တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့(PNO)အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့နာယကဦးအောင်ခမ်းထီ နှင့်တွေ့ဆုံ၊ ကယားပြည်နယ်ရှိတိုင်းရင်းသား ခေါင်းဆောင်များအား တွေ့ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိ္င္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္ႏွင့္တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔မြန္းလြဲပုိင္းတြင္ေတာင္ႀကီး ၿမိဳ႕နယ္၊ ေက်ာက္တလုံး ႀကီးၿမိဳ႕သုိ႔ေရာက္ရွိရာ ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕ (PNO) အသြင္ေျပာင္း ျပည္သူ႕စစ္ဌာေနအဖြဲ႕ နာယကအဖဲြ႕၀င္ ဦးေန၀င္းထြန္း၊ တာ၀န္ရွိသူမ်ား ႏွင့္ ေဒသခံျပည္သူမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕ (PNO) အသြင္ေျပာင္း ျပည္သူ႕ စစ္ဌာေနအဖြဲ႕နာယက ဦးေအာင္ခမ္းထီႏွင့္ေတြ႕ဆုံသည္။ ဦးစြာပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕(PNO) အသြင္ေျပာင္း ျပည္သူ႕စစ္ နာယကအဖြဲ႕၀င္ ဦးေန၀င္းထြန္းက ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕(PNO) ၏ၿငိမ္းခ်မ္းေရး ေဆာင္ရြက္ခဲ့မႈ အေျခအေနမ်ားႏွင့္ ေက်ာက္တလုံးႀကီးေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ေဆာင္ရြက္ေနမႈ အေျခအေနမ်ား အားရွင္းလင္းတင္ျပသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တုိင္းရင္းသားလက္နက္ကုိင္မ်ားအေနျဖင့္ မိမိတုိ႔ တုိင္းရင္း သားႏွင့္ ေဒသကာကြယ္ေရးအားအေၾကာင္းျပၿပီး လက္နက္စြဲကုိင္လုိ ေသာသေဘာထားမ်ား ရွိေၾကာင္း၊ ေဒသအတြင္းတရားဥပေဒစုိးမုိးေရး ရွိေအာင္ ေဆာင္ရြက္ရမည္ျဖစ္ၿပီး ၎တာ၀န္ကုိ အုပ္ခ်ဳပ္ေရးအဖြဲ႕ အစည္းမ်ားႏွင့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ကေဆာင္ရြက္ရြက္ရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ ကာကြယ္ေရး တာ၀န္ကုိမူ ႏုိင္ငံေတာ္၏တစ္ခုတည္းေသာကာကြယ္ေရးအဖြဲ႕အစည္းျဖစ္ သည့္တပ္မေတာ္က ေဆာင္ရြက္ ရမွာ ျဖစ္ေၾကာင္း၊ စစ္မွန္ေသာထာ၀ရၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ ၎အဆင့္ကုိ ေရာက္ရွိေအာင္ မျဖစ္မေန ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ဦးစြာေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က အစုိးရႏွင့္တပ္မေတာ္မွ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ေက်ာက္တလုံးႀကီး ေဒသဖြံ႕ၿဖိဳးတုိးတက္ ေရးေဆာင္ရြက္ရာတြင္ တပ္မေတာ္မွတတ္ႏုိင္သည့္ ဘက္မွကူညီေဆာင္ရြက္ေပးမည့္အေျခအေနမ်ား၊ ေက်ာက္တလုံးႀကီးေဒသအတြင္းမူးယစ္ ေဆး၀ါးကင္းစင္ေရးအတြက္ေဆာင္ရြက္ရန္ႏွင့္ တုိင္းရင္းသားမ်ား ၏ပညာရည္ျမင့္မား ေရး ကုိေဆာင္ရြက္ေပးရန္လုိအပ္သည့္အေျခအေနမ်ားအားေဆြးေႏြးေျပာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ပအုိ၀္းတုိင္းရင္းသား ေခါင္းေဆာင္ ဦးေအာင္ခမ္းထီအား လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး ေက်ာက္တလုံးႀကီးၿမိဳ႕၊ ဗုိလ္ပႏၲ ကုန္းေတာ္ရွိ မဟာ၀ိသဗုဒၶဂယာၿမိဳ႕ ဦးေစတီေတာ္အတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွလွဴဒါန္းသည့္ အလွဴေငြမ်ားအားေပး အပ္လွဴဒါန္းသည္။ ထုိ႕ေနာက္ ပအုိ၀္းတုိင္းရင္းသား ေခါင္းေဆာင္ဦးေအာင္ခမ္းထီက တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ထံ ေဒသထြက္ လက္ေဆာင္ပစၥည္းမ်ားျပန္လည္ေပးအပ္သည္။

ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ နံနက္ပုိင္းကလည္း ကယားျပည္နယ္ အတြင္းရွိ တုိင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(လြဳိင္ေကာ္)ရွိ အစည္းအေ၀းခန္းမ၌ ေတြ႕ဆုံသည္။ အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာန ခ်ဳပ္တုိင္းမွဴးဗုိလ္ခ်ဳပ္လင္းေအာင္ႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကၿပီး နယ္ျခားေစာင့္ တပ္မ်ား၏ဗဟုိအႀကံေပးႏွင့္ ကြပ္ကဲေရးအဖြဲ႕၊ ဂုဏ္ထူး ေဆာင္ဗုိလ္မွဴးႀကီး ထြန္းေက်ာ္၊ ကရင္နီအမ်ိဳးသားတုိးတက္ေရး ပါတီ(KNPP) ၊ ကရင္နီအမ်ိဳးသားစည္းလုံး ညီၫြတ္ေရးအဖြဲ႕ဥကၠ႒ ဦးရစ္ခ်ဒ္၊ ကယန္းအမ်ိဳးသားကာကြယ္ေရးတပ္(KNG)ဥကၠ႒ ဦးေဌးကုိ၊ ကရင္နီ အမ်ိဳးသားတုိးတက္ေရး ပါတီ(KNPP) ၊ ကရင္နီအမ်ိဳးသားၿငိမ္းခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(KNPDP) ဒုတိယဥကၠ႒ ဦးေအာင္ေအာင္၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္မ်ားျဖစ္ၾကသည့္ ဦးေပါလုခ်မ္း၊ ဦးခီးရယ္ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ကယားျပည္နယ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးသည္ မိမိတုိ႔အားလုံးႏွင့္ သက္ဆုိင္ပါေၾကာင္း၊ ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဆာင္ရြက္ရာတြင္ အဖြဲ႕အစည္းမ်ား၊ ပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ဥပေဒေဘာင္အတြင္း၀င္ေရာက္ရန္က်န္ရွိေနသည့္ တုိင္းရင္းသားအဖြဲ႕အစည္းမ်ား အားလုံးပါ၀င္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ၁၉၈၈ ခုႏွစ္ႏုိင္ငံေရးမတည္ၿငိမ္မႈ မ်ားေၾကာင့္ျဖစ္ေပၚမႈေၾကာင့္ တပ္မေတာ္မွ၀င္ေရာက္ထိ္မ္းသိမ္းေဆာင္ရြက္ခဲ့ရေၾကာင္း၊ ျပည္သူမ်ားမွေတာင္းဆုိသည့္ ပါတီစုံ ဒီမုိကေရစီ စနစ္ကုိတပ္မေတာ္အစုိးရမွ အေကာင္ အထည္ေဖာ္ေပးခဲ့ရေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ ေနရျခင္း၏ရည္ရြယ္ခ်က္မွာ လက္ရွိက်င့္သုံးေနသည့္ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းတြင္ တုိင္းရင္းသား ျပည္သူအားလုံး ဒီမုိကေရစီအခြင့္အေရးမ်ားကုိ တန္းတူညီမွ်ခံစားႏုိင္ရန္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) အား တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕အစည္းမ်ား အားလုံး လက္မွတ္ေရးထုိးသြားမွသာ ထာ၀ရၿငိမ္းခ်မ္းေရးရရွိမည္ျဖစ္ေၾကာင္းရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ ဒီမုိကေရစီစနစ္အားေဖာ္ေဆာင္ရာတြင္ ႐ႈျမင္ပုံႏွင့္ ခ်ဥ္းကပ္ပုံမ်ား ကြဲျပားမႈရွိႏုိင္ေသာ္လည္း တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတုိးတက္ေရးကုိ အဓိကထား လက္ေတြ႕က်က်ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ဖြံ႕ၿဖိဳးတုိးတက္ေရးဆုိသည္မွာ အေျပာ လြယ္သေလာက္လက္ေတြ႕ လုပ္ေဆာင္ရာတြင္ ၀ါယမစုိက္ထုတ္ရ မႈမ်ားျပားေၾကာင္း၊ ဖြံ႕ၿဖိဳး တုိးတက္ေစရန္အတြက္ ကုန္ထုတ္စြမ္းအားရွိရမည္ျဖစ္ၿပီး ၎ကုန္ထုတ္စြမ္းအားကုိ အတတ္ပညာႏွင့္ အရင္းအႏွီးတုိ႔ေပါင္းစပ္ၿပီးမွရရွိႏုိင္မည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ ေဒသအလိုက္ ပညာေရးကုိ အထူးအားေပးေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕အစည္းမ်ားအေနျဖင့္ ဥပေဒ ေဘာင္အတြင္းမွေန၍ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကုိ ႐ိုးသား စြာေဆာင္ရြက္သြားရန္လုိအပ္ေၾကာင္း၊ ေဒသအတြင္း တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) တြင္လက္မွတ္ေရးထုိးရန္က်န္ရွိသည့္ KNPP တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕ကုိလည္း စည္း႐ုံးေဆာင္ရြက္သြားရန္လိုအပ္ေၾကာင္း၊ က်န္အဖြဲ႕ အစည္းမ်ားအေနျဖင့္လည္း ပစ္ခတ္တုိက္ခုိက္မႈရပ္စဲ၍ၿငိမ္းခ်မ္းေရးေဆာင္ရြက္ လာသည္မွာ ႏွစ္ ၂၀ ခန္႔ရွိ ေနၿပီျဖစ္သျဖင့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားသည္ ယခင္က ထက္ႏွစ္ဆခန္႔တုိးတက္ေနရန္လုိအပ္ေၾကာင္း၊ ဘက္ေပါင္းစုံမွစဥ္းစားၿပီး စည္းလုံးညီၫြတ္ စြာေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊ မည္သည့္ႏုိင္ငံတြင္ မဆုိႏုိင္ငံေတာ္ကာကြယ္ေရး အတြက္တာ၀န္ယူေဆာင္ရြက္ေနရေသာ လက္နက္ကုိင္အဖြဲ႕အစည္းမွာ တစ္ခုတည္းသာ ရွိေၾကာင္း၊ ၎မွာသက္ဆုိင္ရာႏုိင္ငံအလုိက္၏တပ္မေတာ္သာျဖစ္၍ မိမိတုိ႔ႏုိင္ငံ၏ ဒီမုိကေရစီ လမ္းေၾကာင္းေပၚေလွ်ာက္လွမ္းရာတြင္လည္း ထုိကဲ့သုိ႔ေဆာင္ရြက္ရန္လုိအပ္ ေၾကာင္း၊ အရွိတရားအား လက္ခံၿပီး အသိတရားရွိရွိေဒသခံျပည္သူလူထုအေပၚ ကုိယ္ခ်င္း စာစိတ္ထား၍ေဆာင္ရြက္သြားရန္ လုိအပ္ ေၾကာင္းမွာၾကားသည္။

ယင္းေနာက္အခမ္းအနားတက္ေရာက္လာၾကသူမ်ားက အဖြဲ႕အစည္းတစ္ခုခ်င္းအလုိက္ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ အေျခအေနမ်ားအားရွင္းလင္း တင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့(PNO)အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့နာယကဦးအောင်ခမ်းထီ နှင့်တွေ့ဆုံ၊ ကယားပြည်နယ်ရှိတိုင်းရင်းသား ခေါင်းဆောင်များအား တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ – ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင်တောင်ကြီး မြို့နယ်၊ ကျောက်တလုံး ကြီးမြို့သို့ရောက်ရှိရာ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့ နာယကအဖွဲ့ဝင် ဦးနေဝင်းထွန်း၊ တာဝန်ရှိသူများ နှင့် ဒေသခံပြည်သူများကကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်း ပြည်သူ့ စစ်ဌာနေအဖွဲ့နာယက ဦးအောင်ခမ်းထီနှင့်တွေ့ဆုံသည်။ ဦးစွာပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့(PNO) အသွင်ပြောင်း ပြည်သူ့စစ် နာယကအဖွဲ့ဝင် ဦးနေဝင်းထွန်းက ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့(PNO) ၏ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ကျောက်တလုံးကြီးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ အားရှင်းလင်းတင်ပြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့ တိုင်းရင်း သားနှင့် ဒေသကာကွယ်ရေးအားအကြောင်းပြပြီး လက်နက်စွဲကိုင်လို သောသဘောထားများ ရှိကြောင်း၊ ဒေသအတွင်းတရားဥပဒေစိုးမိုးရေး ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတာဝန်ကို အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဆောင်ရွက်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုမူ နိုင်ငံတော်၏တစ်ခုတည်းသောကာကွယ်ရေးအဖွဲ့အစည်းဖြစ် သည့်တပ်မတော်က ဆောင်ရွက် ရမှာ ဖြစ်ကြောင်း၊ စစ်မှန်သောထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ၎င်းအဆင့်ကို ရောက်ရှိအောင် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရနှင့်တပ်မတော်မှ ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကျောက်တလုံးကြီး ဒေသဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင် တပ်မတော်မှတတ်နိုင်သည့် ဘက်မှကူညီဆောင်ရွက်ပေးမည့်အခြေအနေများ၊ ကျောက်တလုံးကြီးဒေသအတွင်းမူးယစ် ဆေးဝါးကင်းစင်ရေးအတွက်ဆောင်ရွက်ရန်နှင့် တိုင်းရင်းသားများ ၏ပညာရည်မြင့်မား ရေး ကိုဆောင်ရွက်ပေးရန်လိုအပ်သည့်အခြေအနေများအားဆွေးနွေးပြောကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် ဦးအောင်ခမ်းထီအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ကျောက်တလုံးကြီးမြို့၊ ဗိုလ်ပန္တ ကုန်းတော်ရှိ မဟာဝိသဗုဒ္ဓဂယာမြို့ ဦးစေတီတော်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှလှူဒါန်းသည့် အလှူငွေများအားပေး အပ်လှူဒါန်းသည်။ ထို့နောက် ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်ဦးအောင်ခမ်းထီက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ ဒေသထွက် လက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နံနက်ပိုင်းကလည်း ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးဗိုလ်ချုပ်လင်းအောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နယ်ခြားစောင့် တပ်များ၏ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့၊ ဂုဏ်ထူး ဆောင်ဗိုလ်မှူးကြီး ထွန်းကျော်၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP) ၊ ကရင်နီအမျိုးသားစည်းလုံး ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရစ်ချဒ်၊ ကယန်းအမျိုးသားကာကွယ်ရေးတပ်(KNG)ဥက္ကဋ္ဌ ဦးဌေးကို၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ(KNPP) ၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ(KNPDP) ဒုတိယဥက္ကဋ္ဌ ဦးအောင်အောင်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များဖြစ်ကြသည့် ဦးပေါလုချမ်း၊ ဦးခီးရယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ်ကယားပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့အားလုံးနှင့် သက်ဆိုင်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင် အဖွဲ့အစည်းများ၊ ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဥပဒေဘောင်အတွင်းဝင်ရောက်ရန်ကျန်ရှိနေသည့် တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်နိုင်ငံရေးမတည်ငြိမ်မှု များကြောင့်ဖြစ်ပေါ်မှုကြောင့် တပ်မတော်မှဝင်ရောက်ထိမ်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ပြည်သူများမှတောင်းဆိုသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကိုတပ်မတော်အစိုးရမှ အကောင် အထည်ဖော်ပေးခဲ့ရကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက် နေရခြင်း၏ရည်ရွယ်ချက်မှာ လက်ရှိကျင့်သုံးနေသည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် တိုင်းရင်းသား ပြည်သူအားလုံး ဒီမိုကရေစီအခွင့်အရေးများကို တန်းတူညီမျှခံစားနိုင်ရန်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး လက်မှတ်ရေးထိုးသွားမှသာ ထာဝရငြိမ်းချမ်းရေးရရှိမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် ဒီမိုကရေစီစနစ်အားဖော်ဆောင်ရာတွင် ရှုမြင်ပုံနှင့် ချဉ်းကပ်ပုံများ ကွဲပြားမှုရှိနိုင်သော်လည်း တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား လက်တွေ့ကျကျဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ အပြော လွယ်သလောက်လက်တွေ့ လုပ်ဆောင်ရာတွင် ဝါယမစိုက်ထုတ်ရ မှုများပြားကြောင်း၊ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကုန်ထုတ်စွမ်းအားရှိရမည်ဖြစ်ပြီး ၎င်းကုန်ထုတ်စွမ်းအားကို အတတ်ပညာနှင့် အရင်းအနှီးတို့ပေါင်းစပ်ပြီးမှရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက် ပညာရေးကို အထူးအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဥပဒေ ဘောင်အတွင်းမှနေ၍ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုးသား စွာဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဒေသအတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် KNPP တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုလည်း စည်းရုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျန်အဖွဲ့ အစည်းများအနေဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ၍ငြိမ်းချမ်းရေးဆောင်ရွက် လာသည်မှာ နှစ် ၂၀ ခန့်ရှိ နေပြီဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် ယခင်က ထက်နှစ်ဆခန့်တိုးတက်နေရန်လိုအပ်ကြောင်း၊ ဘက်ပေါင်းစုံမှစဉ်းစားပြီး စည်းလုံးညီညွတ် စွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင် မဆိုနိုင်ငံတော်ကာကွယ်ရေး အတွက်တာဝန်ယူဆောင်ရွက်နေရသော လက်နက်ကိုင်အဖွဲ့အစည်းမှာ တစ်ခုတည်းသာ ရှိကြောင်း၊ ၎င်းမှာသက်ဆိုင်ရာနိုင်ငံအလိုက်၏တပ်မတော်သာဖြစ်၍ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းရာတွင်လည်း ထိုကဲ့သို့ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ အရှိတရားအား လက်ခံပြီး အသိတရားရှိရှိဒေသခံပြည်သူလူထုအပေါ် ကိုယ်ချင်း စာစိတ်ထား၍ဆောင်ရွက်သွားရန် လိုအပ် ကြောင်းမှာကြားသည်။

ယင်းနောက်အခမ်းအနားတက်ရောက်လာကြသူများက အဖွဲ့အစည်းတစ်ခုချင်းအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်း တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။