တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ အပိုင်း (၂)

ေနျပည္ေတာ္၊ ေမ ၄

ဆြီဒင္ႏိုင္ငံမွ အၿမဲတမ္းကုိယ္စားလွယ္ Mr. Olof Skoog က ျမန္မာႏိုင္ငံ အတြင္း၌ျဖစ္ပြားေနေသာ လူ႕အခြင့္ အေရး ခ်ဳိးေဖာက္မႈမ်ားႏွင့္ ပတ္သက္၍ ကုလသမဂၢလံုၿခံဳေရးေကာင္စီအေနျဖင့္ မ်ားစြာစိုးရိမ္ ပူပန္လ်က္ ရွိပါေၾကာင္း၊ ကုလသမဂၢလံုၿခံဳေရးေကာင္စီအေနျဖင့္ ျမန္မာ့တပ္မေတာ္အပါအ၀င္ လံုၿခံဳေရးတပ္ဖဲြ႕၀င္မ်ား၏ လူ႕အခြင့္အေရးခ်ဳိးေဖာက္မႈမ်ားႏွင့္ ပတ္သက္၍ပြင့္လင္းျမင္သာမႈရွိေသာ စံုစမ္းစစ္ေဆးမႈမ်ားကို အေကာင္ အထည္ေဖာ္ ေဆာင္ရြက္လိုၾကၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား ထိေရာက္ေသာ တာ၀န္ယူမႈ၊ တာ၀န္ခံမႈမ်ား ရွိေစလိုၾကပါေၾကာင္း၊ ယင္းအခ်က္ႏွင့္ ပတ္သက္၍ အေဆြေတာ္၏ သေဘာထား အျမင္အား သိရွိလိုပါေၾကာင္း ေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ေျပာၾကားရာတြင္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ၏ အခ်က္အလက္ရွာေဖြေရးအဖြဲ႕မ်ားလာေရာက္ ေရးကိစၥႏွင့္ပတ္သက္၍ ေျပာၾကားရမည္ ဆိုပါက ရခိုင္ျပည္နယ္ ေျမာက္ပိုင္း၊ ဘူးသီးေတာင္၊ ေမာင္ေတာတြင္ျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္မ်ားသည္ မိမိတို႔၏ ျပည္တြင္းေရးကိစၥရပ္ တစ္ခုသာျဖစ္ပါေၾကာင္း၊ ယင္းကိစၥရပ္အား ပုံႀကီးခ်ဲ႕ေျပာဆုိလုပ္ကိုင္ၾကသျဖင့္ ႏိုင္ငံတကာမွ ပါ၀င္လာသည့္အေျခအေနသုိ႔ ေရာက္ရွိလာျခင္းျဖစ္ပါေၾကာင္း၊ ၂၀၁၂ ခုႏွစ္ႏွင့္ ၂၀၁၆ ခုႏွစ္အတြင္းတြင္ ျဖစ္ပြား ခဲ့ေသာ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ မိမိတို႔ႏုိင္ငံ ဒုတိယသမၼတ ဦးေဆာင္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္အဖြဲ႕ျဖင့္ စုံစမ္းစစ္ေဆးခဲ့သည္မ်ားရွိပါေၾကာင္း၊ ထို႔ျပင္ မိမိတို႔တပ္မေတာ္မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအး၀င္း ဦးေဆာင္ေသာ တပ္မေတာ္စုံစမ္းစစ္ေဆးေရးအဖြဲ႕ျဖင့္လည္း စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ ခဲ့ပါေၾကာင္း၊ ယင္းကဲ့သို႔ စုံစမ္းစစ္ေဆးခဲ့ေသာေတြ႕ရွိခ်က္မ်ားသည္ အမွန္တကယ္ ျဖစ္ပြားခဲ့ေသာ အခ်က္ အလက္ အမွန္မ်ားသာျဖစ္ပါေၾကာင္း၊ မိမိတို႔ဘက္မွ စုံစမ္းေတြ႕ရွိခ်က္မ်ားႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူမ်ား ႏွင့္တာ၀န္ရွိသူမ်ားအား အေရးယူမႈမ်ားျပဳလုပ္ခဲ့ပါေၾကာင္း၊ ထို႔ျပင္ အျခားတစ္ဖက္တြင္ မိမိတို႔၏တိုင္းရင္းသား မ်ား သတ္ျဖတ္ခံခဲ့ရသည့္ကိစၥရပ္မ်ားလည္း ရွိပါေၾကာင္း၊ ယင္းကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူ တရားခံမ်ား ထြက္ေျပးေနသည္မ်ား ရွိပါေၾကာင္း၊ ၎တို႔အထဲမွ ဖမ္းဆီးရမိသူမ်ားလည္းရွိၿပီး အေရးယူ ေဆာင္ရြက္ခဲ့သည္မ်ားလည္းရွိပါေၾကာင္း၊ အထက္ပါကိစၥရပ္မ်ားႏွင့္ပတ္သက္၍ မိမိတို႔ျပည္တြင္း၌ အခ်က္ အလက္မ်ား စုေဆာင္းထားရွိၿပီးျဖစ္ပါေၾကာင္း၊ ယင္းအခ်က္အလက္မ်ားအား မိမိတို႔အေနျဖင့္ မ်ားစြာ အေလးထားရန္လိုအပ္ပါေၾကာင္း၊ အခ်ဳိ႕အဖြဲ႕အစည္းမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္ၿပီး ၎တို႔ လိုလားသည့္ပုံေဖာ္မႈအတုိင္း လုပ္ေဆာင္လာပါက အေျခအေနမ်ဳိးစုံ ေျပာင္းလဲသြားႏိုင္ပါေၾကာင္း၊ မိမိတို႔ အေနျဖင့္ လိုအပ္သည့္စုံစမ္းစစ္ေဆးမႈမ်ားအား ျပည္တြင္း၌ပင္ ျပဳလုပ္ထားရွိၿပီးျဖစ္သျဖင့္ လုံေလာက္ၿပီဟု ယူဆပါေၾကာင္း၊ သို႔ရာတြင္ မိမိအေနျဖင့္ ယင္းကဲ့သို႔ဆုံးျဖတ္ခ်က္ေပးရန္ မျဖစ္ႏိုင္ပါေၾကာင္း၊ အစိုးရဘက္ ကသာ ဆုံးျဖတ္ခ်က္ခ်မွတ္ေပးႏိုင္ပါေၾကာင္း ေျပာၾကားသည္။

အီေကြတိုရီးယားနယူးဂီနီ ႏိုင္ငံမွ အၿမဲတမ္းကိုယ္စားလွယ္ Mr. Anatolio Ndong Mba က နယ္စပ္ေရးရာ ၀န္ႀကီးဌာနႏွင့္ ျပည္ထဲေရး၀န္ႀကီး ဌာနတို႔သည္ တပ္မေတာ္၏ႀကီးၾကပ္မႈ ေအာက္တြင္သြယ္၀ိုက္စြာ ရွိေနပါေၾကာင္း၊ ဒုကၡသည္မ်ားျပန္လည္ ၀င္ေရာက္လာမည့္ေဒသတြင္ ျမန္မာႏုိင္ငံဘက္မွ ေျမျမႇဳပ္မုိင္းမ်ား ေထာင္ထားသည္ဟု သိရွိရပါေၾကာင္း၊ သို႔ျဖစ္၍ သိန္းေပါင္းမ်ားစြာေသာ ဒုကၡသည္မ်ား ျပန္လည္ေရာက္ရွိလာ ခ်ိန္တြင္ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ေထာင္ထားသည့္ ေျမျမႇဳပ္မုိင္းမ်ားကို ဒုကၡသည္မ်ား အေနျဖင့္ တက္နင္း မိပါက အႏၲရာယ္ျဖစ္ေပၚႏိုင္ပါေၾကာင္း၊ မၾကာမီ အခ်ိန္ကာလအတြင္းတြင္ မိုးရာသီေရာက္ရွိေတာ့မည္ျဖစ္၍ ၎ေဒသမ်ားတြင္ ေရႀကီးျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းတို႔ ျဖစ္ေပၚႏိုင္သည့္အတြက္ ကေလးသူငယ္မ်ားႏွင့္ သက္ႀကီး ရြယ္အိုမ်ားအေန ျဖင့္ အသက္အႏၲရာယ္မ်ား ႀကဳံေတြ႕ႏိုင္ပါေၾကာင္း၊ ျမန္မာ့တပ္မေတာ္အေနျဖင့္ ၎ဒုကၡသည္မ်ား ေဘးကင္းလုံၿခဳံစြာျဖင့္ ျပန္လည္ေရာက္ရွိ လာႏိုင္ရန္အတြက္ လႈံ႕ေဆာ္ေပးႏိုင္လိမ့္မည္ဟု မိမိအေနျဖင့္ ယုံၾကည္ပါေၾကာင္း၊ ကုလသမဂၢလက္ေအာက္ ခံအဖြဲ႕မ်ားျဖစ္သည့္ OHCHR ၊ UNDP ၊ UNHCR ၊ WHO ႏွင့္ FAO အဖြဲ႕မ်ားကလည္း ျပန္လည္ေရာက္ရွိလာမည့္ ဒုကၡသည္မ်ားအား ကူညီပံ့ပိုး ေပးရန္ အသင့္ရွိပါေၾကာင္း၊ သို႔ျဖစ္၍ ျမန္မာ့တပ္မေတာ္အေနျဖင့္ ျပန္လည္ေရာက္ရွိ လာမည့္ဒုကၡသည္မ်ားအတြက္ အျပဳသေဘာေဆာင္သည့္ က႑ျဖင့္ ေဆာင္ရြက္ေပး ႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္း ေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္ေျပာၾကားရာတြင္ မိမိတို႔ အေနျဖင့္ ၎ေဒသတြင္ ေျမျမႇဳပ္မိုင္းမ်ား ေထာင္ထားျခင္းမရွိပါေၾကာင္း၊ အျခားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွ ေထာင္ထားသည့္ ေျမျမႇဳပ္မုိင္းမ်ားလည္း ျဖစ္ႏုိင္ပါေၾကာင္း၊ လက္ရွိအခ်ိန္တြင္လည္း ယင္းကဲ့သို႔ျဖစ္စဥ္မ်ဳိး မိမိတို႔အေနျဖင့္ ႏွစ္ႀကိမ္သုံးႀကိမ္ေတြ႕ႀကဳံခဲ့ဘူးပါေၾကာင္း၊ မိမိတို႔အေနျဖင့္ နယ္စပ္ေဒသတြင္ ဒုကၡသည္မ်ားျပန္လည္၀င္ေရာက္ လာႏိုင္ရန္အတြက္ ၀င္ေပါက္မ်ား သတ္မွတ္ေပးထားပါေၾကာင္း၊ ၎သတ္မွတ္ထားသည့္ ၀င္ေပါက္မ်ားမွ ၀င္ေရာက္လာၿပီး အႏၲရာယ္ျဖစ္ေပၚပါက မိမိတို႔တြင္ အျပည့္အ၀တာ၀န္ရွိသည္ကို လက္ခံပါေၾကာင္း၊ ၎တို႔ အေနျဖင့္ သတ္မွတ္ထားသည့္လမ္းေၾကာင္းအတုိင္း၀င္ေရာက္လာပါက မည္သည့္အႏၲရာယ္မွရွိ မည္မဟုတ္ ပါေၾကာင္း၊ လုံၿခဳံေရးႏွင့္ပတ္သက္၍ ေျပာၾကားရမည္ဆိုပါက ျမန္မာႏိုင္ငံအတြင္း၌ လက္နက္ကိုင္တိုက္ခိုက္မႈ မ်ားမရွိပါက မိမိတို႔တပ္မေတာ္တြင္ လုံၿခဳံေရးႏွင့္ပတ္သက္၍ တာ၀န္မရွိပါေၾကာင္း၊ လက္နက္ကိုင္ တိုက္ခိုက္ မႈမ်ား ျဖစ္ေပၚလာပါက တပ္မေတာ္အေနျဖင့္ ကာကြယ္ေပးရန္အျပည့္အ၀တာ၀န္ရွိပါေၾကာင္း၊ သာမန္ လုံၿခဳံေရး ႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕၀င္မ်ားက ေဆာင္ရြက္လ်က္ရွိၿပီး သာမန္လုံၿခဳံေရးထက္ပိုေသာ ေဆာင္ရြက္မႈ မ်ားတြင္ တပ္မေတာ္မွတာ၀န္ယူ ေဆာင္ရြက္ေပးရမည္ျဖစ္ပါေၾကာင္း၊ မိမိတို႔တပ္မေတာ္တြင္ တာ၀န္လုံး၀ မရွိဟု မိမိအေနျဖင့္ ျငင္းဆိုေျပာၾကားျခင္းမဟုတ္ပါေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္၀င္ေရာက္လာသူ မ်ားႏွင့္ပတ္သက္၍ မိမိတို႔ အေနျဖင့္ ၎တို႔လိုအပ္သည့္အကူအညီမ်ားကို ကူညီပံ့ပိုး ေပးရန္အသင့္ရွိပါေၾကာင္း၊ မိမိတို႔တပ္မေတာ္ အေနျဖင့္ ျမန္မာႏိုင္ငံတစ္၀ွမ္း၌ လိုအပ္သည့္အကူအညီမ်ားကို ကူညီပံ့ပိုးေပးရန္ အသင့္ရွိပါေၾကာင္း၊ ၎တို႔အေနျဖင့္ ျမန္မာ့တပ္မေတာ္ႏွင့္ပတ္သက္ၿပီး စိုးရိမ္ေၾကာင့္ၾကရန္ မလိုပါေၾကာင္း၊ သို႔ေသာ္ မိမိတို႔ အေနျဖင့္ မိမိတို႔၏ဆႏၵအေလ်ာက္ ကူညီေဆာင္ရြက္ေပး၍မရပါေၾကာင္း၊ အစိုးရမွ တပ္မေတာ္အေနျဖင့္ ကူညီ ေဆာင္ရြက္ေပးရန္လိုအပ္သည္ဟု ေျပာၾကားမွသာ မိမိတို႔အေနျဖင့္ ကူညီေဆာင္ရြက္ေပးရပါေၾကာင္း၊ သို႔ေသာ္ သဘာ၀ေဘးအႏၲရာယ္ က်ေရာက္၍ ျပည္သူလူထုဒုကၡေရာက္ေနသည့္အခ်ိန္တြင္ မိမိတို႔အေနျဖင့္ ကူညီ ေဆာင္ရြက္ေပးခြင့္ရွိပါေၾကာင္း၊ အဆိုပါကူညီေဆာင္ရြက္မႈႏွင့္ပတ္သက္၍ အစိုးရမွခြင့္ျပဳထားပါေၾကာင္း၊ မိမိတို႔ တပ္မေတာ္အေနျဖင့္ ဥပေဒအား ေက်ာ္လြန္၍ မည္သည့္ ကိစၥရပ္ကိုမွ် ေဆာင္ရြက္ခြင့္မရွိပါေၾကာင္း ေျပာၾကားသည္။

ျပင္သစ္ႏိုင္ငံမွ ဒုတိယအၿမဲတမ္းကိုယ္စားလွယ္ Ms.Anne Christine Marie Gueguen က ေျပာၾကားရာတြင္ မိမိတို႔အေနျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ ေရာက္ရွိ ေနသည့္ဘဂၤါလီဒုကၡသည္မ်ားႏွင့္ပတ္သက္၍ မ်ားစြာ စိုးရိမ္ပူပန္လ်က္ရွိပါေၾကာင္း၊ ၎ဘဂၤါလီဒုကၡသည္မ်ားသည္ ယခုအခ်ိန္၌ ကမၻာေပၚတြင္ ႏုိင္ငံမဲ့လူ႕အဖြဲ႕ အစည္းတစ္ခုျဖစ္ေနပါေၾကာင္း၊ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ ဆုံးျဖတ္ခ်က္ တစ္ခုထုတ္ျပန္ေၾကညာခဲ့ပါေၾကာင္း၊ ၎ဆုံးျဖတ္ခ်က္အား မိမိတို႔၏ Road Mapအေနျဖင့္ သတ္မွတ္ ထားပါ ေၾကာင္း၊ ရခုိင္ျပည္နယ္တြင္ ျဖစ္ပြားခဲ့သည့္ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ Comprehensive Solution အေနျဖင့္ က႑ေပါင္းစုံမွပူးေပါင္း၍ ရရွိလာ သည့္ရလဒ္တစ္ခုကို ရွာေဖြရန္လိုအပ္ပါေၾကာင္း၊ ဒုကၡသည္မ်ားေနရပ္သို႔ လုံၿခဳံစိတ္ခ်စြာျဖင့္ ျပန္လည္ေရာက္ရွိလာေရးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံ၏ ဒုကၡသည္မ်ား ျပန္လည္ လက္ခံေရး ဆုိင္ရာေဆာင္ရြက္ခ်က္မ်ားကို မိမိအေနျဖင့္ အသိအမွတ္ျပဳပါေၾကာင္း၊ သို႔ေသာ္လက္ရွိအခ်ိန္အထိ ထိေရာက္ ေသာအေကာင္အထည္ေဖာ္ေဆာင္ရြက္မႈမ်ား ျပဳလုပ္ႏိုင္ျခင္းမရွိေသးသည္ကိုလည္း မိမိတို႔အေနျဖင့္ ေတြ႕ရွိရ ပါေၾကာင္း၊ သို႔ျဖစ္၍ အေဆြေတာ္တို႔အေနျဖင့္ ကုလသမဂၢအဖြဲ႕အစည္းမ်ားျဖစ္သည့္ UNDP ၊ UNHCR အဖြဲ႕မ်ားႏွင့္ အရွိန္အဟုန္ျမႇင့္ ပူးေပါင္းေဆာင္ရြက္ရန္လိုအပ္သည္ဟု မိမိအေနျဖင့္ တိုက္တြန္းေျပာၾကား လိုပါ ေၾကာင္း၊ မိမိအေနျဖင့္ အေဆြေတာ္အား ေမးခြန္းႏွစ္ခုေမးလို ပါေၾကာင္း၊ ရခိုင္ျပည္နယ္အေရးကိစၥႏွင့္ ပတ္သက္၍ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအး၀င္းက စုံစမ္းစစ္ေဆးေရးလုပ္ငန္းမ်ားအား ျပဳလုပ္ခဲ့ၿပီး ျပစ္မႈက်ဴး လြန္ခဲ့သူမ်ားကိုလည္း ျပစ္ဒဏ္ သတ္မွတ္ျခင္းမ်ား ေဆာင္ရြက္ခဲ့သည္ဟု အေဆြေတာ္မွ မိမိတို႔အား ေျပာၾကား ခဲ့ပါေၾကာင္း၊ ၎ကိစၥရပ္ႏွင့္ပတ္သက္၍ မည္သည့္ အဆင့္ရွိ ျပစ္မႈက်ဴးလြန္သူမည္မွ်အား မည္သည့္ ျပစ္ဒဏ္ မ်ား ခ်မွတ္ခဲ့သည္ကို မိမိအေနျဖင့္ သိရွိလိုပါေၾကာင္း၊ ေနာင္အနာဂတ္တြင္ ယင္းကဲ့သို႔ကိစၥရပ္မ်ား ထပ္မံျဖစ္ ပြား ျခင္းမရွိေစရန္ အေဆြေတာ္တို႔အေနျဖင့္ မည္ကဲ့သို႔ ကာကြယ္ေဆာင္ရြက္လ်က္ရွိသည္ကိုလည္း သိရွိလိုပါ ေၾကာင္း၊ အေဆြေတာ္တုိ႕တပ္မေတာ္ အေနျဖင့္ လိင္ပိုင္းဆုိင္ရာ က်ဴးလြန္ ေဆာင္ရြက္မႈမ်ား ျပဳလုပ္ခဲ့သည္ ဟုလည္း မိမိတို႔သိရွိရပါေၾကာင္း၊ ကုလသမဂၢတြင္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ အျပန္အလွန္ယုံၾကည္မႈ တည္ ေဆာက္ကာ အျပည္ျပည္ဆုိင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းေဆာင္ရြက္ႏိုင္ေရးအတြက္ ကုလသမဂၢႏွင့္ ပူး ေပါင္းေဆာင္ရြက္သြားရန္လိုအပ္ပါေၾကာင္း၊ အဆိုပါကိစၥရပ္ႏွင့္ ပတ္သက္၍ မည္ကဲ့သို႔ ဆက္လက္ေဆာင္ရြက္ သြားမည္ကို သိရွိလိုပါေၾကာင္း၊ လူသားခ်င္း စာနာေထာက္ထားမႈဆုိင္ရာအကူ အညီေပးေရး အဖြဲ႕ အစည္းမ်ား အေနျဖင့္လည္း ရခိုင္ျပည္နယ္သို႔ သြားေရာက္ခြင့္မရွိပါေၾကာင္း၊ ၎ေဒသရွိ ဒုကၡသည္မ်ားအား လူသားခ်င္း စာနာေထာက္ ထားမႈဆိုင္ရာအကူအညီေပးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေပးရန္လိုအပ္ပါေၾကာင္း၊ ၎ကိစၥရပ္ မ်ားႏွင့္ပတ္သက္၍ မည္ကဲ့သို႔ ေဆာင္ရြက္သြား မည္ကို သိရွိလိုပါေၾကာင္း ေျပာၾကားသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ အပိုင်း (၂)

နေပြည်တော်၊ မေ ၄

ဆွီဒင်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Olof Skoog က မြန်မာနိုင်ငံ အတွင်း၌ဖြစ်ပွားနေသော လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် များစွာစိုးရိမ် ပူပန်လျက် ရှိပါကြောင်း၊ ကုလသမဂ္ဂလုံခြံုရေးကောင်စီအနေဖြင့် မြန်မာ့တပ်မတော်အပါအဝင် လုံခြံုရေးတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးမှုများကို အကောင် အထည်ဖော် ဆောင်ရွက်လိုကြပြီး ပြစ်မှုကျူးလွန်သူများအား ထိရောက်သော တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိစေလိုကြပါကြောင်း၊ ယင်းအချက်နှင့် ပတ်သက်၍ အဆွေတော်၏ သဘောထား အမြင်အား သိရှိလိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြောကြားရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးအဖွဲ့များလာရောက် ရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားရမည် ဆိုပါက ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် မိမိတို့၏ ပြည်တွင်းရေးကိစ္စရပ် တစ်ခုသာဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်အား ပုံကြီးချဲ့ပြောဆိုလုပ်ကိုင်ကြသဖြင့် နိုင်ငံတကာမှ ပါ၀င်လာသည့်အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်းတွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ ဒုတိယသမ္မတ ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးခဲ့သည်များရှိပါကြောင်း၊ ထို့ပြင် မိမိတို့တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သော တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ စုံစမ်းစစ်ဆေးခဲ့သောတွေ့ရှိချက်များသည် အမှန်တကယ် ဖြစ်ပွားခဲ့သော အချက် အလက် အမှန်များသာဖြစ်ပါကြောင်း၊ မိမိတို့ဘက်မှ စုံစမ်းတွေ့ရှိချက်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများ နှင့်တာဝန်ရှိသူများအား အရေးယူမှုများပြုလုပ်ခဲ့ပါကြောင်း၊ ထို့ပြင် အခြားတစ်ဖက်တွင် မိမိတို့၏တိုင်းရင်းသား များ သတ်ဖြတ်ခံခဲ့ရသည့်ကိစ္စရပ်များလည်း ရှိပါကြောင်း၊ ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံများ ထွက်ပြေးနေသည်များ ရှိပါကြောင်း၊ ၎င်းတို့အထဲမှ ဖမ်းဆီးရမိသူများလည်းရှိပြီး အရေးယူ ဆောင်ရွက်ခဲ့သည်များလည်းရှိပါကြောင်း၊ အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့ပြည်တွင်း၌ အချက် အလက်များ စုဆောင်းထားရှိပြီးဖြစ်ပါကြောင်း၊ ယင်းအချက်အလက်များအား မိမိတို့အနေဖြင့် များစွာ အလေးထားရန်လိုအပ်ပါကြောင်း၊ အချို့အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး ၎င်းတို့ လိုလားသည့်ပုံဖော်မှုအတိုင်း လုပ်ဆောင်လာပါက အခြေအနေမျိုးစုံ ပြောင်းလဲသွားနိုင်ပါကြောင်း၊ မိမိတို့ အနေဖြင့် လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများအား ပြည်တွင်း၌ပင် ပြုလုပ်ထားရှိပြီးဖြစ်သဖြင့် လုံလောက်ပြီဟု ယူဆပါကြောင်း၊ သို့ရာတွင် မိမိအနေဖြင့် ယင်းကဲ့သို့ဆုံးဖြတ်ချက်ပေးရန် မဖြစ်နိုင်ပါကြောင်း၊ အစိုးရဘက် ကသာ ဆုံးဖြတ်ချက်ချမှတ်ပေးနိုင်ပါကြောင်း ပြောကြားသည်။

အီကွေတိုရီးယားနယူးဂီနီ နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Anatolio Ndong Mba က နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့သည် တပ်မတော်၏ကြီးကြပ်မှု အောက်တွင်သွယ်ဝိုက်စွာ ရှိနေပါကြောင်း၊ ဒုက္ခသည်များပြန်လည် ၀င်ရောက်လာမည့်ဒေသတွင် မြန်မာနိုင်ငံဘက်မှ မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်၍ သိန်းပေါင်းများစွာသော ဒုက္ခသည်များ ပြန်လည်ရောက်ရှိလာ ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်ထောင်ထားသည့် မြေမြှုပ်မိုင်းများကို ဒုက္ခသည်များ အနေဖြင့် တက်နင်း မိပါက အန္တရာယ်ဖြစ်ပေါ်နိုင်ပါကြောင်း၊ မကြာမီ အချိန်ကာလအတွင်းတွင် မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ ၎င်းဒေသများတွင် ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများအနေ ဖြင့် အသက်အန္တရာယ်များ ကြုံတွေ့နိုင်ပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် ၎င်းဒုက္ခသည်များ ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ရောက်ရှိ လာနိုင်ရန်အတွက် လှုံ့ဆော်ပေးနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ကုလသမဂ္ဂလက်အောက် ခံအဖွဲ့များဖြစ်သည့် OHCHR ၊ UNDP ၊ UNHCR ၊ WHO နှင့် FAO အဖွဲ့များကလည်း ပြန်လည်ရောက်ရှိလာမည့် ဒုက္ခသည်များအား ကူညီပံ့ပိုး ပေးရန် အသင့်ရှိပါကြောင်း၊ သို့ဖြစ်၍ မြန်မာ့တပ်မတော်အနေဖြင့် ပြန်လည်ရောက်ရှိ လာမည့်ဒုက္ခသည်များအတွက် အပြုသဘောဆောင်သည့် ကဏ္ဍဖြင့် ဆောင်ရွက်ပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် မိမိတို့ အနေဖြင့် ၎င်းဒေသတွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းမရှိပါကြောင်း၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများမှ ထောင်ထားသည့် မြေမြှုပ်မိုင်းများလည်း ဖြစ်နိုင်ပါကြောင်း၊ လက်ရှိအချိန်တွင်လည်း ယင်းကဲ့သို့ဖြစ်စဉ်မျိုး မိမိတို့အနေဖြင့် နှစ်ကြိမ်သုံးကြိမ်တွေ့ကြုံခဲ့ဘူးပါကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ်ဒေသတွင် ဒုက္ခသည်များပြန်လည်ဝင်ရောက် လာနိုင်ရန်အတွက် ၀င်ပေါက်များ သတ်မှတ်ပေးထားပါကြောင်း၊ ၎င်းသတ်မှတ်ထားသည့် ၀င်ပေါက်များမှ ၀င်ရောက်လာပြီး အန္တရာယ်ဖြစ်ပေါ်ပါက မိမိတို့တွင် အပြည့်အဝတာဝန်ရှိသည်ကို လက်ခံပါကြောင်း၊ ၎င်းတို့ အနေဖြင့် သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်းဝင်ရောက်လာပါက မည်သည့်အန္တရာယ်မှရှိ မည်မဟုတ် ပါကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ပြောကြားရမည်ဆိုပါက မြန်မာနိုင်ငံအတွင်း၌ လက်နက်ကိုင်တိုက်ခိုက်မှု များမရှိပါက မိမိတို့တပ်မတော်တွင် လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်မရှိပါကြောင်း၊ လက်နက်ကိုင် တိုက်ခိုက် မှုများ ဖြစ်ပေါ်လာပါက တပ်မတော်အနေဖြင့် ကာကွယ်ပေးရန်အပြည့်အဝတာဝန်ရှိပါကြောင်း၊ သာမန် လုံခြုံရေး နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပြီး သာမန်လုံခြုံရေးထက်ပိုသော ဆောင်ရွက်မှု များတွင် တပ်မတော်မှတာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့တပ်မတော်တွင် တာဝန်လုံးဝ မရှိဟု မိမိအနေဖြင့် ငြင်းဆိုပြောကြားခြင်းမဟုတ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဝင်ရောက်လာသူ များနှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် ၎င်းတို့လိုအပ်သည့်အကူအညီများကို ကူညီပံ့ပိုး ပေးရန်အသင့်ရှိပါကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း၌ လိုအပ်သည့်အကူအညီများကို ကူညီပံ့ပိုးပေးရန် အသင့်ရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာ့တပ်မတော်နှင့်ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြရန် မလိုပါကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် မိမိတို့၏ဆန္ဒအလျောက် ကူညီဆောင်ရွက်ပေး၍မရပါကြောင်း၊ အစိုးရမှ တပ်မတော်အနေဖြင့် ကူညီ ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ပြောကြားမှသာ မိမိတို့အနေဖြင့် ကူညီဆောင်ရွက်ပေးရပါကြောင်း၊ သို့သော် သဘာဝဘေးအန္တရာယ် ကျရောက်၍ ပြည်သူလူထုဒုက္ခရောက်နေသည့်အချိန်တွင် မိမိတို့အနေဖြင့် ကူညီ ဆောင်ရွက်ပေးခွင့်ရှိပါကြောင်း၊ အဆိုပါကူညီဆောင်ရွက်မှုနှင့်ပတ်သက်၍ အစိုးရမှခွင့်ပြုထားပါကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် ဥပဒေအား ကျော်လွန်၍ မည်သည့် ကိစ္စရပ်ကိုမျှ ဆောင်ရွက်ခွင့်မရှိပါကြောင်း ပြောကြားသည်။

ပြင်သစ်နိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Ms.Anne Christine Marie Gueguen က ပြောကြားရာတွင် မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိ နေသည့်ဘင်္ဂါလီဒုက္ခသည်များနှင့်ပတ်သက်၍ များစွာ စိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ ၎င်းဘင်္ဂါလီဒုက္ခသည်များသည် ယခုအချိန်၌ ကမ္ဘာပေါ်တွင် နိုင်ငံမဲ့လူ့အဖွဲ့ အစည်းတစ်ခုဖြစ်နေပါကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် တစ်ခုထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ၎င်းဆုံးဖြတ်ချက်အား မိမိတို့၏ Road Mapအနေဖြင့် သတ်မှတ် ထားပါ ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သက်၍ Comprehensive Solution အနေဖြင့် ကဏ္ဍပေါင်းစုံမှပူးပေါင်း၍ ရရှိလာ သည့်ရလဒ်တစ်ခုကို ရှာဖွေရန်လိုအပ်ပါကြောင်း၊ ဒုက္ခသည်များနေရပ်သို့ လုံခြုံစိတ်ချစွာဖြင့် ပြန်လည်ရောက်ရှိလာရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဒုက္ခသည်များ ပြန်လည် လက်ခံရေး ဆိုင်ရာဆောင်ရွက်ချက်များကို မိမိအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ သို့သော်လက်ရှိအချိန်အထိ ထိရောက် သောအကောင်အထည်ဖော်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခြင်းမရှိသေးသည်ကိုလည်း မိမိတို့အနေဖြင့် တွေ့ရှိရ ပါကြောင်း၊ သို့ဖြစ်၍ အဆွေတော်တို့အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UNDP ၊ UNHCR အဖွဲ့များနှင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု မိမိအနေဖြင့် တိုက်တွန်းပြောကြား လိုပါ ကြောင်း၊ မိမိအနေဖြင့် အဆွေတော်အား မေးခွန်းနှစ်ခုမေးလို ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက စုံစမ်းစစ်ဆေးရေးလုပ်ငန်းများအား ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူး လွန်ခဲ့သူများကိုလည်း ပြစ်ဒဏ် သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု အဆွေတော်မှ မိမိတို့အား ပြောကြား ခဲ့ပါကြောင်း၊ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့် အဆင့်ရှိ ပြစ်မှုကျူးလွန်သူမည်မျှအား မည်သည့် ပြစ်ဒဏ် များ ချမှတ်ခဲ့သည်ကို မိမိအနေဖြင့် သိရှိလိုပါကြောင်း၊ နောင်အနာဂတ်တွင် ယင်းကဲ့သို့ကိစ္စရပ်များ ထပ်မံဖြစ် ပွား ခြင်းမရှိစေရန် အဆွေတော်တို့အနေဖြင့် မည်ကဲ့သို့ ကာကွယ်ဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရှိလိုပါ ကြောင်း၊ အဆွေတော်တို့တပ်မတော် အနေဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည် ဟုလည်း မိမိတို့သိရှိရပါကြောင်း၊ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အပြန်အလှန်ယုံကြည်မှု တည် ဆောက်ကာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူး ပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် သွားမည်ကို သိရှိလိုပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူ အညီပေးရေး အဖွဲ့ အစည်းများ အနေဖြင့်လည်း ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်မရှိပါကြောင်း၊ ၎င်းဒေသရှိ ဒုက္ခသည်များအား လူသားချင်း စာနာထောက် ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ၎င်းကိစ္စရပ် များနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်သွား မည်ကို သိရှိလိုပါကြောင်း ပြောကြားသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။