ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အဋ္ဌမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၉
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ အဋ္ဌမအကြိမ် မဟာ ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းကြသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အဋ္ဌမအကြိမ် မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကိုကျင်းပပြုလုပ်ရာ ပျဉ်းမနားဈေးကုန်းကျောင်းတိုက်ဆရာတော်၊ နိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တက ၀ိသာရနှင့် မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ၀ိစာရိန္ဒာဘိဝံသ အမှူးပြုသော သံဃာတော် ၇၂ ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အဋ္ဌမအကြိမ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး/ဌာန အသီးသီးမှ ပဒေသာပင်စုစုပေါင်း ၇၆ ပင်၊ တန်ဖိုးငွေကျပ်သိန်း ၁၀၀၀ ကျော်ပါဝင် လှူဒါန်းခဲ့ကြပြီး ပဒေသာပင်များအား သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး/ဌာနများအလိုက် မော်တော် ယာဉ်များဖြင့် ပို့ဆောင်လှူဒါန်းခဲ့ကြသည်။
(Unicode Version)
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အဋ္ဌမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၉
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ အဋ္ဌမအကြိမ် မဟာ ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတိုု့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ လှူဒါန်းရန် အတွက် အနော်ရထာခန်းမတွင် ခင်းကျင်းထားသော ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အနော်ရထာခန်းမ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊ သောက်တော်ရေချမ်း၊ သစ်သီးနှင့် မြသပိတ်ဆွမ်းတို့ကို ကပ်လှူပူဇော်ကြသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အဋ္ဌမအကြိမ် မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကိုကျင်းပပြုလုပ်ရာ ပျဉ်းမနားစျေးကုန်းကျောင်းတိုက်ဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တက ၀ိသာရနှင့် မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာဘိ၀ံသ အမှူးပြုသော သံဃာတော် ရ၂ ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
အလှူတော်မင်္ဂလာအခမ်းအနားတွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်းကန်ဦးပရိယတ္တိ စာသင်တိုက်ပဓာနနာယက သာသနဓဇ ဓမ္မစရိယ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသ ထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အမှူးပြုသော ပရိသတ်အပေါင်းတို့က ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့် တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များကိုနာယူကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က မဟာဝိဇိတာရုံ ကျောင်းတိုက်ဆရာတော်ထံ ကထိန်လျာဉတ် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က စျေးကုန်းကျောင်းတိုက် ဆရာတော်ထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီးတို့က ဆရာတော်များထံ ကထိန်သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်တို့က သံဃာေ တာ်အရှင်သူမြတ်တို့ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်ရေဆင်းကန်ဦး ကျောင်းတိုက်မှ ဂဏဝါစကစာချဆရာတော်များဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇဝန တို့က ကထိန်အမေးအဖြေများ ဆောင်ရွက်တော်မူကြသည်။
ယင်းနောက် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမစျေးကုန်းကျောင်းတိုက်ဆရာတော်ထံ မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူး ပြုသော ဧည့်ပရိသတ်များက ကထိန် အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြ သည်။ အခမ်းအနားအပြီးတွင် သံဃာတော်အရှင်သူမြတ်တို့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အဋ္ဌမအကြိမ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး/ဌာန အသီးသီးမှ ပဒေသာပင်စုစုပေါင်း ရ၆ ပင်၊ တန်ဖိုးငွေကျပ်သိန်း ၁၀၀၀ ကျော်ပါ၀င် လှူဒါန်းခဲ့ကြပြီး ပဒေသာပင်များအား သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး/ဌာနများအလိုက် မော်တော် ယာဉ်များဖြင့် ပို့ဆောင်လှူဒါန်းခဲ့ကြသည်။
နို၀င်ဘာ ၈ ရက် နံနက်ပိုင်းတွင်လည်း ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ လှူဒါန်းမည့် ရုံး/ဌာနအသီးသီးမှ မိသားစုများ၏ ပဒေသာပင်များအား အရာရှိ၊ စစ်သည်၊ မိသားစုအိမ်ထောင်သည်လိုင်းများအတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။
ဖတ်သင့်သော သတင်းများ
ပြန်စာထားခဲ့ပါ။
သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။