နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ  အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား      

တပ်မတော်အနေဖြင့်   ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်၊ နိုင်ငံရေးခေတ် စနစ်မျိုးစုံတွင်  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြို ကွဲရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ခဲ့ နေပြည်တော်   ဒီဇင်ဘာ   ၁၃ နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်  တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦး စီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီး၊    ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မ တော်အနေဖြင့်   ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင် ခဲ့ရခြင်းဖြစ်ကြောင်း၊  စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ဆူပူဆန္ဒပြမှုများ၊ လက်နက် ကိုင်အကြမ်းဖက်ခြင်းများ အတိုင်းအတာတစ်ခုအထိဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၌  ပိုမိုများပြားခဲ့ကြောင်း၊ ထို့ပြင် ကိုဗစ်–၁၉ ရောဂါဖြစ်ပေါ်နေ သည့်ကာလ လည်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဆူပူဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများကို လျော့ပါး သွားခဲ့ကြောင်း၊ ထိုကဲ့သို့ ဆူပူအကြမ်းဖက်မှုများ၊ ကိုဗစ်–၁၉ ရောဂါဖြစ်ပေါ်နေမှု များနှင့်ကြုံတွေ့နေရသည့်အချိန်တွင်  နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာ သိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများ၊  ခြိမ်းခြောက်အကြပ်ကိုင် မှုများကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်မှုများကြောင့် အခက်အခဲ၊ အကြပ်အတည်းများ နှင့်လည်း ရင်ဆိုင်ခဲ့ကြရကြောင်း၊ ထို့နောက် ၂၀၂၃ ခုနှစ်တွင် ကိုဗစ်–၁၉ ရောဂါ ဖြစ်ပွားမှုများလျော့ပါးလာခဲ့ပြီး   ဆူပူအကြမ်းဖက်မှုများသည်လည်း လျော့ပါးသွားခဲ့ ကြောင်း၊ သို့သော် ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားနိုင်ရန် တပ်မတော်မှအရာရှိကြီးများအား တာဝန်ခွဲဝေ ပေးအပ်ခဲ့ပြီး ၆ လအတွင်း  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။ ထို့ပြင် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးသဘောထားကွဲပြားမှုများနှင့် နိုင်ငံရေး လှုံ့ဆော်သွေးထိုးမှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ  PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး EAO များ မှလည်း အကြမ်းဖက်သင်တန်းများသင်ကြားပေးခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်ခဲ့သည့် ပြဿနာကို နိုင်ငံရေးအရဖြေရှင်းရန် မကြိုးစား ဘဲ အကြမ်းဖက်သည့်နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင်ခဲ့ကြခြင်းပင်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလသမိုင်းကြောင်းနှင့် လွတ်လပ်ရေး ရရှိပြီး ချိန်တွင် တပ်မတော်မှ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးဆောင်ရွက်ခဲ့ရသည့်  သမိုင်း ကြောင်းများရှိပြီးဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် တပ်မတော်၏ သမိုင်းကြောင်းကို သိရှိနိုင်ရန်အတွက် သမိုင်းဖြစ်ရပ်မှန်များကို ဖတ်ရှု လေ့လာကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းများကို မှန်မှန်ကန်ကန် သိရှိမည်ဆိုပါက တပ်မတော်အနေဖြင့်အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင် နေရမှုအခြေအနေ များကိုလည်း သိရှိလာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လွတ်လပ်ရေးရရှိပြီးချိန်၌ နိုင်ငံရေး အရ၊ တိုင်ရင်းသားရေးအရ သဘောထားကွဲလွဲမှုများ    ဖြစ်ပေါ်ပြီးပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့မှုကြောင့်နိုင်ငံ၏အချုပ်အခြာအာဏာ ထိခိုက်လာမှုအပေါ် တပ်မတော်မှကျားကုပ် ကျားခဲကြိုးပမ်းကာကွယ်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော် အနေဖြင့်   ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်၊ နိုင်ငံရေးခေတ်စနစ်မျိုးစုံတွင်  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ခဲ့ကြောင်း။ မိမိတို့နိုင်ငံသည်   လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ပြီး ၎င်း နောက်တွင် ဆိုရှယ်လစ်စနစ်ဗဟိုဦးစီးစနစ်ကိုကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ဆိုရှယ် လစ်စနစ်တွင် ကောင်းမွန်သည့်အချက်များရှိသကဲ့သို့   အားနည်းချက်များလည်းရှိ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးရာတွင် မြန်မာ့နည်း မြန်မာ့ ဟန်ဖြင့်  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆိုရှယ် လစ်စနစ်ဗဟိုဦးစီးစနစ်ကိုကျင့်သုံးရာတွင် နိုင်ငံရေးအရ တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့၍ နိုင်ငံရေးထွက်ပေါက်ပိတ်သွားသူများ၏ မကျေနပ်မှု၊ စီမံကိန်းစီးပွားရေးစနစ်ကြောင့် စီးပွားရေးအရထွက်ပေါက်ပိတ်ဆို့သွားသူများ၏ မကျေနပ်မှု၊ အုပ်ချုပ်ရေးကဏ္ဍများ၌ ပါတီဝင်များကိုသာဦးစားပေးမှုများကြောင့် မကျေနပ်မှုများ ရှိခဲ့ကြောင်း၊ ၎င်းအပြင် စီးပွားရေးပိတ်ဆို့မှုများကြောင့်   နိုင်ငံ့စီးပွားရေး ထိခိုက်လာခဲ့ရကြောင်း၊ စနစ်၏ အားနည်းချက်ဆိုသည်ထက်   လက်တွေ့အကောင်အထည်ဖော်မှု   အားနည်းချက် ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးပြီး အောင်မြင်နေသည့်   နိုင်ငံများလည်းရှိနေဆဲဖြစ်ကြောင်း။ နိုင်ငံတစ်ခုရပ်တည်နိုင်ရေးအတွက် စီးပွားရေးသည် အဓိက အခရာကျသည့် အချက်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမွန်မှသာလျှင်    နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊  ဆိုရှယ်လစ်စနစ်တွင် အုပ်ချုပ်ရေးအရ  စီမံခန့်ခွဲမှုအားနည်းချက်များ၊ စီးပွားရေးအရ   ပိတ်ဆို့မှုများ၊ မှောင်ခို စီးပွားရေးစနစ်ဖြစ်ပေါ်လာခြင်း၊သယံဇာတများတရားမဝင်ထုတ်ယူရောင်းစားခံရခြင်း၊  ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့်   နိုင်ငံ့စီးပွားရေးကျဆင်းလာပြီး ၁၉၈၈ ခုနှစ်အရေး အခင်းဖြစ်ပေါ်လာစေခဲ့ကြောင်း၊    ထိုသို့ဖြစ်ပေါ်လာခဲ့သဖြင့် တပ်မတော်မှ နိုင်ငံတော် ၏တာဝန်များကို မလွှဲသာမရှောင်သာဖြင့်  ယူခဲ့ရကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ၏အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများ၏အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၁၉၈၈ ခုနှစ်တွင် ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တနေ ကြသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်အတွက် အုတ်မြစ်ချ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်း နိုင်ရေးစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ဒီမို ကရေစီအစိုးရ ပထမသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် အသားကျနိုင်ရေးလိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ခဲ့ကြောင်း၊တပ်မတော်အနေဖြင့်လည်း အစိုးရနှင့်   လက်တွဲညီစွာဆောင်ရွက်ခဲ့ကြောင်း။ သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီပထမအစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဒီမို ကရေစီစနစ်နှင့်အသားကျမှုမရှိခြင်း၊ အဖွဲ့အစည်းအသီးသီး၏ နိုင်ငံတော်တွင်ဖြစ် ပေါ်ခဲ့သည့် အတိတ်ကာလကဖြစ်ရပ်များအပေါ် သွေးထိုးလှုံ့ဆော်ခြင်းများလည်း ရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့စဉ်ကာလ၌ ဖြစ်ပေါ်ခဲ့သည့် မကျေနပ် ချက်များကို  ဒီမို ကရေစီစနစ်ကျင့်သုံးချိန်တွင်   အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက် အခံပြုလုပ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်ဟု သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း။ ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး   ဒီမိုကရေစီဒုတိယအစိုးရအဖြစ် နိုင်ငံတော်၏တာဝန်များကိုဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့တာဝန်ယူဆောင်ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုမှ များစွာ မျှော်လင့် ထားခဲ့သော်လည်း စီမံခန့်ခွဲမှု အတွေ့အကြုံအားနည်းမှုများ၊   ယခင်အစိုးရ၏ လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများကြောင့် စီးပွားရေးအရ အားနည်း ချက်များဖြစ်ပေါ်ခဲ့ကြောင်း၊  စတင်တာဝန်ယူစဉ် နှစ်နှစ်အတွင်း ပြည်ပအကူ အညီများများစွာရရှိခဲ့ပြီး  နိုင်ငံ့စီးပွားရေးအားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှု အားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ    စီးပွားရေး လည်ပတ် လျက်ရှိပြီး ပြည်တွင်းစီးပွားရေးအားပေးမှုမရှိခြင်း၊    ပြည်တွင်းကုန် ထုတ်လုပ်မှုများမရှိခြင်း၊  နိုင်ငံ၏ပကတိအခြေအနေနှင့်မကိုက်ညီသည့်    နိုင်ငံခြား သားအကြံပေးများ၏အကြံဉာဏ်များအတိုင်းဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့ စီးပွားရေးကျဆင်းခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်မှုအားနည်း ချက်များ၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ပြည်သူလူထုမှလည်း ၎င်းတို့အပေါ် အယုံအကြည်အားနည်းလာသဖြင့် ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်   အနိုင်ရရှိနိုင်ရန်စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ချိန်တွင်   မဲမသမာမှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း။ ထိုကဲ့သို့ မဲစာရင်းကွဲလွဲမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့မှုအပေါ်  တပ်မတော်အနေဖြင့် တာဝန်ရှိသူများမှ စိစစ်အရေးယူဆောင်ရွက်ပေးရန်အတွက်  သက်ဆိုင်ရာအစိုးရ အဖွဲ့ထံသို့ အကြိမ်ကြိမ်အသိပေးအကြောင်းကြားခဲ့သော်လည်း  ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို    အဓမ္မရယူရန်ဆောင်ရွက် ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ   အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရ ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်များကို  ထမ်းဆောင်နေရချိန်အတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများ၊   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေချဲ့ အမြတ်ထုတ်လိုမှုများ၊ ကိုဗစ်–၁၉ ရောဂါဖြစ်ပွားမှုများ၊ မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီး ရေလျှံမှု   စသည့်သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှုများ၊ ထိခိုက်ဆုံးရှုံးမှုအများအပြား  ဖြစ်ပေါ်စေခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုများ စသည့် အခက်အခဲ၊ အကြပ် အတည်းမျိုးစုံကြားမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင် ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက် ဒီမိုကရေစီစနစ်တွင်   ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာကျင်းပပေးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းအပါအဝင်   လိုအပ်သည့်ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ မကြာ မီရက်သတ္တပတ်ကာလအတွင်း   လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသ ကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ် ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေး ရရှိပြီးကတည်းက  ယနေ့ထက်တိုင်ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ် တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့် ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့်ပတ်သက်၍    အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်နှင့် အမျိုးသားရေးကိုသစ္စာရှိစွာဖြင့်  ခေတ်အဆက်ဆက်ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊ လွှတ်တော်ဆိုသည်မှာ ဥပဒေပြုရေးကို ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်ကို အုပ်ချုပ် ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီးသုံးခုအပြန်အလှန် ထိန်းကျောင်း ရမည်ဟု  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွားကိုထိခိုက်စေနိုင်သည့် ဥပဒေများကို ဥပဒေနှင့် အညီ ပြင်ဆင်ခြင်းနှင့်   ပယ်ဖျက်ခြင်းများကိုလည်း ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဥပဒေပြုရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဥပဒေပညာ ရပ်များကိုသိရှိနေရန်လို ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ၏ဥပဒေပြုရေးဖြစ်သည့် လွှတ်တော် တွင်ကိုယ်စား လှယ်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအနေဖြင့် ထိုက်သင့်သည့် အတန်း ပညာ ရှိရန်လိုကြောင်း၊  ထို့ကြောင့် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် သူများအနေဖြင့်     အနည်းဆုံးအဆင့် တက္ကသိုလ်ဝင်တန်း တက်ရောက်ပြီး ဆုံးသူများဖြစ်ရန်  သတ်မှတ်ထားရှိခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် ဥပဒေကို မဖြစ်မနေသိရှိနေရန်လိုကြောင်း၊ KG + 12 တက်ရောက်ပြီးသူများအနေဖြင့် အခြေခံ ပညာအဆင့်သင်ကြားပြီးချိန်တွင် အနည်းဆုံးအသက် ၁၈ နှစ်ပြည့်သူများဖြစ် လာမည်ဖြစ်သဖြင့်   ဆန္ဒမဲပေးနိုင်သည့် အသက်အရွယ်များဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေအသိပညာများသိရှိစေရေး  မိမိတို့အနေဖြင့် KG+12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာများကို သင်ကြားပေးနေခြင်း ဖြစ်ကြောင်း။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့အစိုးရတာဝန်ထမ်းဆောင်ချိန်တွင်  စီးပွားရေး အရပိတ်ဆို့မှုများရှိခဲ့ပြီး ပြည်ပထောက်ပံ့မှုများများစွာလျော့နည်းသွားခဲ့ကြောင်း၊ ထို့ပြင်    ပြည်ပနိုင်ငံများသို့ပေးဆပ်ရန်ကျန်ရှိနေသည့်ကြွေးမြှီများအား ပြန်လည်ပေးဆပ် နိုင်ရေး မိမိတို့အနေဖြင့်ဆောင်ရွက်ခဲ့ရကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးမြှင့်၍ ပြည်ပသို့ပို့ကုန်များတင်ပို့နိုင်ရေးဆောင်ရွက်ခဲ့ရကြောင်း၊   စိုက်ပျိုးမွေးမြူရေးကို  အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက် ရာတွင် အခြေခံစာရင်းဇယားအချက်အလက်များမှန်ကန်မှုရှိရန်လိုကြောင်း၊  ခေတ်အ ဆက် ဆက်တွင် အချက်အလက်များမှန်ကန်စွာရရှိမှုမရှိခြင်းကြောင့် နိုင်ငံတော်၏ အကျိုးစီးပွားကိုထိခိုက်စေခဲ့ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၌ တစ်ဧက အထွက်နှုန်းပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါကစိုက်ပျိုးရေးထုတ်ကုန်များပြည်ပ သို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ခန့်ဝင်ငွေပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးကဝိုင်းဝန်ဆောင်ရွက်ကြရန်လိုပြီးလူတစ်ဦးချင်းစီအလိုက်   ကျရာအခန်းကဏ္ဍတွင် အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း။ တပ်မတော်သားများ၏ သက်သာချောင်ချိရေးနှင့် စွမ်းရည်၊ စွမ်းအား ပြည့်ဝကောင်း မွန်စေရေး တပ်မတော်သားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏   သက်သာချောင်ချိရေးအတွက် တတ်နိုင်သရွေ့ခံစားခွင့်များ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်တွင် စစ်သည်အဆင့်အတန်းအားလုံး၏ နေရေး၊ စားရေး၊ ဝတ်ရေးတို့အပါအဝင် ရသင့် ရထိုက်သည့်ခံစားခွင့်များအားလုံး  ရရှိစေရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့်လည်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက် အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊   မိမိတို့ရရှိ သည့်ဝင် ငွေနှင့် ထွက်ငွေကို   မျှတအောင်သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှု ကိုဖန်တီး နိုင်မည်ဖြစ်ပြီး   ဝင်ငွေနှင့်  ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့် အဖြုန်းကို ခွဲခြားသိရှိ ဆောင်ရွက်ကြစေ လိုကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်ပိုင်နှင့် တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို မှန်မှန်ကန်ကန်ဆောင်ရွက် သွားမည်ဆိုပါက သက်သာချောင်ချိရေးအတွက် များစွာအထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ မိမိတို့ဘဝတိုးတက်ရေးအတွက် ငွေကြေးသုံးစွဲမှုများမျှတမှုရှိ စေရေး ဆောင်ရွက်ရန်၊ ကြိုးစားအားထုတ်မှုများ  အမြဲမပြတ်ဆောင်ရွက်ရန်လိုကြောင်း။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် အမြဲတိုက်ပွဲဝင်အသင့် (Fit for

ဆက်ဖတ်ရန်

Acting President of the Republic of the Union of Myanmar, Chairman of State Security and Peace Commission, Senior General Min Aung Hlaing inspects construction of international-standard Myanmar Art Center-Yangon

Nay Pyi Taw  December  12 Acting President of the Republic of the Union of Myanmar, Chairman  of  the  State  Security and Peace Commission, Senior

ဆက်ဖတ်ရန်

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

နေပြည်တော်   ဒီဇင်ဘာ  ၁၂ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စု ခန်းမ၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အဆိုပါသင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့    နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊  ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ခေတ္တကျောင်းအုပ်ကြီးနှင့်  မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏  မိဘဆွေမျိုးများနှင့်ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က သင်တန်းဆင်း အမျိုးသမီးအရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ညစာစားပွဲ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို   အတူတကွသုံးဆောင် ကြသည်။ ထို့နောက်     နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်   တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)  ဂုဏ်ပြု စစ်တီးဝိုင်းတပ်ခွဲ၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။ ယင်းနောက်  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်       သင်တန်းဆင်း အမျိုးသမီးအရာရှိများနှင့် အတူ မြဝတီသဘင်ဆောင်၌  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက်     မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊  တစ်ခန်း ရပ်ပြ ဇာတ်ဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအား   ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်ဖတ်ရန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတကာအဆင့်မီ အနုပညာ ဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး         

နေပြည်တော်   ဒီဇင်ဘာ   ၁၂ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင် အတွင်း ရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍  ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ  အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံ တည် ဆောက် ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံ တည်ဆောက် ခြင်းလုပ်ငန်းခွင် ယာယီရှင်းလင်းဆောင်၌        ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒီမိုကရေစီပထမအစိုးရသက်တမ်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဂီတ၊ သဘင်များ ဖျော်ဖြေတင် ဆက်နိုင် မည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အနုပညာဗဟိုဌာနများကို နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာနများအဖြစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု နောက်ခံသမိုင်းကြောင်းအခြေအနေများ၊ ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် အဆိုပါနိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းများ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆက် လက် အကောင် အထည်ဖော်ရန် ရပ်တန့်ခဲ့ရမှုအခြေအနေများ၊ အဆိုပါရပ်တန့်ခဲ့ရသည့်   တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်   ဆောင်ရွက်နိုင်ရေးအတွက် အဆောက် အအုံဒီဇိုင်းများအား    မြန်မာ့ယဉ်ကျေးမှုကိုဖော်ညွှန်းပြသနိုင်သည့် ဒီဇိုင်းများဖြင့် ပုံဖော် တည်ဆောက်သွားမည့် အခြေအနေများနှင့် လုပ်ငန်းဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက  နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီ ဖြစ်စေရေး ဆက်လက်အကောင်အထည် ဖော် တည်ဆောက်သွားရန်လိုကြောင်း၊ ထိုသို့တည်ဆောက်ရာတွင်လည်း နိုင်ငံတကာ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျ တွက်ချက် ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်း၊ ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာ ပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်တည်ဆောက်သွားရန်လိုကြောင်း၊  ယခုအနုပညာဗဟိုဌာနအား ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ခြင်းသည်   မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ရည်ရွယ်၍  နိုင်ငံတော်မှ အလေးထား ဆောင်ရွက်နေခြင်းဖြစ် ကြောင်းဖြင့် မှာကြားသည်။ ထို့နောက်   နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့်  အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်း များ အနေဖြင့်  ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် လုပ်ငန်းဆက်လက် အကောင် အထည်ဖော်မှုရပ်တန့်ခဲ့ရသဖြင့် အနုပညာရှင်များ၏     မြန်မာ့ရုပ်ရှင်၊ သဘင်၊  ဂီတ  စသည့် အနုပညာရပ်များ ဖော်ထုတ်ခွင့် ၁၀ နှစ်ခန့်  နောက်ကျခဲ့ရကြောင်း၊ ယခုအခါ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာနများတည်ဆောက်ခြင်းစီမံကိန်းများကို အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော်၍   မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနု ပညာ ရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်သွားမည် ဖြစ်သည်။                  

ဆက်ဖတ်ရန်

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်    ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

ကျောင်းဆင်းအမျိုးသမီးအရာရှိများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှု အင်္ဂါရပ်များကို တိတိကျကျလိုက်နာကျင့်ကြံပြီး   ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများဖြစ်လာအောင် အစဉ်ကြိုးပမ်းဆောင်ရွက် နေပြည်တော် ဒီဇင်ဘာ ၁၂ တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂)    သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင် တန်းကျောင်း    (မှော်ဘီ)  စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်   တက်ရောက်မိန့်ခွန်း ပြောကြားသည်။ အဆိုပါအခမ်းအနားသို့   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊  ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူထွန်းအောင်နှင့်ဇနီး၊  ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ    အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊  ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊     ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)    ခေတ္တကျောင်းအုပ်ကြီးနှင့်    မှော်ဘီ တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီး ကျောင်း ဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။  ထို့နောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲက    နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ    တပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ       သတိုးသီရိသုဓမ္မမင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန် လျှောက်ဖြင့်  ချီတက်အလေးပြုသည်။ ယင်းနောက်    နိုင်ငံတော်လုံခြုံရေးနှင့်     အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ  မင်းအောင်လှိုင်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)   ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)မှ  အကောင်းဆုံးဗိုလ်လောင်းဆု ရရှိသူ ဗိုလ်လောင်းဆွေဇင်ဖြိုးဝေအား  အကောင်းဆုံးဗိုလ်လောင်းဆု ပေးအပ် ချီးမြှင့်သည်။ ထို့နောက်    နိုင်ငံတော်လုံခြုံရေးနှင့်     အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ   တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ   မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှု ထမ်းများ ပါဝင်ထမ်းရွက်စေနိုင်ရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား   လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်” ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အမှတ်စဉ်(၁၂)အထိ လေ့ကျင့် သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။ မြန်မာအမျိုးသမီးများသည်    နယ်ချဲ့ဗြိတိသျှအုပ်စိုးစဉ်ကာလကတည်းက အမျိုး သားများနည်းတူ   ဇာတိသွေး၊ ဇာတိမာန်ထက်သန်သူများဖြစ်ခဲ့ကြကြောင်း၊ လွတ်လပ် ရေးကြိုးပမ်းမှု     ကာလအတွင်း၌လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် လွတ်လပ်ရေး ရရှိရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းရွက်ခဲ့ကြသည့် သမိုင်းမှတ်တမ်း ကောင်းများ    အထင်အရှားရှိခဲ့ကြောင်း၊ မြန်မာအမျိုးသမီးများသည်    ရှေးယခင်က တည်းက လက်ရုံးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့နှင့်  ၁၉၅၄ ခုနှစ်တွင် ဖွဲ့စည်းသည့် စစ်ဝန်ထမ်းတပ်ဖွဲ့များတွင် မိမိဆန္ဒအလျောက်ဝင်ရောက်ပြီး နိုင်ငံတော်အတွက် အုတ်တစ် ချပ်၊ သဲတစ်ပွင့်အဖြစ် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်အောင်  ထမ်း ဆောင်နိုင်ခဲ့ကြသည်ကို    ဂုဏ်ယူစွာတွေ့မြင်ရမည်ပင်ဖြစ်ကြောင်း၊    ယနေ့အချိန် တွင်လည်း မြန်မာအမျိုးသမီးများသည်   နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်များအထိပါ   အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး တိုင်းကျိုး ပြည်ပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည်ကိုလည်း တွေ့မြင် နိုင်မည်ဖြစ်ကြောင်း။ တပ်မတော်အနေဖြင့်လည်း အမျိုးသမီးတပ်ဖွဲ့ဝင်များကို နိုင်ငံတော်ကာကွယ်ရေး တာဝန်များတွင် အမျိုးသားစစ်သည်များနှင့် တန်းတူ  ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကိုဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်မွေးထုတ် ပေးလျက်ရှိခြင်းကြောင့် ယခုအခါ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ များတွင် အမျိုးသမီးအရာရှိ ၉၀၀ ကျော်   တာဝန်ထမ်းဆောင်နေကြပြီး  အချို့ အမျိုး သမီးတပ်ဖွဲ့ဝင်များသည်  ကြမ်းတမ်းခက်ခဲသည့်အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) တာဝန်၊ စစ်ရေယာဉ်များပေါ်တွင်လိုက်ပါပြီး ပိုင်နက်ရေပြင်  ကာကွယ်ရေးတာဝန်၊ အမျိုးသမီး လေသူရဲပျံသန်းရေးတာဝန်၊ လေထီးစစ်သမီးတာဝန်များနှင့်    နယ်လှည့်ဆေး ကုသရေးတာဝန်များကို    ရဲဝံ့ပြောင်မြောက်စွာ ထမ်းဆောင်နေကြသည့်အပြင် နိုင်ငံ ပေါင်းစုံပါဝင်သည့် ပူးပေါင်းလေ့ကျင့်ခန်းများနှင့် တပ်မတော်အဆင့် အားကစား ပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များဆွတ်ခူးရရှိသည်အထိ  စွမ်းဆောင်နိုင်ခဲ့ကြသည် ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း။ ထိုသို့စွမ်းဆောင်နိုင်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ခြင်း ဖြစ်သကဲ့သို့ တစ်နည်းအားဖြင့် မြန်မာအမျိုးသမီးများ၏ ကိုယ်ရည်ကိုယ်သွေး မနိမ့်ကြောင်းပြသနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းဆင်း အမျိုးသမီး အရာရှိများအနေဖြင့်လည်း ဆိုင်ရာတာဝန်များထမ်းဆောင် ရာတွင် နိုင်ငံတော်နှင့် တပ်မတော်မှအားထားရသည့်    အမျိုးသမီးအရာရှိကောင်းများဖြစ်အောင်  ဆက်လက် လေ့ ကျင့်ကြိုးပမ်း အားထုတ်သွားကြရန်လိုသည်ကို မှာကြားလိုကြောင်း။ တပ်မတော်တစ်ရပ်   အရည်အချင်းပြည့်ဝရန်အတွက် လေ့ကျင့်ရေးသည် မရှိမဖြစ် လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ အရေးအကြီးဆုံးလုပ်ငန်းတာဝန် လည်း ဖြစ်ကြောင်း၊  သင်တန်းကျောင်းက လေ့ကျင့်သင်ကြားပေးလိုက်သည့် အတတ်ပညာ များကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့်မူဝါဒအတိုင်း  ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာပြီး        ပိုမိုကျွမ်းကျင်လာအောင် အမြဲလေ့ ကျင့်နေရမည့်အပြင်  ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း အမြဲလိုက်နာ ကျင့်သုံးနေကြရမည်ဖြစ်ကြောင်း၊   ထိုသို့ လေ့ကျင့်သားပြည့်ဝစွာ ဆောင်ရွက်နိုင်စေရေး တစ်ဦးချင်းအနေဖြင့်ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်သည့်အတွက်ကျန်းမာရေးနှင့်ညီညွတ်သည့်     နေထိုင်စားသောက်မှုရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်မည့်   နေရာအသီးသီးရောက်သည့်အခါ လေ့ကျင့်သားပြည့်ဝနေရန် အတွက် “ကျန်းမာ အောင်နေ၊ သန်စွမ်းအောင်လေ့ကျင့်” ဆိုသည့်အတိုင်း ကိုယ်စီလိုက်နာ ဆောင်ရွက် ကြရန်   တိုက်တွန်းမှာကြားလိုကြောင်း။ စည်းကမ်းမကောင်းပါက မည်သည့်အဖွဲ့အစည်းမှ  ရေရှည်တည်တံ့နိုင်စွမ်းမရှိဘူး ဆိုသည် ကို အတိတ်သမိုင်းများကိုပြန်ကြည့်မည်ဆိုပါက သိရှိနိုင်ကြောင်း၊ မြန်မာ့သမိုင်း တွင်လည်း စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရသည့်    သမိုင်းသာဓကများရှိခဲ့ ကြောင်း၊ မိမိတို့တပ်မတော်သားများသည် စည်းကမ်းလိုက်နာမှုနှင့် အမိန့်နာခံ တတ်မှုများကို ခါးဝတ်ပုဆိုးပမာ မြဲမြံခိုင်ခံ့နေရမည်ဖြစ်ပြီး စစ်သည်တော်ကျင့်ဝတ် အပါး ၆၀ နှင့်အညီ နေထိုင်ကျင့်ကြံသွားကြရမည်ဖြစ်ကြောင်း၊ကျောင်းဆင်းအမျိုးသမီး အရာရှိ များအနေဖြင့်လည်း အမိန့်နာခံမှုနှင့်စိတ်ဓာတ် စည်းကမ်းကောင်းမွန်သည့် ခေါင်းဆောင် ကောင်းများဖြစ်ရန်   လိုအပ်သည့်အတွက် ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး အနည်းငယ် မှာကြားလိုကြောင်း။ တပ်မတော်တွင်    ပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ချက်အတိုင်း အမှန် တကယ် လိုက်နာကျင့်သုံးမည်ဆိုပါက အထက်အောက် ယုံကြည်အားထားရသည့် ခေါင်းဆောင်ကောင်းများ  ဖြစ်လာကြမည်ဖြစ်ကြောင်း၊  လုပ်ငန်းခွင်ကိုရောက်သည့်အခါ သင်တန်းကျောင်းတွင်သင်ယူခဲ့ရသည့် ခေါင်းဆောင်မှုပညာရပ်များကို လက်တွေ့ အခြေအနေနှင့်ယှဉ်ပြီး   လက်အောက်ငယ်သားများအပေါ်တွင် မိဘကောင်းသဖွယ် စိတ်ဓာတ်ဖြင့်     တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်မျိုးမွေးမြူပြီး ကျောသားရင်သား မခွဲခြားဘဲ   ကွပ်ကဲကြီးကြပ်သွားကြရန်လိုအပ်ကြောင်း။ ထို့အပြင် အထက်က ယုံကြည်စိတ်ချမှုနှင့်   လက်အောက်ငယ်သားများ၏ရိုသေ လေးစားမှု၊ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာပူးပေါင်းဆောင်ရွက်မှုများကို ရယူနိုင်အောင် ကြိုးပမ်းကြရန်လိုသကဲ့သို့    ကိုယ်တိုင်ကလည်း ရှေ့ဆောင်လမ်းပြနေရန်လိုအပ် ကြောင်း၊ ထို့ကြောင့် ကျောင်းဆင်းအမျိုးသမီးအရာရှိများအနေဖြင့်   သတ်မှတ်ပြဋ္ဌာန်း ထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်များကို တိတိကျကျလိုက်နာကျင့်ကြံပြီး   ထူးချွန် ထက်မြက်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် အစဉ်ကြိုးပမ်းဆောင်ရွက် သွားကြရန် အလေးထားမှာကြားလိုကြောင်း။ လက်ရှိကာလ  မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင်  ဖြစ်ပေါ်နေသည့် အခြေ အနေအရပ်ရပ်ကို ကြည့်မည်ဆိုပါက နိုင်ငံအတွင်း၌နေထိုင်ကြသည့်   နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ် မှုတို့ကို မဖြစ်မနေတည်ဆောက်ထားရန်လိုအပ်သည်ကို    တွေ့ရှိရမည်ပင်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံတော်အင်အားကို တောင့်တင်းခိုင်မာစေပြီး ဖွံ့ဖြိုး တိုးတက်မှုနှင့်     နိုင်ငံ့အကျိုးစီးပွားကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသောစကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ကြရမည်ကို ပြောကြားလို ကြောင်း။ တပ်မတော်၏     အဓိကလုပ်ငန်းကြီး(၃)ခုမှာ “ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်” ဆိုသည့် အချက်ကို ဖော်ပြထားခြင်းကြောင့် ယင်းအချက်ကို လက်တွေ့ဆောင်ရွက်ပေး ခြင်းအားဖြင့် ပြည်သူလူထုကို စည်းရုံးပြီးသားဖြစ်စေကြောင်း၊ ထို့ကြောင့် ကျောင်းဆင်း အမျိုးသမီးအရာရှိများအနေဖြင့် “တပ်နှင့်ပြည်သူ မြဲကြည်ဖြူ၊    ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်”   ဆိုသည့်အချက်ကို ကောင်းစွာ    နားလည်သဘောပေါက်ပြီး ကျစ်လျစ်ခိုင်မာသည့် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို ဆက်လက်တည်ဆောက်ကြ ရမည် ဖြစ်သည်ကို တိုက်တွန်းပြောကြားလိုကြောင်း။ ဖွဲ့စည်းပုံအခြေခံဥပဒေ   ဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက်    မရှိမဖြစ်လိုအပ် သည့်ဥပဒေဖြစ်ပြီး နိုင်ငံတစ်နိုင်ငံကို မည်သည့်ဝါဒဖြင့် အုပ်ချုပ်မည်၊ မည်သည့်စနစ်ဖြင့် မောင်းနှင်မည်၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေး အာဏာကို မည်သို့မည်ပုံခွဲဝေပိုင်းခြားမည်ဆိုသည်ကို ပြဋ္ဌာန်းသတ်မှတ်ပေးရခြင်း ဖြစ် ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီး၊  ပြည်နယ်နှင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့အတွက်     အုပ်ချုပ်ရေးအာဏာများ  ခွဲဝေထားရှိပြီးဖြစ်သကဲ့သို့ နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအကြား အာမခံချက် ပေးထားသည့်ဥပဒေလည်းဖြစ်ကြောင်း၊ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူ လူထု၏ တစ်ခဲနက်ထောက်ခံအတည်ပြုမှုဖြင့် ပေါ်ထွန်းလာခြင်းဖြစ်သဖြင့်     ပြည်သူ တစ်ရပ်လုံးက လေးစားလိုက်နာရမည်ဖြစ်သကဲ့သို့ ပြည်သူထဲကပေါက်ဖွားလာသည့် မိမိတို့  တပ်မတော်သားများအနေဖြင့်လည်း ကာကွယ်စောင့်ရှောက်သွားရန်   အဓိက တာဝန်ရှိသည်ကိုလည်း    ပြောကြားလိုကြောင်း။                ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  အခန်း(၁)၊ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ)တွင် “တပ်မ တော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်” ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊  ထို့ကြောင့် ပြဋ္ဌာန်း ချက်နှင့်အညီ မိမိတို့တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အစဉ် တစိုက်  ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျ ဆုံးဖြစ်သည့်   တပ်မတော်အနေဖြင့် ဆောင်ရွက်နေသမျှအရာအားလုံးသည်   ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လျှောက်လှမ်းနေခြင်းဖြစ်ပြီး   ဥပဒေကို ကျော်လွန် ဆောင်ရွက် ခြင်းမျိုးမရှိသည်ကိုလည်း ကျောင်းဆင်းအမျိုးသမီးအရာရှိများ အနေဖြင့် နားလည် ထားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိ နိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့၏လူမှုအသိုက်အဝန်း၊ အဖွဲ့အစည်းများတွင် ကြုံတွေ့နေရသည့် ပြဿနာများကို လက်တွေ့ကျကျ ပြေလည်နိုင်စေရန် ကမ္ဘာ့နိုင်ငံများနည်းတူ ဒီမိုကရေ စီနှင့် ဖက်ဒရယ်ပြည်ထောင်စု၏ အနှစ်သာရများအတိုင်း ပြည်သူ့ဆန္ဒနှင့်အညီ   ရေးဆွဲ ပြဋ္ဌာန်းခဲ့သည့်ဥပဒေဖြစ်သည်ကို ပြောကြားလိုကြောင်း။ ၁၉၈၈ ခုနှစ်တွင်    တပ်မတော်က နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရ ပြီးနောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်း နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြည်သူလူထု၏သဘောဆန္ဒနှင့်အညီ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက် လှမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို   ပါတီစုံဒီမိုကရေစီလမ်း ကြောင်း ပေါ်တွင်    ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိ နေကြောင်း၊   ထိုသို့ဆောင်ရွက်သည့်နေရာတွင်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များအားလုံး   ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်ရှိလာစေရန် ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရသက်တမ်းတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ရေရှည်တည်တံ့ ခိုင်မြဲသည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့ကြောင်း။ ငြိမ်းချမ်းရေးနှင့်ဆိုင်သည့်    တွေ့ဆုံဆွေးနွေးမှုတိုင်းတွင်လည်း    (NCA)နှင့် ပတ်သက်ပြီး အလေးအနက်ထားပြောကြားခဲ့ခြင်းသည် (NCA)စာချုပ်သည် နိုင်ငံအတွက် အရေး တကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ် ဆောင်ရမည့်အချက် ဖြစ်နေရန်ပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တစ်ဖက် သတ်အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာထုတ်ပြန်ကြေညာခဲ့သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း     ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေး နွေးမှုများလုပ်ဆောင်ရန်ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊   သို့သော် (NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့သည် (NCA)ပါ ကတိကဝတ်များကို    လိုက်နာမှုမရှိဘဲ သိသိသာသာ ချိုးဖောက် နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် အချို့သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသည် ပြင်ပမှသွေးထိုးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ရောက်ရှိလာခဲ့ခြင်းမရှိသည်ကိုလည်းတွေ့ရှိရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ များကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ဆက်ဖတ်ရန်