စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏ နေထိုင်စားသောက်ရေးနှင့်အလုပ် အကိုင်အခွင့်အလမ်းများ ရရှိ ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ

ေနျပည္ေတာ္၊ ေမ – ၃၀

 

မိမိတုိ႔စစ္မႈထမ္းေဟာင္းမ်ားသည္ စစ္သားတစ္ခါျဖစ္ဖူးလွ်င္ ထာ၀ရစစ္သား (Once a Soldier Always a Soldier) ဆုိသည့္အတုိင္း သစၥာအဓိဌာန္ျပဳ၍တာ၀န္ထမ္းေဆာင္ခဲ့သူမ်ားျဖစ္သျဖင့္ တပ္မေတာ္ႏွင့္ ႏုိင္ငံေတာ္ အေပၚသစၥာရွိသူမ်ားျဖစ္ေၾကာင္း၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားႏွင့္ ရဲေမမ်ားသည္တပ္မေတာ္၏အဓိကအရန္ အင္အားႀကီးႏွစ္ခုျဖစ္ေၾကာင္း၊ စစ္မႈထမ္းေဟာင္းမ်ားႏွင့္မိသားစု၀င္မ်ား၏ေနထုိင္စားေသာက္ေရးႏွင့္ အလုပ္ အကုိင္အခြင့္အလမ္းမ်ားရရွိေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေပးလ်က္ရွိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပုိင္းတြင္ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္ေျမ အတြင္းရွိ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားအား အဆင့္ျမင့္စစ္မႈထမ္းေဟာင္းအိမ္ရာ(မႏၲေလး)၌ ေတြ႕ဆုံအမွာ စကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္ (ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားတက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တုိင္းစစ္ဌာနခ်ဳပ္အသီးသီးတြင္ အဆင့္ျမင့္ စစ္မႈ ထမ္းေဟာင္းအိမ္ရာမ်ားႏွင့္ စစ္မႈထမ္းေဟာင္းအိမ္ရာမ်ားအား ေဆာက္လုပ္လ်က္ရွိၿပီးႏုိင္ငံေတာ္အတြက္ အသက္ေပးလွဴခဲ့ရသူမ်ား၏မိသားစုမ်ားႏွင့္ ကုိယ္လက္အဂၤါဆုံး႐ႈံးခဲ့ရသူမ်ားကုိဦးစားေပးအေနျဖင့္ အိမ္ရာမ်ား ခ်ထားေပးလ်က္ရွိၿပီး က်န္ရွိသည့္ စစ္မႈထမ္းေဟာင္းမ်ားကုိလည္း သတ္မွတ္ခ်က္မ်ားႏွင့္အညီေနရာ ခ်ထားေပးလ်က္ရွိေၾကာင္း၊ ထပ္မံ၍လည္းစစ္မႈထမ္းေဟာင္းအိမ္ရာမ်ားကုိတုိးခ်ဲ႕ ေဆာက္လုပ္လ်က္ရွိေၾကာင္း၊ စားေရးအဆင္ေျပေစရန္အတြက္ တပ္မေတာ္မွ စားေသာက္ကုန္မ်ားထုတ္လုပ္ၿပီး သက္သာေသာ ေစ်းႏႈန္းမ်ား ျဖင့္ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊စစ္မႈထမ္းေဟာင္းအဖြဲ႕မ်ားအတြက္ စားေသာက္ကုန္မ်ားကုိလည္း သက္သာ ေသာ ေစ်းႏႈန္းမ်ားျဖင့္ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း၊ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိသည့္ အသားငါး၊ ၾကက္ဥ၊ ႏုိ႔ႏွင့္ ဟင္းသီးဟင္းရြက္မ်ားအား တုိင္းစစ္ဌာနခ်ဳပ္မ်ားအလုိက္ အတတ္ႏုိင္ဆုံး ေရာင္းခ် ေပးလ်က္ရွိေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအတြက္ တပ္ရင္း တပ္ဖြဲ႕မ်ားရွိ တပ္တြင္းေဆးခန္းမ်ား၊ တပ္မေတာ္ေဆး႐ုံမ်ားတြင္ တက္ေရာက္ ကုသခြင့္ေပးထားေၾကာင္း၊ ေခတ္မီတပ္မေတာ္ (Standard Army)တည္ေဆာက္ေရးအတြက္ နည္းပညာ၊ အတတ္ပညာမ်ားလိုအပ္သျဖင့္ တပ္မေတာ္သားမ်ားပညာရည္ျမင့္မားေရးအတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ စစ္မႈထမ္းေဟာင္း မိသားစု ၀င္သားသမီးမ်ား၏ ပညာရည္ျမင့္မားေရးအတြက္လည္း တတ္ႏုိင္သည့္ဘက္မွေထာက္ပံ့ေဆာင္ရြက္ေပး လ်က္ရွိေၾကာင္း၊ အလုပ္အကုိင္အခြင့္အလမ္းႏွင့္ပတ္သက္၍ တပ္မေတာ္သားမိသားစု၀င္မ်ားႏွင့္ စစ္မႈထမ္း ေဟာင္းမိသားစု၀င္မ်ား၏ သားသမီးမ်ား အလုပ္အကုိင္ရရွိေရးအတြက္ ကုန္ထုတ္လုပ္ငန္းမ်ား အေကာင္ အထည္ေဖာ္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္းေျပာၾကား သည္။

ယင္းေနာက္ စစ္မႈထမ္းေဟာင္းမိသားစု၀င္မ်ား၏ တင္ျပခ်က္မ်ားအေပၚ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားၫႇိႏႈိင္းျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားအတြက္ ေရႊဖီဦးအသင့္ ေဖ်ာ္လက္ဖက္ရည္ထုပ္မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားအားေပးအပ္သည္။ ၎ေနာက္စစ္ေထာက္ခ်ဳပ္ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ တာ၀န္ရွိသူမ်ားက အဆင့္ျမင့္စစ္မႈထမ္းေဟာင္းအိမ္ရာတုိးခ်ဲ႕တည္ေဆာက္ လ်က္ရွိ သည့္ အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားမွာၾကား ျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး တက္ေရာက္လာၾကသည့္ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အဆင့္ျမင့္ စစ္မႈထမ္းေဟာင္း အိမ္ရာတြင္ ေနထုိင္လ်က္ရွိသည့္ မိသားစု၀င္မ်ားရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္အားေပးစကားေျပာၾကားၿပီး စားေသာက္ ဖြယ္ရာမ်ားေပးအပ္သည္။ အဆုိပါ အဆင့္ျမင့္စစ္မႈထမ္းေဟာင္းအိမ္ရာ(မႏၲေလး)၌ ၂၀၁၆ ခုႏွစ္တြင္ အရာရွိ ငယ္ ေနအိမ္(၂) ခန္းတြဲ(၄)ထပ္ ၅ လုံးႏွင့္ အျခားအဆင့္ေနအိမ္(၂)ခန္းတြဲ(၄)ထပ္ ၁၂ လုံးတုိ႔အား ေဆာက္လုပ္ၿပီးစီးခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ အရာရွိငယ္ေနအိမ္(၂)ခန္းတြဲ(၄)ထပ္ ၄ လုံးႏွင့္ အျခားအဆင့္ ေနအိမ္(၂)ခန္းတြဲ(၄)ထပ္ ၁၈ လုံးတုိ႔အားေဆာက္လုပ္လ်က္ရွိရာ ၇၈ ရာခုိင္ႏႈန္းၿပီးစီးလ်က္ရွိၿပီး ၂၀၁၈ ခုႏွစ္ တြင္အျခားအဆင့္ေနအိမ္ (၂)ခန္းတြဲ(၄)ထပ္ ၄ လုံးတုိ႔အားထပ္မံေဆာက္လုပ္လ်က္ရွိရာ ၁၇ ရာခုိင္ႏႈန္းခန္႔ၿပီး စီးၿပီျဖစ္ေၾကာင္းသိရွိရသည္။

ထုိ႔အတူ နံနက္ပုိင္းကလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ရတနာပုံ သတင္းစာတုိက္ သုိ႔သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ အစည္းအေ၀းခန္းမ၌ တာ၀န္ရွိသူတစ္ဦးက ရတနာပုံသတင္းစာ ပုံႏွိပ္ ျဖန္႔ခ်ိမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က တုိက္ပုိင္သတင္း ေထာက္မ်ားအေနျဖင့္ သက္ဆုိင္ရာနယ္ေျမမ်ားအလိုက္ ေဒသသတင္းမ်ား အား ယခုထက္ ပုိမုိေရးသားေဖာ္ျပႏုိင္ေရး၊ သတင္းမ်ားရယူေရးသားရာတြင္ သတင္းအေၾကာင္းအရာ ခုိင္မာ မွန္ကန္မႈရွိေစေရးႏွင့္ သတင္းဓာတ္ပုံမ်ားအား ေကာင္းမြန္စြာ႐ုိက္ကူးႏုိင္ေရး၊ မိမိ၏ သတင္းကုိ ခုိင္ခုိင္မာမာ တာ၀န္ယူ၊ တာ၀န္ခံ၍ေရးသားေဖာ္ျပေရး၊ သတင္းစာတြင္ ျပည္သူလူထုစိတ္၀င္စားမည့္ အေၾကာင္း အရာမ်ား ကုိ က႑စုံလင္စြာေရးသားေဖာ္ျပႏုိင္ေရး ေဆာင္ရြက္ရန္မွာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ပုံႏွိပ္စက္႐ုံအတြင္း လွည့္လည္ၾကည့္႐ႈ စစ္ေဆး၍ သတင္းစာပုံႏွိပ္မႈအရည္အေသြးမ်ားယခုထက္ပုိမုိေကာင္း မြန္ေအာင္ေဆာင္ရြက္ေရးအတြက္ လိုအပ္ သည္မ်ားမွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး သတင္းစာတုိက္၀န္ထမ္းမ်ားအတြက္ ဂုဏ္ျပဳဆုေငြမ်ားေပး အပ္သည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ မႏၲေလးတပ္နယ္၊ ထုံးဘုိရွိ နယ္ေျမ ခံတပ္အတြင္း တပ္မေတာ္မွေခတ္အဆက္ဆက္ အသုံးျပဳခဲ့သည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ အမ်ားျပည္သူမ်ား ေခတ္ဆက္ဆက္အသုံးျပဳခဲ့သည့္ ေမာ္ေတာ္ယာဥ္မ်ားအား စနစ္တက်ထိန္းသိမ္းထားရွိမႈအေျခအေနမ်ားကုိ သြားေရာက္ ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စနစ္တက် ထိန္းသိမ္းထားရွိရန္အတြက္ လုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့သည္။

 

(Unicode Version)
စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏ နေထိုင်စားသောက်ရေးနှင့်အလုပ် အကိုင်အခွင့်အလမ်းများ ရရှိ ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ မေ – ၃၀

မိမိတို့စစ်မှုထမ်းဟောင်းများသည် စစ်သားတစ်ခါဖြစ်ဖူးလျှင် ထာဝရစစ်သား (Once a Soldier Always a Soldier) ဆိုသည့်အတိုင်း သစ္စာအဓိဌာန်ပြု၍တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သဖြင့် တပ်မတော်နှင့် နိုင်ငံတော် အပေါ်သစ္စာရှိသူများဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ရဲမေများသည်တပ်မတော်၏အဓိကအရန် အင်အားကြီးနှစ်ခုဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများနှင့်မိသားစုဝင်များ၏နေထိုင်စားသောက်ရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)၌ တွေ့ဆုံအမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ်အသီးသီးတွင် အဆင့်မြင့် စစ်မှု ထမ်းဟောင်းအိမ်ရာများနှင့် စစ်မှုထမ်းဟောင်းအိမ်ရာများအား ဆောက်လုပ်လျက်ရှိပြီးနိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရသူများ၏မိသားစုများနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများကိုဦးစားပေးအနေဖြင့် အိမ်ရာများ ချထားပေးလျက်ရှိပြီး ကျန်ရှိသည့် စစ်မှုထမ်းဟောင်းများကိုလည်း သတ်မှတ်ချက်များနှင့်အညီနေရာ ချထားပေးလျက်ရှိကြောင်း၊ ထပ်မံ၍လည်းစစ်မှုထမ်းဟောင်းအိမ်ရာများကိုတိုးချဲ့ ဆောက်လုပ်လျက်ရှိကြောင်း၊ စားရေးအဆင်ပြေစေရန်အတွက် တပ်မတော်မှ စားသောက်ကုန်များထုတ်လုပ်ပြီး သက်သာသော ဈေးနှုန်းများ ဖြင့်ရောင်းချပေးလျက်ရှိကြောင်း၊စစ်မှုထမ်းဟောင်းအဖွဲ့များအတွက် စားသောက်ကုန်များကိုလည်း သက်သာ သော ဈေးနှုန်းများဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသားငါး၊ ကြက်ဥ၊ နို့နှင့် ဟင်းသီးဟင်းရွက်များအား တိုင်းစစ်ဌာနချုပ်များအလိုက် အတတ်နိုင်ဆုံး ရောင်းချ ပေးလျက်ရှိကြောင်းပြောကြားသည်။

ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် တပ်ရင်း တပ်ဖွဲ့များရှိ တပ်တွင်းဆေးခန်းများ၊ တပ်မတော်ဆေးရုံများတွင် တက်ရောက် ကုသခွင့်ပေးထားကြောင်း၊ ခေတ်မီတပ်မတော် (Standard Army)တည်ဆောက်ရေးအတွက် နည်းပညာ၊ အတတ်ပညာများလိုအပ်သဖြင့် တပ်မတော်သားများပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မှုထမ်းဟောင်း မိသားစု ဝင်သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက်လည်း တတ်နိုင်သည့်ဘက်မှထောက်ပံ့ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ တပ်မတော်သားမိသားစုဝင်များနှင့် စစ်မှုထမ်း ဟောင်းမိသားစုဝင်များ၏ သားသမီးများ အလုပ်အကိုင်ရရှိရေးအတွက် ကုန်ထုတ်လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြား သည်။

ယင်းနောက် စစ်မှုထမ်းဟောင်းမိသားစုဝင်များ၏ တင်ပြချက်များအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ရွှေဖီဦးအသင့် ဖျော်လက်ဖက်ရည်ထုပ်များနှင့် စားသောက်ဖွယ်ရာများအားပေးအပ်သည်။ ၎င်းနောက်စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့် တာဝန်ရှိသူများက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာတိုးချဲ့တည်ဆောက် လျက်ရှိ သည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာတွင် နေထိုင်လျက်ရှိသည့် မိသားစုဝင်များရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများပေးအပ်သည်။ အဆိုပါ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)၌ ၂၀၁၆ ခုနှစ်တွင် အရာရှိ ငယ် နေအိမ်(၂) ခန်းတွဲ(၄)ထပ် ၅ လုံးနှင့် အခြားအဆင့်နေအိမ်(၂)ခန်းတွဲ(၄)ထပ် ၁၂ လုံးတို့အား ဆောက်လုပ်ပြီးစီးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အရာရှိငယ်နေအိမ်(၂)ခန်းတွဲ(၄)ထပ် ၄ လုံးနှင့် အခြားအဆင့် နေအိမ်(၂)ခန်းတွဲ(၄)ထပ် ၁၈ လုံးတို့အားဆောက်လုပ်လျက်ရှိရာ ၇၈ ရာခိုင်နှုန်းပြီးစီးလျက်ရှိပြီး ၂၀၁၈ ခုနှစ် တွင်အခြားအဆင့်နေအိမ် (၂)ခန်းတွဲ(၄)ထပ် ၄ လုံးတို့အားထပ်မံဆောက်လုပ်လျက်ရှိရာ ၁၇ ရာခိုင်နှုန်းခန့်ပြီး စီးပြီဖြစ်ကြောင်းသိရှိရသည်။

ထို့အတူ နံနက်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရတနာပုံ သတင်းစာတိုက် သို့သွားရောက်ကြည့်ရှုစစ်ဆေးရာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက ရတနာပုံသတင်းစာ ပုံနှိပ် ဖြန့်ချိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုက်ပိုင်သတင်း ထောက်များအနေဖြင့် သက်ဆိုင်ရာနယ်မြေများအလိုက် ဒေသသတင်းများ အား ယခုထက် ပိုမိုရေးသားဖော်ပြနိုင်ရေး၊ သတင်းများရယူရေးသားရာတွင် သတင်းအကြောင်းအရာ ခိုင်မာ မှန်ကန်မှုရှိစေရေးနှင့် သတင်းဓာတ်ပုံများအား ကောင်းမွန်စွာရိုက်ကူးနိုင်ရေး၊ မိမိ၏ သတင်းကို ခိုင်ခိုင်မာမာ တာဝန်ယူ၊ တာဝန်ခံ၍ရေးသားဖော်ပြရေး၊ သတင်းစာတွင် ပြည်သူလူထုစိတ်ဝင်စားမည့် အကြောင်း အရာများ ကို ကဏ္ဍစုံလင်စွာရေးသားဖော်ပြနိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုံနှိပ်စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ သတင်းစာပုံနှိပ်မှုအရည်အသွေးများယခုထက်ပိုမိုကောင်း မွန်အောင်ဆောင်ရွက်ရေးအတွက် လိုအပ် သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး သတင်းစာတိုက်ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုငွေများပေး အပ်သည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတပ်နယ်၊ ထုံးဘိုရှိ နယ်မြေ ခံတပ်အတွင်း တပ်မတော်မှခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် မော်တော်ယာဉ်များနှင့် အများပြည်သူများ ခေတ်ဆက်ဆက်အသုံးပြုခဲ့သည့် မော်တော်ယာဉ်များအား စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စနစ်တကျ ထိန်းသိမ်းထားရှိရန်အတွက် လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။