တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၆

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံတြင္ က်င္းပျပဳလုပ္သည့္ ႏုိင္ငံတကာစစ္ဘက္နည္းပညာဖိုရမ္ (Army Forum-2018) ႏွင့္ ႏုိင္ငံတကာအမ်ိဳးသားလုံၿခဳံေရးဖုိရမ္ (Week of National Security) ဖြင့္ပြဲအခမ္းအနားသုိ႔ တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ၾသဂုတ္ ၂၅ ရက္ညေနပုိင္းတြင္ ေမာ္စကုိၿမိဳ႕ရွိ omodedovo ေလဆိပ္မွ ျပန္လည္ထြက္ခြာၾကရာ ႐ုရွားႏုိင္ငံဆုိင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးကုိကုိရွိန္၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ၫြန္႔ေဆြႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔ညေနပုိင္းတြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္သုိ႔ ျပန္လည္ေရာက္ရွိၾကရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးႏွင့္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံ၊ ျမန္မာႏုိင္ငံဆုိင္ရာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ သံ႐ုံးဒုတိယအႀကီးအကဲ Dr. Sergey LIZOGUB၊ ဒုတိယစစ္သံမွဴး Lieutenant Colonel Alexey N. Yumatov ႏွင့္တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဗုိလ္ခ်ဳပ္မိုးျမင့္ထြန္း၊ ဗုိလ္ခ်ဳပ္ စုိး၀င္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား ျပန္လည္လုိက္ပါလာခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ သြဂုတ် ၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂၅ ရက်ညနေပိုင်းတွင် မော်စကိုမြို့ရှိ omodedovo လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ညွန့်ဆွေနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးဒုတိယအကြီးအကဲ Dr. Sergey LIZOGUB၊ ဒုတိယစစ်သံမှူး Lieutenant Colonel Alexey N. Yumatov နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်မိုးမြင့်ထွန်း၊ ဗိုလ်ချုပ် စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။