တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ ထိုင်းဘုရင့်တပ်မတော် Royal Thai Navy SEALS ဌာနချုပ်၊ Royal Thai Navy Fleet ဌာနချုပ်နှင့် Royal Thai Marine Corps ဌာနချုပ်တို့အား သွားရောက်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ဇြန္ – ၂၆

ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္Gen. Tarnchaiyan Srisuwan ၏ ဖိတ္ၾကားခ်က္အရ ထုိင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္တုိ႔ လုိက္ပါၿပီး ယေန႔နံနက္ ပုိင္းတြင္ ပတၱရားၿမိဳ႕ရွိ ထုိင္းဘုရင့္တပ္မေတာ္ေရတပ္စခန္း ဌာနခ်ဳပ္မ်ားႏွင့္ မရိန္းတပ္ဌာနခ်ဳပ္တုိ႔အား သြားေရာက္ၾကည့္႐ႈေလ့လာသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Royal Thai Navy SEALS ဌာနခ်ဳပ္သုိ႔ ေရာက္ရွိရာဌာနခ်ဳပ္မွဴး Rear Admiral Apakorn Youkongkaew ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က King Taksin ႐ုပ္တုအား ပန္းေခြခ်အေလးျပဳၿပီးဌာနခ်ဳပ္႐ုံး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္လက္မွတ္ေရးထုိးသည္။

ယင္းေနာက္ တာ၀န္ရွိသူတစ္ဦးက Royal Thai Navy SEALS တပ္ဖြဲ႕၏ လုပ္ငန္းတာ၀န္မ်ားႏွင့္ တာ၀န္ထမ္းေဆာင္မႈအေျခအေနမ်ားအား Powerpoint ၊ Video presentation မ်ားျဖင့္ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္သည္မ်ားအားေလ့က်င့္သင္ၾကားေပးမႈႏွင့္ သင္တန္းမ်ားဖြင့္လွစ္ထားရွိမႈအေျခအေနမ်ားအားေမးျမန္းေဆြးေႏြးရာ ဌာနခ်ဳပ္မွဴးကျပန္လည္ ရွင္းလင္း ေျဖၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ Royal Thai Navy SEALS ဌာန ခ်ဳပ္မွဴးတုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Navy SEALS တပ္ဖြဲ႕၀င္မ်ား အသုံးျပဳသည့္လက္နက္မ်ား၊ ခ်ပ္၀တ္တန္ဆာမ်ားႏွင့္ စစ္ေရယာဥ္မ်ားအား ၾကည့္႐ႈၾကသည္။၎င္းေနာက္တပ္္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စစ္ေရယာဥ္ျဖင့္ ပင္လယ္အ တြင္းလုိက္ပါစီးနင္းၾကၿပီး Royal Thai Navy SEALS တပ္ဖြဲ႕၀င္မ်ား၏ စစ္ေရယာဥ္မ်ားသ႐ုပ္ျပေမာင္းႏွင္ မႈကုိၾကည့္႐ႈၾကၿပီး စစ္ေရယာဥ္ေပၚတြင္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Royal Thai Navy Fleet ဌာနခ်ဳပ္သုိ႔ ေရာက္ရွိၾကရာ ကမ္းေျခေစာင့္ေရယာဥ္စုဌာနခ်ဳပ္မွဴး Rear Admiral Anucha Iamsuro ကႀကိဳဆုိႏႈတ္ဆက္ ၾကၿပီး ဌာနခ်ဳပ္မွဴးႏွင့္တာ၀န္ရွိသူတစ္ဦး တုိ႔က ကမ္းေျခေစာင့္ေရယာဥ္စုဌာနခ်ဳပ္ ဖြဲ႕စည္းပုံႏွင့္လုပ္ငန္းတာ၀န္ မ်ားအား Powerpoint၊ Video presentation မ်ားျဖင့္ရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က သိရွိလုိသည္မ်ားအားေမးျမန္းေဆြးေႏြးသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖြဲ႕၀င္မ်ား သည္ ကမ္းေျခေစာင့္ကင္းေထာက္ေရယာဥ္ေပၚသုိ႔ တက္ေရာက္ၾကည့္႐ႈ ေလ့လာၾကရာ တာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းဘုရင့္ မရိန္းတပ္ဖြဲ႕ဌာနခ်ဳပ္ (Royal Thai Marine Corps ) သုိ႔ေရာက္ရွိရာဌာနခ်ဳပ္မွဴး Vice Admiral Sangkorn Pongsiri ကႀကိဳဆုိႏႈတ္ဆက္သည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ထုိင္းဘုရင့္ေရတပ္ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကုိခံယူၿပီး ဂုဏ္ျပဳတပ္ဖြဲ႕အားစစ္ေဆးသည္။ ၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ Royal Thai Marine Corps Monument တြင္ပန္းေခြခ်အေလးျပဳသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္မရိန္းတပ္ဖြဲ႕ ဌာနခ်ဳပ္မွဴးတုိ႔သည္ ထုိင္းဘုရင့္မရိန္း တပ္ဖြဲ႕ဌာနခ်ဳပ္ဧည့္ခန္းမတြင္ေတြ႕ဆုံ၍ ႏွစ္ႏုိင္ငံေရတပ္ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈတုိး ျမႇင့္ေရးဆုိင္ရာကိစၥရပ္မ်ား အားရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြးၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္မရိန္းတပ္ဖြဲ႕ဌာနခ်ဳပ္မွဴးတုိ႔သည္ အမွတ္တရ လက္ေဆာင္ ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကသည္။ ထုိ႔ေနာက္တပ္ေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား ထုိင္းဘုရင့္မရိန္းတပ္ဖြဲ႕၏လုပ္ငန္းတာ၀န္မ်ားႏွင့္ တာ၀န္ ထမ္းေဆာင္မႈအေျခအေနမ်ားအား တာ၀န္ရွိသူ တစ္ဦးက Powerpoint ၊ Video presentation မ်ားျဖင့္ရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအား ေမးျမန္းေဆြးေႏြးသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းဘုရင့္ မရိန္းတပ္ဖြဲ႕၀င္မ်ားက ကမ္းတက္စီးနင္းတုိက္ခုိက္မႈစြမ္းရည္သ႐ုပ္ျပသျခင္းႏွင့္ မုိင္းရွာေခြး မ်ားႏွင့္ မုိင္းရွာျခင္းသ႐ုပ္ျပသမႈမ်ားအား ၾကည့္႐ႈအားေပးၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သ႐ုပ္ျပသခဲ့ၾကသည့္ထုိင္းဘုရင့္ မရိန္းတပ္ဖြဲ႕၀င္မ်ား အား ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းဘုရင့္ မရိန္းတပ္ဖြဲ႕ျပတုိက္အတြင္းျပ သထားသည့္ ထုိင္းဘုရင့္မရိန္းတပ္ဖြဲ႕ေပၚေပါက္လာမႈသမုိင္း၊ အသုံးျပဳခဲ့သည့္ ခ်ပ္၀တ္တန္ဆာမ်ားႏွင့္ လက္နက္ပစၥည္းမ်ားအား ျပခန္းမ်ားအတြင္း လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူတစ္ဦးကရွင္းလင္း တင္ျပသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္မရိန္းတပ္ဖြဲကဌာနခ်ဳပ္မွဴးတုိ႔သည္ အဖြဲ႕၀င္မ်ားႏွင့္အတူအမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ ထိုင်းဘုရင့်တပ် မတော် Royal Thai Navy SEALS ဌာနချုပ်၊ Royal Thai Navy Fleet ဌာနချုပ်နှင့် Royal Thai Marine Corps ဌာနချုပ်တို့အားသွားရောက် ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဇွန် – ၂၆

ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်တို့ လိုက်ပါပြီး ယနေ့နံနက် ပိုင်းတွင် ပတ္တရားမြို့ရှိ ထိုင်းဘုရင့်တပ်မတော်ရေတပ်စခန်း ဌာနချုပ်များနှင့် မရိန်းတပ်ဌာနချုပ်တို့အား သွား ရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Royal Thai Navy SEALS ဌာနချုပ်သို့ ရောက် ရှိရာ ဌာနချုပ်မှူးRear Admiral Apakorn Youkongkaew နှင့် တပ်မတော်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က King Taksin ရုပ်တုအား ပန်းခွေချအလေးပြုပြီး ဌာနချုပ်ရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးသည်။

ယင်းနောက် တာဝန်ရှိသူတစ်ဦးက Royal Thai Navy SEALS တပ်ဖွဲ့၏ လုပ်ငန်း တာဝန်များနှင့်တာဝန် ထမ်းဆောင်မှုအခြေအနေများအား Powerpoint ၊ Video presentation များဖြင့်ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စစ်သည်များအားလေ့ကျင့်သင်ကြားပေးမှုနှင့် သင်တန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများအားမေးမြန်းဆွေးနွေးရာ ဌာနချုပ်မှူးကပြန်လည် ရှင်းလင်း ဖြေ ကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Royal Thai Navy SEALS ဌာန ချုပ်မှူးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Navy SEALS တပ်ဖွဲ့ဝင်များ အသုံးပြုသည့်လက်နက်များ၊ ချပ်ဝတ်တန်ဆာများနှင့် စစ်ရေယာဉ်များအား ကြည့် ရှုကြသည်။၎င်းင်းနောက်တပ််မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်ရေယာဉ်ဖြင့် ပင်လယ်အ တွင်းလိုက်ပါစီးနင်းကြပြီး Royal Thai Navy SEALS တပ်ဖွဲ့ဝင်များ၏ စစ်ရေ ယာဉ်များသရုပ်ပြမောင်းနှင် မှုကိုကြည့်ရှုကြပြီး စစ်ရေယာဉ်ပေါ်တွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Royal Thai Navy Fleet ဌာနချုပ်သို့ ရောက်ရှိကြရာ ကမ်းခြေစောင့်ရေယာဉ်စုဌာနချုပ်မှူး Rear Admiral Anucha Iamsuro ကကြိုဆိုနှုတ်ဆက် ကြပြီး ဌာနချုပ်မှူးနှင့်တာဝန်ရှိသူတစ်ဦး တို့က ကမ်းခြေစောင့်ရေယာဉ်စုဌာနချုပ် ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန် များအား Powerpoint၊ Video presentation များဖြင့်ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သိရှိလိုသည်များအားမေးမြန်းဆွေးနွေးသည်။ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များ သည် ကမ်းခြေစောင့်ကင်းထောက်ရေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့် မရိန်းတပ်ဖွဲ့ဌာနချုပ် (Royal Thai Marine Corps ) သို့ရောက်ရှိရာဌာနချုပ်မှူး Vice Admiral Sangkorn Pongsiri ကကြိုဆိုနှုတ်ဆက်သည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်ရေတပ်ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် Royal Thai Marine Corps Monument တွင်ပန်းခွေချအလေးပြုသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်မရိန်းတပ်ဖွဲ့ ဌာနချုပ်မှူးတို့သည် ထိုင်းဘုရင့်မရိန်း တပ်ဖွဲ့ဌာနချုပ်ဧည့်ခန်းမတွင်တွေ့ဆုံ၍ နှစ်နိုင်ငံရေတပ်ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုတိုး မြှင့်ရေးဆိုင်ရာကိစ္စရပ်များ အားရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်မရိန်းတပ်ဖွဲ့ဌာနချုပ်မှူးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက်တပ်တော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ထိုင်းဘုရင့်မရိန်းတပ်ဖွဲ့၏လုပ်ငန်းတာဝန်များနှင့် တာဝန်ထမ်းဆောင်မှုအခြေအနေများအား တာဝန်ရှိသူတစ်ဦးက Powerpoint ၊ Video presentation များဖြင့်ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့် မရိန်းတပ်ဖွဲ့ဝင်များက ကမ်းတက်စီးနင်းတိုက်ခိုက်မှုစွမ်းရည်သရုပ်ပြသခြင်းနှင့် မိုင်းရှာခွေး များနှင့် မိုင်းရှာခြင်းသရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သရုပ်ပြသခဲ့ကြသည့်ထိုင်းဘုရင့် မရိန်းတပ်ဖွဲ့ဝင်များ အား ချီးမြှင့်ငွေများပေးအပ်သည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့် မရိန်းတပ်ဖွဲ့ပြတိုက်အတွင်းပြ သထားသည့် ထိုင်းဘုရင့်မရိန်းတပ်ဖွဲ့ပေါ်ပေါက်လာမှုသမိုင်း၊ အသုံးပြုခဲ့သည့် ချပ်ဝတ်တန်ဆာများနှင့် လက်နက်ပစ္စည်းများအား ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူတစ်ဦးကရှင်းလင်း တင်ပြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်မရိန်းတပ်ဖွဲကဌာနချုပ်မှူးတို့သည် အဖွဲ့ဝင်များနှင့်အတူအမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။