ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများ၏ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၈

ေရဆင္းဆည္၏ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးအတြက္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက ၂၀၁၁ ခုႏွစ္မွစ၍ ႏွစ္စဥ္မိုးရာသီသစ္ပင္စုိက္ပ်ိဳး ပြဲမ်ားက်င္းပ ျပဳလုပ္၍စုိက္ပ်ိဳးလ်က္ရွိၿပီး ယေန႔တြင္ ၂၀၁၈ ခုႏွစ္၊ တတိယအႀကိမ္ေျမာက္ မုိးရာသီသစ္ပင္ စုိက္ပ်ိဳးပြဲအခမ္းအနားအားက်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္စုိက္ပ်ိဳးၿပီးၾကည့္႐ႈအားေပးသည္။

အဆုိပါသစ္ပင္စုိက္ပ်ိဳးပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြႏွင့္ ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးရဲေအာင္ႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ဇနီး၊ ႏုိင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွ သင္တန္းသားအရာရွိႀကီးမ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ) ႐ုံး/ဌာနအသီးသီးမွ အရာရွိ၊ စစ္သည္မ်ားႏွင့္မိသားစု၀င္မ်ား တက္ေရာက္ၾကသည္။

 

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ရတနာတန္း၀င္ ပ်ဥ္းကတုိးပင္အား ဦးေဆာင္ စုိက္ပ်ိဳးေပးၾကသည္။ ထုိ႔ေနာက္ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အခမ္းအနား တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက သတ္မွတ္ေနရာအသီးသီးတြင္ ရတနာတန္း၀င္ ပ်ဥ္းကတုိးပင္၊ ကြၽန္းပင္၊ ပိေတာက္ပင္ႏွင့္ မေဟာ္ဂနီပင္မ်ားအားစုိက္ပ်ိဳးၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အရာရွိ၊ စစ္သည္၊ မိသားစု မ်ား၏ စုေပါင္းသစ္ပင္စုိက္ပ်ိဳးေနမႈအားလွည့္လည္ၾကည့္႐ႈအားေပးၾကသည္။ ယေန႔က်င္းပျပဳလုပ္သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၏ ၂၀၁၈ ခုႏွစ္၊ တတိယအႀကိမ္မုိးရာသီသစ္ပင္စုိက္ပ်ိဳးပြဲတြင္ ရတနာတန္း၀င္ ပ်ဥ္းကတုိးပင္ ၂၀၀ ပင္၊ ကြၽန္း ၁၃၀၀ ပင္၊ ပိေတာက္ ၁၀၀၀ ပင္ႏွင့္ မေဟာ္ဂနီ ၂၅၀၀ ပင္ စုစုေပါင္း ၅၀၀၀ ပင္အားစုေပါင္းစုိက္ပ်ိဳးခဲ့ၾကသည္။ ေရဆင္းဆည္ပတ္၀န္းက်င္၌ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္ ေဂဟစနစ္ထိန္းသိမ္းေရးအတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) အေနျဖင့္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္တတိယအႀကိမ္ မုိးရာသီသစ္ပင္စုိက္ပ်ိဳးပြဲအထိ မုိးရာသီသစ္ပင္စုိက္ပ်ိဳးပြဲမ်ားတြင္ ရတနာတန္း၀င္ပင္၊ ႏွစ္ရွည္သီးႏွံပင္ႏွင့္အရိပ္ရ ေလကာပင္ စုစုေပါင္း ၁၃၂၂၆၃ ပင္အားစုိက္ပ်ိဳးခဲ့ၿပီးျဖစ္သည္။

ထုိ႔အတူ ယေန႔နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္အသီးသီးတြင္လည္း မုိးရာသီ သစ္ပင္စုိက္ပ်ိဳးပြဲ တတိယအႀကိမ္ က်င္းပျပဳလုပ္၍ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားစုေပါင္း စုိက္ပ်ိဳးၾကသည္။ ထုိသုိ႔စုိက္ပ်ိဳးရာ၌ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၂၅၆၉၉ ပင္၊ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တြင္စုိက္ပ်ိဳးပင္ ၂၃၀၃၇ ပင္၊ အေရွ႕ေျမာက္ တုိင္းစစ္ဌာနခ်ဳပ္တြင္စုိက္ပ်ိဳးပင္ ၁၀၂၈၂ ပင္၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၁၁၂၅၀ ပင္၊ အေရွ႕အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၁၅၁၀၀ ပင္၊ ႀတိဂံေဒသ တုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၂၉၅၇၇ ပင္၊ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္တြင္  စုိက္ပ်ိဳးပင္ ၄၆၉၈၁ ပင္၊ ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၂၅၆၀၅ ပင္၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၄၄၉၉၃ ပင္၊ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၁၄၂၁၈ ပင္၊ အေနာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၂၈၁၂၁ ပင္၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၂၈၃၆၁ ပင္၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ စုိက္ပ်ိဳးပင္ ၄၀၈၂၈ ပင္ႏွင့္ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တြင္ ၃၉၅၁၇ ပင္ စုစုေပါင္း ၃၈၃၅၆၉ ပင္အားစုေပါင္းစုိက္ပ်ိဳးခဲ့ၾကသည္။

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများ၏ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၈

ရေဆင်းဆည်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိသားစုများက ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲများကျင်းပ ပြုလုပ်၍စိုက်ပျိုးလျက်ရှိပြီး ယနေ့တွင် ၂၀၁၈ ခုနှစ်၊ တတိယအကြိမ်မြောက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စိုက်ပျိုးပြီးကြည့်ရှုအားပေးသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) ရုံး/ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင် ပျဉ်းကတိုးပင်အား ဦးဆောင် စိုက်ပျိုးပေးကြသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် ရတနာတန်းဝင် ပျဉ်းကတိုးပင်၊ ကျွန်းပင်၊ ပိတောက်ပင်နှင့် မဟော်ဂနီပင်များအားစိုက်ပျိုးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစု များ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။ ယနေ့ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ၂၀၁၈ ခုနှစ်၊ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ပျဉ်းကတိုးပင် ၂၀၀ ပင်၊ ကျွန်း ၁၃၀၀ ပင်၊ ပိတောက် ၁၀၀၀ ပင်နှင့် မဟော်ဂနီ ၂၅၀၀ ပင် စုစုပေါင်း ၅၀၀၀ ပင်အားစုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့်အရိပ်ရ လေကာပင် စုစုပေါင်း ၁၃၂၂၆၃ ပင်အားစိုက်ပျိုးခဲ့ပြီးဖြစ်သည်။

ထို့အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီးတွင်လည်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ တတိယအကြိမ် ကျင်းပပြုလုပ်၍ အရာရှိ၊ စစ်သည်၊ မိသားစုများစုပေါင်း စိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာ၌နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၅၆၉၉ ပင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင်စိုက်ပျိုးပင် ၂၃၀၃၇ ပင်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တွင်စိုက်ပျိုးပင် ၁၀၂၈၂ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၁၂၅၀ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၅၁၀၀ ပင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၉၅၇၇ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်  စိုက်ပျိုးပင် ၄၆၉၈၁ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၅၆၀၅ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၄၄၉၉၃ ပင်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၄၂၁၈ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၈၁၂၁ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၈၃၆၁ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၄၀၈၂၈ ပင်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ၃၉၅၁၇ ပင် စုစုပေါင်း ၃၈၃၅၆၉ ပင်အားစုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။