တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတကာစစ်ဘက်ဆိုင်ရာ အားကစားပြိုင်ပွဲများ International Army Games -2018 သို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တပ်မတော်မှ အရာရှိ၊ စစ်သည်များအားဂုဏ်ပြုအမှာစကားပြောကြား

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၀

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီး Army General Sergei Shoigu ၏ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၌ ၾသဂုတ္လအတြင္းက်င္းပျပဳလုပ္ခဲ့သည့္ ႏုိင္ငံတကာ စစ္ဘက္ဆုိင္ရာ အားကစားၿပိဳင္ပြဲမ်ား International Army Games -2018 သုိ႔ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ တပ္မေတာ္မွ အရာရွိ၊ စစ္သည္မ်ားအား ယေန႔မြန္းလြဲပုိင္း တြင္ ေနျပည္ေတာ္ရွိ၊ ဘုရင့္ေနာင္ရိပ္သာ၌ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ဂုဏ္ျပဳအမွာစကားေျပာၾကားသည္။

အဆုိပါအခမ္းအနားသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးစိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးရဲေအာင္၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ႏုိင္ငံတကာစစ္ဘက္ဆုိင္ရာ အားကစားၿပိဳင္ပြဲမ်ား International Army Games -2018 သုိ႔ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႕၊ ျမန္မာ့တပ္မေတာ္ ေဆးတပ္ဖြဲ႕၊ ျမန္မာ့တပ္မေတာ္ လက္ေျဖာင့္ေသနတ္ပစ္အသင္း၊ ျမန္မာ့တပ္မေတာ္ စစ္တီး၀ုိင္းအဖြဲ႕၊ ျမန္မာ့တပ္မေတာ္ ယဥ္ေက်းမႈ အဖြဲ႕တုိ႔မွအရာရွိ၊ စစ္သည္မ်ားတက္ ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ ယေန႔က်င္းပျပဳလုပ္သည့္ အခမ္းအနားသည္ႏုိင္ငံတကာ စစ္ဘက္ဆုိင္ရာအားကစား ၿပိဳင္ပြဲမ်ား International Army Games -2018 သုိ႔ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ျမန္မာ့တပ္မေတာ္မွၿပိဳင္ပြဲ၀င္ အသင္းမ်ားအား ဂုဏ္ျပဳသည့္အခမ္းအနား ျဖစ္ေၾကာင္း၊ International Army Games -2018 အား ၂၀၁၅ ခုႏွစ္မွစတင္၍႐ုရွားႏုိင္ငံ၌ႏွစ္စဥ္က်င္းပ ျပဳလုပ္ လ်က္ရွိၿပီး မိမိတုိ႔တပ္မေတာ္မွ ၿပိဳင္ပြဲ၀င္အသင္းမ်ားလာေရာက္ယွဥ္ၿပိဳင္ရန္အတြက္ ႐ုရွားဖက္ဒေရး ရွင္းႏုိင္ငံကာကြယ္ေရး၀န္ႀကီးမွ ဖိတ္ၾကားခဲ့ေသာ္လည္းအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ယခုႏွစ္မွသာ ျမန္မာ့တပ္မေတာ္အေနျဖင့္ၿပိဳင္ပြဲသုိ႔၀င္ေရာက္ယွဥ္ၿပိဳင္ ႏုိင္ျခင္းျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားမ်ားအား ႏုိင္ငံတကာစစ္ဘက္အားကစား ၿပိဳင္ပြဲမ်ားတြင္အေတြ႕အႀကဳံရရွိေစရန္ အတြက္ယခုကဲ့သုိ႔ ပါ၀င္ယွဥ္ၿပိဳင္ ေစျခင္းျဖစ္ေၾကာင္း၊ အဆင့္အတန္းမီစြာပါ၀င္ယွဥ္ၿပိဳင္ႏုိင္ေရးအတြက္ လုိ္အပ္ခ်က္မ်ားအားအတတ္ႏုိင္ဆုံး ျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး ႀကိဳတင္ေလ့က်င့္ေစခဲ့ေၾကာင္း၊ ယခုကဲ့သုိ႔စစ္ဘက္အား ကစားၿပိဳင္ပြဲမ်ားကုိ ပါ၀င္ယွဥ္ၿပိဳင္ျခင္းျဖင့္ ေလ့က်င့္သားျပည့္၀ၿပီး တုိက္ပြဲ၀င္စြမ္းရည္မ်ား ပိုမိုတုိးတက္လာမည္ျဖစ္ေၾကာင္း၊ ယခုက်င္းပျပဳလုပ္ခဲ့သည့္ႏုိင္ငံတကာစစ္ဘက္အားကစား ၿပိဳင္ပြဲတြင္ ပထမဆံုးအႀကိမ္၀င္ေရာက္ ယွဥ္ၿပိဳင္ ခဲ့ျခင္းျဖစ္ရာ အခက္အခဲမ်ားရွိေသာ္လည္း ႏိုင္ငံတကာတပ္မေတာ္မ်ားႏွင့္ရင္ေဘာင္တန္းယွဥ္ၿပိဳင္ႏိုင္ခဲ့ၿပီး ႏိုင္ငံတကာတပ္မေတာ္မ်ားက မိမိတုိ႕တပ္မေတာ္ကို ခ်ီးက်ဴးအသိအမွတ္ျပဳၾကေၾကာင္း၊ တပ္မေတာ္သား တုိင္းသည္ မိမိတုိ႔လက္နက္ကုိထိေရာက္စြာပစ္ခတ္ႏုိင္ရမည္ျဖစ္သျဖင့္ တင့္တပ္ဖြဲ႕ႏွင့္လက္ေျဖာင့္ ေသနတ္ပစ္ၿပိဳင္ပြဲတြင္လည္း ၀င္ေရာက္ယွဥ္ၿပိဳင္ေစခဲ့ေၾကာင္း၊ ထိုနည္းတူစစ္တီး၀ုိင္း အဖြဲ႕အေနျဖင့္လည္း ႏုိင္ငံတကာစစ္တီး၀ိုင္းမ်ားႏွင့္တန္းတူ စြမ္းရည္ျပသႏိုင္ခဲ့ေၾကာင္း၊ ေရွးယခင္ကတည္းက စစ္ခ်ီ၊ စစ္တက္ျပဳ လုပ္ရာတြင္တုိက္စိတ္၊ ခုိက္စိတ္ျမင့္မား ေစရန္အတြက္ ေအာင္စည္ေအာင္ေမာင္းမ်ားတီး၍ခ်ီတက္ခဲ့ၿပီး စစ္ခ်ီေတး၊ စစ္သီခ်င္းမ်ား သည္ တုိက္စိတ္ခုိက္စိတ္ကုိျမင့္မားေစေၾကာင္း၊ ျမန္မာ့တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕ အားေစလႊတ္ယွဥ္ၿပိဳင္ေစျခင္းမွာလည္း မိမိတုိ႔တပ္မေတာ္၏ယဥ္ေက်းမႈႏွင့္ ႏုိင္ငံ၏ယဥ္ေက်းမႈ အဆင့္ အတန္းအားျပသခဲ့ျခင္းျဖစ္ၿပီး အဆင့္အတန္းျမင့္ျမင့္ယွဥ္ၿပိဳင္ ႏုိင္ခဲ့သည္ကုိေတြ႕ရွိရေၾကာင္း၊ ထုိ႔ေၾကာင့္ ယခုႏုိင္ငံတကာစစ္ဘက္ဆုိင္္ရာ အားကစားၿပိဳင္ပြဲ International Army Games -2018 ၿပိဳင္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည့္ အရာရွိ၊ စစ္သည္မ်ားအား ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္း၊ ယခုၿပိဳင္ပြဲမွ ရရွိခဲ့သည့္ အေတြ႕အႀကဳံမ်ားႏွင့္ မိမိတုိ႔ၿပိဳင္ပြဲ၀င္အသင္းမ်ား၏ အားသာခ်က္၊ အားနည္းခ်က္မ်ားအား ျပန္လည္သုံးသပ္၍ ေနာင္လာမည့္ၿပိဳင္ပြဲမ်ားတြင္လည္းယခုထက္ ပုိမုိေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏုိင္ေရး၊ စြမ္းရည္မ်ား ပိုမိုတုိးတက္ျမင့္မားေရးႀကိဳးစား ေဆာင္ရြက္ၾကရမည္ျဖစ္ ေၾကာင္းမွာၾကားသည္။

ထုိ႕ေနာက္ ႏုိင္ငံတကာစစ္ဘက္ဆုိင္ရာအားကစားၿပိဳင္ပြဲမ်ား International Army Games -2018 သုိ႔ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ျမန္မာ့တပ္မေတာ္စစ္တီး၀ိုင္းအဖြဲ႕ ကုိယ္စားအဖြဲ႕ေခါင္းေဆာင္ ဗုိလ္မွဴးခ်ဳပ္ ဇင္မင္းထက္က ႏုိင္ငံတကာဂီတပြဲေတာ္တြင္ ပါ၀င္ ေဖ်ာ္ေျဖတင္ဆက္ခဲ့မႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ယင္းေနာက္ျမန္မာ့ တပ္မေတာ္တင့္ကားတပ္ဖြဲ႕ကုိယ္စား အဖြဲ႕ေခါင္းေဆာင္ ဗုိလ္မွဴးႀကီး ညီညီ၀င့္ ကလည္းေကာင္း၊ ျမန္မာ့တပ္မေတာ္ေဆးတပ္ဖြဲ႕ကိုယ္စား အဖြဲ႕ေခါင္းေဆာင္ ဒုတိယဗုိလ္မွဴးႀကီး ခင္ေဇာ္ဟိန္းကလည္းေကာင္း၊ ျမန္မာ့တပ္မေတာ္လက္ေျဖာင့္ ေသနတ္ပစ္အသင္းကုိယ္စား အဖြဲ႕ေခါင္းေဆာင္ ဒုတိယဗုိလ္မွဴးႀကီး ေဌးလြင္ဦး ကလည္းေကာင္း၊ ျမန္မာ့တပ္မေတာ္ ႐ုိးရာယဥ္ေက်းမႈအဖြဲ႕ကုိယ္စား အဖြဲ႕ေခါင္းေဆာင္ ဗုိလ္ေဒၚေရႊမိမိေအာင္တုိ႔ကလည္းေကာင္း ၿပိဳင္ပြဲအေတြ႕အႀကဳံမ်ားႏွင့္ပတ္သက္ၿပီး ရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားအားဂုဏ္ျပဳလက္ဖက္ရည္ မ်ားျဖင့္တည္ခင္းဧည့္ခံရာတြင္ ျမ၀တီေတးဂီတအဖြဲ႕က ေတးသံသာမ်ားျဖင့္ သီဆုိတီးမႈတ္ ေဖ်ာ္ေျဖၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အခမ္းအနား တက္ေရာက္ လာၾကေသာ International Army Games -2018 ၿပိဳင္ပြဲသုိ႔ ၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကသည့္ အရာရွိ၊ စစ္သည္မ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္သည္။

အဆုိပါႏုိင္ငံတကာစစ္ဘက္ဆုိင္ရာအားကစားၿပိဳင္ပြဲ International Army Games -2018 အား႐ုရွားႏုိင္ငံတြင္ Army Games အျဖစ္ႏွစ္စဥ္က်င္းပျပဳလုပ္လ်က္ရွိၿပီး ၂၀၁၅ ခုႏွစ္မွစတင္၍ ႏုိင္ငံတကာမွတပ္ဖြဲ႕၀င္ အသီးသီး ကုိဖိတ္ေခၚပါ၀င္ယွဥ္ၿပိဳင္ေစခဲ့ျခင္း ျဖစ္သည္။အဆုိပါၿပိဳင္ပြဲသုိ႔ ျမန္မာ့တပ္မေတာ္အေနျဖင့္ ယခုႏွစ္တြင္ စတင္၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႕အေနျဖင့္ Tank Biathlon တင့္ကား ေမာင္းႏွင္ ပစ္ခတ္ျခင္းၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲ၀င္ ၂၂ ႏုိင္ငံတြင္ အဆင့္ ၁၆ တြင္ ရပ္တည္ႏုိင္ခဲ့သည္။ ျမန္မာ့ တပ္မေတာ္ေဆးတပ္ဖြဲ႕အေနျဖင့္ ဇူလုိင္ ၁၇ ရက္မွ ၾသဂုတ္ ၁၄ ရက္ေန႔အထိ ၿပိဳင္ပြဲအမ်ိဳးအစား ၂၂ မ်ိဳး အား၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အမ်ိဳးသားေဆးမွဴးအထူး စြမ္းရည္ၿပိဳင္ပြဲတြင္ အဆင့္ ၂၊ အမ်ိဳးသမီးေဆးမွဴးအထူး စြမ္းရည္ၿပိဳင္ပြဲတြင္ အဆင့္ ၄၊ အမ်ိဳးသမီးသူနာျပဳအဖြဲ႕လုိက္စစ္ေျမျပင္လူနာ ကယ္ထုတ္ျခင္းၿပိဳင္ပြဲတြင္ အဆင့္ ၅ ရရွိခဲ့ၿပီး အသက္ကယ္ျပဳစုျခင္းဆုိင္ရာၿပိဳင္ပြဲတြင္ ျမန္မာႏုိင္ငံႏွင့္႐ုရွားႏွစ္ႏုိင္ငံသာ အမွားအယြင္းမရွိ ယွဥ္ၿပိဳင္ ႏုိင္ခဲ့သည္။

ျမန္မာ့တပ္မေတာ္ေသနတ္ပစ္အသင္းအေနျဖင့္ ဘီလာ႐ုစ္ႏုိင္ငံတြင္ က်င္းပခဲ့ သည့္ International Army Games -2018 Sniper Frontier(Sniper Competition) ၿပိဳင္ပြဲပထမအဆင့္တြင္ ၿပိဳင္ပြဲ၀င္ႏုိင္ငံ ၁၈ ႏုိင္ငံ၌ အဆင့္ ၁၁ ရရွိခဲ့သည္။ ျမန္မာ့တပ္မေတာ္စစ္တီး၀ုိင္းအဖြဲ႕အေနျဖင့္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕၌က်င္းပျပဳလုပ္သည့္ ႏုိင္ငံတကာစစ္ဘက္ဆုိင္ရာေတးဂီတပြဲေတာ္ International Military Tattoo -2018 တြင္ ၾသဂုတ္ ၂၄ ရက္မွ စက္တင္ဘာ ၂ ရက္အထိ ပါ၀င္ေဖ်ာ္ေျဖတင္ဆက္ ခဲ့ၿပီး ပရိတ္သတ္ မ်ားမွ Voting စနစ္ျဖင့္ေန႔စဥ္ေပးအပ္သည့္ People Choice Award ရရွိမႈ၌ ျမန္မာ့တပ္မေတာ္ စစ္တီး၀ုိင္း အဖြဲ႕အေနျဖင့္ ၾသဂုတ္ ၂၇ ရက္ေန႔တြင္အဆင့္ ၂ ၊ ၂၈ ရက္ေန႔တြင္အဆင့္ ၁ ၊ ၂၉ ရက္ေန႕တြင္အဆင့္ ၃ ရရွိခဲ့သည္။

အလားတူ ျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕အေနျဖင့္ ႏုိင္ငံတကာ ယဥ္ေက်းမႈအႏုပညာျပပြဲသို႔ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာစုံတြဲအက အေကာင္းဆုံးဆု၊ စုံတြဲ အတီးအေကာင္းဆုံးဆု၊ အေကာင္းဆုံး႐ုိးရာ ၀တ္စုံဆုတုိ႔ကိုရရွိခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတကာစစ်ဘက်ဆိုင်ရာ အားကစားပြိုင်ပွဲများ International Army Games -2018 သို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တပ်မတော်မှ အရာရှိ၊ စစ်သည်များအားဂုဏ်ပြုအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၁၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ သြဂုတ်လအတွင်းကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပြိုင်ပွဲများ International Army Games -2018 သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တပ်မတော်မှ အရာရှိ၊ စစ်သည်များအား ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ၊ ဘုရင့်နောင်ရိပ်သာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတကာစစ်ဘက်ဆိုင်ရာ အားကစားပြိုင်ပွဲများ International Army Games -2018 သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့၊ မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့၊ မြန်မာ့တပ်မတော် လက်ဖြောင့်သေနတ်ပစ်အသင်း၊ မြန်မာ့တပ်မတော် စစ်တီးဝိုင်းအဖွဲ့၊ မြန်မာ့တပ်မတော် ယဉ်ကျေးမှု အဖွဲ့တို့မှအရာရှိ၊ စစ်သည်များတက် ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည်နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစား ပြိုင်ပွဲများ International Army Games -2018 သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်မှပြိုင်ပွဲဝင် အသင်းများအား ဂုဏ်ပြုသည့်အခမ်းအနား ဖြစ်ကြောင်း၊ International Army Games -2018 အား ၂၀၁၅ ခုနှစ်မှစတင်၍ရုရှားနိုင်ငံ၌နှစ်စဉ်ကျင်းပ ပြုလုပ် လျက်ရှိပြီး မိမိတို့တပ်မတော်မှ ပြိုင်ပွဲဝင်အသင်းများလာရောက်ယှဉ်ပြိုင်ရန်အတွက် ရုရှားဖက်ဒရေး ရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးမှ ဖိတ်ကြားခဲ့သော်လည်းအကြောင်း အမျိုးမျိုးကြောင့် ယခုနှစ်မှသာ မြန်မာ့တပ်မတော်အနေဖြင့်ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင် နိုင်ခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများအား နိုင်ငံတကာစစ်ဘက်အားကစား ပြိုင်ပွဲများတွင်အတွေ့အကြုံရရှိစေရန် အတွက်ယခုကဲ့သို့ ပါဝင်ယှဉ်ပြိုင် စေခြင်းဖြစ်ကြောင်း၊ အဆင့်အတန်းမီစွာပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လိုအပ်ချက်များအားအတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကြိုတင်လေ့ကျင့်စေခဲ့ကြောင်း၊ ယခုကဲ့သို့စစ်ဘက်အား ကစားပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် လေ့ကျင့်သားပြည့်ဝပြီး တိုက်ပွဲဝင်စွမ်းရည်များ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်ခဲ့သည့်နိုင်ငံတကာစစ်ဘက်အားကစား ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ဝင်ရောက် ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ရာ အခက်အခဲများရှိသော်လည်း နိုင်ငံတကာတပ်မတော်များနှင့်ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ခဲ့ပြီး နိုင်ငံတကာတပ်မတော်များက မိမိတို့တပ်မတော်ကို ချီးကျူးအသိအမှတ်ပြုကြကြောင်း၊ တပ်မတော်သား တိုင်းသည် မိမိတို့လက်နက်ကိုထိရောက်စွာပစ်ခတ်နိုင်ရမည်ဖြစ်သဖြင့် တင့်တပ်ဖွဲ့နှင့်လက်ဖြောင့် သေနတ်ပစ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ကြောင်း၊ ထိုနည်းတူစစ်တီးဝိုင်း အဖွဲ့အနေဖြင့်လည်း နိုင်ငံတကာစစ်တီးဝိုင်းများနှင့်တန်းတူ စွမ်းရည်ပြသနိုင်ခဲ့ကြောင်း၊ ရှေးယခင်ကတည်းက စစ်ချီ၊ စစ်တက်ပြု လုပ်ရာတွင်တိုက်စိတ်၊ ခိုက်စိတ်မြင့်မား စေရန်အတွက် အောင်စည်အောင်မောင်းများတီး၍ချီတက်ခဲ့ပြီး စစ်ချီတေး၊ စစ်သီချင်းများ သည် တိုက်စိတ်ခိုက်စိတ်ကိုမြင့်မားစေကြောင်း၊ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ အားစေလွှတ်ယှဉ်ပြိုင်စေခြင်းမှာလည်း မိမိတို့တပ်မတော်၏ယဉ်ကျေးမှုနှင့် နိုင်ငံ၏ယဉ်ကျေးမှု အဆင့် အတန်းအားပြသခဲ့ခြင်းဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်ယှဉ်ပြိုင် နိုင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ယခုနိုင်ငံတကာစစ်ဘက်ဆိုင်ရာ အားကစားပြိုင်ပွဲ International Army Games -2018 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုပြိုင်ပွဲမှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် မိမိတို့ပြိုင်ပွဲဝင်အသင်းများ၏ အားသာချက်၊ အားနည်းချက်များအား ပြန်လည်သုံးသပ်၍ နောင်လာမည့်ပြိုင်ပွဲများတွင်လည်းယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ စွမ်းရည်များ ပိုမိုတိုးတက်မြင့်မားရေးကြိုးစား ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းမှာကြားသည်။

ထို့နောက် နိုင်ငံတကာစစ်ဘက်ဆိုင်ရာအားကစားပြိုင်ပွဲများ International Army Games -2018 သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်စစ်တီးဝိုင်းအဖွဲ့ ကိုယ်စားအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇင်မင်းထက်က နိုင်ငံတကာဂီတပွဲတော်တွင် ပါဝင် ဖျော်ဖြေတင်ဆက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက်မြန်မာ့ တပ်မတော်တင့်ကားတပ်ဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ညီညီဝင့် ကလည်းကောင်း၊ မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ခင်ဇော်ဟိန်းကလည်းကောင်း၊ မြန်မာ့တပ်မတော်လက်ဖြောင့် သေနတ်ပစ်အသင်းကိုယ်စား အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ဌေးလွင်ဦး ကလည်းကောင်း၊ မြန်မာ့တပ်မတော် ရိုးရာယဉ်ကျေးမှုအဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဗိုလ်ဒေါ်ရွှေမိမိအောင်တို့ကလည်းကောင်း ပြိုင်ပွဲအတွေ့အကြုံများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများအားဂုဏ်ပြုလက်ဖက်ရည် များဖြင့်တည်ခင်းဧည့်ခံရာတွင် မြဝတီတေးဂီတအဖွဲ့က တေးသံသာများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနား တက်ရောက် လာကြသော International Army Games -2018 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

အဆိုပါနိုင်ငံတကာစစ်ဘက်ဆိုင်ရာအားကစားပြိုင်ပွဲ International Army Games -2018 အားရုရှားနိုင်ငံတွင် Army Games အဖြစ်နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံတကာမှတပ်ဖွဲ့ဝင် အသီးသီး ကိုဖိတ်ခေါ်ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။အဆိုပါပြိုင်ပွဲသို့ မြန်မာ့တပ်မတော်အနေဖြင့် ယခုနှစ်တွင် စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် Tank Biathlon တင့်ကား မောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၂ နိုင်ငံတွင် အဆင့် ၁၆ တွင် ရပ်တည်နိုင်ခဲ့သည်။ မြန်မာ့ တပ်မတော်ဆေးတပ်ဖွဲ့အနေဖြင့် ဇူလိုင် ၁၇ ရက်မှ သြဂုတ် ၁၄ ရက်နေ့အထိ ပြိုင်ပွဲအမျိုးအစား ၂၂ မျိုး အားဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဆေးမှူးအထူး စွမ်းရည်ပြိုင်ပွဲတွင် အဆင့် ၂၊ အမျိုးသမီးဆေးမှူးအထူး စွမ်းရည်ပြိုင်ပွဲတွင် အဆင့် ၄၊ အမျိုးသမီးသူနာပြုအဖွဲ့လိုက်စစ်မြေပြင်လူနာ ကယ်ထုတ်ခြင်းပြိုင်ပွဲတွင် အဆင့် ၅ ရရှိခဲ့ပြီး အသက်ကယ်ပြုစုခြင်းဆိုင်ရာပြိုင်ပွဲတွင် မြန်မာနိုင်ငံနှင့်ရုရှားနှစ်နိုင်ငံသာ အမှားအယွင်းမရှိ ယှဉ်ပြိုင် နိုင်ခဲ့သည်။

မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းအနေဖြင့် ဘီလာရုစ်နိုင်ငံတွင် ကျင်းပခဲ့ သည့် International Army Games -2018 Sniper Frontier(Sniper Competition) ပြိုင်ပွဲပထမအဆင့်တွင် ပြိုင်ပွဲဝင်နိုင်ငံ ၁၈ နိုင်ငံ၌ အဆင့် ၁၁ ရရှိခဲ့သည်။ မြန်မာ့တပ်မတော်စစ်တီးဝိုင်းအဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ မော်စကိုမြို့၌ကျင်းပပြုလုပ်သည့် နိုင်ငံတကာစစ်ဘက်ဆိုင်ရာတေးဂီတပွဲတော် International Military Tattoo -2018 တွင် သြဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ပါဝင်ဖျော်ဖြေတင်ဆက် ခဲ့ပြီး ပရိတ်သတ် များမှ Voting စနစ်ဖြင့်နေ့စဉ်ပေးအပ်သည့် People Choice Award ရရှိမှု၌ မြန်မာ့တပ်မတော် စစ်တီးဝိုင်း အဖွဲ့အနေဖြင့် သြဂုတ် ၂၇ ရက်နေ့တွင်အဆင့် ၂ ၊ ၂၈ ရက်နေ့တွင်အဆင့် ၁ ၊ ၂၉ ရက်နေ့တွင်အဆင့် ၃ ရရှိခဲ့သည်။

အလားတူ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့အနေဖြင့် နိုင်ငံတကာ ယဉ်ကျေးမှုအနုပညာပြပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာစုံတွဲအက အကောင်းဆုံးဆု၊ စုံတွဲ အတီးအကောင်းဆုံးဆု၊ အကောင်းဆုံးရိုးရာ ဝတ်စုံဆုတို့ကိုရရှိခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။