တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေအာက္တုိဘာ  ၁၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ ႐ုရွား ဖက္ဒေရးရွင္းႏုိင္ငံသံအမတ္ႀကီး H.E. Mr. Nikolay Listopadov အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံ ေတြ႕ဆုံသည္။

ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တာ၀န္ရွိသူတုိ႔တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံ ဆုိင္ရာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Colonel Eduard Okladnikov ႏွင့္ တာ၀န္ရွိသူတုိ႔တက္ေရာက္ၾကသည္။

ထုိသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လြန္ခဲ့သည့္ ၾသဂုတ္လအတြင္း မိမိ၏ ႐ုရွားခရီးစဥ္သည္ ေအာင္ျမင္သည့္ခရီးစဥ္တစ္ခုျဖစ္ပါေၾကာင္း၊ 2018 International Army Game ၌ ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္းအားျဖင့္ ျမန္မာ့တပ္မေတာ္အတြက္ အေတြ႕အႀကံဳမ်ားစြာရရွိခဲ့ပါေၾကာင္း၊ ျမန္မာႏုိင္ငံ၏ျဖစ္စဥ္ျဖစ္ရပ္မ်ားအေပၚ ႐ုရွားႏုိင္ငံအေနျဖင့္ နားလည္မႈရွိသည့္အတြက္ ေက်းဇူးတင္ ရွိၿပီး မိတ္ေဆြေကာင္းႏုိင္ငံတစ္ခုလည္းျဖစ္သည့္အတြက္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို အေလးထား ပါေၾကာင္း ဦးစြာ ေျပာၾကား၍ ရခုိင္ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး တပ္မေတာ္၏ထုတ္ျပန္ေျပာဆုိခ်က္ မ်ားသည္ ျဖစ္စဥ္မွန္မ်ားပင္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကုိကုိယ္စားျပဳသည့္ တပ္မေတာ္ျဖစ္သည့္ အတြက္ တပ္မေတာ္၏ေျပာဆုိခ်က္၊ ထုတ္ျပန္ခ်က္မ်ားသည္ ႏုိင္ငံေတာ္ကို ကုိယ္စားျပဳပါေၾကာင္း၊ ကမၻာေပၚတြင္ရွိသည့္တပ္မေတာ္တုိင္းသည္ မိမိတုိ႔ႏုိင္ငံႏွင့္ တုိင္းရင္းသားလူမ်ိဳးမ်ားကို ကာကြယ္ရန္ တာ၀န္ရွိပါေၾကာင္း၊ မိမိတုိ႔ တပ္မေတာ္အေနျဖင့္လည္း ႏုိင္ငံႏွင့္ တုိင္းရင္းသားလူမ်ိဳးမ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္ တာ၀န္ရွိသကဲ့သုိ႔ ဥပေဒႏွင့္အညီကာကြယ္ေစာင့္ေရွာက္လ်က္ရွိၿပီး ယင္းသို႔ ကာကြယ္ေစာင့္ေရွာက္ျခင္းသည္လည္း တရားမွ်တမႈရွိပါေၾကာင္း၊ သုိ႔ေသာ္မိမိတို႔ႏိုင္ငံအေပၚ နည္းမ်ိဳးစုံအေၾကာင္းျပလ်က္ မဟုတ္မမွန္စြပ္စြဲေျပာဆုိမႈမ်ားကို ႏုိင္ငံတကာက လုပ္ေဆာင္လ်က္ ရွိေၾကာင္း၊ ႏုိင္ငံ၏တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစုိးမုိးေရး၊ အေျခခံဥပေဒတြင္ ျပ႒ာန္းထားသည့္ လူတစ္ဦးတစ္ေယာက္ခ်င္း၏ ရပိုင္ခြင့္ႏွင့္ အမ်ိဳးသားယဥ္ေက်းမႈ စ႐ုိက္ လကၡဏာမ်ားကို ထိခိုက္ေစမည့္လုပ္ေဆာင္ခ်က္မ်ားကို တပ္မေတာ္အေနျဖင့္ ဥပေဒႏွင့္အညီ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္လ်က္ရွိေၾကာင္း၊ ျမန္မာႏုိင္ငံအေရးကိစၥႏွင့္ပတ္သက္သည့္ အစီရင္ခံစာသည္တစ္ဖက္သတ္စုံစမ္းရရွိခ်က္မ်ားျဖစ္ၿပီး ျမန္မာႏုိင္ငံအေနျဖင့္ မိတ္ေဆြႏုိင္ငံမ်ားႏွင့္ ပူးေပါင္း၍ မွန္ကန္စြာရင္ဆုိင္ ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ၿငိမ္းခ်မ္းေရးမရွိလွ်င္ ကမၻာေပၚတြင္ ၿငိမ္းခ်မ္းစြာေနထုိင္ႏုိင္မည္မဟုတ္ေၾကာင္း၊ ျပႆနာမ်ားကုိ ဖန္တီးေန၍သာ ၿငိမ္းခ်မ္းေရးကိုထိခိုက္ေနျခင္းျဖစ္ေၾကာင္း၊ ႏုိင္ငံတစ္ခု ၿငိမ္းခ်မ္းေရးမရွိလွ်င္ ဖြံ႕ၿဖိဳးတုိး တက္မႈရွိမည္မဟုတ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္ ေနျခင္း ျဖစ္ေၾကာင္း၊ ေခတ္မီတပ္မေတာ္ (Standard Army) တည္ေဆာက္ျခင္းႏွင့္ ပတ္သက္္၍ ႏုိင္ငံေတာ္ကုိ ကာကြယ္ေစာင့္ေရွာက္ႏုိင္သည့္၊ ႏုိင္ငံေတာ္က အားကိုးရသည့္ တပ္မေတာ္တစ္ရပ္ျဖစ္ေအာင္ တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္း လ်က္ရွိသည့္အတြက္ ျပည္သူက ေရြးခ်ယ္ထားသည့္ အစုိးရႏွင့္ ပူးေပါင္းေဆာင္ရြက္ ရမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား မိတ္၀တ္မပ်က္ဆက္ဆံေရးႏွင့္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္ေရး၊ နည္းပညာပိုင္းပူးေပါင္းေဆာင္ရြက္ေရး၊ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဆုိင္ရာ ကိစၥရပ္မ်ား၊ ပညာေတာ္သင္ သင္ၾကားေရးဆုိင္ရာ ကိစၥရပ္မ်ားႏွင့္ International Army Game ၀င္ေရာက္ယွဥ္ၿပိဳင္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ျမန္မာႏုိင္ငံ ဆုိင္ရာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသံအမတ္ႀကီး H.E. Mr. Nikolay Listopadov တုိ႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံု႐ိုုက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ  ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay Listopadov အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တာဝန်ရှိသူတို့တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel Eduard Okladnikov နှင့် တာဝန်ရှိသူတို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွန်ခဲ့သည့် သြဂုတ်လအတွင်း မိမိ၏ ရုရှားခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ 2018 International Army Game ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် မြန်မာ့တပ်မတော်အတွက် အတွေ့အကြုံများစွာရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ရုရှားနိုင်ငံအနေဖြင့် နားလည်မှုရှိသည့်အတွက် ကျေးဇူးတင် ရှိပြီး မိတ်ဆွေကောင်းနိုင်ငံတစ်ခုလည်းဖြစ်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို အလေးထား ပါကြောင်း ဦးစွာ ပြောကြား၍ ရခိုင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏ထုတ်ပြန်ပြောဆိုချက် များသည် ဖြစ်စဉ်မှန်များပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကိုကိုယ်စားပြုသည့် တပ်မတော်ဖြစ်သည့် အတွက် တပ်မတော်၏ပြောဆိုချက်၊ ထုတ်ပြန်ချက်များသည် နိုင်ငံတော်ကို ကိုယ်စားပြုပါကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့်တပ်မတော်တိုင်းသည် မိမိတို့နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများကို ကာကွယ်ရန် တာဝန်ရှိပါကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသကဲ့သို့ ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်လျက်ရှိပြီး ယင်းသို့ ကာကွယ်စောင့်ရှောက်ခြင်းသည်လည်း တရားမျှတမှုရှိပါကြောင်း၊ သို့သော်မိမိတို့နိုင်ငံအပေါ် နည်းမျိုးစုံအကြောင်းပြလျက် မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို နိုင်ငံတကာက လုပ်ဆောင်လျက် ရှိကြောင်း၊ နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် လူတစ်ဦးတစ်ယောက်ချင်း၏ ရပိုင်ခွင့်နှင့် အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများကို ထိခိုက်စေမည့်လုပ်ဆောင်ချက်များကို တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်သည့် အစီရင်ခံစာသည်တစ်ဖက်သတ်စုံစမ်းရရှိချက်များဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း၍ မှန်ကန်စွာရင်ဆိုင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးမရှိလျှင် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်မည်မဟုတ်ကြောင်း၊ ပြဿနာများကို ဖန်တီးနေ၍သာ ငြိမ်းချမ်းရေးကိုထိခိုက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခု ငြိမ်းချမ်းရေးမရှိလျှင် ဖွံ့ဖြိုးတိုး တက်မှုရှိမည်မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း၊ ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်သည့်၊ နိုင်ငံတော်က အားကိုးရသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း လျက်ရှိသည့်အတွက် ပြည်သူက ရွေးချယ်ထားသည့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား မိတ်ဝတ်မပျက်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပိုင်းပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာတော်သင် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့် International Army Game ဝင်ရောက်ယှဉ်ပြိုင်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay Listopadov တို့သည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။