တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ပြည်သူ့တပ်မတော် အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Senior Lieutenant General Tran Don အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန်  ၉





(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ပြည်သူ့တပ်မတော် အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Senior Lieutenant General Tran Don အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန်  ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ်ပြည်သူ့ တပ်မတော် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Senior Lieutenant General Tran Don အား ယနေ့ မွန်းလွဲပိုင်းတွင် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင် ၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဗီယက်နမ်ပြည်သူ့တပ်မတော် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ် ကြီး H.E. Dr. Luan Thuy Duong၊ စစ်သံမှူးနှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်မှ အရာရှိကြီးများတက်ရောက် ကြ သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကောင်းမွန်မှု အခြေအနေများနှင့် ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက် မည့်အခြေအနေများ၊ တပ်မတော်ခေါင်း ဆောင် များ ချစ်ကြည်ရေးခရီးစဉ်များအပြန် အလှန်လည်ပတ်ခဲ့မှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးနှင့် အားကစားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များအပြန်အလှန် စေလွှတ်ရေး၊ စစ်ဘက်ဆေးပညာရပ်များအပြန်အလှန်ဖလှယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အားရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့ တပ်မတော်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည်အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။