တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံ အမတ်ကြီး H.E. Mr. Zahairi bin Baharim အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇူလုိင္ ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ မေလးရွားႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Zahairi bin Baharim အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ မေလးရွားႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Col. Abdul Razak Haron ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းမႈရရွိေအာင္ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံ ႏွင့္ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးေကာင္းမြန္သည့္ ဆက္ဆံမႈတုိးျမႇင့္ေဆာင္ရြက္ေရး ကိစၥရပ္မ်ား၊ သတင္းအခ်က္အလက္ မ်ားအျပန္အလွန္ဖလွယ္ေရးႏွင့္ အၾကမ္းဖက္မႈ အႏၲရာယ္တားဆီး ကာကြယ္ႏွိမ္နင္းေရးတြင္ တပ္မေတာ္ႏွစ္ရပ္ပူးေပါင္းေဆာင္ရြက္ေရး၊ မူးယစ္ေဆး၀ါး တရားမ၀င္ကုန္သြယ္မႈ မ်ားအား ပူးေပါင္းႏွိမ္နင္းေဆာင္ရြက္ေရး၊ တပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္အလုိက္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရး၊ အားကစားအဖြဲ႕မ်ား အျပန္အလွန္ ေစလႊတ္ေရး၊ ေလ့က်င့္ေရးဆုိင္ရာကိစၥရပ္မ်ား တြင္ ပူးေပါင္းေဆာင္ရြက္ေရးႏွင့္စစ္ဘက္ေဆးပညာမ်ား အျပန္အလွန္ ဖလွယ္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္း ႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ျမန္မာႏုိင္ငံဆုိင္ရာမေလးရွားႏုိင္ငံသံအမတ္ႀကီးတုိ႔ သည္အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားနိုင်ငံသံ အမတ်ကြီး H.E. Mr. Zahairi bin Baharim အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi bin Baharim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Col. Abdul Razak Haron နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းမှုရရှိအောင်ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ နှင့်နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးကောင်းမွန်သည့် ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ သတင်းအချက်အလက် များအပြန်အလှန်ဖလှယ်ရေးနှင့် အကြမ်းဖက်မှု အန္တရာယ်တားဆီး ကာကွယ်နှိမ်နင်းရေးတွင် တပ်မတော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တရားမဝင်ကုန်သွယ်မှု များအား ပူးပေါင်းနှိမ်နင်းဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ အားကစားအဖွဲ့များ အပြန်အလှန် စေလွှတ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့်စစ်ဘက်ဆေးပညာများ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်း နှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်မြန်မာနိုင်ငံဆိုင်ရာမလေးရှားနိုင်ငံသံအမတ်ကြီးတို့ သည်အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။