တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိ၊ မော်စကိုမြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ၾသဂုတ္ – ၂၀

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံတြင္ က်င္းပျပဳလုပ္မည့္ ႏုိင္ငံတကာစစ္ဘက္နည္းပညာဖိုရမ္ (Army Forum-2018) ႏွင့္ ႏုိင္ငံတကာအမ်ိဳးသား လုံၿခဳံေရးဖုိရမ္ (Week of National Security) သုိ႕ တက္ေရာက္ရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာအဖြဲ႕သည္ ၾသဂုတ္ ၁၉ ရက္ ညေနပုိင္းတြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္မွ ထြက္ခြာခဲ့ၿပီး ယေန႔နံနက္ပုိင္းတြင္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ေမာ္စကုိၿမိဳ႕ရွိ Domodedovo ေလဆိပ္သုိ႔ ေရာက္ရွိၾကသည္။ ေလဆိပ္၌ ႐ုရွားႏုိင္ငံဆုိင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးကုိကုိရွိန္၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ၫြန္႔ေဆြ၊ ႐ုရွားတပ္မေတာ္မွ Major General Majorov Viachevalv Victorovich ႏွင့္တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေမာ္စကုိၿမိဳ႕ရွိ ေျမေအာက္ရထား Metro အား Teatralnaya ဘူတာမွ Arbatskaya ဘူတာအထိ လုိက္ပါစီးနင္းေလ့လာၾကၿပီး ေမာ္ကုိၿမိဳ႕အတြင္းႏွင့္ ယဥ္ေက်းမႈအႏုပညာအထင္ကရ ေနရာျဖစ္ေသာ ေရွးေဟာင္းလမ္း Old Arbat အတြင္းလမ္းေလွ်ာက္၍ လွည့္လည္ၾကည့္႐ႈ ေလ့လာခဲ့ၾကသည္။

အဆုိပါ ေမာ္စကုိေျမေအာက္ရထား Metro အား ၁၉၃၅ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးခဲ့ၿပီး ယခုအခါေန႔စဥ္ခရီးသည္ ၉ သန္းခန္႔ အသုံးျပဳ လ်က္ရွိသည္။ ၎ေျမေအာက္ ရထားအား လေပးစီးနင္းစနစ္ျဖင့္ လည္းေကာင္း၊ ေခါက္ေရစီးနင္းစနစ္ျဖင့္လည္းေကာင္း လုိအပ္သလုိ ၀ယ္ယူစီးနင္းႏုိင္ရန္စီမံေပးထားၿပီး လေပးစနစ္၌တစ္လလွ်င္ ၂၆၄၈ ႐ူဘယ္ က်သင့္ၿပီး ေခါက္ေရစနစ္၌ မိမိသြားလုိသည့္ေနရာသုိ႔ ခရီးစဥ္အစအဆုံး သြားေရာက္ပါက ၅၅ ႐ူဘယ္သာက်သင့္သျဖင့္ သက္သာၿပီးအက်ိဳးရွိ ထိေရာက္ေသာေၾကာင့္ ခရီးသည္မ်ား အဓိကအားထား အသုံးျပဳ လ်က္ရွိေသာ သယ္ယူပုိ႔ေဆာင္ေရးစနစ္တစ္ခုျဖစ္သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ရောက်ရှိ၊ မော်စကိုမြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာ

နေပြည်တော်၊ သြဂုတ် – ၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသား လုံခြုံရေးဖိုရမ် (Week of National Security) သို့ တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့သည် သြဂုတ် ၁၉ ရက်ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Domodedovo လေဆိပ်သို့ ရောက်ရှိကြသည်။ လေဆိပ်၌ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ညွန့်ဆွေ၊ ရုရှားတပ်မတော်မှ Major General Majorov Viachevalv Victorovich နှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ မြေအောက်ရထား Metro အား Teatralnaya ဘူတာမှ Arbatskaya ဘူတာအထိ လိုက်ပါစီးနင်းလေ့လာကြပြီး မော်ကိုမြို့အတွင်းနှင့် ယဉ်ကျေးမှုအနုပညာအထင်ကရ နေရာဖြစ်သော ရှေးဟောင်းလမ်း Old Arbat အတွင်းလမ်းလျှောက်၍ လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

အဆိုပါ မော်စကိုမြေအောက်ရထား Metro အား ၁၉၃၅ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုအခါနေ့စဉ်ခရီးသည် ၉ သန်းခန့် အသုံးပြု လျက်ရှိသည်။ ၎င်းမြေအောက် ရထားအား လပေးစီးနင်းစနစ်ဖြင့် လည်းကောင်း၊ ခေါက်ရေစီးနင်းစနစ်ဖြင့်လည်းကောင်း လိုအပ်သလို ဝယ်ယူစီးနင်းနိုင်ရန်စီမံပေးထားပြီး လပေးစနစ်၌တစ်လလျှင် ၂၆၄၈ ရူဘယ် ကျသင့်ပြီး ခေါက်ရေစနစ်၌ မိမိသွားလိုသည့်နေရာသို့ ခရီးစဉ်အစအဆုံး သွားရောက်ပါက ၅၅ ရူဘယ်သာကျသင့်သဖြင့် သက်သာပြီးအကျိုးရှိ ထိရောက်သောကြောင့် ခရီးသည်များ အဓိကအားထား အသုံးပြု လျက်ရှိသော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။