တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာ့ယဉ်ကျေးမှု ပေါင်းစုံပြတိုက်ပန်းခြံရှိ ရွှေစည်းခုံစေတီတော်ပုံစံတူ တည်ထားကိုးကွယ်မည့် မြေနေရာအားကြည့်ရှု

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၄

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသုိ႔ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးကုိကုိရွိန္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဗိုလ္ခ်ဳပ္ မုိးျမင့္ထြန္း၊ ဗုိလ္ခ်ဳပ္ စုိး၀င္းႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ားလုိက္ပါၿပီး ၾသဂုတ္ ၂၃ ရက္ညေနပုိင္းတြင္ ေမာ္စကိုၿမိဳ႕မွ ၁၀၇ ကီလုိမီတာအကြာအေ၀းရွိ ကာလုဂါျပည္နယ္၊ မာ႐ုိစ္ၿမိဳ႕အနီး ကမၻာ့ယဥ္ေက်းမႈေပါင္းစုံျပတုိက္ပန္းၿခံရွိ ေရႊစည္းခုံေစတီေတာ္ပုံစံတူ တည္ထားကုိးကြယ္မည့္ ေျမေနရာအားၾကည့္႐ႈသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ကမၻာ့ယဥ္ေက်းမႈေပါင္းစုံျပတုိက္ပန္းၿခံ သုိ႔ေရာက္ရွိရာ ပန္းၿခံမွ ႐ုရွား႐ုိးရာယဥ္ေက်းမႈအဖြဲ႕က ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ ေရႊစည္းခုံ ေစတီေတာ္ပုံစံတူ တည္ထားကုိးကြယ္မည့္ ေျမေနရာအားၾကည့္႐ႈရာ ျပတုိက္မွတာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ႐ုရွားႏုိင္ငံျပခန္း၊ ဥေရာပျပခန္းမ်ားႏွင့္ အေရွ႕ေတာင္အာရွျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။

အဆုိပါ ကမၻာ့ယဥ္ေက်းမႈေပါင္းစုံျပတုိက္ပန္းၿခံသည္ ႐ုရွားႏုိင္ငံတြင္ လူမ်ိဳးႏွင့္ ယဥ္ေက်းမႈဆုိင္ရာ အႀကီးဆုံးျပတုိက္ ပန္းၿခံတစ္ခုျဖစ္ၿပီး ႐ုရွားလူမ်ိဳးမ်ားေနထုိင္ခဲ့သည့္ အိမ္ပုံစံတူမ်ား၊ အသုံးအေဆာင္ ပစၥည္းမ်ားႏွင့္ ေနထုိင္စားေသာက္မႈပုံစံမ်ား၊ ဥေရာပႏုိင္ငံမ်ားႏွင့္ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားမွ ႏုိင္ငံေပါင္း ၂၅၂ ႏုိင္ငံ၏ ႏုိင္ငံအလုိက္ေနထုိင္မႈ ပုံစံမ်ားႏွင့္ ယဥ္ေက်းမႈဆိုင္ရာျပခန္းမ်ားအား ေျမဧရိယာအက်ယ္အ၀န္း စတုရန္းမီတာ တစ္ေသာင္းေက်ာ္ေပၚတြင္ ၂၀၀၆ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ပိတ္ရက္မရွိ အၿမဲဖြင့္လွစ္ထားရွိေၾကာင္း သိရွိရသည္။

အဆုိပါကမၻာ့ယဥ္ေက်းမႈေပါင္းစုံျပတုိက္အတြင္း တည္ထားကုိးကြယ္မည့္ ေရႊစည္းခုံပုံစံတူေစတီေတာ္မွာ ရင္ျပင္ေတာ္အက်ယ္ ပတ္လည္ ၇၂ ေပ၊ ေစတီေတာ္အျမင့္ ၂၇ ေပ၊ ဂႏၶကုဋိတုိက္အက်ယ္ပတ္လည္ ၃၇ ေပရွိၿပီး ေစတီေတာ္၏ စုစုေပါင္းအျမင့္မွာ ၅၄ ေပရွိမည္ျဖစ္သည္။ ထုိ႔အတူ အသရာဒါ ဘာသာေရးပန္းၿခံအတြင္း တည္ထားကုိးကြယ္မည့္ ပုဂံေခတ္ဟန္ဓမၼစၾကာမုျဒာ ဗုဒၶ႐ုပ္ပြားေတာ္မွာအျမင့္ ၁၈ ေပရွိၿပီး ေၾကးဆင္းတုေတာ္ အမ်ိဳးအစားအား တည္ထားကုိးကြယ္သြားမည္ျဖစ္ၿပီး ေစတီေတာ္ပရိ၀ုဏ္အတြင္း ဗုဒၶယဥ္ေက်းမႈျပတုိက္ႏွင့္ ေယာဂီမ်ားအား တရားအားထုတ္မည့္အခန္းမ်ား ထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာ့ယဉ်ကျေးမှု ပေါင်းစုံပြတိုက်ပန်းခြံရှိ ရွှေစည်းခုံစေတီတော်ပုံစံတူ တည်ထားကိုးကွယ်မည့် မြေနေရာအားကြည့်ရှု

နေပြည်တော်၊ သြဂုတ် ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ဗိုလ်ချုပ် စိုးဝင်းနှင့် တပ်မတော် အရာရှိကြီးများလိုက်ပါပြီး သြဂုတ် ၂၃ ရက်ညနေပိုင်းတွင် မော်စကိုမြို့မှ ၁၀၇ ကီလိုမီတာအကွာအဝေးရှိ ကာလုဂါပြည်နယ်၊ မာရိုစ်မြို့အနီး ကမ္ဘာ့ယဉ်ကျေးမှုပေါင်းစုံပြတိုက်ပန်းခြံရှိ ရွှေစည်းခုံစေတီတော်ပုံစံတူ တည်ထားကိုးကွယ်မည့် မြေနေရာအားကြည့်ရှုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကမ္ဘာ့ယဉ်ကျေးမှုပေါင်းစုံပြတိုက်ပန်းခြံ သို့ရောက်ရှိရာ ပန်းခြံမှ ရုရှားရိုးရာယဉ်ကျေးမှုအဖွဲ့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရွှေစည်းခုံ စေတီတော်ပုံစံတူ တည်ထားကိုးကွယ်မည့် မြေနေရာအားကြည့်ရှုရာ ပြတိုက်မှတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံပြခန်း၊ ဥရောပပြခန်းများနှင့် အရှေ့တောင်အာရှပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါ ကမ္ဘာ့ယဉ်ကျေးမှုပေါင်းစုံပြတိုက်ပန်းခြံသည် ရုရှားနိုင်ငံတွင် လူမျိုးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြီးဆုံးပြတိုက် ပန်းခြံတစ်ခုဖြစ်ပြီး ရုရှားလူမျိုးများနေထိုင်ခဲ့သည့် အိမ်ပုံစံတူများ၊ အသုံးအဆောင် ပစ္စည်းများနှင့် နေထိုင်စားသောက်မှုပုံစံများ၊ ဥရောပနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံပေါင်း ၂၅၂ နိုင်ငံ၏ နိုင်ငံအလိုက်နေထိုင်မှု ပုံစံများနှင့် ယဉ်ကျေးမှုဆိုင်ရာပြခန်းများအား မြေဧရိယာအကျယ်အဝန်း စတုရန်းမီတာ တစ်သောင်းကျော်ပေါ်တွင် ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပိတ်ရက်မရှိ အမြဲဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

အဆိုပါကမ္ဘာ့ယဉ်ကျေးမှုပေါင်းစုံပြတိုက်အတွင်း တည်ထားကိုးကွယ်မည့် ရွှေစည်းခုံပုံစံတူစေတီတော်မှာ ရင်ပြင်တော်အကျယ် ပတ်လည် ၇၂ ပေ၊ စေတီတော်အမြင့် ၂၇ ပေ၊ ဂန္ဓကုဋိတိုက်အကျယ်ပတ်လည် ၃၇ ပေရှိပြီး စေတီတော်၏ စုစုပေါင်းအမြင့်မှာ ၅၄ ပေရှိမည်ဖြစ်သည်။ ထို့အတူ အသရာဒါ ဘာသာရေးပန်းခြံအတွင်း တည်ထားကိုးကွယ်မည့် ပုဂံခေတ်ဟန်ဓမ္မစကြာမုဒြာ ဗုဒ္ဓရုပ်ပွားတော်မှာအမြင့် ၁၈ ပေရှိပြီး ကြေးဆင်းတုတော် အမျိုးအစားအား တည်ထားကိုးကွယ်သွားမည်ဖြစ်ပြီး စေတီတော်ပရိဝုဏ်အတွင်း ဗုဒ္ဓယဉ်ကျေးမှုပြတိုက်နှင့် ယောဂီများအား တရားအားထုတ်မည့်အခန်းများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။