တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ အပိုင်း (၁)

နေပြည်တော်၊ မေ ၎



ထို့နောက် နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ပီရူးနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Gustavo Meza Cuadra Velasquez က ပြောကြားရာတွင် မိမိတို့ကိုယ်စားလှယ်အဖွဲ့အား ယခုလို လက်ခံ တွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်ရရှိသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယခုတွေ့ဆုံ ဆွေးနွေးမှုသည် လွန်စွာအရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ဖြစ်ပြီး မိမိတို့အနေဖြင့် မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ပေါ်ပေါက် လာရသော ဒုက္ခသည်ဆိုင်ရာ ပြဿနာရပ်များသည် လွန်စွာအရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်သည်ဟု ထင်မြင်ယူဆထားပါကြောင်း၊ မြန်မာနိုင်ငံသို့လာရောက်ခြင်းမပြုမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ရှိ ဒုက္ခသည်များနှင့် သွားရောက်တွေ့ ဆုံခဲ့ရာတွင် ၎င်းဒုက္ခသည်များထံမှ သတင်းအချက်အလက်များစွာ သိရှိခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများရှိသည်ကိုလည်း မျက်မြင်တွေ့ရှိခဲ့ရပါကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံရာတွင် အဆိုပါဒုက္ခသည်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်အခြေချနေထိုင်လိုသည်ဟု မိမိတို့အား ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ မိမိတို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသို့ အဆိုပါဒုက္ခ သည်များ ပြန်လည်အခြေချနေထိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ဆန္ဒ အလျှောက် ပြန်လည် ရောက်ရှိလာရေး၊ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ရောက်ရှိရေးစသည့်အချက်များကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ မြန်မာ့ တပ်မတော်အနေဖြင့် ဒုက္ခသည်များ ပြန်လည်လာရောက်နေ ထိုင်ရေးအတွက် လုံခြုံရေးကဏ္ဍများတွင် မည်ကဲ့သို့လုပ်ဆောင်ထားသည်ကို သိရှိလိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် ၎င်းဒုက္ခသည် များ၏ လုံခြုံရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှ တိုက်ရိုက်တာဝန်ယူလုပ် ဆောင်ခြင်း မရှိကြောင်း၊ ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ သဘောဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လည် နေထိုင်နိုင်ရေးသည် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်ကြောင်း၊ ၎င်းတို့၏သဘောဆန္ဒအလျှောက်သာ လာရောက်ခြင်းဖြစ်ရမည်ဖြစ်ပြီး အခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တိုက်တွန်းပြောကြား ချက်အရ လာရောက် ခြင်းမျိုးမဖြစ်စေရန်လိုအပ်ပါကြောင်း၊ ၎င်းတို့အား ခြိမ်းခြောက် ပြောဆိုခံနေရခြင်းများလည်းရှိပါကြောင်း၊ ဥပမာ အားဖြင့် ၎င်းတို့ပြန်လည်နေထိုင်နိုင်ရေး နှင့်ပတ်သက်၍ ARSA အဖွဲ့မှ ခြိမ်းခြောက်ပြောဆိုခြင်းများရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များအား လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ပူးပေါင်းကာကွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမှု ဖြစ်စဉ်မဖြစ်ပွားမီ ရခိုင်ပြည်နယ်အတွင်း၌ ဘင်္ဂါလီအကြမ်းဖက်သမားများက မြန်မာတိုင်းရင်းသားများအား သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက် သတ်ဖြတ် မှုကြောင့် ၂၀၁၈ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ မြန်မာတိုင်းရင်းသား ၇၂ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ ပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက်မှုဖြစ်စဉ်များ ဆက်လက်မဖြစ်ပွားစေရေးအတွက် ၎င်းတို့ဘက်မှ ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့သတ်မှတ်ထားသည့် ဧရိယာအတွင်း စနစ်တကျ နေထိုင်သွားမည်ဆိုပါက ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုရှိမည် မဟုတ်ကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့် ၎င်းဒုက္ခသည်များ၏ လုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး တိုက်ရိုက်တာဝန်ယူ ဆောင်ရွက် ၍ မရပါကြောင်း၊ ၎င်းနယ်မြေဒေသအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့များကိုလည်း ပြန်လည် ရုပ်သိမ်းထားပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်စပ်ဒေသရဲတပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ သို့သော် မိမိတို့တပ်မတော် အနေဖြင့် နိုင်ငံတော်အား ကာကွယ်ရန်တာဝန်ရှိသည့်အပြင် ယင်းနယ်မြေအတွင်းရှိ တိုင်းရင်းသားလူမျိုးများကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ် သောကြောင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရမည်ဆိုပါက ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ ပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းမရှိပါက မိမိတို့ဘက်မှ မည်သည့်လုပ်ဆောင်မှုမျိုးကိုမှ လုပ်ဆောင် မည်မဟုတ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများအနေဖြင့် ၎င်းတို့၏လုံခြုံရေး ဆိုင်ရာ အချက်များအား စိုးရိမ်ပူပန်မှုများရှိသကဲ့သို့ ဒေသအတွင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ ကလည်း ၎င်းတို့အားပြန်လည်အနိုင်ကျင့်ခံရမည်ကို စိုးရိမ်လျက်ရှိပါကြောင်း၊ ယင်းအချက် နှင့်ပတ်သက်၍ ကိုယ်စားလှယ်များက ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ၎င်းတို့နှစ်ဖက်စလုံးမှ သဟဇာတဖြစ်စေရေး ထိန်းသိမ်းကာ နေထိုင်သွားမည် ဆိုပါက လုံခြုံရေးပိုင်းဆိုင်ရာနှင့်ပတ်သက်၍ စိုးရိမ် ပူပန်မှုရှိရန် လိုအပ်မည်မဟုတ်ကြောင်း ပြောကြားသည်။

ကူဝိတ်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Mansour Alotaibi က မိမိတို့အနေဖြင့် Cox’s Bazar ရှိ ဒုက္ခသည်စခန်းများအား လေ့လာရာတွင် အချိန်တို တောင်းသော်လည်း ဒုက္ခသည်မိသားစုများ၊ အမျိုးသားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူ ငယ်များနှင့် တွေ့ဆုံခဲ့ရပါကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့ အနေဖြင့် ယခုကဲ့သို့ ထွက်ပြေးရခြင်းမှာ ၎င်းတို့၏ သွားရောက်နေထိုင်လိုသည့် စိတ်ဆန္ဒအရ ထွက်ပြေးလာခြင်းမဟုတ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော စေ့ဆော်မှုများရှိသည့်အတွက် ၎င်းတို့၏ ဒေသအား စွန့်ခွာထွက်ပြေးလာခြင်းဖြစ်သည်ဟု မိမိတို့အား ပြန်လည်ပြောကြားခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည်သွား ရောက်လိုသော်လည်း လုံခြုံမှုရှိသည့် စိတ်ခံစားချက်မျိုး မရှိသောကြောင့် ပြန်လည်သွား ရောက်ရန် မ၀ံ့မရဲဖြစ်နေသည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းအချက်နှင့်ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်အရ လုံခြုံရေးဆိုင်ရာကဏ္ဍများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အကြံပြုချက်များ ထားရှိခဲ့ ပါကြောင်း၊ အဆိုပါ အကြံပြုချက်တွင် တပ်မတော်၏အခန်းကဏ္ဍကိုလည်း ထည့်သွင်းရေးသားထားပါကြောင်း၊ ယင်းအချက်နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်း ရှိ/မရှိနှင့် ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်မည်မျှကြာမြင့်နိုင်မည်၊ မည်ကဲ့သို့ ခံယူချက်ထားရှိသည် စသည့် အချက်များအား သိရှိလိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုက္ခသည်များအနေဖြင့် ကြောက်လန့်၍ ထွက်ပြေးသွားသည်ဟု ကူဝိတ် ကိုယ်စားလှယ်မှ ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ အနေဖြင့် မည်သည့်အကြောင်းပြချက်ကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ ယင်းနယ်မြေဒေသအတွင်း ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင်တစ်ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင်တစ်ကြိမ် စသည်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ ဖြစ်စဉ်များအနက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့ သည့်ဖြစ်စဉ်မှာ အဆိုးရွားဆုံးဖြစ်ပြီး ရဲကင်းစခန်းများ၊ ရဲဌာနချုပ်စခန်းများ တိုက်ခိုက်ခံရသည့်အပြင် လူပေါင်းများစွာ သတ်ဖြတ်ခြင်းခံခဲ့ရကာ လက်နက်အများအပြား ဆုံးရှုံးခဲ့ရပါကြောင်း၊ ယင်းအတွေ့အကြုံအရ ၂၀၁၇ ခုနှစ်၊ သြဂုတ်လဖြစ်စဉ်တွင် ၂၀၁၆ ခုနှစ် ဖြစ်စဉ်ကဲ့သို့ လုံခြုံရေးရဲကင်းစခန်းများအား စီးနင်း ၀င်ရောက် ခဲ့သော်လည်း ထိရောက်စွာကာကွယ်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အောင်မြင်မှုမရှိခဲ့ပါကြောင်း၊ ၎င်းတို့ အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အပြစ်များကို ကြောက်ရွံ့၍ ထွက်ပြေးရခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဒုက္ခသည်များအနေဖြင့် ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်သည်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် လုံလောက်မှုမရှိဟု ထင်မြင် မိပါ ကြောင်း၊ ၎င်းတို့အား ARSA အကြမ်းဖက်အဖွဲ့က ထွက်ပြေးတိမ်းရှောင်ခြင်းမရှိပါက သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရ၍ ထွက်ပြေးသွားခြင်းများလည်း ရှိနိုင်ပါကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် စခန်းများ အား တိုက်ခိုက်သိမ်းပိုက်ရာတွင် အောင်မြင်မှုမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်ရာတွင် ၎င်းတို့တစ်ဖွဲ့ တည်း ထွက်ပြေးရန်မဖြစ်နိုင်သဖြင့် ကျန်ရှိသည့်လူများကိုပါ လိုက်ပါထွက်ပြေးစေရေး လှုံ့ဆော်ခြင်း ဖြစ်နိုင်ပါကြောင်း၊ အခြားအချက်တစ်ချက်အနေဖြင့် Third Party အဖြစ်အခြားနိုင်ငံ တစ်နိုင်ငံသို့ ထွက်ပြေး ရန် စည်းရုံးခြင်းမျိုးလည်းရှိနိုင်ပါကြောင်း၊ ၎င်းဘင်္ဂါလီများအနေဖြင့် ပျော်ရွှင်၍ ရောက်ရှိလာသည်ကို မည်သူမျှ ပြောကြားမည်မဟုတ်ဘဲ များစွာဒုက္ခရောက်ခဲ့ရပြီး အနိုင်ကျင့်ခံခဲ့ရသည်ဟု ပြောကြားမှသာ ၎င်းတို့အပေါ် သနားကြင်နာပြီး အခွင့်အရေးများ ပေးအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လက်နက်ကိုင် အကြမ်းဖက် မှုများ ဖြစ်ပွားနေပါက ပြည်သူများအား ကာကွယ်ရန် တာဝန်ရှိပါကြောင်း၊ သို့ရာတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှစ၍ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခြင်းမရှိတော့သည့်အတွက် နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းခဲ့ပါကြောင်း၊ ယခုအချိန်တွင် အဆိုပါ နယ်မြေ၏လုံခြုံရေးအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်များက ဆက်လက်တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် လုံခြုံရေးအခြေအနေအရ လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့်သာ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအချက်အနေဖြင့် ရခိုင်ပြည်နယ်ဒေသ အတွင်း လုံခြုံရေးအား သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများကသာ ဆောင်ရွက်နေကြောင်း၊ ကိုယ်စား လှယ်များအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာဒေသများသို့ ရောက်ရှိချိန်၌မျက်မြင်တွေ့ရှိနိုင်မည်ဖြစ်ပြီး ပွင့်လင်းစွာ မေးမြန်း စုံစမ်းနိုင်ပါကြောင်း ပြောကြားသည်။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ အပိုင်း (၁)

နေပြည်တော်၊ မေ ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၃၀ ရက် ညနေပိုင်းတွင် ပီရူးနိုင်ငံမှ Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံပြီးဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်၍ ဆွေးနွေးမှု ကောက်နှုတ် ချက်များအား ဖြည့်စွက်ဖော်ပြခြင်း ဖြစ်ပါသည်။

ထိုသို့တွေ့ဆုံခဲ့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကုလသမဂ္ဂလုံခြုံ ရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များနှင့်ခေါင်းဆောင်များ၊ ပီရူးနိုင်ငံသံအမတ်ကြီး ဦးဆောင်သော သံအမတ်ကြီး များအား မြန်မာ့တပ်မတော်မှ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားရှိ ဆက်ဆံရေးအခြေအနေများနှင့် ပတ်သက်၍ ပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာ သည်ပုဂ္ဂိုလ်များဖြစ်သည်ဟုသိရှိထားပါကြောင်း၊ ယခုအခါ လက်တွေ့မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေ မှန်များကို မျက်မြင်ကိုယ်တွေ့လေ့လာခွင့်ရရှိတော့မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့ သည့် မြေပြင်အခြေအနေမှန်များကို ပိုမိုနားလည်သိရှိခွင့်ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ကိုယ်စား လှယ်များအနေဖြင့် သိရှိလိုသည့်အချက်များရှိပါက ပြန်လည်ဆွေးနွေးနိုင်ရန်အတွက် ယခုဆွေးနွေးပွဲသို့ မြန်မာ့တပ်မတော်မှ တာဝန်ရှိပုဂ္ဂိုလ်များကို တက်ရောက်စေခဲ့ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်း အားဖြင့် အပြန်အလှန် အမြင်ချင်းဖလှယ်နိုင်ကာ လက်တွေ့ အခြေအနေမှန်များကို ပိုမိုသိရှိနိုင်မည်ဖြစ်ပြီး ဖြစ်ပေါ်နေသည့်ပြဿနာရပ်များကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုယ်စားလှယ်တို့၏ သဘောထား အမြင်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုပါကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြံုရေးကောင်စီအဖွဲ့ဝင် ပီရူးနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Gustavo Meza Cuadra Velasquez က ပြောကြားရာတွင် မိမိတို့ကိုယ်စားလှယ်အဖွဲ့အား ယခုလို လက််ခံ တွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်ရရှိသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယခုတွေ့ဆုံ ဆွေးနွေးမှုသည် လွန်စွာအရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ဖြစ်ပြီး မိမိတို့အနေဖြင့် မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ပေါ်ပေါက် လာရသော ဒုက္ခသည်ဆိုင်ရာ ပြဿနာရပ်များသည် လွန်စွာအရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်သည်ဟု ထင်မြင်ယူဆထားပါကြောင်း၊ မြန်မာနိုင်ငံသို့လာရောက်ခြင်းမပြုမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ရှိ ဒုက္ခသည်များနှင့် သွားရောက်တွေ့ ဆုံခဲ့ရာတွင် ၎င်းဒုက္ခသည်များထံမှ သတင်းအချက်အလက်များစွာ သိရှိခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများရှိသည်ကိုလည်း မျက်မြင်တွေ့ရှိခဲ့ရပါကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံရာတွင် အဆိုပါဒုက္ခသည်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်အခြေချနေထိုင်လိုသည်ဟု မိမိတို့အား ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ မိမိတို့ ကုလသမဂ္ဂလုံခြံုရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသို့ အဆိုပါဒုက္ခ သည်များ ပြန်လည်အခြေချနေထိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ဆန္ဒ အလျှောက် ပြန်လည် ရောက်ရှိလာရေး၊ လုံခြံုစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ရောက်ရှိရေးစသည့်အချက်များကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ မြန်မာ့ တပ်မတော်အနေဖြင့် ဒုက္ခသည်များ ပြန်လည်လာရောက်နေ ထိုင်ရေးအတွက် လုံခြံုရေးကဏ္ဍများတွင် မည်ကဲ့သို့လုပ်ဆောင်ထားသည်ကို သိရှိလိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် ၎င်းဒုက္ခသည် များ၏ လုံခြံုရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှ တိုက်ရိုက်တာဝန်ယူလုပ် ဆောင်ခြင်း မရှိကြောင်း၊ ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ သဘောဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လည် နေထိုင်နိုင်ရေးသည် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်ကြောင်း၊ ၎င်းတို့၏သဘောဆန္ဒအလျှောက်သာ လာရောက်ခြင်းဖြစ်ရမည်ဖြစ်ပြီး အခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တိုက်တွန်းပြောကြား ချက်အရ လာရောက် ခြင်းမျိုးမဖြစ်စေရန်လိုအပ်ပါကြောင်း၊ ၎င်းတို့အား ခြိမ်းခြောက် ပြောဆိုခံနေရခြင်းများလည်းရှိပါကြောင်း၊ ဥပမာ အားဖြင့် ၎င်းတို့ပြန်လည်နေထိုင်နိုင်ရေး နှင့်ပတ်သက်၍ ARSA အဖွဲ့မှ ခြိမ်းခြောက်ပြောဆိုခြင်းများရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များအား လုံခြံုရေးဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ပူးပေါင်းကာကွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမှု ဖြစ်စဉ်မဖြစ်ပွားမီ ရခိုင်ပြည်နယ်အတွင်း၌ ဘင်္ဂါလီအကြမ်းဖက်သမားများက မြန်မာတိုင်းရင်းသားများအား သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက် သတ်ဖြတ် မှုကြောင့် ၂၀၁၈ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ မြန်မာတိုင်းရင်းသား ရ၂ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ ပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက်မှုဖြစ်စဉ်များ ဆက်လက်မဖြစ်ပွားစေရေးအတွက် ၎င်းတို့ဘက်မှ ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့သတ်မှတ်ထားသည့် ဧရိယာအတွင်း စနစ်တကျ နေထိုင်သွားမည်ဆိုပါက ၎င်းတို့၏ လုံခြံုရေးအတွက် စိုးရိမ်ပူပန်မှုရှိမည် မဟုတ်ကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့် ၎င်းဒုက္ခသည်များ၏ လုံခြံုရေးဆိုင်ရာ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး တိုက်ရိုက်တာဝန်ယူ ဆောင်ရွက် ၍ မရပါကြောင်း၊ ၎င်းနယ်မြေဒေသအတွင်း လုံခြံုရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့များကိုလည်း ပြန်လည် ရုပ်သိမ်းထားပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်စပ်ဒေသရဲတပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ သို့သော် မိမိတို့တပ်မတော် အနေဖြင့် နိုင်ငံတော်အား ကာကွယ်ရန်တာဝန်ရှိသည့်အပြင် ယင်းနယ်မြေအတွင်းရှိ တိုင်းရင်းသားလူမျိုးများကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ် သောကြောင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရမည်ဆိုပါက ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ ပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းမရှိပါက မိမိတို့ဘက်မှ မည်သည့်လုပ်ဆောင်မှုမျိုးကိုမှ လုပ်ဆောင် မည်မဟုတ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများအနေဖြင့် ၎င်းတို့၏လုံခြံုရေး ဆိုင်ရာ အချက်များအား စိုးရိမ်ပူပန်မှုများရှိသကဲ့သို့ ဒေသအတွင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ ကလည်း ၎င်းတို့အားပြန်လည်အနိုင်ကျင့်ခံရမည်ကို စိုးရိမ်လျက်ရှိပါကြောင်း၊ ယင်းအချက် နှင့်ပတ်သက်၍ ကိုယ်စားလှယ်များက ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ၎င်းတို့နှစ်ဖက်စလုံးမှ သဟဇာတဖြစ်စေရေး ထိန်းသိမ်းကာ နေထိုင်သွားမည် ဆိုပါက လုံခြံုရေးပိုင်းဆိုင်ရာနှင့်ပတ်သက်၍ စိုးရိမ် ပူပန်မှုရှိရန် လိုအပ်မည်မဟုတ်ကြောင်း ပြောကြားသည်။

ကူဝိတ်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Mansour Alotaibi က မိမိတို့အနေဖြင့် Cox’s Bazar ရှိ ဒုက္ခသည်စခန်းများအား လေ့လာရာတွင် အချိန်တို တောင်းသော်လည်း ဒုက္ခသည်မိသားစုများ၊ အမျိုးသားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူ ငယ်များနှင့် တွေ့ဆုံခဲ့ရပါကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့ အနေဖြင့် ယခုကဲ့သို့ ထွက်ပြေးရခြင်းမှာ ၎င်းတို့၏ သွားရောက်နေထိုင်လိုသည့် စိတ်ဆန္ဒအရ ထွက်ပြေးလာခြင်းမဟုတ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော စေ့ဆော်မှုများရှိသည့်အတွက် ၎င်းတို့၏ ဒေသအား စွန့်ခွာထွက်ပြေးလာခြင်းဖြစ်သည်ဟု မိမိတို့အား ပြန်လည်ပြောကြားခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည်သွား ရောက်လိုသော်လည်း လုံခြံုမှုရှိသည့် စိတ်ခံစားချက်မျိုး မရှိသောကြောင့် ပြန်လည်သွား ရောက်ရန် မဝံ့မရဲဖြစ်နေသည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းအချက်နှင့်ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်အရ လုံခြံုရေးဆိုင်ရာကဏ္ဍများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အကြံပြုချက်များ ထားရှိခဲ့ ပါကြောင်း၊ အဆိုပါ အကြံပြုချက်တွင် တပ်မတော်၏အခန်းကဏ္ဍကိုလည်း ထည့်သွင်းရေးသားထားပါကြောင်း၊ ယင်းအချက်နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်း ရှိ/မရှိနှင့် ထိိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်မည်မျှကြာမြင့်နိုင်မည်၊ မည်ကဲ့သို့ ခံယူချက်ထားရှိသည် စသည့် အချက်များအား သိရှိလိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုက္ခသည်များအနေဖြင့် ကြောက်လန့်၍ ထွက်ပြေးသွားသည်ဟု ကူဝိတ် ကိုယ်စားလှယ်မှ ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ အနေဖြင့် မည်သည့်အကြောင်းပြချက်ကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ ယင်းနယ်မြေဒေသအတွင်း ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင်တစ်ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင်တစ်ကြိမ် စသည်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ ဖြစ်စဉ်များအနက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့ သည့်ဖြစ်စဉ်မှာ အဆိုးရွားဆုံးဖြစ်ပြီး ရဲကင်းစခန်းများ၊ ရဲဌာနချုပ်စခန်းများ တိုက်ခိုက်ခံရသည့်အပြင် လူပေါင်းများစွာ သတ်ဖြတ်ခြင်းခံခဲ့ရကာ လက်နက်အများအပြား ဆုံးရှုံးခဲ့ရပါကြောင်း၊ ယင်းအတွေ့အကြံုအရ ၂၀၁၇ ခုနှစ်၊ သြဂုတ်လဖြစ်စဉ်တွင် ၂၀၁၆ ခုနှစ် ဖြစ်စဉ်ကဲ့သို့ လုံခြံုရေးရဲကင်းစခန်းများအား စီးနင်း ၀င်ရောက် ခဲ့သော်လည်း ထိရောက်စွာကာကွယ်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အောင်မြင်မှုမရှိခဲ့ပါကြောင်း၊ ၎င်းတို့ အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အပြစ်များကို ကြောက်ရွံ့၍ ထွက်ပြေးရခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဒုက္ခသည်များအနေဖြင့် ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်သည်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် လုံလောက်မှုမရှိဟု ထင်မြင် မိပါ ကြောင်း၊ ၎င်းတို့အား ARSA အကြမ်းဖက်အဖွဲ့က ထွက်ပြေးတိမ်းရှောင်ခြင်းမရှိပါက သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရ၍ ထွက်ပြေးသွားခြင်းများလည်း ရှိနိုင်ပါကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် စခန်းများ အား တိုက်ခိုက်သိမ်းပိုက်ရာတွင် အောင်မြင်မှုမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်ရာတွင် ၎င်းတို့တစ်ဖွဲ့ တည်း ထွက်ပြေးရန်မဖြစ်နိုင်သဖြင့် ကျန်ရှိသည့်လူများကိုပါ လိုက်ပါထွက်ပြေးစေရေး လှုံ့ဆော်ခြင်း ဖြစ်နိုင်ပါကြောင်း၊ အခြားအချက်တစ်ချက်အနေဖြင့် Third Party အဖြစ်အခြားနိုင်ငံ တစ်နိုင်ငံသို့ ထွက်ပြေး ရန် စည်းရုံးခြင်းမျိုးလည်းရှိနိုင်ပါကြောင်း၊ ၎င်းဘင်္ဂါလီများအနေဖြင့် ပျော်ရွှင်၍ ရောက်ရှိလာသည်ကို မည်သူမျှ ပြောကြားမည်မဟုတ်ဘဲ များစွာဒုက္ခရောက်ခဲ့ရပြီး အနိုင်ကျင့်ခံခဲ့ရသည်ဟု ပြောကြားမှသာ ၎င်းတို့အပေါ် သနားကြင်နာပြီး အခွင့်အရေးများ ပေးအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လက်နက်ကိုင် အကြမ်းဖက် မှုများ ဖြစ်ပွားနေပါက ပြည်သူများအား ကာကွယ်ရန် တာဝန်ရှိပါကြောင်း၊ သို့ရာတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှစ၍ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခြင်းမရှိတော့သည့်အတွက် နယ်မြေ လုံခြံုရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းခဲ့ပါကြောင်း၊ ယခုအချိန်တွင် အဆိုပါ နယ်မြေ၏လုံခြံုရေးအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်များက ဆက်လက်တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် လုံခြံုရေးအခြေအနေအရ လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့်သာ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအချက်အနေဖြင့် ရခိုင်ပြည်နယ်ဒေသ အတွင်း လုံခြံုရေးအား သက်ဆိုင်ရာလုံခြံုရေးအဖွဲ့အစည်းများကသာ ဆောင်ရွက်နေကြောင်း၊ ကိုယ်စား လှယ်များအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာဒေသများသို့ ရောက်ရှိချိန်၌မျက်မြင်တွေ့ရှိနိုင်မည်ဖြစ်ပြီး ပွင့်လင်းစွာ မေးမြန်း စုံစမ်းနိုင်ပါကြောင်း ပြောကြားသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။