တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ရှိ ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသည့် UWSA(ဝ)အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူယိအား သွားရောက်အားပေးစကား ပြောကြား

ေနျပည္ေတာ္၊ ဇူလုိင္ – ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးတုိ႔ လုိက္ပါၿပီး ေနျပည္ေတာ္ရွိ ခုတင္(၁၀၀၀)ဆံ့ အေထြေထြေရာဂါကုေဆး႐ုံႀကီးတြင္တက္ေရာက္ ကုသလ်က္ ရွိေသာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ(၂၁)ရာစုပင္လုံတတိယ အစည္းအေ၀းတက္ေရာက္လ်က္ရွိသည့္ UWSA(၀)အဖြဲ႕ဒုတိယဥကၠ႒ ဦးေပါက္ယူယိႏွင့္ ျပင္ပဆက္ဆံေရးဌာနႀကီးမွဴး ဦးေက်ာက္ေကာ္အမ္း တုိ႔အား ယေန႔ ေန႔လယ္ပုိင္းတြင္ သြားေရာက္ၾကည့္႐ႈအားေပးစကားေျပာၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရာဂါျဖစ္ပြားမႈအေျခအေနမ်ားႏွင့္ ေဆး၀ါးကုသမႈအေျခအေနမ်ား အားေမးျမန္းရာ ႏွလုံးေရာဂါအထူးကုပါရဂူႀကီးမ်ားက ရွင္းလင္းေျပာၾကားၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီးအားေပးစကားေျပာၾကားၿပီး အားျဖည့္ငွက္သုိက္ရည္မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားအားေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ရှိ ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသည့် UWSA(ဝ)အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူယိအား သွားရောက်အားပေးစကား ပြောကြား

နေပြည်တော်၊ ဇူလိုင် – ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါပြီး နေပြည်တော်ရှိ ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင်တက်ရောက် ကုသလျက် ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံတတိယ အစည်းအဝေးတက်ရောက်လျက်ရှိသည့် UWSA(ဝ)အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူယိနှင့် ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အမ်း တို့အား ယနေ့ နေ့လယ်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် ဆေးဝါးကုသမှုအခြေအနေများ အားမေးမြန်းရာ နှလုံးရောဂါအထူးကုပါရဂူကြီးများက ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တစ်ဦးချင်း ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး အားဖြည့်ငှက်သိုက်ရည်များနှင့် စားသောက်ဖွယ်ရာများအားပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။