တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေမ ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕ သမၼတႏုိင္ငံ၊ ႏုိင္ငံျခား ေရး၀န္ႀကီးဌာန၊ အာရွေရးရာအထူးကုိယ္စားလွယ္ H.E. Mr. Sun Guoxiang အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာအထူးကုိယ္စားလွယ္ႏွင့္ အတူ ျမန္မာႏုိင္ငံဆုိင္ရာတ႐ုတ္ႏုိင္ငံသံ႐ုံးမွ ေကာင္စစ္၀န္ခ်ဳပ္ Mrs. Li Xiaoyan၊ စစ္သံမွဴးႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ေမလ ၁၂ ရက္ေန႔က မူဆယ္ၿမိဳ႕နယ္အတြင္းရွိ လုံၿခဳံေရးစခန္းမ်ားႏွင့္ ၿမိဳ႕တြင္းရွိေနအိမ္ မ်ားအား KIA ၊ TNLA ပူးေပါင္းအဖြဲ႕ကအၾကမ္းဖက္ တုိက္ခုိက္ခဲ့သည့္ျဖစ္စဥ္မ်ား၊ ယင္းအၾကမ္းဖက္ တုိက္ခုိက္ မႈအေပၚ တ႐ုတ္ႏုိင္ငံကျပင္းထန္စြာျပစ္တင္႐ႈတ္ခ်ၿပီး အၾကမ္းဖက္တုိက္ခုိက္မႈေၾကာင့္ စုိးရိမ္ထိတ္လန္႔၍ တ႐ုတ္ႏုိင္ငံဘက္သုိ႔တိမ္းေရွာင္ခဲ့သည့္ အရပ္သားမ်ားအား တ႐ုတ္ႏုိင္ငံကေကာင္းမြန္စြာေစာင့္ ေရွာက္ေပး ထားသည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ အေလးထားေဆာင္ရြက္ လ်က္ရွိသည့္အေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ အစုိးရႏွင့္တပ္မေတာ္မွ ေဆာင္ရြက္လ်က္ ရွိသည့္ အေျခအေနမ်ားႏွင့္ တ႐ုတ္ႏုိင္ငံမွပါ၀င္ကူညီေဆာင္ရြက္လ်က္ရွိသည့္အေျခအေနမ်ားအား ရင္းႏွီး ပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီး ဌာန၊ အာရွေရးရာအထူးကုိယ္စားလွယ္တုိ႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ ပုံ႐ုိက္ခဲ့ၾကသည္။

 

(Unicode Version )

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ  ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ ကောင်စစ်ဝန်ချုပ် Mrs. Li Xiaoyan၊ စစ်သံမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မေလ ၁၂ ရက်နေ့က မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများနှင့် မြို့တွင်းရှိနေအိမ် များအား KIA ၊ TNLA ပူးပေါင်းအဖွဲ့ကအကြမ်းဖက် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များ၊ ယင်းအကြမ်းဖက် တိုက်ခိုက် မှုအပေါ် တရုတ်နိုင်ငံကပြင်းထန်စွာပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စိုးရိမ်ထိတ်လန့်၍ တရုတ်နိုင်ငံဘက်သို့တိမ်းရှောင်ခဲ့သည့် အရပ်သားများအား တရုတ်နိုင်ငံကကောင်းမွန်စွာစောင့် ရှောက်ပေး ထားသည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက်လျက် ရှိသည့် အခြေအနေများနှင့် တရုတ်နိုင်ငံမှပါ၀င်ကူညီဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်တို့သည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ် ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။