တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mrs. Dorothee Janetzke -Wenzel အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၆




(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mrs. Dorothee Janetzke -Wenzel အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mrs. Dorothee Janetzke -Wenzel အားယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံသံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျာမနီနှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြားဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းတစ်ဖက်နိုင်ငံသို့ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများပြန်လည်လက်ခံရေးအတွက် အစိုးရနှင့် တပ်မတော် မှ ဥပဒေနှင့်အညီဆောင်ရွက်နေမှုကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပ ခဲ့နိုင်မှုအခြေအနေများနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက်ဆောင်ရွက်နေမှုအခြေအနေများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။