တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်၊ သြဂုတ် – ၅



 


ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အားပေးစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် သဘာဝဘေးအန္တရာယ် များဖြစ်ပေါ်လာပါက အထက်အမိန့်စောင့် ရန်မလိုဘဲ အနီးဆုံးရှိသည့်တပ်များမှကူညီဆောင်ရွက်ပေးရန်ညွှန်ကြားထားကြောင်း၊ သဘာဝဘေးအန္တရာယ်များကူညီကယ်ဆယ်ရေးတွင် တပ်မတော်အနေဖြင့်အစိုးရ၏ ဆောင်ရွက်မှုများအပေါ် မိမိတို့၏ အတွေ့အကြုံများအား အကြံဥာဏ်ပေးကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ရေကြီးမှုများဖြစ်ပေါ်ရခြင်း အကြောင်းရင်းများကိုဆန်းစစ်အဖြေထုတ်၍ နည်းလမ်းများရှာဖွေကာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ကျော်လွှား နိုင်ရေးအတွက် ဆောင်ရွက်သင့်သည်များကိုစဉ်းစား ဆောင်ရွက်ရန်လိုအပ်သော စီမံချက်များချမှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေကြီးမှုဖြစ်ပွားသည့်ဒေသတစ်ချို့တွင် ရေမြောင်းများ၌အမှိုက်များပိတ်ဆို့ပြီး ရေစီး ရေလာကောင်းမွန်မှု မရှိသောကြောင့် ဖြစ်ပွားသည်ကိုတွေ့ရှိရပြီး အမှိုက်များပိတ်ဆို့မှုများကို ဖယ်ရှားရှင်းလင်းလိုက်ပါက အချို့နေရာများတွင် ရေကြီးရေလျှံမှုမရှိတော့သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်မိမိတို့တစ်ဦးချင်းစီအနေဖြင့် အမှိုက်များအား စည်းကမ်း တကျစွန့်ပစ်ရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့လူအများစုစည်း၍ရေဘေးရှောင် စခန်းများတွင်နေထိုင်စဉ် ကူးစက်ရောဂါ များ ဖြစ်ပွားလွယ်သဖြင့် မိမိတို့၏တစ်ဦးချင်း ကျန်းမာရေးကိုဂရုစိုက်ရန်လိုကြောင်း၊ အတူတကွနေထိုင်ကြစဉ် မိသားစုစိတ်ဓာတ်ဖြင့် နေထိုင်ရန်လိုကြောင်း၊ ရေများပြန်လည်ကျဆင်းသွားချိန်တွင်မိမိတို့နေထိုင်သည့် အိမ်များနှင့် ကလေးငယ်များ စာသင်ကြား သည့်စာသင်ကျောင်းများတွင် ဘက်တီးရီးယား ပိုးမွှားများမတွယ်ကပ် နိုင်စေရန်အတွက် သဘာဝနေရောင်ခြည် နှင့် အလင်းရောင်များရရှိ အောင်ဆောင်ရွက်ခြင်း၊ ထုံးနှင့်အခြားဆေးများပတ်ဖျန်းခြင်း စသည့်ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုပူးပေါင်း၍ ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ ကူးစက် ရောဂါဖြစ်ပွားမှုကို အတတ်နိုင်ဆုံး ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင်အရက်၊ ဆေးလိပ်၊ ကွမ်းစသည့်မိမိတို့၏ ကျန်းမာရေး ကိုထိခိုက်စေသည့် အသောက်အစားများကိုလည်း တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်စေချင်ကြောင်း၊ ထို့အတူ ကျန်းမာရေး ကိုထိခိုက်စေနိုင်သော ဟင်းချိုမှုန့်စားသုံးခြင်းကိုလည်း တတ်နိုင်သမျှရှောင်ရှားစေချင်ကြောင်း အကြံပြု တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကရင်ပြည်နယ်သည်သဘာဝအရင်းအမြစ်ပေါကြွယ်ဝသည့် ဒေသဖြစ် ပြီး ယခုအခါတည်ငြိမ်အေးချမ်းမှုများ ရှိလာပြီ ဖြစ်သဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကိုတွေ့မြင်ရကြောင်း၊ ရရှိလာသည့်အလုပ်အကိုင်အခွင့်အလမ်းများကို ထိထိရောက်ရောက် အသုံးချရန်လိုကြောင်း၊ ထိုသို့အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် အတန်းပညာ တတ်မြောက်ရန်လိုကြောင်း၊ မိမိတို့၏ သားသမီးများအား မိမိတို့ထက်ဘ၀တိုးတက်မှုရှိစေရန်အတွက် တက္ကသိုလ်တက်ရောက်ပြီးဆုံးသည်အထိ အတန်းပညာများ သင်ကြားပေးရန်လိုကြောင်း၊ တက္ကသိုလ်ပညာဆိုသည်မှာ စာသင်ကြားခြင်းသာမက ပတ်ဝန်းကျင်ဗဟုသုတအကြောင်း အရာများကိုပါရှာဖွေဖတ်ရှုလေ့လာရခြင်းဖြစ်၍ သင်ယူတတ် မြောက်မှုများအား ဘ၀အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွင် တိုက်ရိုက်အသုံးချနိုင်ခြင်း၊ သို့မဟုတ် ဘ၀တိုးတက်ရေးအတွက်သွယ်ဝိုက်အသုံးချနိုင်သောဗဟုသုတအသိဥာဏ် ပညာရရှိ စေခြင်းတို့ကြောင့်တတ်နိုင်သမျှ တက္ကသိုလ်ပညာကိုသင်ကြားစေလိုကြောင်း၊ အတန်းပညာများပြီးဆုံးပြီး အသိပညာ၊ အတတ် ပညာများအသုံးချနိုင်မှသာ ဘ၀တိုးတက်မှုရှိမည်ဖြစ်ကြောင်း၊ ထိုသို့တစ်ဦးချင်းတိုးတက်မှုရှိမှသာ ဒေသ တစ်ခုလုံးဖွံ့ဖြိုး တိုးတက်မှုရှိမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသခံများမှပညာတတ်ကျွမ်းမှသာ ပြင်ပမှလာ ရောက်ရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်ပြီး၎င်းတို့ထံမှနည်းပညာ များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်အားပေးဆောင်ရွက်စေချင်ကြောင်း၊ ထို့အတူ ကရင်ပြည်နယ်အေးချမ်း သာယာရေးအတွက် အစိုးရနှင့်တပ်မတော်မှသာ ဆောင်ရွက်နေ၍မရဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အမှန် တကယ် ငြိမ်းချမ်းရေးဆောင်ရွက်လိုသည့်စိတ်ရှိရန်လိုအပ်ပြီး ပြည်သူလူထုကလည်း နှစ်ဖက်ကို ပူးပေါင်းဆောင်ရွက်ပေးရန် လိုကြောင်း၊ သို့မှသာအေးအေးချမ်းချမ်းဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့ဒေသပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။



 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ရေဘေးရှောင်ပြည်သူများအားသွားရောက် တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်၊ သြဂုတ် – ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ မိုးသည်းထန်စွာ အဆက် မပြတ်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ဘားအံမြို့ပေါ်ရှိ ရေဘေးရှောင် စခန်းများတွင်ခေတ္တ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးရှောင်ပြည်သူများအား ယနေ့တွင်သွားရောက် တွေ့ဆုံအားပေး စကားပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်၊ ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်စေတီတော်၌ ဖွင့်လှစ်ထားသည့်ရေဘေးရှောင် စခန်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထား သည့် ရေဘေးရှောင်စခန်းများသို့ ယနေ့ နံနက်ပိုင်းတွင်သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားသည်။

ဦးစွာခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် အခြေအ နေများနှင့် ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားမှုများ၊ ပြည်နယ်အစိုးရနှင့် ဒေသခံ တပ်မတော်သားများ၊ လူမှုကူညီရေးအသင်းအဖွဲများမှ ရေဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရေကြီးမှုကြောင့်လမ်းတံတားများပျက်စီး ဆုံးရှုံးခဲ့မှုနှင့် ရေကျဆင်းချိန်တွင်ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများအားရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ကျန်းမာရေးမှူးက ရေဘေးရှောင်ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးမှု အခြေအနေများအားရှင်းလင်းတင်ပြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အားပေးစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် သဘာဝဘေးအန္တရာယ် များဖြစ်ပေါ်လာပါက အထက်အမိန့်စောင့် ရန်မလိုဘဲ အနီးဆုံးရှိသည့်တပ်များမှကူညီဆောင်ရွက်ပေးရန်ညွှန်ကြားထားကြောင်း၊ သဘာဝဘေးအန္တရာယ်များကူညီကယ်ဆယ်ရေးတွင် တပ်မတော်အနေဖြင့်အစိုးရ၏ ဆောင်ရွက်မှုများအပေါ် မိမိတို့၏ အတွေ့အကြုံများအား အကြံဉာဏ်ပေးကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ရေကြီးမှုများဖြစ်ပေါ်ရခြင်း အကြောင်းရင်းများကိုဆန်းစစ်အဖြေထုတ်၍ နည်းလမ်းများရှာဖွေကာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ကျော်လွှား နိုင်ရေးအတွက် ဆောင်ရွက်သင့်သည်များကိုစဉ်းစား ဆောင်ရွက်ရန်လိုအပ်သော စီမံချက်များချမှတ် ဆောင်ရွက်ရ မည် ဖြစ်ကြောင်း၊ ရေကြီးမှုဖြစ်ပွားသည့်ဒေသတစ်ချို့တွင် ရေမြောင်းများ၌အမှိုက်များပိတ်ဆို့ပြီး ရေစီး ရေလာကောင်းမွန်မှု မရှိသောကြောင့် ဖြစ်ပွားသည်ကိုတွေ့ရှိရပြီး အမှိုက်များပိတ်ဆို့မှုများကို ဖယ်ရှားရှင်းလင်းလိုက်ပါက အချို့နေရာများတွင် ရေကြီးရေလျှံမှုမရှိတော့သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်မိမိတို့တစ်ဦးချင်းစီအနေဖြင့် အမှိုက်များအား စည်းကမ်း တကျစွန့်ပစ်ရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့လူအများစုစည်း၍ရေဘေးရှောင် စခန်းများတွင်နေထိုင်စဉ် ကူးစက်ရောဂါ များ ဖြစ်ပွားလွယ်သဖြင့် မိမိတို့၏တစ်ဦးချင်း ကျန်းမာရေးကိုဂရုစိုက်ရန်လိုကြောင်း၊ အတူတကွနေထိုင်ကြစဉ် မိသားစုစိတ်ဓာတ်ဖြင့် နေထိုင်ရန်လိုကြောင်း၊ ရေများပြန်လည်ကျဆင်းသွားချိန်တွင်မိမိတို့နေထိုင်သည့် အိမ်များနှင့် ကလေးငယ်များ စာသင်ကြား သည့်စာသင်ကျောင်းများတွင် ဘက်တီးရီးယား ပိုးမွှားများမတွယ်ကပ် နိုင်စေရန်အတွက် သဘာဝနေရောင်ခြည် နှင့် အလင်းရောင်များရရှိ အောင်ဆောင်ရွက်ခြင်း၊ ထုံးနှင့်အခြားဆေးများပတ်ဖျန်းခြင်း စသည့်ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုပူးပေါင်း၍ ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ ကူးစက် ရောဂါဖြစ်ပွားမှုကို အတတ်နိုင်ဆုံး ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင်အရက်၊ ဆေးလိပ်၊ ကွမ်းစသည့်မိမိတို့၏ ကျန်းမာရေး ကိုထိခိုက်စေသည့် အသောက်အစားများကိုလည်း တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်စေချင်ကြောင်း၊ ထို့အတူ ကျန်းမာရေး ကိုထိခိုက်စေနိုင်သော ဟင်းချိုမှုန့်စားသုံးခြင်းကိုလည်း တတ်နိုင်သမျှရှောင်ရှားစေချင်ကြောင်း အကြံပြု တိုက်တွန်းပြောကြား သည်။

ဆက်လက်၍ကရင်ပြည်နယ်သည်သဘာဝအရင်းအမြစ်ပေါကြွယ်ဝသည့် ဒေသဖြစ် ပြီး ယခုအခါတည်ငြိမ်အေးချမ်းမှုများ ရှိလာပြီ ဖြစ်သဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကိုတွေ့မြင်ရကြောင်း၊ ရရှိလာသည့်အလုပ်အကိုင်အခွင့်အလမ်းများကို ထိထိရောက်ရောက် အသုံးချရန်လိုကြောင်း၊ ထိုသို့အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် အတန်းပညာ တတ်မြောက်ရန်လိုကြောင်း၊ မိမိတို့၏ သားသမီးများအား မိမိတို့ထက်ဘဝတိုးတက်မှုရှိစေရန်အတွက် တက္ကသိုလ်တက်ရောက်ပြီးဆုံးသည်အထိ အတန်းပညာများ သင်ကြားပေးရန်လိုကြောင်း၊ တက္ကသိုလ်ပညာဆိုသည်မှာ စာသင်ကြားခြင်းသာမက ပတ်ဝန်းကျင်ဗဟုသုတအကြောင်း အရာများကိုပါရှာဖွေဖတ်ရှုလေ့လာရခြင်းဖြစ်၍ သင်ယူတတ် မြောက်မှုများအား ဘဝအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွင် တိုက်ရိုက်အသုံးချနိုင်ခြင်း၊ သို့မဟုတ် ဘဝတိုးတက်ရေးအတွက်သွယ်ဝိုက်အသုံးချနိုင်သောဗဟုသုတအသိဉာဏ် ပညာရရှိ စေခြင်းတို့ကြောင့်တတ်နိုင်သမျှ တက္ကသိုလ်ပညာကိုသင်ကြားစေလိုကြောင်း၊ အတန်းပညာများပြီးဆုံးပြီး အသိပညာ၊ အတတ် ပညာများအသုံးချနိုင်မှသာ ဘဝတိုးတက်မှုရှိမည်ဖြစ်ကြောင်း၊ ထိုသို့တစ်ဦးချင်းတိုးတက်မှုရှိမှသာ ဒေသ တစ်ခုလုံးဖွံ့ဖြိုး တိုးတက်မှုရှိမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသခံများမှပညာတတ်ကျွမ်းမှသာ ပြင်ပမှလာ ရောက်ရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်ပြီး၎င်းတို့ထံမှနည်းပညာ များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်အားပေးဆောင်ရွက်စေချင်ကြောင်း၊ ထို့အတူ ကရင်ပြည်နယ်အေးချမ်း သာယာရေးအတွက် အစိုးရနှင့်တပ်မတော်မှသာ ဆောင်ရွက်နေ၍မရဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အမှန် တကယ် ငြိမ်းချမ်းရေးဆောင်ရွက်လိုသည့်စိတ်ရှိရန်လိုအပ်ပြီး ပြည်သူလူထုကလည်း နှစ်ဖက်ကို ပူးပေါင်းဆောင်ရွက်ပေးရန် လိုကြောင်း၊ သို့မှသာအေးအေးချမ်းချမ်းဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့ဒေသပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများက ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်ကျောင်း တို့အတွက်အလှူငွေများအား ကျောင်းအုပ်ဆရာမကြီးများထံပေးအပ်သည်။ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ ရွှေယဉ်မျှော်စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အားပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီးရှိဧည့်သည်တော်မှတ် တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးသည်။

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ ၂၂ ရက်နေ့မှစတင်၍မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့မှုကြောင့် ကယ်ဆယ်ရေးစခန်း ၄၂ ခုဖွင့်လှစ်ခဲ့ရပြီး ဒေသခံ ပြည်သူ ၄၂၄၉၈ ဦးအားရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ရသည်။ ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၃၈၀ ကျောင်းအားယာယီပိတ်ထား ခဲ့ရပြီး စိုက်ပျိုးဧက ၁၉၁၂၂၅ ရှိသည့်အနက် ၈၆၂၃ ဧကထိခိုက်ခဲ့ပြီး ၅၅၆၈ ဧက ပျက်စီးဆုံးရှုံးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။