မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်လျက် ရှိသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်နေရုံသာမက ပြည်သူများအချင်းချင်း ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ  ၇

ျမန္မာႏုိင္ငံ၏ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကုိေဆာင္ရြက္လ်က္ရွိသျဖင့္ ႏွစ္ႏုိင္ငံ ဆက္ဆံေရးေကာင္းမြန္ေန႐ုံသာမက ျပည္သူမ်ားအခ်င္းခ်င္း  ဆက္ဆံေရးေကာင္းမြန္ရန္ လုိအပ္ ေၾကာင္း၊ ထုိ႔အျပင္တုိင္းရင္းသားမ်ားအားလုံးႏွင့္ ေကာင္းမြန္သည့္ ဆက္ဆံေရးရွိရန္ႏွင့္တုိင္းရင္းသား ေဒသမ်ားဖြံ႕ၿဖိဳးတုိးတက္ေရးကုိ အေလးထားပူးေပါင္းေဆာင္ရြက္ရန္လုိအပ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ တ႐ုတ္ ကြန္ျမဴနစ္ပါတီ၊ ႏုိင္ငံတကာ ဆက္ဆံေရး၀န္ႀကီး H.E. Mr. Song Tao အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေရႊစံအိမ္ဟုိတယ္၌လက္ခံေတြ႕ဆုံရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ႏုိင္ငံတကာဆက္ဆံေရး ၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Hong Liang ႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ဦးစြာဧည့္သည္ေတာ္၀န္ႀကီးက ျမန္မာ့တပ္မေတာ္သည္  ျမန္မာႏုိင္ငံ၏ႏုိင္ငံေရး၊ ႏုိင္ငံေတာ္တည္ၿငိမ္ေရးႏွင့္ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ အေရးႀကီးသည့္အခန္းက႑တြင္ ပါ၀င္လ်က္ ရွိသည္ကုိသိရွိပါေၾကာင္း၊ မိမိတုိ႔တ႐ုတ္ ကြန္ျမဴနစ္ပါတီအေနျဖင့္ ျမန္မာ့တပ္မေတာ္ႏွင့္ဆက္ဆံေရး ကုိ အထူးအေလးထားပါေၾကာင္း၊ ယခုခ်စ္ၾကည္ေရးခရီးစဥ္တြင္ ျမန္မာႏုိင္ငံရွိႏုိင္ငံေရး အင္အားစု အသီးသီးႏွင့္ေတြ႕ဆုံခဲ့ၿပီး ႏွစ္ႏုိင္ငံဆက္ဆံေရးကုိ ပုိမုိတုိးျမႇင့္ေဆာင္ရြက္ႏုိင္မည္ဟုယုံၾကည္ပါ ေၾကာင္း၊ ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံမႈ တုိးတက္ခုိင္မာေစေရး၊ ျမန္မာႏုိင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးမ်ားတြင္  ျမန္မာတပ္မေတာ္ ႏွင့္ပူးေပါင္းေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-တ႐ုတ္ႏွစ္ႏုိင္ငံသည္ မိတ္ေဆြေဟာင္း၊ မိတ္ေဆြေကာင္းႏုိင္ငံမ်ားျဖစ္သျဖင့္ ရွိရင္းစြဲေကာင္းမြန္သည့္ဆက္ဆံေရးကုိ မထိခိုက္ရန္ႏွင့္ ဆက္လက္ထိန္းသိမ္းေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံ၏ ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈ မ်ားတြင္ တ႐ုတ္ႏုိင္ငံ၏ရပ္တည္ခ်က္ကုိ ယခုထက္ပုိမုိ ျမႇင့္တင္ရန္ႏွင့္ ႏုိင္ငံေရးအင္အားစုမ်ား အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈ၊ ျပည္သူခ်င္းရင္းႏွီးမႈ၊ တုိင္းရင္းသားခ်င္းရင္းႏွီးမႈမ်ားကုိပါ ျမႇင့္တင္ ေဆာင္ရြက္ရန္အႀကံျပဳေျပာၾကားလုိေၾကာင္း၊ ျမန္မာႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္မႈအတြက္ လုိအပ္ခ်က္မ်ား အား ေဆာင္ရြက္ေပးေစလုိေၾကာင္း၊  မိမိ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသမၼတ မစၥတာရွိက်င့္ဖ်င္ႏွင့္ ေတြ႕ဆုံစဥ္ကလည္း မိမိတုိ႔ ႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး တုိ႕အတြက္ ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း၊ နယ္စပ္ေဒသတြင္ရွိသည့္ တုိင္းရင္းသား မ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ေဆာင္ရြက္ေပးရန္လိုေၾကာင္း၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ တပ္မေတာ္အေနျဖင့္ အေလးထားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ၿငိမ္းခ်မ္းေရး ဆုိသည္မွာ လက္နက္ကုိင္ေတာင္းဆုိ၍မရဘဲ ေဆြးေႏြးျခင္းျဖင့္သာေဆာင္ရြက္ႏုိင္မည္ ျဖစ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ေဆာင္ရြက္ေရးဆုိင္ရာ ကိစၥရပ္မ်ား၊ ျမန္မာႏုိင္ငံ၏ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနမႈအေျခအေနမ်ားႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ အစုိးရႏွင့္တပ္မေတာ္မွေဆာင္ရြက္ေနမႈအေျခအေန မ်ား၊ ရခုိင္ျပည္နယ္အေရးကိစၥႏွင့္ ပတ္သက္၍ တ႐ုတ္ႏုိင္ငံ၏ ရပ္တည္ေဆာင္ရြက္ခ်က္မ်ား၊ ႏွစ္ႏုိင္ငံႏွင့္ႏွစ္ႏုိင္ငံတပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိတုိးတက္ခုိင္မာေအာင္ ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾက သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ႏုိင္ငံတကာဆက္ဆံေရး၀န္ႀကီး H.E. Mr. Song Tao  အား အလုပ္သေဘာေန႔လယ္စာျဖင့္ တည္ခင္း ဧည့္ခံသည္။ ေန႔လည္စာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ႏုိင္ငံတကာဆက္ဆံေရး၀န္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်လျက် ရှိသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်နေရုံသာမက ပြည်သူများအချင်းချင်း ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်

နေပြည်တော်၊ နိုဝင်ဘာ  ၇

မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်လျက်ရှိသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်နေရုံသာမက ပြည်သူများအချင်းချင်း  ဆက်ဆံရေးကောင်းမွန်ရန် လိုအပ် ကြောင်း၊ ထို့အပြင်တိုင်းရင်းသားများအားလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိရန်နှင့်တိုင်းရင်းသား ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ် ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာဧည့်သည်တော်ဝန်ကြီးက မြန်မာ့တပ်မတော်သည်  မြန်မာနိုင်ငံ၏နိုင်ငံရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက် ရှိသည်ကိုသိရှိပါကြောင်း၊ မိမိတို့တရုတ် ကွန်မြူနစ်ပါတီအနေဖြင့် မြန်မာ့တပ်မတော်နှင့်ဆက်ဆံရေး ကို အထူးအလေးထားပါကြောင်း၊ ယခုချစ်ကြည်ရေးခရီးစဉ်တွင် မြန်မာနိုင်ငံရှိနိုင်ငံရေး အင်အားစု အသီးသီးနှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါ ကြောင်း၊ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြားဆက်ဆံမှု တိုးတက်ခိုင်မာစေရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများတွင်  မြန်မာတပ်မတော် နှင့်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-တရုတ်နှစ်နိုင်ငံသည် မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်သဖြင့် ရှိရင်းစွဲကောင်းမွန်သည့်ဆက်ဆံရေးကို မထိခိုက်ရန်နှင့် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များတွင် တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ယခုထက်ပိုမို မြှင့်တင်ရန်နှင့် နိုင်ငံရေးအင်အားစုများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပြည်သူချင်းရင်းနှီးမှု၊ တိုင်းရင်းသားချင်းရင်းနှီးမှုများကိုပါ မြှင့်တင် ဆောင်ရွက်ရန်အကြံပြုပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်များ အား ဆောင်ရွက်ပေးစေလိုကြောင်း၊  မိမိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှိကျင့်ဖျင်နှင့် တွေ့ဆုံစဉ်ကလည်း မိမိတို့ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြောကြားခဲ့ကြောင်း၊ နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသား များဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး ဆိုသည်မှာ လက်နက်ကိုင်တောင်းဆို၍မရဘဲ ဆွေးနွေးခြင်းဖြင့်သာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းပြောကြား သည်။

ယင်းနောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုအခြေအနေများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် အစိုးရနှင့်တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေ များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao  အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ နေ့လည်စာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။