တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေမ  ၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ ျပည္သူ႕သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီ၀င္၊ ျပည္သူ႕လံုၿခံဳေရး၀န္ႀကီးဌာန ၀န္ႀကီး H.E. Mr. Zhao Kezhi အား ယေန႔ ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ားတက္ေရာက္ၿပီး တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီ၀င္၊ ျပည္သူ႕ လံုၿခံဳေရး၀န္ႀကီးဌာန၀န္ႀကီးႏွင့္အတူ ျမန္မာ ႏိုင္ငံဆုိင္ရာ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Hong Liang ႏွင့္အဖြဲ႕၀င္မ်ား တက္ေရာက္ ၾကသည္။

ထိုသို႔ ေတြ႕ဆံုရာတြင္ ဧည္သည့္ေတာ္တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီ၀င္၊ ျပည္သူ႕ လံုၿခံဳေရး၀န္ႀကီးဌာန၀န္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ သည္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ ရင္းႏွီးမႈဆက္ဆံေရးကို မ်ားစြာအေထာက္အကူ ျပဳႏိုင္ခဲ့ၿပီး ႏွစ္ႏုိင္ငံ နက္႐ိႈင္းေသာ ေဆြမ်ဳိးေပါက္ေဖာ္ ခ်စ္ၾကည္ေရးကို ဆက္လက္တုိးတက္ ေဖာ္ေဆာင္ႏိုင္မည္ဟု ယံုၾကည္ပါေၾကာင္း၊ မိမိ၏ ယခုခရီးစဥ္သည္ တ႐ုတ္ႏိုင္ငံကြန္ျမဴနစ္ ပါတီ၏ ၁၉ ႀကိမ္ေျမာက္ ပါတီညီလာခံအၿပီး တ႐ုတ္ႏိုင္ငံ၏ ေခါင္းေဆာင္အဆင့္ တာ၀န္ရွိသူတစ္ဦး ျမန္မာႏိုင္ငံသို႕ ပထမဆံုးလာေရာက္ျခင္းျဖစ္ၿပီး မိမိအေနျဖင့္ ျမန္မာႏိုင္ငံသို႕ ပထမဆံုး လာေရာက္ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္ေျပာၾကားရာတြင္ ျမန္မာ-တ႐ုတ္ ႏွစ္ႏုိင္ငံသည္ အိမ္နီးခ်င္းေကာင္း၊ မိတ္ေဆြေဟာင္း ႏိုင္ငံမ်ားျဖစ္ၿပီး ယခုအခါ ဘက္စံု မဟာဗ်ဴဟာမိတ္ဘက္ႏိုင္ငံအျဖစ္ အျပန္အလွန္အသိအမွတ္ျပဳထားေသာေၾကာင့္ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏုိင္ငံအတြက္ အေရးပါေသာ ႏိုင္ငံျဖစ္ပါေၾကာင္း၊ ႏွစ္ႏိုင္ငံဆက္ဆံေရးတြင္ အစိုးရခ်င္း၊ ျပည္သူခ်င္း၊ တပ္မေတာ္ခ်င္း ဆက္ဆံေရး က႑မ်ားစြာ၌ က်ယ္က်ယ္ ျပန္႕ျပန္႕၊ ရင္းရင္းႏွီးႏွီး ပူးေပါင္းေဆာင္ရြက္မႈမ်ားေၾကာင့္ ႏွစ္ႏိုင္ငံလံုးအတြက္ အက်ဳိးရွိပါေၾကာင္း၊ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈ၏ ရလဒ္မ်ားကို ျမန္မာႏုိင္ငံ၏ ျဖစ္ေပၚတုိးတက္ ေျပာင္းလဲမႈ မ်ားတြင္ ေတြ႕ျမင္ႏုိင္ပါေၾကာင္း၊ အေဆြေတာ္၏ ျမန္မာႏိုင္ငံသို႕ ပထမဆံုး ခရီးစဥ္အတြက္ ၀မ္းေျမာက္၀မ္းသာ ႀကိဳဆုိပါေၾကာင္း ေျပာၾကားသည္။

ထုိ႕ေနာက္ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသလံုၿခံဳေရးႏွင့္တည္ၿငိမ္ေအးခ်မ္းေရး၊ တရား ဥပေဒစိုးမုိးေရးႏွင့္ မူးယစ္ ေဆး၀ါးတုိက္ဖ်က္ေရး၊ အျပန္အလွန္သတင္းအခ်က္အလက္ ဖလွယ္ေရးက႑မ်ားတြင္ ေအာက္ေျခအဆင့္ အထိ ပူးေပါင္းေဆာင္ရြက္မႈမ်ား အရွိန္အဟုန္ ျမႇင့္တင္ေရးဆုိင္ရာ ကိစၥရပ္မ်ား၊ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္ အၾကား၊ ရဲတပ္ဖြဲ႕မ်ားအၾကား ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရးဆုိင္ရာ ကိစၥရပ္မ်ား၊ ျမန္မာႏိုင္ငံ၏ ျပည္တြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္၊ ေမာင္ေတာ ေဒသျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ အေျခအေနအမွန္အတုိင္း တ႐ုတ္ႏိုင္ငံက ရပ္တည္ေထာက္ခံ ေပးမႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ျပည္သူ႕သမၼတ ႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီ၀င္၊ ျပည္သူ႕လံုၿခံဳေရး၀န္ႀကီးဌာန၀န္ႀကီးတို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ  ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Zhao Kezhi အား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများတက်ရောက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနဝန်ကြီးနှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang နှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဧည်သည့်တော်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုဆက်ဆံရေးကို များစွာအထောက်အကူ ပြုနိုင်ခဲ့ပြီး နှစ်နိုင်ငံ နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်တိုးတက် ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိ၏ ယခုခရီးစဉ်သည် တရုတ်နိုင်ငံကွန်မြူနစ် ပါတီ၏ ၁၉ ကြိမ်မြောက် ပါတီညီလာခံအပြီး တရုတ်နိုင်ငံ၏ ခေါင်းဆောင်အဆင့် တာဝန်ရှိသူတစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခြင်းဖြစ်ပြီး မိမိအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း နိုင်ငံများဖြစ်ပြီး ယခုအခါ ဘက်စုံ မဟာဗျူဟာမိတ်ဘက်နိုင်ငံအဖြစ် အပြန်အလှန်အသိအမှတ်ပြုထားသောကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးပါသော နိုင်ငံဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးတွင် အစိုးရချင်း၊ ပြည်သူချင်း၊ တပ်မတော်ချင်း ဆက်ဆံရေး ကဏ္ဍများစွာ၌ ကျယ်ကျယ် ပြန့်ပြန့်၊ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိပါကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်များကို မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှု များတွင် တွေ့မြင်နိုင်ပါကြောင်း၊ အဆွေတော်၏ မြန်မာနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် မူးယစ် ဆေးဝါးတိုက်ဖျက်ရေး၊ အပြန်အလှန်သတင်းအချက်အလက် ဖလှယ်ရေးကဏ္ဍများတွင် အောက်ခြေအဆင့် အထိ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား၊ ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်၊ မောင်တော ဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေအမှန်အတိုင်း တရုတ်နိုင်ငံက ရပ်တည်ထောက်ခံ ပေးမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။