တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္ ၊ ေမ ၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ျမန္မာႏိုင္ငံဆုိင္ရာ ဂ်ပန္ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Ichiro MARUYAMA အား ယေန႕ နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ တက္ေရာက္ၿပီး ျမန္မာႏိုင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ သံ႐ံုးမွပထမအတြင္း၀န္ Mr. Naoya KISHI တုိ႔ တက္ေရာက္ၾကသည္။

ထုိသို႔ေတြ႕ဆံုရာတြင္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပညာရည္ျမႇင့္တင္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးကိစၥရပ္မ်ား၊ ျပည္ပႏိုင္ငံမ်ားအေနျဖင့္ ရခိုင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္၍ အေျခအေနအမွန္ကို သိရွိေလ့လာသံုးသပ္ၿပီး တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ဆက္လက္ေဆာင္ရြက္သင့္သည့္ကိစၥရပ္မ်ား၊ ရခုိင္ျပည္နယ္ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ဂ်ပန္ႏိုင္ငံမွ ကူညီေဆာင္ရြက္ေပးႏိုင္မည့္ကိစၥရပ္မ်ား၊ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားႏွင့္ ၿငိမ္းခ်မ္းေသာေဒသမ်ားတြင္ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြး ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံဆုိင္ရာ ဂ်ပန္ႏိုင္ငံသံအမတ္ႀကီးတို႕သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ၊ မေ ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးနှင့်အတူ သံရုံးမှပထမအတွင်းဝန် Mr. Naoya KISHI တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပညာရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ပြည်ပနိုင်ငံများအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ အခြေအနေအမှန်ကို သိရှိလေ့လာသုံးသပ်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းသောဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။