တည်း ထွက်ပြေးရန်မဖြစ်နိုင်သဖြင့် ကျန်ရှိသည့်လူများကိုပါ လိုက်ပါထွက်ပြေးစေရေး လှုံ့ဆော်ခြင်း ဖြစ်နိုင်ပါကြောင်း၊ အခြားအချက်တစ်ချက်အနေဖြင့် Third Party အဖြစ်အခြားနိုင်ငံ တစ်နိုင်ငံသို့ ထွက်ပြေး ရန် စည်းရုံးခြင်းမျိုးလည်းရှိနိုင်ပါကြောင်း၊ ၎င်းဘင်္ဂါလီများအနေဖြင့် ပျော်ရွှင်၍ ရောက်ရှိလာသည်ကို မည်သူမျှ ပြောကြားမည်မဟုတ်ဘဲ များစွာဒုက္ခရောက်ခဲ့ရပြီး အနိုင်ကျင့်ခံခဲ့ရသည်ဟု ပြောကြားမှသာ ၎င်းတို့အပေါ် သနားကြင်နာပြီး အခွင့်အရေးများ ပေးအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လက်နက်ကိုင် အကြမ်းဖက် မှုများ ဖြစ်ပွားနေပါက ပြည်သူများအား ကာကွယ်ရန် တာဝန်ရှိပါကြောင်း၊ သို့ရာတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှစ၍ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခြင်းမရှိတော့သည့်အတွက် နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းခဲ့ပါကြောင်း၊ ယခုအချိန်တွင် အဆိုပါ နယ်မြေ၏လုံခြုံရေးအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်များက ဆက်လက်တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် လုံခြုံရေးအခြေအနေအရ လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့်သာ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအချက်အနေဖြင့် ရခိုင်ပြည်နယ်ဒေသ အတွင်း လုံခြုံရေးအား သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများကသာ ဆောင်ရွက်နေကြောင်း၊ ကိုယ်စား လှယ်များအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာဒေသများသို့ ရောက်ရှိချိန်၌မျက်မြင်တွေ့ရှိနိုင်မည်ဖြစ်ပြီး ပွင့်လင်းစွာ မေးမြန်း စုံစမ်းနိုင်ပါကြောင်း ပြောကြားသည်။

ဆွီဒင်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Olof Skoog က မြန်မာနိုင်ငံ အတွင်း၌ဖြစ်ပွားနေသော လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် များစွာစိုးရိမ် ပူပန်လျက် ရှိပါကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့တပ်မတော်အပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးမှုများကို အကောင် အထည်ဖော် ဆောင်ရွက်လိုကြပြီး ပြစ်မှုကျူးလွန်သူများအား ထိရောက်သော တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိစေလိုကြပါကြောင်း၊ ယင်းအချက်နှင့် ပတ်သက်၍ အဆွေတော်၏ သဘောထား အမြင်အား သိရှိလိုပါကြောင်း ပြောကြားသည်။


အီကွေတိုရီးယားနယူးဂီနီ နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Anatolio Ndong Mba က နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့သည် တပ်မတော်၏ကြီးကြပ်မှု အောက်တွင်သွယ်ဝိုက်စွာ ရှိနေပါကြောင်း၊ ဒုက္ခသည်များပြန်လည် ၀င်ရောက်လာမည့်ဒေသတွင် မြန်မာနိုင်ငံဘက်မှ မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်၍ သိန်းပေါင်းများစွာသော ဒုက္ခသည်များ ပြန်လည်ရောက်ရှိလာ ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်ထောင်ထားသည့် မြေမြှုပ်မိုင်းများကို ဒုက္ခသည်များ အနေဖြင့် တက်နင်း မိပါက အန္တရာယ်ဖြစ်ပေါ်နိုင်ပါကြောင်း၊ မကြာမီ အချိန်ကာလအတွင်းတွင် မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ ၎င်းဒေသများတွင် ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများအနေ ဖြင့် အသက်အန္တရာယ်များ ကြုံတွေ့နိုင်ပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် ၎င်းဒုက္ခသည်များ ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ရောက်ရှိ လာနိုင်ရန်အတွက် လှုံ့ဆော်ပေးနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ကုလသမဂ္ဂလက်အောက် ခံအဖွဲ့များဖြစ်သည့် OHCHR ၊ UNDP ၊ UNHCR ၊ WHO နှင့် FAO အဖွဲ့များကလည်း ပြန်လည်ရောက်ရှိလာမည့် ဒုက္ခသည်များအား ကူညီပံ့ပိုး ပေးရန် အသင့်ရှိပါကြောင်း၊ သို့ဖြစ်၍ မြန်မာ့တပ်မတော်အနေဖြင့် ပြန်လည်ရောက်ရှိ လာမည့်ဒုက္ခသည်များအတွက် အပြုသဘောဆောင်သည့် ကဏ္ဍဖြင့် ဆောင်ရွက်ပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။



ပြင်သစ်နိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Ms.Anne Christine Marie Gueguen က ပြောကြားရာတွင် မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိ နေသည့်ဘင်္ဂါလီဒုက္ခသည်များနှင့်ပတ်သက်၍ များစွာ စိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ ၎င်းဘင်္ဂါလီဒုက္ခသည်များသည် ယခုအချိန်၌ ကမ္ဘာပေါ်တွင် နိုင်ငံမဲ့လူ့အဖွဲ့ အစည်းတစ်ခုဖြစ်နေပါကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် တစ်ခုထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ၎င်းဆုံးဖြတ်ချက်အား မိမိတို့၏ Road Mapအနေဖြင့် သတ်မှတ် ထားပါ ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သက်၍ Comprehensive Solution အနေဖြင့် ကဏ္ဍပေါင်းစုံမှပူးပေါင်း၍ ရရှိလာ သည့်ရလဒ်တစ်ခုကို ရှာဖွေရန်လိုအပ်ပါကြောင်း၊ ဒုက္ခသည်များနေရပ်သို့ လုံခြုံစိတ်ချစွာဖြင့် ပြန်လည်ရောက်ရှိလာရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဒုက္ခသည်များ ပြန်လည် လက်ခံရေး ဆိုင်ရာဆောင်ရွက်ချက်များကို မိမိအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ သို့သော်လက်ရှိအချိန်အထိ ထိရောက် သောအကောင်အထည်ဖော်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခြင်းမရှိသေးသည်ကိုလည်း မိမိတို့အနေဖြင့် တွေ့ရှိရ ပါကြောင်း၊ သို့ဖြစ်၍ အဆွေတော်တို့အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UNDP ၊ UNHCR အဖွဲ့များနှင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု မိမိအနေဖြင့် တိုက်တွန်းပြောကြား လိုပါ ကြောင်း၊ မိမိအနေဖြင့် အဆွေတော်အား မေးခွန်းနှစ်ခုမေးလို ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက စုံစမ်းစစ်ဆေးရေးလုပ်ငန်းများအား ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူး လွန်ခဲ့သူများကိုလည်း ပြစ်ဒဏ် သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု အဆွေတော်မှ မိမိတို့အား ပြောကြား ခဲ့ပါကြောင်း၊ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့် အဆင့်ရှိ ပြစ်မှုကျူးလွန်သူမည်မျှအား မည်သည့် ပြစ်ဒဏ် များ ချမှတ်ခဲ့သည်ကို မိမိအနေဖြင့် သိရှိလိုပါကြောင်း၊ နောင်အနာဂတ်တွင် ယင်းကဲ့သို့ကိစ္စရပ်များ ထပ်မံဖြစ် ပွား ခြင်းမရှိစေရန် အဆွေတော်တို့အနေဖြင့် မည်ကဲ့သို့ ကာကွယ်ဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရှိလိုပါ ကြောင်း၊ အဆွေတော်တို့တပ်မတော် အနေဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည် ဟုလည်း မိမိတို့သိရှိရပါကြောင်း၊ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အပြန်အလှန်ယုံကြည်မှု တည် ဆောက်ကာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူး ပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် သွားမည်ကို သိရှိလိုပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူ အညီပေးရေး အဖွဲ့ အစည်းများ အနေဖြင့်လည်း ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်မရှိပါကြောင်း၊ ၎င်းဒေသရှိ ဒုက္ခသည်များအား လူသားချင်း စာနာထောက် ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ၎င်းကိစ္စရပ် များနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်သွား မည်ကို သိရှိလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် အီသီယိုပီးယားနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Tekeda Alemu က ပြောကြားရာတွင် မိမိထံသို့ မျှဝေပေးသည့်အစီရင်ခံစာစာအုပ်တွင် ရက်စက် ကြမ်းကြုတ်သည့်ဓာတ်ပုံများကို တွေ့ရှိရပါကြောင်း၊ ယင်းကဲ့သို့ မျှဝေပေးသည့် အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းကဲ့သို့ဖြစ်စဉ်မျိုးဖြစ်ပွား ခဲ့သည့်အတွက်လည်း မိမိအနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိပါကြောင်း၊ အဆွေတော် တို့အနေဖြင့် မိမိတို့နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် ယင်းကဲ့သို့ မျှဝေပေးနိုင်ခြင်းမှာလည်း အဆွေတော်တို့အတွက် အကျိုးအမြတ်တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တစ်ကြိမ်တစ်ခါမျှ တွေ့ရှိခဲ့ဘူးခြင်းမရှိသည့် ဓာတ်ပုံများကို တွေ့မြင်ရခြင်းဖြစ်ကြောင်း၊ အဆွေတော်တို့အနေဖြင့် မည်ကဲ့သို့ခံစားနေရ၍ မည်မျှအထိ တာဝန်ကြီးသည် ကိုလည်း မိမိအနေဖြင့် နားလည်ခံစားမိပါကြောင်း၊ Cox’s Bazar ဒေသသို့ သွားရောက်လေ့လာ ချိန်တွင် ၎င်းဒေသတွင် နေထိုင်သူများအနေဖြင့် ဆိုးရွားလှသောဝေဒနာများ ခံစားရလျက်ရှိ သည်ကို တွေ့ရှိရသဖြင့် များစွာ တုန်လှုပ်မိပါကြောင်း ၊မိမိတို့အနေဖြင့် အများဆုံးတွေ့ရှိ ခဲ့ရသည်မှာ ကလေးသူငယ်များဖြစ်ပြီး ၎င်းတို့၏ ပြောဆိုချက်များအား သံသယဖြစ်ရန်အတွက်များစွာခက်ခဲပါကြောင်း၊ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ အဆွေတော် ၏ ထင်မြင်ချက်ကိုလည်း သိရှိလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် အမေရိကန်နိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Ms. Kelley Currie က အဆွေတော် အနေဖြင့် ယခုဖြစ်ပွားနေသည့်ကိစ္စရပ်များအား ပြည်တွင်းရေးကိစ္စဟု ပြောဆိုခဲ့ပါကြောင်း၊ လူပေါင်း ၇ သိန်း သည် မြန်မာနိုင်ငံ၏ နယ်နိမိတ်ကိုကျော်လွန်၍ အခြားနိုင်ငံသို့ ရောက်ရှိသွားသည့်အတွက် ယခုကိစ္စရပ်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်ဟု မခေါ်ဆိုနိုင်တော့ပါကြောင်း၊ ဤကိစ္စသည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးအပေါ် သက်ရောက်လာနိုင်သည့်ကိစ္စရပ် အဖြစ်သို့ ပြောင်းလဲရောက်ရှိ သွားပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းရေးကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်တော့ပါကြောင်း ပြောကြားသည်။

ကာဇက်စတန်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Kairat Umarovက အဓမ္မပြုကျင့်မှုများစွာရှိခဲ့သည်ဟု ကြားသိခဲ့ရသော်လည်း မြန်မာ့တပ်မတော်မှ ပြုလုပ်သည့်စုံစမ်းစစ်ဆေးမှုတွင် ဖြစ်စဉ် ၃ ခုသာရှိသည်ဟု သိရှိရသည့်အတွက် မိမိတို့ အနေဖြင့် စဉ်းစားဖွယ်ရာဖြစ်နေပါကြောင်း၊ အမေရိကန်ကိုယ်စားလှယ်မှ ဆွေးနွေး ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံအတွင်းမှ လူပေါင်း ၇ သိန်းကျော်သည် အခြားနိုင်ငံသို့ ကျော်လွန် ရောက်ရှိသွားသည့်အတွက် မြန်မာနိုင်ငံတစ်နိုင်ငံတည်း၏ ကိစ္စရပ်မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာနှင့် သက်ဆိုင် သော ကိစ္စရပ်ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများကို ကြည့်ရှုခြင်းအားဖြင့် အဆွေတော်ကိုင်တွယ်ဖြေရှင်း နေရသည့် ပြဿနာရပ်များကို မိမိအနေဖြင့် နားလည်သဘောပေါက်ပါကြောင်း၊ မိမိအနေဖြင့် မည်သူတို့က ပြစ်မှုကျူးလွန်သည်/မကျူးလွန်သည်နှင့်ပတ်သက်၍ ပြောကြားလိုခြင်းမရှိ ကြောင်း၊ နေရပ်သို့ ပြန်လည်သွားရောက်ရန် ကြောက်ရွံ့နေသူများ၏ စိတ်အခြေအနေအား သက်သာ စေမည့် နည်းလမ်းကို ကုလသမဂ္ဂအဖွဲ့အစည်းနှင့် အတူတကွပေါင်းစည်း လုပ်ကိုင်စေလိုခြင်းဖြစ်ပါကြောင်း၊ တစ်ဖက် နိုင်ငံသို့ ရောက်ရှိနေသူများအနက် အဓမ္မကျူးလွန်ခြင်းခံခဲ့ရသည်ဟု ပြောကြားသူများမှာ လွန်စွာများပြားသည့် အတွက် မိမိတို့အနေဖြင့် ၎င်းတို့အား ယုံကြည်၍မရသည့် အနေအထားမျိုး ဖြစ်နေပါကြောင်း၊ သို့ဖြစ်၍ အဆွေတော်တို့အနေဖြင့် ကုလသမဂ္ဂ၏ ယန္တရားများမှ လိုအပ်သည့်နေရာများတွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဖြေရှင်းသွားစေလိုပါကြောင်း ပြောကြားသည်။တရုတ်နိုင်ငံမှ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ဖြစ်သူ Mr. Wu Haitao က မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အကြား ပိုမိုတည်ငြိမ်မှုရှိလာသည်ကို မိမိတို့ အနေဖြင့်တွေ့ရှိရပါကြောင်း၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏အဓိကရည်ရွယ်ချက်မှာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်များ နေရပ်သို့ပြန်လည်နေထိုင်နိုင်ရေးပင် ဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်သည် မြန်မာနိုင်ငံအတွက်သာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက်ပါ အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ သဘောတူလက်မှတ်ရေး ထိုးပြီးဖြစ်သည်ဟု မိမိတို့အနေဖြင့် သိရှိထားပါကြောင်း၊ ၎င်းကိစ္စရပ်အပေါ် လျှင်မြန်ထိရောက်သည့် အကောင် အထည်ဖော် ဆောင်ရွက်မှုများအား မည်ကဲ့သို့ပြုလုပ်မည်ကို မိမိတို့အနေဖြင့် စောင့်မျှော်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ကာ ဒုက္ခသည်များ နေရပ်သို့ အလျင်အမြန်ရောက်ရှိရေးကို မိမိတို့အနေဖြင့် မျှော်လင့်ပါကြောင်း၊ ယင်းကိစ္စရပ်အား လွန်စွာအရေးကြီးသည့် ကိစ္စတစ်ခုအဖြစ် သတ်မှတ် ထားပါကြောင်း ပြောကြားသည်။

ရုရှားနိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Dmitry Polyanskiy က မြန်မာနိုင်ငံသို့ လာ ရောက်ခြင်းသည် တရားသူကြီးများအဖြစ် ပြုလုပ်ရန်လာရောက်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် နေသည်ကို သိရှိပါကြောင်း၊ သို့ရာတွင် ယခုကာလအတွင်း နိုင်ငံတကာ သတင်းမီဒီယာ များ၌ မြန်မာ့တပ်မတော်နှင့်ပတ်သက်၍ ရေးသားဖော်ပြချက်များမှ မည်ကဲ့သို့ရှိသည်ကို အဆွေတော်အနေဖြင့် သိရှိလိမ့်မည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ စွပ်စွဲချက်များသည် မိမိတို့အား စိုးရိမ်ဖွယ်ရာ ကိစ္စရပ်များအဖြစ် ဖန်တီးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ စွပ်စွဲပြောဆိုချက်များအား မည်ကဲ့သို့ ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်း ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း၊ ယခုကဲ့သို့ ပြဿနာရပ်များ ဖြစ်ပွားနေခြင်း သည် မြန်မာ့ တပ်မတော်၏ ဂုဏ်သိက္ခာကိုသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ ဂုဏ်သိက္ခာကို ထိပါးလျက်ရှိပါကြောင်း၊ မည်သည့် ကိစ္စရပ်သည်မှန်ကန်၍ မည်သည့်ကိစ္စရပ်မှာ မှားယွင်းနေကြောင်းကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ် နေသည့်အချိန်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သိရှိလိုပါကြောင်း၊ မိမိတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်ဘက်အဖွဲ့အစည်းမှ မြန်မာ့တပ်မတော် အနေဖြင့် နယ်စပ်တွင် အင်အားများ ထပ်မံဖြည့်တင်းနေသည်ဟု ပြောကြားလာကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် အင်အားထပ်မံဖြည့်တင်းနေသည်မှာ မှန်ကန်ပါက မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေ သည်ကို သိရှိလိုပါကြောင်း၊ နယ်စပ်ဒေသအား လုံခြုံမှုရှိသောဒေသ ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် အင်အား ဖြည့်တင်းခြင်း ဟုတ်/မဟုတ် သိရှိလိုပါကြောင်း ပြောကြားသည်။

ဘိုလစ်ဗီးယားနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Sacha Sergio Liorentty Soliz က မိမိတို့၏ လုံခြုံရေးကောင်စီကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါ ၁၉၃ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ များစွာစိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ လက်ရှိ အခြေအနေမှ ပိုမိုဆိုးရွားသွားမည်ကို စိုးရိမ်လျက်ရှိပါကြောင်း၊ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ စိန်ခေါ်မှုကိစ္စရပ်တစ်ခုတည်းကြောင့်သာမဟုတ်ဘဲ ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုတို့ အပေါ် ယိမ်းယိုင်သွား မည်ကို ပိုမိုစိုးရိမ်လျက်ရှိပါကြောင်း၊ ၎င်းတို့၏ဒေသဖြစ်သော မြန်မာနိုင်ငံသို့ပြန်လာမည့်လုပ်ငန်းစဉ်တွင် စာရွက် စာတမ်းဖြည့်စွက်မှုမမှန်ကန်သည့် အတွက်ကြောင့် အခက်အခဲဖြစ်နေသည်ကို နားလည်ရန်ခက်ခဲနေပါကြောင်း ပြောကြား သည်။

ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ မေးမြန်းဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည် ပြောကြားရာတွင် ကိုယ်စားလှယ်အဖွဲ့ဝင် များအနေဖြင့် ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်းပြောကြားသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် မည်သည့်နိုင်ငံဟူ၍ ရည်ညွှန်းခြင်းမရှိဘဲ ခြုံငုံဖြေကြားသွား မည်ဖြစ်ပါကြောင်း၊ ပထမအချက်အနေဖြင့် ပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်သည့် အရေးယူမှုများနှင့် ပတ်သက်၍ မိမိတို့ တပ်မတော်တွင် တပ်မတော်အက်ဥပဒေဟူ၍ ပြဌာန်းထားပြီး အဆိုပါအက်ဥပဒေနှင့် ငြိစွန်းသူများအားလုံးကို အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လျှော့ပေါ့၍ အပြစ်ပေးသည်ဟူ၍မရှိခဲ့ပါကြောင်း၊ မိမိအနေဖြင့် အဓမ္မပြုကျင့်သည့် အမှုနှင့် ပတ်သက်၍ အနည်းငယ် ပြောကြားလိုပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ် သော ကြောင့် အဓမ္မပြုကျင့်မှု၊ အထူးသဖြင့် အမျိုးသမီးများအပေါ် ကျူးလွန်သည့်အမှုများနှင့် ပတ်သက်၍ မည်သို့မျှ ခွင့်မလွှတ်သည့် နိုင်ငံလည်းဖြစ်ကြောင်း၊ မိမိတို့ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အရပ်ဘက်နှင့်စစ်ဘက်တို့တွင်ဖြစ်ပွား ခဲ့သည့် အဓမ္မပြုကျင့်မှုစုစုပေါင်း ၁၁၁၆ မှု ဖြစ်ပွားခဲ့ပြီး အဆိုပါအမှုများတွင် တပ်မတော်မှ ၁၆ မှုဖြစ်ပွားခဲ့ကာ အရပ်ဘက်မှ ၁၁၀၀ မှုဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် စစ်ဘက်မှ အဓမ္မပြုကျင့်ခဲ့သူများကို ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ တရားရုံးတွင် တိုင်တန်းခဲ့သည့် အဓမ္မပြုကျင့်မှုစုစုပေါင်း ၁၄၂၂ မှုဖြစ်ပွား ခဲ့ပြီး စစ်ဘက်မှ ၁၇ မှုပါဝင်ခဲ့ရာ အဆိုပါ ကျူးလွန်သူများကိုလည်း ထောင်ဒဏ် ၂၀ နှစ်ချမှတ်၍ အပြစ်ပေးခဲ့ပြီးဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသည့် ဒုက္ခသည်များက ၎င်းတို့အား မြန်မာ့ တပ်မတော်မှ အဓမ္မပြုကျင့်မှုရှိခဲ့သည်ဟု ပြောဆိုနေကြသည်ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ အဓမ္မပြုကျင့်မှုများ ဖြစ်ပွားခဲ့ပါက ၎င်းတို့အား ပြန်လည် တိုင်ကြားရန်နှင့် တိုင်ကြားမှုများ အားလုံးကို အရေးယူဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီကလည်း ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့်ရှ်နိုင်ငံဘက်တွင် တရားစွဲဆိုသည် ဖြစ်စေ၊ မြန်မာ နိုင်ငံဘက်တွင် တိုင်ကြား သည်ဖြစ်စေ မိမိတို့အနေဖြင့် ၎င်းတို့တိုင်ကြားပါက အမှုဖွင့်စစ်ဆေးသွားပြီး အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ယခု အချိန်အထိ တိုင်ကြားမှုမရှိသေးပါကြောင်း၊ အဓမ္မပြုကျင့်မှုကို မည်သည့် နိုင်ငံကမျှ လက်ခံခြင်းမရှိသည့် အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ စိတ်နာစေရန် ပိုမိုချဲ့ကားပြောတတ်ကြသည့် အချက်ကိုမှု အဆွေတော်တို့ အနေဖြင့် ထည့်သွင်းစဉ်းစား ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အဆိုပါအမှုကိစ္စသည် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် လုံးဝ ဆက်စပ်မှုမရှိပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့်လည်း အဆိုပါအမှုကိစ္စဖြစ်ပွားမှုကို လုံးဝ လက်ခံခြင်းမရှိပါကြောင်း၊ အဆိုပါကိစ္စရပ် နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအပေါ် အစိုးရကကြေညာထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့် အစိုးရ၏ ဆောင်ရွက်ချက်များကို ဆက်လက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ဖြစ်စဉ်တို့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်သည့်အဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့များအား ၀င်ရောက်တိုက်ခိုက်ခြင်း၊ ရွာများသို့ ၀င်ရောက်တိုက်ခိုက်ခြင်း စသည့်တို့ ပြုလုပ်ရာတွင် တိုက်ခိုက်သူ အနည်းဆုံး အင်အား ၆၀၀၀ မှ အများဆုံး ၁၀၀၀၀ ကြားရှိမည်ဟု ခန့်မှန်း ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် သက်သေပေါင်း ၃၂၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ၈၀၀ ကျော်ကလည်း စာဖြင့်ရေးသား၍ ထွက်ဆိုခဲ့ပါကြောင်း၊ ၎င်းတို့၏ ထွက်ဆိုချက်ကို ကြည့်ခြင်းအားဖြင့် လူပေါင်း ၆၀၀၀ နှင့် ၁၀၀၀၀ ကြား အကြမ်းဖက်မှု ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ပါကြောင်း ပြောကြား သည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် မိမိတို့အနေဖြင့် အကြမ်းဖက်တိုက်ခိုက်သူများကို ပြန်လည်ထိန်းသိမ်းရန်အတွက် အနည်းဆုံး ၎င်းတို့နှင့် တူညီသည့် အင်အားသုံးစွဲလိမ့်မည်ဟု အများစုက တွက်ဆကြလိမ့်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ နိုင်ငံတကာမှ တာဝန်ရှိ သူများအား အကြိမ်ပေါင်းများစွာ ဆွေးနွေးပြောကြားခဲ့ဖူးပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် လုံခြုံရေး တာဝန်ယူသည့်အချိန်တွင် အကြမ်းဖက်တိုက်ခိုက်သူများ၏ အင်အားထက် များစွာနည်းပါးသည့် အင်အား ကိုသာ သုံးစွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ကိန်းဂဏန်းအားဖြင့် ပြောကြားရမည်ဆိုပါက ၎င်းတို့၏ အနည်းဆုံး အင်အားဖြစ်သော လူဦးရေ ၆၀၀၀ ထက်ပင်များစွာ နည်းပါးပါကြောင်း၊ အတိအကျပြောရမည်ဆိုပါက မိမိတို့တပ်မတော် အနေဖြင့် အင်အား ၁၀၀၀ ကျော်ကိုသာအသုံးပြုခဲ့ပြီး အများဆုံးအင်အား ၂၀၀၀ အထက် ပိုမိုအသုံးပြုခဲ့ခြင်းမရှိပါကြောင်း၊ မိမိတို့အနေဖြင့် အင်အား ၁၀၀၀ နှင့် ၂၀၀၀ ကြားကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကိုယ်စားလှယ်များထံသို့ အစီရင်ခံစာ စာအုပ်ကို ပေးအပ် ထားပါကြောင်း၊ အဆွေတော်တို့အနေဖြင့် လေ့လာဖတ်ရှုနိုင်ပါကြောင်း၊ အဆိုပါအစီရင်ခံစာ စာအုပ်တွင် အကြမ်းဖက်တိုက်ခိုက်သူတို့၏ ပြစ်မှုကျူးလွန်ခဲ့သည့် ဓာတ်ပုံများကိုလည်း ထည့်သွင်းပေးထားပါကြောင်း၊ စာအုပ်များအပြင် Memory Stick ကိုလည်း ထည့်သွင်းပေးထားပြီး အဆိုပါပစ္စည်းများတွင် ပါရှိသော အကြောင်းအရာများမှာ တရားဝင်ထုတ်ပြန်ထားသည့် အကြောင်းအရာများဖြစ်ပြီး အဆွေတော်တို့အား တရားဝင်ပေးအပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါမှတ်တမ်းများထဲတွင် ၎င်းတို့၏ ရက်စက်သည့်လုပ်ရပ်များစွာကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတကာကို အပြည့် အစုံထုတ်ပြန်ကြေညာခဲ့သော်လည်း အချို့သော ထုတ်ပြန်ချက်များကို သတင်းအမှောင်ချထားခြင်း ခံခဲ့ရသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ ထုတ်ပြန်သည့် သတင်းအချက်အလက်များကို နိုင်ငံတကာမှ ရရှိခဲ့ခြင်း မရှိပါကြောင်း၊ ရခိုင်ပြည်နယ် တွင် အရေးယူသည့်ကိစ္စနှင့်ပတ်သက်၍ အမှု ၃ ခုသာ ရှိသည့်အတွက် မိမိတို့လုပ်ကိုင်ဆောင်ရွက်မှု နည်းပါးလျက်ရှိသည်ဟု ပြောကြားချက်နှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် စုံစမ်းစစ်ဆေး၍ဖော်ထုတ် နိုင်သည့် ပြစ်မှုအားလုံးကို အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အရေးယူခဲ့သည့် နောက်ဆုံးပြစ်မှုမှာ လူ သတ်မှုဖြစ်ပြီး ကျူးလွန်ခဲ့သူ ၇ ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြစ်မှုကျူးလွန် သည်ဟု ပေါ်ပေါက်ပါက မိမိတို့အနေဖြင့် လုံးဝခွင့်လွှတ်ပေးခြင်းမရှိဘဲ အပြစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်သာမက တစ်နိုင်ငံလုံးတွင်ဖြစ်ပွား ခဲ့သည့်ကိစ္စရပ်များတွင်လည်း မိမိတို့တပ်မတော်က ပြစ်မှုများစွာ ကျူးလွန်လျက်ရှိသည်ဟု ပြောကြားနေကြပါကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်အပေါ် စွပ်စွဲထားသည့် စွပ်စွဲ ချက်အားလုံးကို စစ်ဆေးခဲ့ပါကြောင်း၊ ထိုသို့စစ်ဆေး၍ အဖြစ်မှန်ပေါ် ပေါက်ပါက ကျူးလွန်သူများအားလုံးကို အရေးယူအပြစ်ပေးခဲ့ပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် ထိုသို့ အပြစ်ကျူးလွန်ခြင်း ကိုလည်း လုံးဝခွင့်မလွှတ်ပါကြောင်း ပြောကြားသည်။



တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် မိမိတို့အနေဖြင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပွင့်ပွင့်လင်းလင်းပြော ကြားထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုးရိမ်ပူပန်နေသည့် တပ်ပြင်ဆင်မှုနှင့် ပတ်သက်၍ ပြုလုပ်ထားခြင်းမရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် စိုးရိမ်မှုလွန်ကဲကာ ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် ထင်မြင် ယူဆမိပါကြောင်း၊ မြန်မာနိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် သုံးနိုင်ငံထိစပ်နေသည့် နယ်စပ်ဒေသရှိပါကြောင်း၊ အဆိုပါနေရာတွင် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်း ရှိသည့်အတွက် မိမိတို့၏ တပ်များရှိနေသည့်အချက်မှာ မှန်ကန်ပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံ ပတ်သက်သည့် နယ်မြေများတွင် မိမိတို့၏တပ်များ မရှိပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံ သဘော တူညီချက်ကို ချိုးဖောက်၍ မည်သည့် ကိစ္စရပ်ကိုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိပါကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့် လုပ်ဆောင်ချက်များအားလုံး မှတ်တမ်းတင်ထားရှိပါကြောင်း၊ ၁၉၄၈ ခုနှစ်၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိ သည့်အချိန်မှစ၍ ယနေ့အချိန်အထိ တပ်မတော်၏ ဆောင်ရွက်ချက် များအားလုံးကို ရေးမှတ်ထားသည့်မှတ်တမ်းများရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုအပေါ်တွင် ပြစ်မှုကျူး လွန်မှုများရှိပါက အဆိုပါပြစ်မှုများအပေါ်တွင် ပြန်လည်အရေးယူခံရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏သမိုင်းကို မိမိတို့ ကိုယ်တိုင်ရေးထိုး သွားမည်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း ပြစ်မှုများကို ပြန်လည်ရွေးထုတ်ပြီး ပြောကြားလိုပါကြောင်း၊ အရပ်ဘက် တိုင်းရင်းသားများအပေါ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တာဝန်ရှိသည့် တပ်မမှူး ၁ ဦးကို ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သော ဖြစ်စဉ်နှင့် မိမိကိုယ်ကို ခုခံ ကာကွယ်မှုဖြစ်သော်လည်း လူသတ်မှုဟု သတ်မှတ်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည့် ဖြစ်စဉ် လည်းရှိပါကြောင်း၊ ထို့ပြင် အရပ်ဘက် တိုင်းရင်းသား ၁ ဦးကို ရည်ရွယ်ချက်ရှိရှိဖြင့် သတ်ဖြတ်ခဲ့သည့်အတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည့် ဖြစ်စဉ်၊ နာကျင်အောင်လုပ်ဆောင်မှုကြောင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့သည့် ဖြစ်စဉ်နှင့် နောက်ဆုံးတွင် ရခိုင်ပြည်နယ် အင်းဒင်၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုကြောင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့သော ဖြစ်စဉ်များရှိခဲ့ပါကြောင်း ပြောကြားသည်။

ယင်းဖြစ်စဉ်များကို ကြည့်ရှုခြင်းအားဖြင့် မိမိတို့တပ်မတော်သည် ပြစ်မှုကျူးလွန် သူများအား ခွင့်လွှတ် ပေးခြင်းမရှိသည်ကို ဖော်ပြနေပါကြောင်း၊ တပ်မတော်၏ ဆောင်ရွက်ချက်များနှင့် နိုင်ငံ၏ ဆောင်ရွက်ချက် များအားလုံးကို သတင်းများထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ သို့ရာတွင် အဆိုပါသတင်းများသည် နိုင်ငံတကာသို့ ရောက်ရှိသည့်အခါ သတင်းအမှားများဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ သတင်း အမှားများ အပေါ်တွင် အခြေခံ၍ ရေးသားသည့်အတွက် အစီရင်ခံစာများမှာလည်း မှားယွင်းနေ သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါသတင်းများအပေါ်တွင် ချင့်ချိန်၍ သုံးသပ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံကိုယ်စားပြု တပ်မတော်ဖြစ်သည့်အတွက် စည်းကမ်းနှင့်ပတ်သက်၍ တင်းကြပ်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိဆွေးနွေးပြောကြား ခဲ့သည့်အချက်များ သည် မိမိတို့၏အခြေ အနေမှန်များအား ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုအရ အကူ အညီပေးရေးကိစ္စရပ်နှင့်ပတ်သက်၍ မိမိတို့အနေဖြင့်လက်ခံခဲ့ပါကြောင်း၊ သို့သော် အဆိုပါဒေသတွင် နေထိုင် သူများအား အကူအညီပေးအပ်ရာတွင် တန်းတူညီမျှ ရှိစေရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်း သားများ၏ လိုလားချက်များမှာ များစွာအရေးကြီးပါကြောင်း၊ ၎င်းတို့၏လိုလားချက် များအား အလေးထားဆောင်ရွက်မှသာ လုပ်ငန်းများအောင်မြင်မည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မေလ ၁ ရက်တွင် ရခိုင်ပြည်နယ်ခရီးစဉ်၌ လိုလားချက်အတိုင်း ပြောဆိုမည့်အစား ၎င်းတို့အား သေချာစွာ မေးမြန်းစေလိုကြောင်း၊ မည်သည့်ကန့်သတ်ချက်မျှ ထားရှိခြင်းမရှိပါကြောင်း၊ မည်သည့်နေရာသို့မဆို သွားရောက်နိုင်ပြီး မည်သူ့ကိုမဆို မေးမြန်းနိုင်ပါကြောင်း၊ ပွင့်လင်းမြင်သာမှုရှိပြီး မှန်ကန်စွာဆောင်ရွက် သွားစေလိုကြောင်း၊ မိမိတို့နိုင်ငံတွင်လက်နက်ကိုင်ပဋိပက္ခများ ဆူပူအကြမ်းဖက်မှု ပြဿနာများ၊ ငြင်းခုံနေသည့် ပြဿနာများအား ဖြေရှင်းဆောင်ရွက်ပြီး အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးစွာ နေထိုင်သွားလိုပါကြောင်း၊ မိမိတို့လျှောက်လှမ်းနေသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် အေးချမ်းမှုရှိပြီး ပြည်သူများမှ စိတ်ချမ်းသာစွာဖြင့် တိုင်းပြည်အတွက် ကောင်းမွန် အောင်လုပ်ဆောင်သည့် ကိစ္စရပ်များအား မိမိတို့တပ်မတော်အနေဖြင့် များစွာလိုလားပါ သည်ဟု ပြန်လည်ပြောကြားခဲ့ပါသည်။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ

နေပြည်တော်၊ မေ  ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၃၀ ရက် ညနေပိုင်းတွင် ပီရူးနိုင်ငံမှ Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံပြီးဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်၍ ဆွေးနွေးမှု ကောက်နှုတ် ချက်များအား ဖြည့်စွက်ဖော်ပြခြင်း ဖြစ်ပါသည်။

ထိုသို့တွေ့ဆုံခဲ့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကုလသမဂ္ဂလုံခြုံ ရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များနှင့်ခေါင်းဆောင်များ၊ ပီရူးနိုင်ငံသံအမတ်ကြီး ဦးဆောင်သော သံအမတ်ကြီး များအား မြန်မာ့တပ်မတော်မှ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားရှိ ဆက်ဆံရေးအခြေအနေများနှင့် ပတ်သက်၍ ပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာ သည်ပုဂ္ဂိုလ်များဖြစ်သည်ဟုသိရှိထားပါကြောင်း၊ ယခုအခါ လက်တွေ့မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေ မှန်များကို မျက်မြင်ကိုယ်တွေ့လေ့လာခွင့်ရရှိတော့မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့ သည့် မြေပြင်အခြေအနေမှန်များကို ပိုမိုနားလည်သိရှိခွင့်ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ကိုယ်စား လှယ်များအနေဖြင့် သိရှိလိုသည့်အချက်များရှိပါက ပြန်လည်ဆွေးနွေးနိုင်ရန်အတွက် ယခုဆွေးနွေးပွဲသို့ မြန်မာ့တပ်မတော်မှ တာဝန်ရှိပုဂ္ဂိုလ်များကို တက်ရောက်စေခဲ့ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်း အားဖြင့် အပြန်အလှန် အမြင်ချင်းဖလှယ်နိုင်ကာ လက်တွေ့ အခြေအနေမှန်များကို ပိုမိုသိရှိနိုင်မည်ဖြစ်ပြီး ဖြစ်ပေါ်နေသည့်ပြဿနာရပ်များကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုယ်စားလှယ်တို့၏ သဘောထား အမြင်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုပါကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြံုရေးကောင်စီအဖွဲ့ဝင် ပီရူးနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Gustavo Meza Cuadra Velasquez က ပြောကြားရာတွင် မိမိတို့ကိုယ်စားလှယ်အဖွဲ့အား ယခုလို လက််ခံ တွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်ရရှိသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယခုတွေ့ဆုံ ဆွေးနွေးမှုသည် လွန်စွာအရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ဖြစ်ပြီး မိမိတို့အနေဖြင့် မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ပေါ်ပေါက် လာရသော ဒုက္ခသည်ဆိုင်ရာ ပြဿနာရပ်များသည် လွန်စွာအရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်သည်ဟု ထင်မြင်ယူဆထားပါကြောင်း၊ မြန်မာနိုင်ငံသို့လာရောက်ခြင်းမပြုမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ရှိ ဒုက္ခသည်များနှင့် သွားရောက်တွေ့ ဆုံခဲ့ရာတွင် ၎င်းဒုက္ခသည်များထံမှ သတင်းအချက်အလက်များစွာ သိရှိခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများရှိသည်ကိုလည်း မျက်မြင်တွေ့ရှိခဲ့ရပါကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံရာတွင် အဆိုပါဒုက္ခသည်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်အခြေချနေထိုင်လိုသည်ဟု မိမိတို့အား ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ မိမိတို့ ကုလသမဂ္ဂလုံခြံုရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသို့ အဆိုပါဒုက္ခ သည်များ ပြန်လည်အခြေချနေထိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ဆန္ဒ အလျှောက် ပြန်လည် ရောက်ရှိလာရေး၊ လုံခြံုစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ရောက်ရှိရေးစသည့်အချက်များကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ မြန်မာ့ တပ်မတော်အနေဖြင့် ဒုက္ခသည်များ ပြန်လည်လာရောက်နေ ထိုင်ရေးအတွက် လုံခြံုရေးကဏ္ဍများတွင် မည်ကဲ့သို့လုပ်ဆောင်ထားသည်ကို သိရှိလိုပါကြောင်း ပြောကြား သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် ၎င်းဒုက္ခသည် များ၏ လုံခြံုရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှ တိုက်ရိုက်တာဝန်ယူလုပ် ဆောင်ခြင်း မရှိကြောင်း၊ ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ သဘောဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လည် နေထိုင်နိုင်ရေးသည် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်ကြောင်း၊ ၎င်းတို့၏သဘောဆန္ဒအလျှောက်သာ လာရောက်ခြင်းဖြစ်ရမည်ဖြစ်ပြီး အခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တိုက်တွန်းပြောကြား ချက်အရ လာရောက် ခြင်းမျိုးမဖြစ်စေရန်လိုအပ်ပါကြောင်း၊ ၎င်းတို့အား ခြိမ်းခြောက် ပြောဆိုခံနေရခြင်းများလည်းရှိပါကြောင်း၊ ဥပမာ အားဖြင့် ၎င်းတို့ပြန်လည်နေထိုင်နိုင်ရေး နှင့်ပတ်သက်၍ ARSA အဖွဲ့မှ ခြိမ်းခြောက်ပြောဆိုခြင်းများရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များအား လုံခြံုရေးဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ပူးပေါင်းကာကွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမှု ဖြစ်စဉ်မဖြစ်ပွားမီ ရခိုင်ပြည်နယ်အတွင်း၌ ဘင်္ဂါလီအကြမ်းဖက်သမားများက မြန်မာတိုင်းရင်းသားများအား သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက် သတ်ဖြတ် မှုကြောင့် ၂၀၁၈ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ မြန်မာတိုင်းရင်းသား ရ၂ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ ပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက်မှုဖြစ်စဉ်များ ဆက်လက်မဖြစ်ပွားစေရေးအတွက် ၎င်းတို့ဘက်မှ ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့သတ်မှတ်ထားသည့် ဧရိယာအတွင်း စနစ်တကျ နေထိုင်သွားမည်ဆိုပါက ၎င်းတို့၏ လုံခြံုရေးအတွက် စိုးရိမ်ပူပန်မှုရှိမည် မဟုတ်ကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့် ၎င်းဒုက္ခသည်များ၏ လုံခြံုရေးဆိုင်ရာ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး တိုက်ရိုက်တာဝန်ယူ ဆောင်ရွက် ၍ မရပါကြောင်း၊ ၎င်းနယ်မြေဒေသအတွင်း လုံခြံုရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့များကိုလည်း ပြန်လည် ရုပ်သိမ်းထားပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်စပ်ဒေသရဲတပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ သို့သော် မိမိတို့တပ်မတော် အနေဖြင့် နိုင်ငံတော်အား ကာကွယ်ရန်တာဝန်ရှိသည့်အပြင် ယင်းနယ်မြေအတွင်းရှိ တိုင်းရင်းသားလူမျိုးများကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ် သောကြောင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရမည်ဆိုပါက ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ ပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းမရှိပါက မိမိတို့ဘက်မှ မည်သည့်လုပ်ဆောင်မှုမျိုးကိုမှ လုပ်ဆောင် မည်မဟုတ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများအနေဖြင့် ၎င်းတို့၏လုံခြံုရေး ဆိုင်ရာ အချက်များအား စိုးရိမ်ပူပန်မှုများရှိသကဲ့သို့ ဒေသအတွင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ ကလည်း ၎င်းတို့အားပြန်လည်အနိုင်ကျင့်ခံရမည်ကို စိုးရိမ်လျက်ရှိပါကြောင်း၊ ယင်းအချက် နှင့်ပတ်သက်၍ ကိုယ်စားလှယ်များက ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ၎င်းတို့နှစ်ဖက်စလုံးမှ သဟဇာတဖြစ်စေရေး ထိန်းသိမ်းကာ နေထိုင်သွားမည် ဆိုပါက လုံခြံုရေးပိုင်းဆိုင်ရာနှင့်ပတ်သက်၍ စိုးရိမ် ပူပန်မှုရှိရန် လိုအပ်မည်မဟုတ်ကြောင်း ပြောကြားသည်။

ကူဝိတ်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Mansour Alotaibi က မိမိတို့အနေဖြင့် Cox’s Bazar ရှိ ဒုက္ခသည်စခန်းများအား လေ့လာရာတွင် အချိန်တို တောင်းသော်လည်း ဒုက္ခသည်မိသားစုများ၊ အမျိုးသားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူ ငယ်များနှင့် တွေ့ဆုံခဲ့ရပါကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့ အနေဖြင့် ယခုကဲ့သို့ ထွက်ပြေးရခြင်းမှာ ၎င်းတို့၏ သွားရောက်နေထိုင်လိုသည့် စိတ်ဆန္ဒအရ ထွက်ပြေးလာခြင်းမဟုတ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော စေ့ဆော်မှုများရှိသည့်အတွက် ၎င်းတို့၏ ဒေသအား စွန့်ခွာထွက်ပြေးလာခြင်းဖြစ်သည်ဟု မိမိတို့အား ပြန်လည်ပြောကြားခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည်သွား ရောက်လိုသော်လည်း လုံခြံုမှုရှိသည့် စိတ်ခံစားချက်မျိုး မရှိသောကြောင့် ပြန်လည်သွား ရောက်ရန် မဝံ့မရဲဖြစ်နေသည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းအချက်နှင့်ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်အရ လုံခြံုရေးဆိုင်ရာကဏ္ဍများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အကြံပြုချက်များ ထားရှိခဲ့ ပါကြောင်း၊ အဆိုပါ အကြံပြုချက်တွင် တပ်မတော်၏အခန်းကဏ္ဍကိုလည်း ထည့်သွင်းရေးသားထားပါကြောင်း၊ ယင်းအချက်နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်း ရှိ/မရှိနှင့် ထိိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်မည်မျှကြာမြင့်နိုင်မည်၊ မည်ကဲ့သို့ ခံယူချက်ထားရှိသည် စသည့် အချက်များအား သိရှိလိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုက္ခသည်များအနေဖြင့် ကြောက်လန့်၍ ထွက်ပြေးသွားသည်ဟု ကူဝိတ် ကိုယ်စားလှယ်မှ ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ အနေဖြင့် မည်သည့်အကြောင်းပြချက်ကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ ယင်းနယ်မြေဒေသအတွင်း ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင်တစ်ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင်တစ်ကြိမ် စသည်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ ဖြစ်စဉ်များအနက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့ သည့်ဖြစ်စဉ်မှာ အဆိုးရွားဆုံးဖြစ်ပြီး ရဲကင်းစခန်းများ၊ ရဲဌာနချုပ်စခန်းများ တိုက်ခိုက်ခံရသည့်အပြင် လူပေါင်းများစွာ သတ်ဖြတ်ခြင်းခံခဲ့ရကာ လက်နက်အများအပြား ဆုံးရှုံးခဲ့ရပါကြောင်း၊ ယင်းအတွေ့အကြံုအရ ၂၀၁၇ ခုနှစ်၊ သြဂုတ်လဖြစ်စဉ်တွင် ၂၀၁၆ ခုနှစ် ဖြစ်စဉ်ကဲ့သို့ လုံခြံုရေးရဲကင်းစခန်းများအား စီးနင်း ၀င်ရောက် ခဲ့သော်လည်း ထိရောက်စွာကာကွယ်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အောင်မြင်မှုမရှိခဲ့ပါကြောင်း၊ ၎င်းတို့ အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အပြစ်များကို ကြောက်ရွံ့၍ ထွက်ပြေးရခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဒုက္ခသည်များအနေဖြင့် ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်သည်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် လုံလောက်မှုမရှိဟု ထင်မြင် မိပါ ကြောင်း၊ ၎င်းတို့အား ARSA အကြမ်းဖက်အဖွဲ့က ထွက်ပြေးတိမ်းရှောင်ခြင်းမရှိပါက သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရ၍ ထွက်ပြေးသွားခြင်းများလည်း ရှိနိုင်ပါကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် စခန်းများ အား တိုက်ခိုက်သိမ်းပိုက်ရာတွင် အောင်မြင်မှုမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်ရာတွင် ၎င်းတို့တစ်ဖွဲ့ တည်း ထွက်ပြေးရန်မဖြစ်နိုင်သဖြင့် ကျန်ရှိသည့်လူများကိုပါ လိုက်ပါထွက်ပြေးစေရေး လှုံ့ဆော်ခြင်း ဖြစ်နိုင်ပါကြောင်း၊ အခြားအချက်တစ်ချက်အနေဖြင့် Third Party အဖြစ်အခြားနိုင်ငံ တစ်နိုင်ငံသို့ ထွက်ပြေး ရန် စည်းရုံးခြင်းမျိုးလည်းရှိနိုင်ပါကြောင်း၊ ၎င်းဘင်္ဂါလီများအနေဖြင့် ပျော်ရွှင်၍ ရောက်ရှိလာသည်ကို မည်သူမျှ ပြောကြားမည်မဟုတ်ဘဲ များစွာဒုက္ခရောက်ခဲ့ရပြီး အနိုင်ကျင့်ခံခဲ့ရသည်ဟု ပြောကြားမှသာ ၎င်းတို့အပေါ် သနားကြင်နာပြီး အခွင့်အရေးများ ပေးအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လက်နက်ကိုင် အကြမ်းဖက် မှုများ ဖြစ်ပွားနေပါက ပြည်သူများအား ကာကွယ်ရန် တာဝန်ရှိပါကြောင်း၊ သို့ရာတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှစ၍ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခြင်းမရှိတော့သည့်အတွက် နယ်မြေ လုံခြံုရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းခဲ့ပါကြောင်း၊ ယခုအချိန်တွင် အဆိုပါ နယ်မြေ၏လုံခြံုရေးအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်များက ဆက်လက်တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် လုံခြံုရေးအခြေအနေအရ လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့်သာ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအချက်အနေဖြင့် ရခိုင်ပြည်နယ်ဒေသ အတွင်း လုံခြံုရေးအား သက်ဆိုင်ရာလုံခြံုရေးအဖွဲ့အစည်းများကသာ ဆောင်ရွက်နေကြောင်း၊ ကိုယ်စား လှယ်များအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာဒေသများသို့ ရောက်ရှိချိန်၌မျက်မြင်တွေ့ရှိနိုင်မည်ဖြစ်ပြီး ပွင့်လင်းစွာ မေးမြန်း စုံစမ်းနိုင်ပါကြောင်း ပြောကြားသည်။

ဆွီဒင်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Olof Skoog က မြန်မာနိုင်ငံ အတွင်း၌ဖြစ်ပွားနေသော လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြံုရေးကောင်စီအနေဖြင့် များစွာစိုးရိမ် ပူပန်လျက် ရှိပါကြောင်း၊ ကုလသမဂ္ဂလုံခြံုရေးကောင်စီအနေဖြင့် မြန်မာ့တပ်မတော်အပါအဝင် လုံခြံုရေးတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးမှုများကို အကောင် အထည်ဖော် ဆောင်ရွက်လိုကြပြီး ပြစ်မှုကျူးလွန်သူများအား ထိရောက်သော တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိစေလိုကြပါကြောင်း၊ ယင်းအချက်နှင့် ပတ်သက်၍ အဆွေတော်၏ သဘောထား အမြင်အား သိရှိလိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြောကြားရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးအဖွဲ့များလာရောက် ရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားရမည် ဆိုပါက ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် မိမိတို့၏ ပြည်တွင်းရေးကိစ္စရပ် တစ်ခုသာဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်အား ပုံကြီးချဲ့ပြောဆိုလုပ်ကိုင်ကြသဖြင့် နိုင်ငံတကာမှ ပါ၀င်လာသည့်အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်းတွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ ဒုတိယသမ္မတ ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးခဲ့သည်များရှိပါကြောင်း၊ ထို့ပြင် မိမိတို့တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သော တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ စုံစမ်းစစ်ဆေးခဲ့သောတွေ့ရှိချက်များသည် အမှန်တကယ် ဖြစ်ပွားခဲ့သော အချက် အလက် အမှန်များသာဖြစ်ပါကြောင်း၊ မိမိတို့ဘက်မှ စုံစမ်းတွေ့ရှိချက်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများ နှင့်တာဝန်ရှိသူများအား အရေးယူမှုများပြုလုပ်ခဲ့ပါကြောင်း၊ ထို့ပြင် အခြားတစ်ဖက်တွင် မိမိတို့၏တိုင်းရင်းသား များ သတ်ဖြတ်ခံခဲ့ရသည့်ကိစ္စရပ်များလည်း ရှိပါကြောင်း၊ ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံများ ထွက်ပြေးနေသည်များ ရှိပါကြောင်း၊ ၎င်းတို့အထဲမှ ဖမ်းဆီးရမိသူများလည်းရှိပြီး အရေးယူ ဆောင်ရွက်ခဲ့သည်များလည်းရှိပါကြောင်း၊ အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့ပြည်တွင်း၌ အချက် အလက်များ စုဆောင်းထားရှိပြီးဖြစ်ပါကြောင်း၊ ယင်းအချက်အလက်များအား မိမိတို့အနေဖြင့် များစွာ အလေးထားရန်လိုအပ်ပါကြောင်း၊ အချို့အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး ၎င်းတို့ လိုလားသည့်ပုံဖော်မှုအတိုင်း လုပ်ဆောင်လာပါက အခြေအနေမျိုးစုံ ပြောင်းလဲသွားနိုင်ပါကြောင်း၊ မိမိတို့ အနေဖြင့် လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများအား ပြည်တွင်း၌ပင် ပြုလုပ်ထားရှိပြီးဖြစ်သဖြင့် လုံလောက်ပြီဟု ယူဆပါကြောင်း၊ သို့ရာတွင် မိမိအနေဖြင့် ယင်းကဲ့သို့ဆုံးဖြတ်ချက်ပေးရန် မဖြစ်နိုင်ပါကြောင်း၊ အစိုးရဘက် ကသာ ဆုံးဖြတ်ချက်ချမှတ်ပေးနိုင်ပါကြောင်း ပြောကြားသည်။

အီကွေတိုရီးယားနယူးဂီနီ နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Anatolio Ndong Mba က နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့သည် တပ်မတော်၏ကြီးကြပ်မှု အောက်တွင်သွယ်ဝိုက်စွာ ရှိနေပါကြောင်း၊ ဒုက္ခသည်များပြန်လည် ၀င်ရောက်လာမည့်ဒေသတွင် မြန်မာနိုင်ငံဘက်မှ မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်၍ သိန်းပေါင်းများစွာသော ဒုက္ခသည်များ ပြန်လည်ရောက်ရှိလာ ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်ထောင်ထားသည့် မြေမြှုပ်မိုင်းများကို ဒုက္ခသည်များ အနေဖြင့် တက်နင်း မိပါက အန္တရာယ်ဖြစ်ပေါ်နိုင်ပါကြောင်း၊ မကြာမီ အချိန်ကာလအတွင်းတွင် မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ ၎င်းဒေသများတွင် ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများအနေ ဖြင့် အသက်အန္တရာယ်များ ကြုံတွေ့နိုင်ပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် ၎င်းင်းဒုက္ခသည်များ ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ရောက်ရှိ လာနိုင်ရန်အတွက် လှုံ့ဆော်ပေးနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ကုလသမဂ္ဂလက်အောက် ခံအဖွဲ့များဖြစ်သည့် OHCHR ၊ UNDP ၊ UNHCR ၊ WHO နှင့် FAO အဖွဲ့များကလည်း ပြန်လည်ရောက်ရှိလာမည့် ဒုက္ခသည်များအား ကူညီပံ့ပိုး ပေးရန် အသင့်ရှိပါကြောင်း၊ သို့ဖြစ်၍ မြန်မာ့တပ်မတော်အနေဖြင့် ပြန်လည်ရောက်ရှိ လာမည့်ဒုက္ခသည်များအတွက် အပြုသဘောဆောင်သည့် ကဏ္ဍဖြင့် ဆောင်ရွက်ပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် မိမိတို့ အနေဖြင့် ၎င်းဒေသတွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းမရှိပါကြောင်း၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများမှ ထောင်ထားသည့် မြေမြှုပ်မိုင်းများလည်း ဖြစ်နိုင်ပါကြောင်း၊ လက်ရှိအချိန်တွင်လည်း ယင်းကဲ့သို့ဖြစ်စဉ်မျိုး မိမိတို့အနေဖြင့် နှစ်ကြိမ်သုံးကြိမ်တွေ့ကြုံခဲ့ဘူးပါကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ်ဒေသတွင် ဒုက္ခသည်များပြန်လည်ဝင်ရောက် လာနိုင်ရန်အတွက် ၀င်ပေါက်များ သတ်မှတ်ပေးထားပါကြောင်း၊ ၎င်းသတ်မှတ်ထားသည့် ၀င်ပေါက်များမှ ၀င်ရောက်လာပြီး အန္တရာယ်ဖြစ်ပေါ်ပါက မိမိတို့တွင် အပြည့်အဝတာဝန်ရှိသည်ကို လက်ခံပါကြောင်း၊ ၎င်းတို့ အနေဖြင့် သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်းဝင်ရောက်လာပါက မည်သည့်အန္တရာယ်မှရှိ မည်မဟုတ် ပါကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ပြောကြားရမည်ဆိုပါက မြန်မာနိုင်ငံအတွင်း၌ လက်နက်ကိုင်တိုက်ခိုက်မှု များမရှိပါက မိမိတို့တပ်မတော်တွင် လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်မရှိပါကြောင်း၊ လက်နက်ကိုင် တိုက်ခိုက် မှုများ ဖြစ်ပေါ်လာပါက တပ်မတော်အနေဖြင့် ကာကွယ်ပေးရန်အပြည့်အဝတာဝန်ရှိပါကြောင်း၊ သာမန် လုံခြုံရေး နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပြီး သာမန်လုံခြုံရေးထက်ပိုသော ဆောင်ရွက်မှု များတွင် တပ်မတော်မှတာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့တပ်မတော်တွင် တာဝန်လုံးဝ မရှိဟု မိမိအနေဖြင့် ငြင်းဆိုပြောကြားခြင်းမဟုတ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဝင်ရောက်လာသူ များနှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် ၎င်းတို့လိုအပ်သည့်အကူအညီများကို ကူညီပံ့ပိုး ပေးရန်အသင့်ရှိပါကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း၌ လိုအပ်သည့်အကူအညီများကို ကူညီပံ့ပိုးပေးရန် အသင့်ရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာ့တပ်မတော်နှင့်ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြရန် မလိုပါကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် မိမိတို့၏ဆန္ဒအလျောက် ကူညီဆောင်ရွက်ပေး၍မရပါကြောင်း၊ အစိုးရမှ တပ်မတော်အနေဖြင့် ကူညီ ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ပြောကြားမှသာ မိမိတို့အနေဖြင့် ကူညီဆောင်ရွက်ပေးရပါကြောင်း၊ သို့သော် သဘာဝဘေးအန္တရာယ် ကျရောက်၍ ပြည်သူလူထုဒုက္ခရောက်နေသည့်အချိန်တွင် မိမိတို့အနေဖြင့် ကူညီ ဆောင်ရွက်ပေးခွင့်ရှိပါကြောင်း၊ အဆိုပါကူညီဆောင်ရွက်မှုနှင့်ပတ်သက်၍ အစိုးရမှခွင့်ပြုထားပါကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် ဥပဒေအား ကျော်လွန်၍ မည်သည့် ကိစ္စရပ်ကိုမျှ ဆောင်ရွက်ခွင့်မရှိပါကြောင်း ပြော ကြားသည်။

ပြင်သစ်နိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Mrs.Anne Christine Marie Gueguen က ပြောကြားရာတွင် မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိ နေသည့်ဘင်္ဂါလီဒုက္ခသည်များနှင့်ပတ်သက်၍ များစွာ စိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ ၎င်းဘင်္ဂါလီဒုက္ခသည်များသည် ယခုအချိန်၌ ကမ္ဘာပေါ်တွင် နိုင်ငံမဲ့လူ့အဖွဲ့ အစည်းတစ်ခုဖြစ်နေပါကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် တစ်ခုထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ၎င်းဆုံးဖြတ်ချက်အား မိမိတို့၏ Road Mapအနေဖြင့် သတ်မှတ် ထားပါ ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သက်၍ Comprehensive Solution အနေဖြင့် ကဏ္ဍပေါင်းစုံမှပူးပေါင်း၍ ရရှိလာ သည့်ရလဒ်တစ်ခုကို ရှာဖွေရန်လိုအပ်ပါကြောင်း၊ ဒုက္ခသည်များနေရပ်သို့ လုံခြုံစိတ်ချစွာဖြင့် ပြန်လည်ရောက်ရှိလာရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဒုက္ခသည်များ ပြန်လည် လက်ခံရေး ဆိုင်ရာဆောင်ရွက်ချက်များကို မိမိအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ သို့သော်လက်ရှိအချိန်အထိ ထိရောက် သောအကောင်အထည်ဖော်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခြင်းမရှိသေးသည်ကိုလည်း မိမိတို့အနေဖြင့် တွေ့ရှိရ ပါကြောင်း၊ သို့ဖြစ်၍ အဆွေတော်တို့အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UNDP ၊ UNHCR အဖွဲ့များနှင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု မိမိအနေဖြင့် တိုက်တွန်းပြောကြား လိုပါ ကြောင်း၊ မိမိအနေဖြင့် အဆွေတော်အား မေးခွန်းနှစ်ခုမေးလို ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက စုံစမ်းစစ်ဆေးရေးလုပ်ငန်းများအား ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူး လွန်ခဲ့သူများကိုလည်း ပြစ်ဒဏ် သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု အဆွေတော်မှ မိမိတို့အား ပြောကြား ခဲ့ပါကြောင်း၊ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့် အဆင့်ရှိ ပြစ်မှုကျူးလွန်သူမည်မျှအား မည်သည့် ပြစ်ဒဏ် များ ချမှတ်ခဲ့သည်ကို မိမိအနေဖြင့် သိရှိလိုပါကြောင်း၊ နောင်အနာဂတ်တွင် ယင်းကဲ့သို့ကိစ္စရပ်များ ထပ်မံဖြစ် ပွား ခြင်းမရှိစေရန် အဆွေတော်တို့အနေဖြင့် မည်ကဲ့သို့ ကာကွယ်ဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရှိလိုပါ ကြောင်း၊ အဆွေတော်တို့တပ်မတော် အနေဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည် ဟုလည်း မိမိတို့သိရှိရပါကြောင်း၊ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အပြန်အလှန်ယုံကြည်မှု တည် ဆောက်ကာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူး ပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် သွားမည်ကို သိရှိလိုပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူ အညီပေးရေး အဖွဲ့ အစည်းများ အနေဖြင့်လည်း ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်မရှိပါကြောင်း၊ ၎င်းဒေသရှိ ဒုက္ခသည်များအား လူသားချင်း စာနာထောက် ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ၎င်းကိစ္စရပ် များနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်သွား မည်ကို သိရှိလိုပါကြောင်း ပြောကြားသည်။

အချိန်ကန့်သတ်ချက်ကြောင့် ကျန်ရှိသောကိုယ်စားလှယ်များအားလုံးအား တစ်ပြိုင်တည်းမေးမြန်းခွင့်ပြုရာ ဗြိတိန်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Ms. Karen Pierce က မိမိအနေဖြင့် ၂၀၁၇ခုနှစ်၊ သြဂုတ် ၂၅ ရက် ဖြစ်စဉ်နှင့်ပတ်သက်၍ အဆွေတော်တို့ အနေဖြင့် ၎င်းဒေသသို့ တပ်ဖွဲ့အင်အား မည်မျှစေလွှတ်ခဲ့သည်ကို သိရှိ လိုပါကြောင်း၊ အဆွေတော်သိရှိပြီးဖြစ်သည့်အတိုင်း မိမိတို့လုံခြုံရေးကောင်စီသည် မည်သည့်အကြမ်းဖက် မှုမျိုးကိုမျှလက်မခံပါကြောင်း၊ တစ်ဖက်တွင်လည်း တိုက်ခိုက်မှုနှင့် ပြန်လည်တုန့်ပြန် တိုက်ခိုက်မှုတို့သည် အချိုးညီ၍သဟဇာတ ဖြစ်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အီသီယိုပီးယားနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Teketa Alemu က ပြောကြားရာတွင် မိမိထံသို့ မျှဝေပေးသည့်အစီရင်ခံစာစာအုပ်တွင် ရက်စက် ကြမ်းကြုတ်သည့်ဓာတ်ပုံများကို တွေ့ရှိရပါကြောင်း၊ ယင်းကဲ့သို့ မျှဝေပေးသည့် အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းကဲ့သို့ဖြစ်စဉ်မျိုးဖြစ်ပွား ခဲ့သည့်အတွက်လည်း မိမိအနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိပါကြောင်း၊ အဆွေတော် တို့အနေဖြင့် မိမိတို့နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် ယင်းကဲ့သို့ မျှဝေပေးနိုင်ခြင်းမှာလည်း အဆွေတော်တို့အတွက် အကျိုးအမြတ်တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တစ်ကြိမ်တစ်ခါမျှ တွေ့ရှိခဲ့ဘူးခြင်းမရှိသည့် ဓာတ်ပုံများကို တွေ့မြင်ရခြင်းဖြစ်ကြောင်း၊ အဆွေတော်တို့အနေဖြင့် မည်ကဲ့သို့ခံစားနေရ၍ မည်မျှအထိ တာဝန်ကြီးသည် ကိုလည်း မိမိအနေဖြင့် နားလည်ခံစားမိပါကြောင်း၊ Cox’s Bazar ဒေသသို့ သွားရောက်လေ့လာ ချိန်တွင် ၎င်းဒေသတွင် နေထိုင်သူများအနေဖြင့် ဆိုးရွားလှသောဝေဒနာများ ခံစားရလျက်ရှိ သည်ကို တွေ့ရှိရသဖြင့် များစွာ တုန်လှုပ်မိပါကြောင်း ၊မိမိတို့အနေဖြင့် အများဆုံးတွေ့ရှိ ခဲ့ရသည်မှာ ကလေးသူငယ်များဖြစ်ပြီး ၎င်းတို့၏ ပြောဆိုချက်များအား သံသယဖြစ်ရန်အတွက်များစွာခက်ခဲပါကြောင်း၊ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ အဆွေတော် ၏ ထင်မြင်ချက်ကိုလည်း သိရှိလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် အမေရိကန်နိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Ms. Kelley Currie က အဆွေတော် အနေဖြင့် ယခုဖြစ်ပွားနေသည့်ကိစ္စရပ်များအား ပြည်တွင်းရေးကိစ္စဟု ပြောဆိုခဲ့ပါကြောင်း၊ လူပေါင်း ရ သိန်း သည် မြန်မာနိုင်ငံ၏ နယ်နိမိတ်ကိုကျော်လွန်၍ အခြားနိုင်ငံသို့ ရောက်ရှိသွားသည့်အတွက် ယခုကိစ္စရပ်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်ဟု မခေါ်ဆိုနိုင်တော့ပါကြောင်း၊ ဤကိစ္စသည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးအပေါ် သက်ရောက်လာနိုင်သည့်ကိစ္စရပ် အဖြစ်သို့ ပြောင်းလဲရောက်ရှိ သွားပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းရေးကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်တော့ပါကြောင်း ပြောကြားသည်။

ကာဇက်စတန်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Kairat Umarovက အဓမ္မပြုကျင့်မှုများစွာရှိခဲ့သည်ဟု ကြားသိခဲ့ရသော်လည်း မြန်မာ့တပ်မတော်မှ ပြုလုပ်သည့်စုံစမ်းစစ်ဆေးမှုတွင် ဖြစ်စဉ် ၃ ခုသာရှိသည်ဟု သိရှိရသည့်အတွက် မိမိတို့ အနေဖြင့် စဉ်းစားဖွယ်ရာဖြစ်နေပါကြောင်း၊ အမေရိကန်ကိုယ်စားလှယ်မှ ဆွေးနွေး ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံအတွင်းမှ လူပေါင်း ရ သိန်းကျော်သည် အခြားနိုင်ငံသို့ ကျော်လွန် ရောက်ရှိသွားသည့်အတွက် မြန်မာနိုင်ငံတစ်နိုင်ငံတည်း၏ ကိစ္စရပ်မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာနှင့် သက်ဆိုင် သော ကိစ္စရပ်ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများကို ကြည့်ရှုခြင်းအားဖြင့် အဆွေတော်ကိုင်တွယ်ဖြေရှင်း နေရသည့် ပြဿနာရပ်များကို မိမိအနေဖြင့် နားလည်သဘောပေါက်ပါကြောင်း၊ မိမိအနေဖြင့် မည်သူတို့က ပြစ်မှုကျူးလွန်သည်/မကျူးလွန်သည်နှင့်ပတ်သက်၍ ပြောကြားလိုခြင်းမရှိ ကြောင်း၊ နေရပ်သို့ ပြန်လည်သွားရောက်ရန် ကြောက်ရွံ့နေသူများ၏ စိတ်အခြေအနေအား သက်သာ စေမည့် နည်းလမ်းကို ကုလသမဂ္ဂအဖွဲ့အစည်းနှင့် အတူတကွပေါင်းစည်း လုပ်ကိုင်စေလိုခြင်းဖြစ်ပါကြောင်း၊ တစ်ဖက် နိုင်ငံသို့ ရောက်ရှိနေသူများအနက် အဓမ္မကျူးလွန်ခြင်းခံခဲ့ရသည်ဟု ပြောကြားသူများမှာ လွန်စွာများပြားသည့် အတွက် မိမိတို့အနေဖြင့် ၎င်းတို့အား ယုံကြည်၍မရသည့် အနေအထားမျိုး ဖြစ်နေပါကြောင်း၊ သို့ဖြစ်၍ အဆွေတော်တို့အနေဖြင့် ကုလသမဂ္ဂ၏ ယန္တရားများမှ လိုအပ်သည့်နေရာများတွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဖြေရှင်းသွားစေလိုပါကြောင်း ပြောကြားသည်။တရုတ်နိုင်ငံမှ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ဖြစ်သူ Mr. Wu Haitao က မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အကြား ပိုမိုတည်ငြိမ်မှုရှိလာသည်ကို မိမိတို့ အနေဖြင့်တွေ့ရှိရပါကြောင်း၊ ကုလသမဂ္ဂလုံခြံုရေး ကောင်စီ၏အဓိကရည်ရွယ်ချက်မှ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်များ နေရပ်သို့ပြန်လည်နေထိုင်နိုင်ရေးပင် ဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်သည် မြန်မာနိုင်ငံအတွက်သာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက်ပါ အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ သဘောတူလက်မှတ်ရေး ထိုးပြီးဖြစ်သည်ဟု မိမိတို့အနေဖြင့် သိရှိထားပါကြောင်း၊ ၎င်းကိစ္စရပ်အပေါ် လျှင်မြန်ထိရောက်သည့် အကောင် အထည်ဖော် ဆောင်ရွက်မှုများအား မည်ကဲ့သို့ပြုလုပ်မည်ကို မိမိတို့အနေဖြင့် စောင့်မျှော်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ကာ ဒုက္ခသည်များ နေရပ်သို့ အလျင်အမြန်ရောက်ရှိရေးကို မိမိတို့အနေဖြင့် မျှော်လင့်ပါကြောင်း၊ ယင်းကိစ္စရပ်အား လွန်စွာအရေးကြီးသည့် ကိစ္စတစ်ခုအဖြစ် သတ်မှတ် ထားပါကြောင်း ပြောကြားသည်။

ရုရှားနိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Dmitry Polyanskiy က မြန်မာနိုင်ငံသို့ လာ ရောက်ခြင်းသည် တရားသူကြီးများအဖြစ် ပြုလုပ်ရန်လာရောက်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏အရေးပါသည့် အခန်းကဏ္ဍမှ ပါ၀င်ဆောင်ရွက် နေသည်ကို သိရှိပါကြောင်း၊ သို့ရာတွင် ယခုကာလအတွင်း နိုင်ငံတကာ သတင်းမီဒီယာ များ၌ မြန်မာ့တပ်မတော်နှင့်ပတ်သက်၍ ရေးသားဖော်ပြချက်များမှ မည်ကဲ့သို့ရှိသည်ကို အဆွေတော်အနေဖြင့် သိရှိလိမ့်မည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ စွပ်စွဲချက်များသည် မိမိတို့အား စိုးရိမ်ဖွယ်ရာ ကိစ္စရပ်များအဖြစ် ဖန်တီးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ စွပ်စွဲပြောဆိုချက်များအား မည်ကဲ့သို့ ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်း ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း၊ ယခုကဲ့သို့ ပြဿနာရပ်များ ဖြစ်ပွားနေခြင်း သည် မြန်မာ့ တပ်မတော်၏ ဂုဏ်သိက္ခာကိုသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ ဂုဏ်သိက္ခာကို ထိပါးလျက်ရှိပါကြောင်း၊ မည်သည့် ကိစ္စရပ်သည်မှန်ကန်၍ မည်သည့်ကိစ္စရပ်မှာ မှားယွင်းနေကြောင်းကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ် နေသည့်အချိန်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သိရှိလိုပါကြောင်း၊ မိမိတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်ဘက်အဖွဲ့အစည်းမှ မြန်မာ့တပ်မတော် အနေဖြင့် နယ်စပ်တွင် အင်အားများ ထပ်မံဖြည့်တင်းနေသည်ဟု ပြောကြားလာကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် အင်အားထပ်မံဖြည့်တင်းနေသည်မှာ မှန်ကန်ပါက မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေ သည်ကို သိရှိလိုပါကြောင်း၊ နယ်စပ်ဒေသအား လုံခြံုမှုရှိသောဒေသ ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် အင်အား ဖြည့်တင်းခြင်း ဟုတ်/မဟုတ် သိရှိလိုပါကြောင်း ပြောကြားသည်။

ဘိုလစ်ဗီးယားနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Sacha Sergio Liorentty Soliz က မိမိတို့၏ လုံခြံုရေးကောင်စီကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါ ၁၉၃ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ များစွာစိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ လက်ရှိ အခြေအနေမှ ပိုမိုဆိုးရွားသွားမည်ကို စိုးရိမ်လျက်ရှိပါကြောင်း၊ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ စိန်ခေါ်မှုကိစ္စရပ်တစ်ခုတည်းကြောင့်သာမဟုတ်ဘဲ ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုတို့ အပေါ် ယိမ်းယိုင်သွား မည်ကို ပိုမိုစိုးရိမ်လျက်ရှိပါကြောင်း၊ ၎င်းတို့၏ဒေသဖြစ်သော မြန်မာနိုင်ငံသို့ပြန်လာမည့်လုပ်ငန်းစဉ်တွင် စာရွက် စာတမ်းဖြည့်စွက်မှုမမှန်ကန်သည့် အတွက်ကြောင့် အခက်အခဲဖြစ်နေသည်ကို နားလည်ရန်ခက်ခဲနေပါကြောင်း ပြောကြား သည်။

ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ မေးမြန်းဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည် ပြောကြားရာတွင် ကိုယ်စားလှယ်အဖွဲ့ဝင် များအနေဖြင့် ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်းပြောကြားသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် မည်သည့်နိုင်ငံဟူ၍ ရည်ညွှန်းခြင်းမရှိဘဲ ခြံုငုံဖြေကြားသွား မည်ဖြစ်ပါကြောင်း၊ ပထမအချက်အနေဖြင့် ပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်သည့် အရေးယူမှုများနှင့် ပတ်သက်၍ မိမိတို့ တပ်မတော်တွင် တပ်မတော်အက်ဥပဒေဟူ၍ ပြဌာန်းထားပြီး အဆိုပါအက်ဥပဒေနှင့် ငြိစွန်းသူများအားလုံးကို အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လျှော့ပေါ့၍ အပြစ်ပေးသည်ဟူ၍မရှိခဲ့ပါကြောင်း၊ မိမိအနေဖြင့် အဓမ္မပြုကျင့်သည့် အမှုနှင့် ပတ်သက်၍ အနည်းငယ် ပြောကြားလိုပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ် သော ကြောင့် အဓမ္မပြုကျင့်မှု၊ အထူးသဖြင့် အမျိုးသမီးများအပေါ် ကျူးလွန်သည့်အမှုများနှင့် ပတ်သက်၍ မည်သို့မျှ ခွင့်မလွှတ်သည့် နိုင်ငံလည်းဖြစ်ကြောင်း၊ မိမိတို့ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အရပ်ဘက်နှင့်စစ်ဘက်တို့တွင်ဖြစ်ပွား ခဲ့သည့် အဓမ္မပြုကျင့်မှုစုစုပေါင်း ၁၁၁၆ မှု ဖြစ်ပွားခဲ့ပြီး အဆိုပါအမှုများတွင် တပ်မတော်မှ ၁၆ မှုဖြစ်ပွားခဲ့ကာ အရပ်ဘက်မှ ၁၁၀၀ မှုဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် စစ်ဘက်မှ အဓမ္မပြုကျင့်ခဲ့သူများကို ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ တရားရုံးတွင် တိုင်တန်းခဲ့သည့် အဓမ္မပြုကျင့်မှုစုစုပေါင်း ၁၄၂၂ မှုဖြစ်ပွား ခဲ့ပြီး စစ်ဘက်မှ ၁၇ မှုပါ၀င်ခဲ့ရာ အဆိုပါ ကျူးလွန်သူများကိုလည်း ထောင်ဒဏ် ၂၀ နှစ်ချမှတ်၍ အပြစ်ပေးခဲ့ပြီးဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသည့် ဒုက္ခသည်များက ၎င်းတို့အား မြန်မာ့ တပ်မတော်မှ အဓမ္မပြုကျင့်မှုရှိခဲ့သည်ဟု ပြောဆိုနေကြသည်ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ အဓမ္မပြုကျင့်မှုများ ဖြစ်ပွားခဲ့ပါက ၎င်းတို့အား ပြန်လည် တိုင်ကြားရန်နှင့် တိုင်ကြားမှုများ အားလုံးကို အရေးယူဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီကလည်း ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့်ရှ်နိုင်ငံဘက်တွင် တရားစွဲဆိုသည် ဖြစ်စေ၊ မြန်မာ နိုင်ငံဘက်တွင် တိုင်ကြား သည်ဖြစ်စေ မိမိတို့အနေဖြင့် ၎င်းတို့တိုင်ကြားပါက အမှုဖွင့်စစ်ဆေးသွားပြီး အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ယခု အချိန်အထိ တိုင်ကြားမှုမရှိသေးပါကြောင်း၊ အဓမ္မပြုကျင့်မှုကို မည်သည့် နိုင်ငံကမျှ လက်ခံခြင်းမရှိသည့် အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ စိတ်နာစေရန် ပိုမိုချဲ့ကားပြောတတ်ကြသည့် အချက်ကိုမှု အဆွေတော်တို့ အနေဖြင့် ထည့်သွင်းစဉ်းစား ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အဆိုပါအမှုကိစ္စသည် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် လုံးဝ ဆက်စပ်မှုမရှိပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့်လည်း အဆိုပါအမှုကိစ္စဖြစ်ပွားမှုကို လုံးဝ လက်ခံခြင်းမရှိပါကြောင်း၊ အဆိုပါကိစ္စရပ် နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအပေါ် အစိုးရကကြေညာထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့် အစိုးရ၏ ဆောင်ရွက်ချက်များကို ဆက်လက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ဖြစ်စဉ်တို့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်သည့်အဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဖြစ်စဉ်တွင် လုံခြံုရေးတပ်ဖွဲ့များအား ၀င်ရောက်တိုက်ခိုက်ခြင်း၊ ရွာများသို့ ၀င်ရောက်တိုက်ခိုက်ခြင်း စသည့်တို့ ပြုလုပ်ရာတွင် တိုက်ခိုက်သူ အနည်းဆုံး အင်အား ၆၀၀၀ မှ အများဆုံး ၁၀၀၀၀ ကြားရှိမည်ဟု ခန့်မှန်း ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် သက်သေပေါင်း ၃၂၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ၈၀၀ ကျော်ကလည်း စာဖြင့်ရေးသား၍ ထွက်ဆိုခဲ့ပါကြောင်း၊ ၎င်းတို့၏ ထွက်ဆိုချက်ကို ကြည့်ခြင်းအားဖြင့် လူပေါင်း ၆၀၀၀ နှင့် ၁၀၀၀၀ ကြား အကြမ်းဖက်မှု ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ပါကြောင်း ပြောကြား သည်။

ဗြိတိန်နိုင်ငံမှ အမြဲတမ်း ကိုယ်စားလှယ် Ms. Karen Pierce က အကြမ်းဖက်တိုက်ခိုက်မှု များအား ပြန်လည် တိုက်ခိုက်ရာတွင် အင်အားမည်မျှသုံးစွဲခဲ့သည်ကို သိရှိလိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် မိမိတို့အနေဖြင့် အကြမ်းဖက်တိုက်ခိုက်သူများကို ပြန်လည်ထိန်းသိမ်းရန်အတွက် အနည်းဆုံး ၎င်းတို့နှင့် တူညီသည့် အင်အားသုံးစွဲလိမ့်မည်ဟု အများစုက တွက်ဆကြလိမ့်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ နိုင်ငံတကာမှ တာဝန်ရှိ သူများအား အကြိမ်ပေါင်းများစွာ ဆွေးနွေးပြောကြားခဲ့ဖူးပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် လုံခြံုရေး တာဝန်ယူသည့်အချိန်တွင် အကြမ်းဖက်တိုက်ခိုက်သူများ၏ အင်အားထက် များစွာနည်းပါးသည့် အင်အား ကိုသာ သုံးစွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ကိန်းဂဏန်းအားဖြင့် ပြောကြားရမည်ဆိုပါက ၎င်းတို့၏ အနည်းဆုံး အင်အားဖြစ်သော လူဦးရေ ၆၀၀၀ ထက်ပင်များစွာ နည်းပါးပါကြောင်း၊ အတိအကျပြောရမည်ဆိုပါက မိမိတို့တပ်မတော် အနေဖြင့် အင်အား ၁၀၀၀ ကျော်ကိုသာအသုံးပြုခဲ့ပြီး အများဆုံးအင်အား ၂၀၀၀ အထက် ပိုမိုအသုံးပြုခဲ့ခြင်းမရှိပါကြောင်း၊ မိိမိတို့အနေဖြင့် အင်အား ၁၀၀၀ နှင့် ၂၀၀၀ ကြားကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကိုယ်စားလှယ်များထံသို့ အစီရင်ခံစာ စာအုပ်ကို ပေးအပ် ထားပါကြောင်း၊ အဆွေတော်တို့အနေဖြင့် လေ့လာဖတ်ရှုနိုင်ပါကြောင်း၊ အဆိုပါအစီရင်ခံစာ စာအုပ်တွင် အကြမ်းဖက်တိုက်ခိုက်သူတို့၏ ပြစ်မှုကျူးလွန်ခဲ့သည့် ဓာတ်ပုံများကိုလည်း ထည့်သွင်းပေးထားပါကြောင်း၊ စာအုပ်များအပြင် Memory Stick ကိုလည်း ထည့်သွင်းပေးထားပြီး အဆိုပါပစ္စည်းများတွင် ပါရှိသော အကြောင်းအရာများမှာ တရားဝင်ထုတ်ပြန်ထားသည့် အကြောင်းအရာများဖြစ်ပြီး အဆွေတော်တို့အား တရားဝင်ပေးအပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါမှတ်တမ်းများထဲတွင် ၎င်းတို့၏ ရက်စက်သည့်လုပ်ရပ်များစွာကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတကာကို အပြည့် အစုံထုတ်ပြန်ကြေညာခဲ့သော်လည်း အချို့သော ထုတ်ပြန်ချက်များကို သတင်းအမှောင်ချထားခြင်း ခံခဲ့ရသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ ထုတ်ပြန်သည့် သတင်းအချက်အလက်များကို နိုင်ငံတကာမှ ရရှိခဲ့ခြင်း မရှိပါကြောင်း၊ ရခိုင်ပြည်နယ် တွင် အရေးယူသည့်ကိစ္စနှင့်ပတ်သက်၍ အမှု ၃ ခုသာ ရှိသည့်အတွက် မိမိတို့လုပ်ကိုင်ဆောင်ရွက်မှု နည်းပါးလျက်ရှိသည်ဟု ပြောကြားချက်နှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် စုံစမ်းစစ်ဆေး၍ဖော်ထုတ် နိုင်သည့် ပြစ်မှုအားလုံးကို အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အရေးယူခဲ့သည့် နောက်ဆုံးပြစ်မှုမှာ လူ သတ်မှုဖြစ်ပြီး ကျူးလွန်ခဲ့သူ ရ ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြစ်မှုကျူးလွန် သည်ဟု ပေါ်ပေါက်ပါက မိမိတို့အနေဖြင့် လုံးဝခွင့်လွှတ်ပေးခြင်းမရှိဘဲ အပြစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်သာမက တစ်နိုင်ငံလုံးတွင်ဖြစ်ပွား ခဲ့သည့်ကိစ္စရပ်များတွင်လည်း မိမိတိို့တပ်မတော်က ပြစ်မှုများစွာ ကျူးလွန်လျက်ရှိသည်ဟု ပြောကြားနေကြပါကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်အပေါ် စွပ်စွဲထားသည့် စွပ်စွဲ ချက်အားလုံးကို စစ်ဆေးခဲ့ပါကြောင်း၊ ထိုသို့စစ်ဆေး၍ အဖြစ်မှန်ပေါ် ပေါက်ပါက ကျူးလွန်သူများအားလုံးကို အရေးယူအပြစ်ပေးခဲ့ပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် ထိုသို့ အပြစ်ကျူးလွန်ခြင်း ကိုလည်း လုံးဝခွင့်မလွှတ်ပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် မိမိတို့ တပ်မတော်သည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် တပ်မတော်ဖြစ်ပြီး မြန်မာနိုင်ငံတွင် တစ်ခုတည်းသော တပ်မတော်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကို ကာကွယ်ရန်တာဝန်ရှိသည့် တပ်မတော်ဖြစ်သည့်အပြင် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် တပ်မတော်ဖြစ်သည့် အတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်၍မရ ဆိုသည့်အချက်ကို ကောင်းစွာနားလည်သဘောပေါက်ပါကြောင်း၊ မိမိတို့တပ်မတော်၏ ဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို နိုင်ငံတကာက သတင်း အမှားများနှင့် နှိုင်းယှဉ်ကာ မိမိတို့အပေါ်တွင် ပြောဆိုမှုများရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆွေတော်တို့အနေဖြင့် မိမိတို့ထုတ်ပြန်ထားသည့် အချက် အလက်များကို သေချာစွာဖတ်ရှုစေလိုပါကြောင်း၊ မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် တပ်မတော်ဖြစ်ပြီး မိမိကိုယ်တိုင်မှာလည်း တပ်မတော်၏ အကြီးအကဲ တစ်ဦးဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် နိုင်ငံ၏ ခေါင်းဆောင်သမ္မတရှိပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် သမ္မတ၏ ခေါင်းဆောင်မှုအောက်တွင်သာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တပ်မတော်သည် မြန်မာ နိုင်ငံအစိုးရ၏ ဦးဆောင်မှုအောက်တွင်သာရှိသည်ဟု ပြောကြားလိုပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် ဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အရ လုပ်ကိုင်ဆောင်ရွက်နေခြင်းသာရှိပြီး ဥပဒေကို ကျော်လွန်၍ မည်သည့် အရာကိုမျှ လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိပါကြောင်း၊ သို့ရာတွင် မိမိတို့တပ်မတော်အပေါ် အများစုက နားလည်မှုလွဲမှားနေသည်ကို တွေ့ရှိနေရပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရေး နှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှ စ၍ မြန်မာနိုင်ငံဘက်မှ အဆင်သင့် ဖြစ်နေပြီဟု ပြောကြားခဲ့ပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တုံ့ပြန်ဆောင်ရွက်ရာတွင် များစွာ နှောင်နှေးမှုရှိနေသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ အဆွေတော်တို့အနေဖြင့် အစောပိုင်းတွင် ဆွေးနွေးခဲ့သည့် အတိုင်း စာရွက်စာတမ်းဖြည့်စွက်ရာ၌ အချက်အလက်များ ပြည့်စုံမှုမရှိသည့်အတွက်ကြောင့် ဟူသော အချက်မှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြားတွင် ပြုလုပ်ထားသည့် သဘောတူညီ ချက်အရ အချက်အလက်များ ပြည့်စုံစွာ ပေးအပ်ရမည်ဟု ပါရှိပါကြောင်း၊ မိမိတို့အနေဖြင့် စိစစ်၍မရရှိနိုင်သည့် အချက်အလက်များနှင့် မည်ကဲ့သို့ လက်ခံဆောင်ရွက်သွားမည်ဟူသော အချက်ကိုနားလည် သဘောပေါက် ရန်လိုအပ်ပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြားတွင် ပြုလုပ်ထားသည့် သဘောတူညီချက် အတိုင်း လက်ခံသွားရန် အဆင်သင့်ရှိနေပြီဖြစ်ပါကြောင်း၊ အဆွေတော်တို့အနေဖြင့် မေလ ၁ ရက်တွင်သွား ရောက်ကြည့်ရှုမည်ဆိုပါက ပြန်လည်လက်ခံရန်အတွက် ပြင်ဆင် ထားပြီးဖြစ်သည့် လုပ်ဆောင်ချက်များကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အဆွေတော်တို့ အနေဖြင့် လိုက်လံ ကြည့်ရှုရုံသာမက ကြိုက်နှစ်သက်ရာ လူပုဂ္ဂိုလ်များကို တိုက်ရိုက်တွေ့ဆုံ၍ စိတ်ကြိုက်မေးမြန်းနိုင်ပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် မိမိတို့အနေဖြင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပွင့်ပွင့်လင်းလင်းပြော ကြားထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုးရိမ်ပူပန်နေသည့် တပ်ပြင်ဆင်မှုနှင့် ပတ်သက််၍ ပြုလုပ်ထားခြင်းမရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် စိုးရိမ်မှုလွန်ကဲကာ ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် ထင်မြင် ယူဆမိပါကြောင်း၊ မြန်မာနိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် သုံးနိုင်ငံထိစပ်နေသည့် နယ်စပ်ဒေသရှိပါကြောင်း၊ အဆိုပါနေရာတွင် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်း ရှိသည့်အတွက် မိမိတို့၏ တပ်များရှိနေသည့်အချက်မှာ မှန်ကန်ပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံ ပတ်သက်သည့် နယ်မြေများတွင် မိမိတို့၏တပ်များ မရှိပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံ သဘော တူညီချက်ကို ချိုးဖောက်၍ မည်သည့် ကိစ္စရပ်ကိုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိပါကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့် လုပ်ဆောင်ချက်များအားလုံး မှတ်တမ်းတင်ထားရှိပါကြောင်း၊ ၁၉၄၈ ခုနှစ်၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိ သည့်အချိန်မှစ၍ ယနေ့အချိန်အထိ တပ်မတော်၏ ဆောင်ရွက်ချက် များအားလုံးကို ရေးမှတ်ထားသည့်မှတ်တမ်းများရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုအပေါ်တွင် ပြစ်မှုကျူး လွန်မှုများရှိပါက အဆိုပါပြစ်မှုများအပေါ်တွင် ပြန်လည်အရေးယူခံရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏သမိုင်းကို မိမိတို့ ကိုယ်တိုင်ရေးထိုး သွားမည်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း ပြစ်မှုများကို ပြန်လည်ရွေးထုတ်ပြီး ပြောကြားလိုပါကြောင်း၊ အရပ်ဘက် တိုင်းရင်းသားများအပေါ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တာဝန်ရှိသည့် တပ်မမှူး ၁ ဦးကို ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သော ဖြစ်စဉ်နှင့် မိမိကိုယ်ကို ခုခံ ကာကွယ်မှုဖြစ်သော်လည်း လူသတ်မှုဟု သတ်မှတ်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည့် ဖြစ်စဉ် လည်းရှိပါကြောင်း၊ ထို့ပြင် အရပ်ဘက် တိုင်းရင်းသား ၁ ဦးကို ရည်ရွယ်ချက်ရှိရှိဖြင့် သတ်ဖြတ်ခဲ့သည့်အတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည့် ဖြစ်စဉ်၊ နာကျင်အောင်လုပ်ဆောင်မှုကြောင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့သည့် ဖြစ်စဉ်နှင့် နောက်ဆုံးတွင် ရခိုင်ပြည်နယ် အင်းဒင်၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုကြောင့့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့သော ဖြစ်စဉ်များရှိခဲ့ပါကြောင်း ပြောကြားသည်။

ယင်းဖြစ်စဉ်များကို ကြည့်ရှုခြင်းအားဖြင့် မိမိတုုိ့တပ်မတော်သည် ပြစ်မှုကျူးလွန် သူများအား ခွင့်လွှတ် ပေးခြင်းမရှိသည်ကို ဖော်ပြနေပါကြောင်း၊ တပ်မတော်၏ ဆောင်ရွက်ချက်များနှင့် နိုင်ငံ၏ ဆောင်ရွက်ချက် များအားလုံးကို သတင်းများထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ သို့ရာတွင် အဆိုပါသတင်းများသည် နိုင်ငံတကာသို့ ရောက်ရှိသည့်အခါ သတင်းအမှားများဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ သတင်း အမှားများ အပေါ်တွင် အခြေခံ၍ ရေးသားသည့်အတွက် အစီရင်ခံစာများမှာလည်း မှားယွင်းနေ သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါသတင်းများအပေါ်တွင် ချင့်ချိန်၍ သုံးသပ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံကိုယ်စားပြု တပ်မတော်ဖြစ်သည့်အတွက် စည်းကမ်းနှင့်ပတ်သက်၍ တင်းကြပ်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် အမေရိကန် နိုင်ငံမှ ဒုတိယ အမြဲတမ်းကိုယ်စားလှယ်က ရခိုင်ပြည်နယ်ကိစ္စရပ်သည် International Issue ဖြစ်သည်ဟု ပြောကြား ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ပြဿနာများသည် ပြည်တွင်း၌သာ ဖြစ်ပွားခဲ့သည့်အတွက် ပြည်တွင်းရေးကိစ္စကို အခြေခံ၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပါကြောင်း၊ ဘင်္ဂါလီများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသည့်အတွက်ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်သင့်သည်များ လုပ်ဆောင်ခဲ့ပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိဆွေးနွေးပြောကြား ခဲ့သည့်အချက်များ သည် မိမိတို့၏အခြေ အနေမှန်များအား ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုအရ အကူ အညီပေးရေးကိစ္စရပ်နှင့်ပတ်သက်၍ မိမိတို့အနေဖြင့်လက်ခံခဲ့ပါကြောင်း၊ သို့သော် အဆိုပါဒေသတွင် နေထိုင် သူများအား အကူအညီပေးအပ်ရာတွင် တန်းတူညီမျှ ရှိစေရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်း သားများ၏ လိုလားချက်များမှာ များစွာအရေးကြီးပါကြောင်း၊ ၎င်းတို့၏လိုလားချက် များအား အလေးထားဆောင်ရွက်မှသာ လုပ်ငန်းများအောင်မြင်မည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မေလ ၁ ရက်တွင် ရခိုင်ပြည်နယ်ခရီးစဉ်၌ လိုလားချက်အတိုင်း ပြောဆိုမည့်အစား ၎င်းတို့အား သေချာစွာ မေးမြန်းစေလိုကြောင်း၊ မည်သည့်ကန့်သတ်ချက်မျှ ထားရှိခြင်းမရှိပါကြောင်း၊ မည်သည့်နေရာသို့မဆို သွားရောက်နိုင်ပြီး မည်သူ့ကိုမဆို မေးမြန်းနိုင်ပါကြောင်း၊ ပွင့်လင်းမြင်သာမှုရှိပြီး မှန်ကန်စွာဆောင်ရွက် သွားစေလိုကြောင်း၊ မိမိတို့နိုင်ငံတွင်လက်နက်ကိုင်ပဋိပက္ခများ ဆူပူအကြမ်းဖက်မှု ပြဿနာများ၊ ငြင်းခုံနေသည့် ပြဿနာများအား ဖြေရှင်းဆောင်ရွက်ပြီး အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးစွာ နေထိုင်သွားလိုပါကြောင်း၊ မိမိတို့လျှောက်လှမ်းနေသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် အေးချမ်းမှုရှိပြီး ပြည်သူများမှ စိတ်ချမ်းသာစွာဖြင့် တိုင်းပြည်အတွက် ကောင်းမွန် အောင်လုပ်ဆောင်သည့် ကိစ္စရပ်များအား မိမိတို့တပ်မတော်အနေဖြင့် များစွာလိုလားပါ သည်ဟု ပြန်လည်ပြောကြားခဲ့သည်။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။