တပ်မတော်သည်နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်မှုကို ကာကွယ်ရန် အဓိကတာဝန်ရှိ၊ နိုင်ငံ၏အကျိုးစီးပွား၊ တိုင်းရင်းသားများ၏အကျိုး  စီးပွားများကိုအကာအကွယ်ပေးခြင်းသည် တရားသော စစ်ကို ဆင်နွှဲခြင်းဖြစ် 

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၃               

တပ္မေတာ္၏အဓိကတာ၀န္မွာ ႏုိင္ငံေတာ္၏လြတ္လပ္ေရးႏွင့္အခ်ဳပ္အျခာ အာဏာပုိင္မႈအခြင့္အေရးမ်ားကုိ ကာကြယ္ေစာင့္ေရွာက္ရန္ျဖစ္ေၾကာင္း၊ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရရွိခ်ိန္မွစ၍ အစုိးရအဆက္ဆက္ႏွင့္ ျပည္သူလူထု၏အသက္အုိးအိမ္ စည္းစိမ္လုံၿခဳံေရးကုိကာကြယ္ေစာင့္ေရွာက္ေပးခဲ့ေၾကာင္း၊ ႏုိင္ငံ၏အက်ိဳးစီးပြား၊ တုိ္င္း ရင္းသားမ်ား၏ အက်ိဳးစီးပြားမ်ားကုိအကာအကြယ္ေပးျခင္းသည္ တရားေသာစစ္ကုိ ဆင္ႏႊဲျခင္းပင္ျဖစ္ ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ လား႐ႈိး တပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တုိ္င္းမွဴး ဗုိလ္ခ်ဳပ္ေအာင္ေဇာ္ေအး၊ တပ္နယ္ မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ မိမိတုိ႕ႏုိင္ငံ၏ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒသည္ ႏုိင္ငံေတာ္၏အဆင့္ဆင့္ေသာအဖြဲ႕အစည္းမ်ားဖြဲ႕စည္းမႈ၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး၊ ဥပေဒ ျပ႒ာန္းေရး၊ ႏုိင္ငံသားတစ္ဦးခ်င္းစီ၏ အခြင့္အေရးမ်ားစသျဖင့္ အခ်က္အလက္ျပည့္ျပည့္စုံစုံကုိ စာျဖင့္ေရးသား ေဖာ္ျပထား သည့္အာမခံခ်က္ပင္ျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ (Mother Law) ျဖစ္ၿပီး ႏုိင္ငံ အတြင္း ရွိအလႊာေပါင္းစုံ၊ အဖြဲ႕အစည္းေပါင္းစုံ၊ ႏုိင္ငံေရးပါတီမ်ား၊ တုိင္းရင္းသား ကုိယ္စားလွယ္မ်ားက အေက်အလည္ ေဆြးေႏြးၫႇိႏႈိင္းကာ မည္သည့္ၿခိမ္းေျခာက္မႈ၊ ဖိအားေပးမႈမ်ားမပါရွိဘဲ တစ္ႏုိင္ငံလုံး၏အက်ိဳးစီးပြား အတြက္ ပက တိအေျခအေနမ်ားႏွင့္ ကုိက္ညီေအာင္ ေဆြးေႏြးၫႇိႏႈိင္းေရးဆြဲခဲ့ျခင္းျဖစ္ေၾကာင္း၊  အေျခခံဥပေဒပါ ျပ႒ာန္း ခ်က္မ်ားသည္ ႏုိင္ငံသားတစ္ဦးခ်င္းစီ၏အခြင့္အေရးမ်ား၊ တုိင္းရင္းသားအားလုံး၏ မူလရပုိင္ခြင့္မ်ား အေပၚ ခြဲျခားမႈမရွိတန္းတူညီမွ်စြာ အာမခံခ်က္ေပးထားသည္ကုိ ေတြ႕ရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထုိ႕ေနာက္ ႏုိင္ငံမ်ား၏ဒီမုိကေရစီက်င့္သုံးမႈကုိၾကည့္ပါက မိမိတုိ႔ႏုိင္ငံႏွင့္ကုိက္ညီ သည့္ ဒီုမုိကေရစီစနစ္ကုိသာ က်င့္သုံးၾကေၾကာင္း၊ ထုိ႔ေၾကာင့္ႏုိင္ငံအသီးသီး၏ ဒီမုိကေရစီက်င့္သုံးမႈမ်ားမွာမတူညီၾကေၾကာင္း၊ ျမန္မာႏုိင္ငံ အေနျဖင့္အခ်ဳပ္အျခာအာဏာပုိင္ ႏုိင္ငံျဖစ္သည္ႏွင့္အညီ လြတ္လပ္၍တက္ၾကြ ေသာႏုိင္ငံျခားေရးမူ၀ါဒ ကုိက်င့္သုံးကာ ႏုိင္ငံအားလုံးႏွင့္ မိတ္၀တ္မပ်က္ဆက္ဆံေရးကိုသာထားရွိေၾကာင္း၊ ထုိ႔အျပင္ကုလသမဂၢ အဖြဲ႕ ၀င္ႏုိင္ငံတစ္ႏုိင္ငံျဖစ္သည္ႏွင့္အညီ ကုလသမဂၢသေဘာတူညီခ်က္မ်ားမွ ႏုိင္ငံ၏ပကတိအေျခအေနႏွင့္ ကုိက္ညီ သည့္ သေဘာတူညီခ်က္မ်ားကုိ လုိက္နာလ်က္ရွိေၾကာင္း၊ ႏုိင္ငံမ်ား၏စံတန္ဖုိးခ်င္း မတူညီၾကသည္ျဖစ္ရာ ႏုိင္ငံတစ္ႏုိင္ငံ၏အခ်ဳပ္အျခာအာဏာကုိ မည္သည့္ႏုိင္ငံ၊ အဖြဲ႕အစည္း၊ အုပ္စု၊ အဖြဲ႕မ်ားက ၀င္ေရာက္စြက္ ဖက္ဆုံးျဖတ္ႏုိင္ခြင့္ မရွိေၾကာင္း၊ ျပည္တြင္းေရးကုိ၀င္ေရာက္စြက္ဖက္ေျပာၾကားမႈမ်ားသည္ တစ္ဦးႏွင့္တစ္ဦး၊ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ အျမင္လြဲမွားမႈကုိျဖစ္ေစေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ မိမိတုိ႔ႏုိင္ငံသည္ ျပည္သူမ်ား၏ဆႏၵအရေရြးခ်ယ္ထားေသာ ပါတီစုံ ဒီမုိကေရစီစနစ္လမ္းေၾကာင္း အတုိင္း ေလွ်ာက္လွမ္းလ်က္ရွိရာတြင္ ႏုိင္ငံေရး၊ တုိင္းရင္း သားအေရး၊ အုပ္ခ်ဳပ္ေရးဆုိင္ရာ အျမင္သေဘာထား ကြဲလြဲမႈမ်ားကုိ အားလုံးၫႇိႏႈိင္း တုိင္ပင္ေဆြးေႏြးျခင္းျဖင့္ လက္နက္ကုိင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေအာင္ေဆာင္ရြက္ရန္ လုိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ထာ၀ရၿငိမ္းခ်မ္းေရးရရွိေစရန္ ဆက္လက္ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း၊ ရခုိင္ျပည္နယ္ဘူးသီးေတာင္၊ ေမာင္ေတာေဒသျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ မျဖစ္ႏုိင္သည့္ေတာင္းဆုိ မႈမ်ား ကုိလက္ခံ၍မရဘဲ ၁၉၈၂ ခုႏွစ္ႏုိင္ငံသား ျဖစ္မႈဥပေဒႏွင့္အညီသာေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ယင္းဥပေဒမွာ ဘဂၤါလီမ်ား အတြက္သာျပ႒ာန္းထားျခင္းမဟုတ္ဘဲ ျမန္မာႏုိင္ငံတြင္ေနထုိင္သူအားလုံးအတြက္ ျပ႒ာန္းထား ေသာဥပေဒျဖစ္၍ မည္သူမဆုိဥပေဒႏွင့္အညီ စိစစ္ခံႏုိင္ရမည္ျဖစ္ေၾကာင္း၊ တစ္ဖက္ႏုိင္ငံသုိ႔ ထြက္ေျပးသြား သူမ်ားကုိလည္း သတ္မွတ္ခ်က္ႏွင့္အညီစိစစ္လက္ခံ သြားမည္ျဖစ္ေၾကာင္း၊ အဆုိပါေဒသျဖစ္စဥ္ မ်ားႏွင့္ ပတ္သက္၍လည္းအမွန္အတုိင္း ထုတ္ျပန္ခဲ့ၿပီးျဖစ္ေၾကာင္းေျပာၾကားသည္။

ရွမ္းျပည္နယ္ေျမာက္ပုိင္းေဒသသည္ နယ္စပ္ကုန္သြယ္ေရးအတြက္ အေရးပါေသာ ေဒသတစ္ခုျဖစ္ေၾကာင္း၊ သုိ႔ရာတြင္နယ္စပ္ကုန္သြယ္ေရးကုိအမွီျပဳၿပီး တရားမ၀င္ ကုန္သြယ္မႈမ်ားသည္ ႏုိင္ငံအတြက္နစ္နာဆုံး႐ႈံးမႈမ်ားကုိ သာျဖစ္ေစေသာေၾကာင့္ သက္ဆုိင္ရာလုံၿခဳံေရးအဖြဲ႕အစည္း၊ ဌာနဆုိင္ရာမ်ားႏွင့္ပူးေပါင္း၍ တားဆီး ကာကြယ္ၾကရန္လုိေၾကာင္း၊ အမ်ိဳးသားအက်ိဳးစီးပြားကုိထိခိုက္ေစေသာ မူးယစ္ေဆး၀ါးအႏၲရာယ္ တားဆီး ကာကြယ္ေရးကုိလည္းအမ်ိဳးသားေရးတာ၀န္တစ္ရပ္အျဖစ္ ခံယူေဆာင္ရြက္ၾကရန္မွာၾကားသည္။

ဆက္လက္ၿပီး တပ္တြင္း၌တစ္ပုိင္တစ္ႏုိင္၊ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးမ်ားလုပ္ေဆာင္ျခင္းမွရရွိေသာ အက်ိဳး ေက်းဇူးမ်ားကုိလက္ေတြ႕ခံစားေနၾကရၿပီး ဆက္လက္၍လည္း စနစ္တက်ေအာင္ျမင္ေအာင္ ေဆာင္ရြက္ျခင္း ျဖင့္ စားနပ္ရိကၡာဖူလုံေရးအခက္အခဲ မရွိေအာင္ေဆာင္ရြက္ၾကရန္၊ ပုိလွ်ံသည့္အသားငါး၊ ဟင္းသီးဟင္းရြက္ မ်ားကုိမိမိတုိ႔ နယ္ေျမေဒသအတြင္းရွိ ဌာနဆုိင္ရာ၀န္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားအားတတ္ႏုိင္ သေလာက္ သက္သာေသာႏႈန္းထားျဖင့္ေရာင္းခ်ေပးရန္၊ ေဒသအတြက္စားေရး အေထာက္အကူေပးႏုိင္ေအာင္ ႀကိဳးစား ေဆာင္ရြက္ၾကရန္လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တပ္နယ္ရွိ အရာရွိ၊ စစ္သည္မိသားစုမ်ားစားေသာက္ဖြယ္ရာမ်ားအားေပးအပ္ရာ တုိင္းမွဴးမွလက္ခံရယူသည္။ ယင္းေနာက္ တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္ရွိမိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္း အတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ တုိင္းမွဴး၏ဇနီးကလက္ခံရယူသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရး  ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးတုိ႕က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ၊ ရသစာအုပ္ စာေစာင္မ်ား၊ စားေသာက္ဖြယ္ရာမ်ား၊ အားကစားပစၥည္းမ်ားအား အသီးသီးေပးအပ္ရာတာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။ ေတြ႕ဆုံအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားတက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္ ဘက္စုံ စုိက္ပ်ိဳးေမြးျမဴေရးဗဟုိစံျပစခန္းသို႔ေရာက္ရွိၾကရာ တုိင္းမွဴးက (DYL) ၀က္မ်ားအားေမြးျမဴထားရွိမႈ၊ ႏုိ႕စားႏြားမ်ား ေမြးျမဴထားရွိမႈႏွင့္ အသားစားၾကက္၊ ဥစားၾကက္မ်ားေမြးျမဴထားရွိမႈ၊ ငါးေမြးျမဴထားရွိမႈ၊ ေငြႏွင္းမႈိ စုိက္ပ်ိဳးထား ရွိမႈႏွင့္ တပ္မေတာ္သားမိသားစု၀င္မ်ားအားသက္သာေသာေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးႏုိင္မႈ အေျခအေနမ်ား အား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သားမ်ားႏွင့္မိသားစု၀င္မ်ား ၏သက္သာေခ်ာင္ခ်ိေရးကုိ အဓိကထားေဆာင္ရြက္ရန္၊ ၾကက္သားႏွင့္၀က္သားကုိ အဓိကစားသုံးသူမ်ား ျပားသျဖင့္ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈကုိတစ္ဖက္ တစ္လမ္းမွထိန္းၫႇိေပးႏုိင္ၿပီး ေဒသအတြက္စားေရးကုိပါ အေထာက္အကူျဖစ္ေစရန္ အတြက္ပုိလွ်ံသည့္ အသား၊ ငါးမ်ားကုိ စစ္မႈထမ္းေဟာင္းမ်ား၊ ဌာနဆုိင္ရာ ၀န္ထမ္း မ်ားႏွင့္ ေဒသခံျပည္သူမ်ားကုိပါ သက္သာေသာေစ်းႏႈန္းျဖင့္ေရာင္းခ်ေပးႏုိင္ေရးေဆာင္ရြက္ရန္၊ တပ္မေတာ္ သားမ်ားႏွင့္ မိသားစု၀င္မ်ားအာဟာရျပည့္၀စြာစားသုံးႏိုင္ေစေရးအတြက္ စီမံေဆာင္ရြက္ရန္တုိ႔ အား မွာၾကား သည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ၾကက္ေမြးျမဴေရးၿခံ အတြင္း ဥစားၾကက္မ်ား ေမြးျမဴထားရွိမႈ၊ ၀က္ေမြးျမဴေရးၿခံအတြင္း DYL ၀က္မ်ားေမြးျမဴထား ရွိမႈတုိ႔အားလွည့္လည္ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ားမွာၾကား ျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့သည္။

(Unicode Version)

တပ်မတော်သည်နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်မှုကို ကာကွယ်ရန် အဓိကတာဝန်ရှိ၊ နိုင်ငံ၏အကျိုးစီးပွား၊ တိုင်းရင်းသားများ၏အကျိုး စီးပွားများကိုအကာအကွယ်ပေးခြင်းသည် တရားသော စစ်ကို ဆင်နွှဲခြင်းဖြစ်

နေပြည်တော်၊ စက်တင်ဘာ – ၂၃

တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာပိုင်မှုအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှစ၍ အစိုးရအဆက်ဆက်နှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကိုကာကွယ်စောင့်ရှောက်ပေးခဲ့ကြောင်း၊ နိုင်ငံ၏အကျိုးစီးပွား၊ တိုင်း ရင်းသားများ၏ အကျိုးစီးပွားများကိုအကာအကွယ်ပေးခြင်းသည် တရားသောစစ်ကို ဆင်နွှဲခြင်းပင်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် လားရှိုး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ တပ်နယ် မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတော်၏အဆင့်ဆင့်သောအဖွဲ့အစည်းများဖွဲ့စည်းမှု၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ပြဋ္ဌာန်းရေး၊ နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးများစသဖြင့် အချက်အလက်ပြည့်ပြည့်စုံစုံကို စာဖြင့်ရေးသား ဖော်ပြထား သည့်အာမခံချက်ပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် (Mother Law) ဖြစ်ပြီး နိုင်ငံ အတွင်း ရှိအလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးညှိနှိုင်းကာ မည်သည့်ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများမပါရှိဘဲ တစ်နိုင်ငံလုံး၏အကျိုးစီးပွား အတွက် ပက တိအခြေအနေများနှင့် ကိုက်ညီအောင် ဆွေးနွေးညှိနှိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များသည် နိုင်ငံသားတစ်ဦးချင်းစီ၏အခွင့်အရေးများ၊ တိုင်းရင်းသားအားလုံး၏ မူလရပိုင်ခွင့်များ အပေါ် ခွဲခြားမှုမရှိတန်းတူညီမျှစွာ အာမခံချက်ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံများ၏ဒီမိုကရေစီကျင့်သုံးမှုကိုကြည့်ပါက မိမိတို့နိုင်ငံနှင့်ကိုက်ညီ သည့် ဒီုမိုကရေစီစနစ်ကိုသာ ကျင့်သုံးကြကြောင်း၊ ထို့ကြောင့်နိုင်ငံအသီးသီး၏ ဒီမိုကရေစီကျင့်သုံးမှုများမှာမတူညီကြကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်နှင့်အညီ လွတ်လပ်၍တက်ကြွ သောနိုင်ငံခြားရေးမူဝါဒ ကိုကျင့်သုံးကာ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကိုသာထားရှိကြောင်း၊ ထို့အပြင်ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂသဘောတူညီချက်များမှ နိုင်ငံ၏ပကတိအခြေအနေနှင့် ကိုက်ညီ သည့် သဘောတူညီချက်များကို လိုက်နာလျက်ရှိကြောင်း၊ နိုင်ငံများ၏စံတန်ဖိုးချင်း မတူညီကြသည်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာကို မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ အုပ်စု၊ အဖွဲ့များက ဝင်ရောက်စွက် ဖက်ဆုံးဖြတ်နိုင်ခွင့် မရှိကြောင်း၊ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ပြောကြားမှုများသည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်လွဲမှားမှုကိုဖြစ်စေကြောင်းပြောကြားသည်။

ယင်းနောက် မိမိတို့နိုင်ငံသည် ပြည်သူများ၏ဆန္ဒအရရွေးချယ်ထားသော ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်း အတိုင်း လျှောက်လှမ်းလျက်ရှိရာတွင် နိုင်ငံရေး၊ တိုင်းရင်း သားအရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အမြင်သဘောထား ကွဲလွဲမှုများကို အားလုံးညှိနှိုင်း တိုင်ပင်ဆွေးနွေးခြင်းဖြင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းအောင်ဆောင်ရွက်ရန် လိုကြောင်း၊ တပ်မတော်အနေဖြင့်ထာဝရငြိမ်းချမ်းရေးရရှိစေရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဘူးသီးတောင်၊ မောင်တောဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ မဖြစ်နိုင်သည့်တောင်းဆို မှုများ ကိုလက်ခံ၍မရဘဲ ၁၉၈၂ ခုနှစ်နိုင်ငံသား ဖြစ်မှုဥပဒေနှင့်အညီသာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းဥပဒေမှာ ဘင်္ဂါလီများ အတွက်သာပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင်နေထိုင်သူအားလုံးအတွက် ပြဋ္ဌာန်းထား သောဥပဒေဖြစ်၍ မည်သူမဆိုဥပဒေနှင့်အညီ စိစစ်ခံနိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွား သူများကိုလည်း သတ်မှတ်ချက်နှင့်အညီစိစစ်လက်ခံ သွားမည်ဖြစ်ကြောင်း၊ အဆိုပါဒေသဖြစ်စဉ် များနှင့် ပတ်သက်၍လည်းအမှန်အတိုင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသည် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ဒေသတစ်ခုဖြစ်ကြောင်း၊ သို့ရာတွင်နယ်စပ်ကုန်သွယ်ရေးကိုအမှီပြုပြီး တရားမဝင် ကုန်သွယ်မှုများသည် နိုင်ငံအတွက်နစ်နာဆုံးရှုံးမှုများကို သာဖြစ်စေသောကြောင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ တားဆီး ကာကွယ်ကြရန်လိုကြောင်း၊ အမျိုးသားအကျိုးစီးပွားကိုထိခိုက်စေသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးကိုလည်းအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန်မှာကြားသည်။

ဆက်လက်ပြီး တပ်တွင်း၌တစ်ပိုင်တစ်နိုင်၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးများလုပ်ဆောင်ခြင်းမှရရှိသော အကျိုး ကျေးဇူးများကိုလက်တွေ့ခံစားနေကြရပြီး ဆက်လက်၍လည်း စနစ်တကျအောင်မြင်အောင် ဆောင်ရွက်ခြင်း ဖြင့် စားနပ်ရိက္ခာဖူလုံရေးအခက်အခဲ မရှိအောင်ဆောင်ရွက်ကြရန်၊ ပိုလျှံသည့်အသားငါး၊ ဟင်းသီးဟင်းရွက် များကိုမိမိတို့ နယ်မြေဒေသအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအားတတ်နိုင် သလောက် သက်သာသောနှုန်းထားဖြင့်ရောင်းချပေးရန်၊ ဒေသအတွက်စားရေး အထောက်အကူပေးနိုင်အောင် ကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများစားသောက်ဖွယ်ရာများအားပေးအပ်ရာ တိုင်းမှူးမှလက်ခံရယူသည်။ ယင်းနောက် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ်ရှိမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွက် ချီးမြှင့်ငွေများပေးအပ်ရာ တိုင်းမှူး၏ဇနီးကလက်ခံရယူသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသစာအုပ် စာစောင်များ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများအား အသီးသီးပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူကြသည်။ တွေ့ဆုံအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေးဗဟိုစံပြစခန်းသို့ရောက်ရှိကြရာ တိုင်းမှူးက (DYL) ဝက်များအားမွေးမြူထားရှိမှု၊ နို့စားနွားများ မွေးမြူထားရှိမှုနှင့် အသားစားကြက်၊ ဥစားကြက်များမွေးမြူထားရှိမှု၊ ငါးမွေးမြူထားရှိမှု၊ ငွေနှင်းမှို စိုက်ပျိုးထား ရှိမှုနှင့် တပ်မတော်သားမိသားစုဝင်များအားသက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်မှု အခြေအနေများ အား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများနှင့်မိသားစုဝင်များ ၏သက်သာချောင်ချိရေးကို အဓိကထားဆောင်ရွက်ရန်၊ ကြက်သားနှင့်ဝက်သားကို အဓိကစားသုံးသူများ ပြားသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုတစ်ဖက် တစ်လမ်းမှထိန်းညှိပေးနိုင်ပြီး ဒေသအတွက်စားရေးကိုပါ အထောက်အကူဖြစ်စေရန် အတွက်ပိုလျှံသည့် အသား၊ ငါးများကို စစ်မှုထမ်းဟောင်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံပြည်သူများကိုပါ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်၊ တပ်မတော် သားများနှင့် မိသားစုဝင်များအာဟာရပြည့်ဝစွာစားသုံးနိုင်စေရေးအတွက် စီမံဆောင်ရွက်ရန်တို့ အား မှာကြား သည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကြက်မွေးမြူရေးခြံ အတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ ဝက်မွေးမြူရေးခြံအတွင်း DYL ဝက်များမွေးမြူထား ရှိမှုတို့အားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။